← Chapters

စည်းမျဉ်းစည်းကမ်းများ၏ဟာကွက်

Vol. 92 Ch. 1286

စည်းမျဉ်းစည်းကမ်းများ၏ဟာကွက်

Vol. 92 Ch. 1286

အခန်း (၁၂၈၆) စည်းမျဉ်းစည်းကမ်းများ၏ဟာကွက်

ယင်ဟွမ်လျှို့ဝှက်ဧကရာဇ် ‘ယန်ချဲ့’ ထွက်ပြေးသွားသည်နှင့် ရန်ကျောက်ကဲတို့အုပ်စုလည်း အထက်ဘုံကမ္ဘာသို့ ပြန်လာခဲ့ကြသည်။

မြေကမ္ဘာထက်ယံအရှင်သခင်’ကျန်းရှန်’ နှင့် ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်တို့ ပြန်ရောက်မလာခင်အချိန်အတွင်း ရန်ကျောက်ကဲအနေဖြင့် အထက်ဘုံကမ္ဘာတွင် သူလုပ်ချင်ရာ မည်သည့်အရာမဆို ပြုလုပ်နိုင်မည် ဖြစ်သည်။

သို့သော် ရန်ကျောက်ကဲတွင် ထိုမျှလောက် အားလပ်ချိန် မရှိပေ။

လက်ရှိအချိန်က သူ့အတွက် ဓားလှံများကို လက်နက်တိုက်ထဲထည့်သိမ်းထားပြီး နန်စန်းတောင်တွင် မြင်းကျောင်းနေရမည့်အချိန် မဟုတ်ပေ။

ယခုအချိန်က မုန်တိုင်းမကျခင် အချိန်ကာလတစ်ခု ဖြစ်သည်။

ချန်းဧကရာဇ်က ပုံရိပ်ယောင်တောင်ထွတ်သို့ ပြန်မလာခဲ့ပေ။

မြေပြင်သခင်လေး’ချန်ခွန်းဟွာ’ သည်လည်း ချန်းဟွာတောင်ထွတ်သို့ တိတ်တဆိတ်ပြန်လာခဲ့ပြီး ချက်ချင်းပြန်လည်ထွက်ခွာသွားခဲ့သည်။

အနောက်ပိုင်းထိပ်တန်းအရှင်သခင် ‘လန်ချင်း’ သည်လည်း ခဏမျှပုန်းအောင်းနေပြီးနောက် အထက်ဘုံကမ္ဘာမှ ထွက်ခွာသွားခဲ့သည်။

အုံ့ဆိုင်းလွှမ်းခြုံဧကရာဇ်’လီကျွင်း’ ကတော့ နောက်ဆုံးအကြိမ် အကောင်းဆုံးကြိုးစားပြီး နက္ခတ်ဧကရာဇ်နှင့် ကျန့်ဟွမ်ဓားဧကရာဇ်တို့ကို လာရောက်တွေ့ဆုံခဲ့သည်။ ထို့နောက် စိတ်ပူပန်စွာဖြင့်ပင် ထွက်ခွာသွားခဲ့လေသည်။

အထက်ဘုံကမ္ဘာမှ ထိပ်တန်းအဆင့် တန်ခိုးစွမ်းအားမြင့်မားသူများက သတင်းအချက်အလက်များ လျှင်မြန်စွာရရှိထားပြီး လေထုသည် မကြုံစဖူး ဖိနှိပ်မှုများရှိနေကြောင်း အာရုံခံမိကြသည်။

အလယ်ဆင့်နှင့် အောက်ခြေအဆင့် ကျင့်ကြံသူများကတော့ အငွေ့အသက်ကို ထိုမျှလောက် အာရုံမခံမိကြပေ။ သူတို့ ပိုပြီးအာရုံစိုက်မိသည်က မကြာသေးခင်အချိန်မှာပင် ထျန်းကျိခန်းမက ခမ်းနားသောမြင်ကွင်းကို ပြသနေခြင်း ဖြစ်သည်။

ရန်ကျောက်ကဲနှင့် ရွှယ်ချူးချင်တို့ အတူတကွပူးပေါင်းပြီး အခက်အခဲများစွာကိုကျော်ဖြတ်ကာ သဏ္ဌန်မရှိသည့်အမှတ်အသားများ ထွင်းထုနေကြောင်းကိုတော့ လူပေါင်းများစွာ သိရှိခြင်း မရှိခဲ့ကြပေ။

သူတို့က အစီအစဉ်ကို ဖြည်းဖြည်းချင်း တစ်ဆင့်ချင်းစီ ပြီးမြောက်အောက် ပုံဖော်သွားခဲ့သည်။

“သခင်လေး... ဖယောင်းနေခြည်ဧကရာဇ်က သခင်လေးလက်ချက်နဲ့ သေသွားတာလား”

အားဟူက ရန်ကျောက်ကဲအတွက် သစ်ကြမ်းပိုးခေါက်များသွေးပေးရင်း စပ်စုကာမေးလိုက်သည်။

ရန်ကျောက်ကဲက စုတ်တံကိုကိုင်လိုက်ပြီး စုတ်တံထိပ်တွင် သွေးထားသည့်သစ်ကြမ်းပိုးခေါက်အရည်ကို အနည်းငယ်တို့လိုက်ကာ ခရမ်းရောင်အင်းစက္ကူများထက်တွင် သင်္ကေတအချို့ ရေးဆွဲလိုက်သည်။

“အတိအကျပြောရရင်တော့ ငါကသူ့ကိုဖမ်းပြီး ဖိနှိပ်ရုံပဲလုပ်တာပါ ၊ အကြီးအကဲ အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်ရဲ့ ချွန်ထက်တဲ့လှံသွားအောက်မှာ သူ အသက်ပျောက်သွားတာ”

ထို့နောက် သူက အင်းစက္ကူများကို အလျင်အမြန်ရေးသားရင်း...

“အနက်ရောင်ပိုးသားဧကရာဇ်လည်း အတူတူပဲလေ”

“အထက်ဘုံကမ္ဘာကမဟုတ်တဲ့ တခြားနေရာကလာတဲ့ အစစ်အမှန်နတ်ဘုရား (၆)ယောက်လည်း ငါ့လက်ချက်နဲ့သေသွားတာပဲ ၊ သူတို့က သိပ်ပြီးအားမကြီးကြဘူးလေ”

“အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်” ဆိုသောအမည်နှင့် အမတခုံရုံး အသေးစိတ်အချက်အလက်များကို တမင်တကာရှောင်လွှဲပြီးနောက် ရန်ကျောက်ကဲက ရိုးရှင်းသောကိစ္စရပ်များအားလုံးကို ဝါဒတောင်ရှိလူများအားလုံးသိရှိန်စေရန် အကျဉ်းချုံး ပြောပြထားခဲ့သည်။

သို့မှသာ ဝါဒတောင်မှလူများအနေဖြင့် ရန်သူက မည်သည့်အဆင့်ဖြစ်‌ကြောင်း အကြမ်းဖျင်းစဉ်းစားဆုံးဖြတ်နိုင်ပေမည်။

“ငါ သူတို့ကိုဖမ်းပြီး ငါ့အတွက် လှံတွေ ဒိုင်းတွေလိုအသုံးပြုလိုက်တာ သူတို့အချင်းချင်းပြန်တိုက်ပြီး သေကုန်ကြရောပဲ...”

ရန်ကျောက်ကဲက နောက်ဆုံးစုတ်ချက်ကိုရေးလိုက်ပြီးနောက် အင်းစက္ကူကို အပြန်ပြန်အလှန်လှန် ကြည့်ရင်း ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

“ဒီတော့ သူတို့ကို ငါသတ်တယ်လို့ အတိအကျတော့ ပြောလို့မရဘူး မဟုတ်လား”

အားဟူက စိတ်မကောင်းဟန်ဖြင့် သက်ပြင်းချရင်း...

“စိတ်မကောင်းစရာပဲ သခင်လေး... ၊ ဒီလောကမှ နတ်ဘုရားတွေကို လက်ဗလာနဲ့သတ်ဖြတ်ပစ်နိုင်တဲ့ သိုင်းသူတော်စင်ဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ဘူးလေ”

“ဟုတ်တယ်...”

ရန်ကျောက်ကဲ ခေါင်းမော့ပြီး ကောင်းကင်ထက်သို့ကြည့်လိုက်သည်။

ခဏမျှ အတွေးထဲပျောက်ဆုံးနေပြီးမှ ပေါ့ပါးဟန်ဖြင့် ပြုံးလိုက်ရင်း...

“ဒါပေမဲ့... မဖြစ်နိုင်ဘူးဆိုတာ မရှိပါဘူးလေ...”

အားဟူ၏မျက်ဝန်းများ လက်ခနဲ တောက်ပသွားပြီး...

“သခင်လေး...”

ရန်ကျောက်ကဲက မေးစေ့ကိုလက်ဖြင့်ပွတ်ရင်း ခဏမျှ စဉ်းစားလိုက်ပြီး...

“မိုးနဲ့မြေရဲ့ မဟာတာအိုလမ်းစဉ်မှာ စည်းမျဉ်းစည်းကမ်းတွေ ရှိတယ် ၊ မင်း ဒါတွေကို မကျော်လွန်နိုင်သေးသရွေ့ လိုက်နာနေရဦးမှာပဲ”

“လူတိုင်းလိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေရှိနေပေမယ့် အဲဒီ စည်းမျဉ်းစည်းကမ်းတွေမှာ ဟာကွက်တွေ ရှိနေစမြဲပါပဲ”

ထို့နောက် သူက ဆက်ပြောလိုက်သည်။

“အခု စဉ်းစားထားတာတစ်ခုရှိတယ် ၊ အောင်မြင်မလား မအောင်မြင်ဘူးလားဆိုတာတော့ စမ်းသပ်ကြည့်မှ သိနိုင်မယ်”

ရန်ကျောက်ကဲက စကားပြောရင်း နီညိုရောင်မျဉ်းကြောင်းများဖြင့်ပြည့်နေသည့် ခရမ်းရောင်အင်းစက္ကူတစ်ရွက်ကို ကိုင်လိုက်သည်။

အင်းစက္ကူက သူ့အလိုလိုလောင်ကျွမ်းသွားပြီး အပြာရောင်အခိုးအငွေ့များအဖြစ် ပြောင်းလဲသွားကာ လေထဲတွင် ပျောက်ကွယ်သွားပြီး အထက်ဘုံကမ္ဘာနယ်မြေမှ ပျောက်ကွယ်သွားသည်။

“ဒါပေမဲ့ ငါ ယွိချင်အဆက်အနွယ်ရဲ့ နှောင်းပိုင်းကောင်းကင်ကျမ်းစာ (၆)စောင်လုံး စုစည်းနိုင်ဖို့လိုတယ် ၊ အစကတော့ အနောက်ပိုင်းပင်လယ်လိပ်ကောင်းကင်ပြည်နယ် ၊ လီနုန်တောင်နဲ့ အလယ်ပိုင်းကျွင်းထျန်းကောင်းကင်ပြည်နယ် ချန်းဟွာတောင်ထွတ်ကနေ သွားလုဖို့ စဉ်းစားထားတာ ၊ အခုတော့ အဲဒီလိုလုပ်စရာမလိုတော့ဘူး ၊ အဲဒီကျမ်းစာတွေအားလုံးကို နက္ခတ်ဧကရာဇ်နဲ့ မီးလျှံထက်ယံအရှင်သခင်ဆီက တောင်းလို့ရနေပြီ”

ရန်ကျောက်ကဲက စကားပြောရင်း နောက်ထပ်ဦးတည်ရာနေရာတစ်ခုသို့ ဆက်လက်ထွက်ခွာသွားသည်။

အားဟူကလည်း သူ့နောက်မှ လိုက်ပါသွားပြီး...

“သခင်လေး... လီနုန်တောင်နဲ့ ချန်းဟွာတောင်ထွတ်ကိုသွားပြီး လုယူမယ်ဆိုလည်း သခင်လေးအတွက် သိပ်ပြီး ပြဿနာမရှိလောက်ပါဘူး”

ရန်ကျောက်ကဲက ပခုံးတစ်ချက်တွန့်ရင်း...

“အဲဒီကိုသွားရတာ အခက်အခဲမရှိပါဘူး ၊ ဒါပေမဲ့ လန်ချင်းရော ချန်ခွန်းဟွာရော စောစောစီးစီး ပြေးကြပြီလေ ၊ ဒီတော့ အဖိုးတန်ပစ္စည်းတွေအားလုံး သူတို့နဲ့အတူ ယူသွားကြမှာပေါ့”

“သူတို့ကိုလိုက်ရှာဖို့က အချိန်ပေးရတာ မတန်ပါဘူး ၊ အဲဒီထက် အရေးတကြီးလုပ်စရာတွေ အများကြီးရှိသေးတယ်”

နောက်ဆုံးအကြိမ် ရယ်မောရမည်ဆိုလျှင် အကောင်းဆုံး ရယ်မောလိုက်ရန်သာ လိုအပ်သည်။

ယခု အထက်ဘုံကမ္ဘာတွင် သူလုပ်ချင်ရာလုပ်နိုင်နေသည်မှန်သော်လည်း သူနှင့် ကျန်းရှန် မည်သူအနိုင်ရမည်ကိုဆိုသော ရလဒ်ကို သတ်မှတ်ရခြင်း မရှိသေးပေ။

ရန်ကျောက်ကဲ၏ နီညိုရောင်မင်ရည်နှင့်သင်္ကေတရေးဆွဲထားသော အင်းစက္ကူများက အထက်ဘုံကမ္ဘာ၏ တောတောင်ရေမြေ နေရာအနှံ့အပြားသို့ ရောက်ရှိသွားသည်။

သူ၏လုပ်ဆောင်ချက်များက ရွှယ်ချူးချင်၏ ဖန်းဝေ့အစီအရင်တည်ဆောက်ရေးလုပ်ငန်းစဉ်နှင့် ပေါင်းစည်းထားပြီး သူတို့ မည်သည့်နေရာရောက်နေကြောင်း အခြားသူများ ကောက်ချက်ချနိုင်မည်ကို စိုးရိမ်စရာမရှိပေ။

နောက်ထပ်အနည်းငယ်ထပ်သွားပြီးနောက် သဏ္ဌန်မရှိရေးထွင်းထားသော အင်းသင်္ကေတတစ်ခုဆီမှ သတင်းတစ်ခု လက်ခံရရှိလာသည်။

“မီးလျှံထက်ယံအရှင်သခင်’စောမင်ကျန့်’ အထက်ဘုံကမ္ဘာသို့ ပြန်လာပြီ”

ထိုသတင်းရသည်နှင့် ရန်ကျောက်ကဲက မိခင်ဖြစ်သူ ရွှယ်ချူးချင်ကို သွားရောက်တွေ့ဆုံပြီး မေးမြန်းလိုက်သည်။

“အမေရော... ကျွန်တော်နဲ့အတူတူ လိုက်ခဲ့မလား”

ရွှယ်ချူးချင်က...

“လိုက်ရမှာပေါ့...”

သူမက တိုးသဲ့စွာ သက်ပြင်းချရင်း...

“မီးလျှံထက်ယံအရှင်သခင်နဲ့အတူ တည်ထောင်သူဆရာဘွားဘွားရဲ့ရုပ်အလောင်းဖြစ်တဲ့ ချန်းဟွာသစ်ပင်ပါလာမယ် မဟုတ်လား”

နှစ်ပေါင်းထောင်နှင့်ချီကြာမြင့်ပြီးသည့်နောက် မီးလျှံထက်ယံအရှင်သခင် အထက်ဘုံကမ္ဘာသို့ ပြန်လာခဲ့ပြီ ဖြစ်သည်။

ရန်ကျောက်ကဲတို့သားအမိ ခွန်လွန်တောင်သို့ရောက်သည်နှင့် ခေါင်းငုံ့တိတ်ဆိတ်စွာ ငြိမ်သက်နေသည့် ဆံပင်တိုတိုနှင့် လူငယ်လေးတစ်ယောက်ကို တွေ့လိုက်ရသည်။

ထို ဆံပင်တိုတိုနှင့်လူငယ်၏ဘေးနားတွင် လူ (၂)ယောက် ရှိနေသည်။ နက္ခတ်ဧကရာဇ်နှင့် ကျန့်ဟွမ်ဓားဧကရာဇ်ပင် ဖြစ်၏။

“အကြီးအကဲ’စော’ ၊ နက္ခတ်ဧကရာဇ် ၊ ဆရာဦးလေး’ယွဲ့’...”

ရန်ကျောက်ကဲနှင့်ရွှယ်ချူးချင် ရောက်လာကြပြီး သူတို့ကို နှုတ်ဆက်လိုက်ကြသည်။

နက္ခတ်ဧကရာဇ်နှင့် ကျန့်ဟွာဓားဧကရာဇ်တို့က ခေါင်းညိတ်ပြလိုက်ကြပြီး စောမင်ကျန့်သည်လည်း သူတို့ကို လှည့်ကြည့်လာသည်။

“မိတ်ဆွေလေးတို့နှစ်ယောက် ယဉ်ကျေးနေစရာမလိုပါဘူး”

သူ၏အမူအရာက တည်ငြိမ်နေပြီး စွမ်းအားရောင်ဝါကလည်း အေးချမ်းငြိမ်သက်လျှက်ရှိသည်။ ဗလာနယ်ထဲမှ အဂ္ဂိရတ်ခန်းမတွင် တိုက်ခိုက်စဉ်ကကဲ့သို့ ကမ္ဘာမြေတုန်လှုပ်စေပြီး မည်သူကမှ မရပ်တန့်နိုင်သည့်ပုံစံမျိုး မဟုတ်ပေ။

သူ့ပုံစံကိုကြည့်ရသည်မှာ လူ့ပြည်လောကသို့ရောက်ရှိလာသည့် မိစ္ဆာနတ်ဘုရားတစ်ပါးပမာ ဖြစ်သည်။

နှုတ်ဆက်ပြီးသည်နှင့် ရန်ကျောက်ကဲက သူ သိချင်သည်ကို မေးမြန်းလိုက်သည်။

“သမင်ဖြူနတ်မိစ္ဆာ ဘာဖြစ်သွားလဲ မသိဘူး...”

စောမင်ကျန့်က...

“သူက သက်ရှည်နတ်မင်းဘိုးဘိုးရဲ့ ကျိုင်းတံကိုအသုံးပြုပြီး ငါ့ရဲ့တိုက်ကွက်ကိုပိတ်ဆို့လိုက်တယ် ၊ ပြီးတော့ ထွက်ပြေးသွားတယ်...”

သူက အသေးစိတ်အချက်အလက်များကို ပြောမပြဘဲ စကားလမ်းကြောင်း ပြောင်းလိုက်သည်။

“ပြင်ပတာအိုကျင့်ကြံသူတွေ အများကြီး ငါ့နောက်ကိုလိုက်လာကြတယ် ၊ ငါ သူတို့ကိုမောင်းထုတ်လိုက်ပေမယ့် သူတို့ဘက်က အလျှော့ပေးမယ်မထင်ဘူး ၊ မကြာခင် သူတို့တွေ တာအိုစကြာဝဠာထဲကိုဝင်ပြီး အထက်ဘုံကမ္ဘာကို ရောက်လာကြလိမ့်မယ်”

ရန်ကျောက်ကဲ ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်သည်။

လက်ရှိအခြေအနေက မည်သူမျှ ထိန်းချုပ်နိုင်စွမ်းမရှိလောက်အောင် ကျယ်ပြန့်လာပြီး တာအိုစကြာဝဠာတစ်ခုလုံး ကပ်ဘေးကျရောက်မည့် အခြေအနေဖြစ်သည်။

ထိုကပ်ဘေးက ကြီးသည်ဖြစ်စေ သေးသည်ဖြစ်စေ မည်သို့ဖြေရှင်းရမည် ၊ မည်သို့သောအကျိုးဆက်များ ဖြစ်ပေါ်လာမည်ကို အခန့်မှန်းရန် အလွန်ခက်ခဲသည်။

စောမင်ကျန့်က...

“မင်းတို့အတွက် ကျန်းရှန်နဲ့ ပြဿနာဖြေရှင်းပေးပြီးရင် ငါ ထွက်သွားမလိ့ပဲ”

သူက အရှေ့ဆီမှ အထက်ဘုံကမ္ဘာ၏ ကျယ်ပြန့်သောကောင်းကင်ပြင်ကိုကြည့်ရင်း စကားဆက်ပြောသည်။

“ဒါပေမဲ့ မင်းတို့ကိုပြစ်မှတ်ထားတဲ့ ပြင်ပတာအိုကျင့်ကြံသူတချို့လည်း ရှိလာကြလိမ့်မယ်”

ထိုစကားကြောင့် နက္ခတ်ဧကရာဇ်နှင့် ကျန့်ဟွမ်ဓားဧကရာဇ်တို့ မျက်နှာအမူအရာပြောင်းလဲသွားခြင်း မရှိကြပေ။

ရန်ကျောက်ကဲက...

“အဲဒါကိုဖြေရှင်းဖို့ အစီအစဉ်တော့ရှိတယ် ၊ ဒါပေမဲ့ အချိန်လုံလောက်ပါ့မလား မသိဘူး”

စောမင်ကျန့်က ခေါင်းညိတ်လိုက်ပြီး...

“ငါ ကျွင်းဟွမ်ကို အဂ္ဂိရတ်ခန်းမဆီ အလည်အပတ်ခေါ်သွားချင်သေးတယ်”

ရန်ကျောက်ကဲက...

“ကျွန်တော်နဲ့ လိုက်ခဲ့ပါ...”

ထို့နောက် သူက ရွှယ်ချူးချင်ကိုခေါ်ဆောင်ပြီး မိုးမြေနယ်နိမိတ်ကိုဖြတ်ကျော်ကာ အထက်ဘုံကမ္ဘာကိုကျော်လွန်ပြီး ဗလာနယ်အတွင်းသို့ ဦးတည်ထွက်ခွာသွားသည်။

မီးလျှံထက်ယံအရှင်သခင်’စောမင်ကျန့်’ နှင့် နက္ခတ်ဧကရာဇ်’ချန်ရွှမ်ကျုန်း’ တို့က သူ့နောက်မှ အနီးကပ်လိုက်ပါသွားကြသည်။

ယခင်က အဂ္ဂိရတ်ခန်းအတွင်း ရောက်ဖူးပြီးပြီဖြစ်သော ကျန့်ဟွမ်ဓားဧကရာဇ် ယွဲ့ကျန့်ပေကတော့ အထက်ဘုံကမ္ဘာမှာပင် စောင့်ကြပ်ရင်း ကျန်ရစ်ခဲ့သည်။

ယခင် ကောင်းကင်ဘုံနန်းတော်၏အဂ္ဂိရတ်ခန်းမကဲ့သို့ပင် ဗလာနယ်ထဲတွင် ခရမ်းရောင်တိမ်တိုက်များလွင့်မျောလျှက်  ရွှေရောင်အလင်းတန်းများ တောက်ပနေသည့် ကျောက်စိမ်းဖြူရောင်ခန်းမကြီးတစ်ခုကို တွေ့မြင်ရသည်။

ခန်းမတံခါးကြီး ပွင့်ဟသွားသည်နှင့် သူတို့အားလုံး အထဲသို့ ဝင်လိုက်ကြသည်။

စောမင်ကျန့်က ခန်းမ၏အတွင်းအပြင်ကို သေသေချာချာကြည့်ရင်း အတွေးထဲပျောက်ဆုံးသွားသည်။

“ကျွင်းဟွမ်... ငါတို့ ရောက်လာပြီလေ ....”

သူက ရေရွတ်လိုက်သည်။

သူက လက်ဖဝါးနှစ်ဖက်ကို ညင်သာစွာဖွင့်လိုက်ရာ အတွင်းမှ အလင်းရောင်များတောက်ပလာပြီး ဝိညာဉ်သစ်ပင်တစ်ပင် ထွက်ပေါ်လာသည်။

အဂ္ဂိရတ်ခန်းမအလယ်တွင် မြင့်မားသည့် ဝိညာဉ်သစ်ပင်ကြီးတစ်ပင် ထွက်ပေါ်လာသည်။

အစိမ်းရောင်အကိုင်းအခက်များက ယိမ်းနွဲ့နေပြီး အဖြူရောင်ပန်းပွင့်များ ပွင့်လန်းလျှက် ရှိသည်။ လေတိုက်ခတ်ခြင်းမရှိသည့်တိုင် ခန်းမထဲတွင် လေတိုက်ခတ်သံများ အော်မြည်လာသည့်ပမာ ထင်မှတ်ရပေသည်။

All Chapters