← Chapters

‘ဖန်ဆင်းခြင်းဓားသိုင်း’ ၏ တိုးတက်လာမှု

Vol. 92 Ch. 1287

‘ဖန်ဆင်းခြင်းဓားသိုင်း’ ၏ တိုးတက်လာမှု

Vol. 92 Ch. 1287

အခန်း (၁၂၈၇) ‘ဖန်ဆင်းခြင်းဓားသိုင်း’ ၏ တိုးတက်လာမှု

ရှည်လျားဖြောင့်စင်းသော ချန်းဟွာသစ်ပင်ကြီးက အဂ္ဂိရတ်ခန်းမ အတွင်းပိုင်းစကြာဝဠာထဲတွင် တည့်မတ်စွာရှိနေပြီး စကြာဝဠာကိုပြောင်းပြန်လှန်ကာ ဗလာနယ်ကို ထိုးဖောက်သွားသည့်အလား ဖြစ်သည်။

ချန်းဟွာသစ်ပင်ကြီးရှေ့တွင် ရွှယ်ချူးချင်က ဖြည်းညင်းစွာ ဒူးထောက်ချလိုက်သည်။

“တပည့် ရွှယ်ချူးချင်... တည်ထောင်သူဆရာဘွားဘွားကို ဂါရဝပြုပါတယ်”

ရန်ကျောက်ကဲကလည်း ရှည်လျားမြင့်မားသည့် ဝိညာဉ်သစ်ပင်ကြီးကို ဒူးထောက်ဦးညွှတ်ဂါရဝပြုလိုက်သည်။

မုယောက်ကြယ်စင်ထက်ယံအရှင်သခင်’ရှောက်ကျွင်းဟွမ်’ သည်လည်း ရွှေစင်ထက်ယံအရှင်သခင်’ရန်ရှင်းထန်’ တို့ ဇနီးမောင်နှံကဲ့သို့ပင် ဖြစ်သည်။

သူတို့၏ကျင့်ကြံခြင်းအဆင့် ၊ သူတို့ပိုင်ဆိုင်ထားသည့် အသက်ရှည်မှုပမာဏဖြင့် ချိန်ဆကြည့်မည်ဆိုလျှင် ငယ်ငယ်ရွယ်ရွယ်နှင့် လွင့်ပါးခဲ့ကြရသည်ဟု ယူဆနိုင်သည်။

သူတို့ကဲ့သို့သော မရေမတွက်နိုင်သည့် ဘိုးဘေးများ၏စတေးခံမှုကြောင့်သာ လက်ရှိ စန်းချင်း(၃)ပါး လမ်းမှန်တာအိုကျင့်ကြံသူ အဆက်အနွယ်များအတွက် ရှင်သန်ခြင်းနှင့် မျှော်လင့်ချက်များ ရှိနေကြခြင်းဖြစ်ကြောင်း အတိအကျ ပြောနိုင်သည်။

သူတို့စတေးခံခဲ့သည့် အသီးအပွင့်အကျိုးအမြတ်များကို နောက်ပိုင်းမျိုးဆက်က ခံစားကြရသည်။

အဂ္ဂိရတ်ခန်းမအတွင်းရှိ စကြာဝဠာထဲတွင် မြင့်မားသော ချန်းဟွာသစ်ပင်ကြီး၏ အကိုင်းအခက်များနှင့် သစ်ရွက်များက လေတိုက်ခတ်ခြင်းမရှိပါဘဲ ညင်သာစွာ လှုပ်ရှားသွားကြသည်။

စောမင်ကျန့်က ဝိညာဉ်သစ်ပင်ကြီးကိုကြည့်ရင်း အချိန်ကြာမြင့်စွာ တိတ်ဆိတ်ငြိမ်သက်နေသည်။

ရန်ကျောက်ကဲနှင့် ရွှယ်ချူးချင်တို့သည်လည်း မတ်တတ်ရပ်လိုက်ကြပြီး တိတ်ဆိတ်ငြိမ်သက်လျှက် ရှိကြသည်။

နက္ခတ်ဧကရာဇ်’ချန်ရွှမ်ကျုန်း’ က သစ်ပင်မြင့်ကြီးကို လက်နှစ်ဖက်ဆုပ်ဂါရဝပြုလိုက်ပြီး တိုးတိတ်စွာ သက်ပြင်းတစ်ချက်ချလိုက်၏။

အချိန်အတန်ကြာမှ စောမင်ကျန့်က တိတ်ဆိတ်မှုကိုချိုးဖျက်လိုက်ပြီး ရန်ကျောက်ကဲကိုလှည့်ကြည့်ကာ မေးခွန်းထုတ်လိုက်သည်။

“ရန်ရှင်းထန်နဲ့ တိချင်းလျန်တို့ နှစ်ယောက်ပေါင်းပြီး ထူးခြားဆန်းသစ်တဲ့ သိုင်းပညာရပ်တစ်ခု ဖန်တီးခဲ့တယ်လို့ သတင်းကြားတယ် ၊ အဲဒီပညာကို မင်းအဖေက အမွေဆက်ခံခဲ့တာလား”

ထိုအကြောင်းကို အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က စောမင်ကျန့်အား ပြောပြခဲ့ခြင်းဖြစ်ကြောင်း ရန်ကျောက်ကဲ သိရှိသည်။ သို့သော် အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က အသေးစိတ်ပြောခဲ့ဟန် မတူပေ။

ထို့ကြောင့် သူက ရှင်းပြလိုက်သည်။

“အတိအကျပြောရရင်တော့ ကျွန်တော့်ရဲ့အဘိုးနဲ့အဘွားက ဒီထူးခြားတဲ့သိုင်းပညာကို ပြီးမြောက်အောင် မတီထွင်နိုင်ခဲ့ပါဘူး ၊ သူတို့က ဒီသိုင်းပညာကို ကျွန်တော့်အဖေနဲ့အတူ မွေးဖွားကြီးပြင်းလာစေခဲ့တာပါ ၊ အဲဒီသိုင်းပညာက ကျွန်တော့်အဖေနဲ့အတူ ထိုက်ယိဟွာတိမ်တိုက်ထဲမှာ နှစ်ပေါင်း(၂၀၀၀)ကျော် သန္ဓေတည်ခဲ့ပါတယ် ၊ နောက်ဆုံး ပြီးပြည့်စုံတဲ့အဆင့်ကိုရောက်တော့မှ ဒီဓားသိုင်းက အဖေနဲ့အတူ မွေးဖွားလာတာပါ”

“နောက်တော့ အဖေက ကျင့်ကြံသူတစ်ယောက်ဖြစ်လာပြီး ကျင့်ကြံခြင်းအဆင့်မြင့်မားလာအောင် ကျင့်ကြံရင်း မိုးမြေ အခြေခံမူဝါဒတွေကို လေ့လာခဲ့တယ် ၊ အဲဒီ ထူးခြားတဲ့ဓားသိုင်းစွမ်းရည်ကလည်း အဖေနဲ့အတူ မူလပုံစံကနေ ယခုပုံစံရောက်တဲ့အထိ ကြီးထွားလာတယ်”

“ဒါပေမဲ့ ကျွန်တော့်အဖေရဲ့ ကျင့်ကြံခြင်းအဆင့်နဲ့အတူ ပြီးမြောက်ဖို့အတွက် အဆင့်တွေအများကြီး ကျန်နေပါသေးတယ်”

ရန်ကျောက်ကဲက စောမင်ကျန့်အား မည်သည့်အရာမှ ဖုံးကွယ်မထားဘဲ အသေးစိတ်အချက်အလက်များကို ရှင်းပြလိုက်သည်။

စောမင်ကျန့် ခေါင်းညိတ်လိုက်သည်။

“ကောင်းကင်ဖွင့်ကျမ်းစာနဲ့ နတ်ဘုရားသုတ်သင်ဓားသိုင်း တစ်ခုနဲ့တစ်ခု ပဲ့တင်ထပ်ထားတယ် ၊ ထိုက်ယိဟွာတိမ်တိုက်ရဲ့အခြေအနေနဲ့ပေါင်းစပ်လိုက်တဲ့အခါ မရေမတွက်နိုင်တဲ့ ဆင့်ကဲပြောင်းလဲမှုတွေ ဖြစ်ပေါ်လာတယ် ၊ ဖန်တီးမှုတစ်ခုမှာ အပြောင်းအလဲနဲ့အတူ အရှိန်အဟုန်က အဟန့်အတားမရှိဘူး”

“ဒါက ငါထင်ထားတာနဲ့ လုံးဝ မတူကွဲပြားနေတာပဲ...”

သူက ဆက်ပြောလိုက်သည်။

“လမ်းမှန်တာအိုကျင့်ကြံသူတွေဖြစ်တဲ့ ရန်ရှင်းထန်နဲ့ တိချင်းလျန်တို့ရဲ့ သိုင်းပညာအမြင်က ကျေနပ်စရာပဲ ၊ ငါကိုယ်တိုင် သူတို့နဲ့လူချင်းတွေ့ပြီး သိုင်းပညာမဆွေးနွေးနိုင်တော့တာ စိတ်မကောင်းစရာပဲ”

ထို့နောက် သူက သက်ပြင်းတိုးတိတ်ချရင်း...

“မင်းအဖေ အခု ဘယ်မှာလဲ ၊ ဒီထူးခြားတဲ့ပညာရပ်ကို ငါ တွေ့မြင်ခွင့်ရနိုင်မလား”

ဤသို့ပြောရသည်က အနည်းငယ် မယဉ်ကျေးရာကျသည်။

စောမင်ကျန့်၏ ကျင့်ကြံခြင်းနှင့် အသက်အရွယ်က ရန်ကျောက်ကဲတို့သားအဖထက် အဆပေါင်းများစွာ သာလွန်သော်လည်း  ၊ သူ၏တန်ခိုးစွမ်းအားက အတိတ်တစ်ချိန်က ရန်ရှင်းထန်တို့ဇနီးမောင်နှံထက် စွမ်းအားကြီးမားသော်လည်း ဤသို့တောင်းဆိုလိုက်သည်က ရိုင်းပျရာကျသည်။

သို့သော် စောမင်ကျန့်အမူအရာက မောက်မာရိုင်းပျဟန်မရှိဘဲ အတော်လေး တည်ကြည်လေးနက်နေသည်။

သူက...

“မင်းရဲ့ဘိုးဘေးတွေ ဒီသိုင်းပညာကို တီထွင်မယ်လို့ တွေးခဲ့ကြတုန်းက... အဲဒီအကြောင်းကို ငါနဲ့လာပြီး ဆွေးနွေးဖူးတယ် ၊ အဲဒီအချိန်က သူတို့ပြောပြတဲ့အတွေးအခေါ်တွေက ငါ့ကို တကယ်အကျိုးရှိစေတယ်”

လွန်ခဲ့သည့်နှစ်များတစ်လျှောက် ခွန်လွန်အထင်ကရ (၉)ပါးတွင် စောမင်ကျန့်က ရှန်ရှင်းထန်နှင့် အလယ်အလတ် ဆက်ဆံရေးရှိခဲ့ပြီး ရင်းနှီးသောမိတ်ဆွေများဟု သတ်မှတ်၍ မရပေ။

သို့သော် သူတို့နှစ်ယောက်လုံးက ထူးချွန်ထက်မြက်သော ပါရမီရှင်များဖြစ်ကြလေရာ သိုင်းပညာ လေ့လာရခြင်းကို အလွန်နှစ်သက်တတ်သော စောမင်ကျန့်က ရန်ရှင်းထန်ဆီသို့လာရောက်ပြီး ပညာရပ်ဖလှယ်မှုများစွာ ပြုလုပ်လေ့ ရှိသည်။

ခွန်လွန်အထင်ကရ (၉)ပါးတွင် ရန်ရှင်းထန်တို့ဇနီးမောင်နှံ ‘ဖန်ဆင်းခြင်းဓားသိုင်း’ ကို တီထွင်မည်ဆိုသောအခါ သူတို့၏ အရင်းနှီးဆုံးသူငယ်ချင်း ‘ချန်ရွှမ်ကျုန်း’ ပြီးလျှင် ‘စောမင်ကျန့်’ တစ်ယောက်သာ ထိုအကြောင်းကို သိရှိခွင့် ရခဲ့သည်။

ရန်တိ တိုက်ခိုက်သည်ကို သူ တစ်ခါမှ မတွေ့မြင်ဖူးသော်လည်း အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်ထံမှ ကြားသိရသော ကောလဟလအနည်းငယ်နှင့် အရင်က သူသိထားသည်များကို အတည်ပြုပြီးနောက် အကြမ်းဖျင်းခန့်မှန်းကြည့်နိုင်ပေသည်။

ယခု ထူးခြားထင်ရှားသည့် ‘ဖန်ဆင်းခြင်းဓားသိုင်း’ က အတွေးအကြံမှသည် အစစ်အမှန်အဖြစ်သို့‌ ပြောင်းလဲသွားကြောင်း တွေ့ရသည့်အခါ စောမင်ကျန့် အလွန်တရာပင် ဝမ်းမြောက်ဝမ်းသာ ဖြစ်မိသည်။

ထိုစိတ်ကူးစိတ်သန်းကို စဉ်းစားခဲ့သော မိတ်ဆွေဟောင်းကတော့ လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက ကွယ်လွန်သွားသည်မှာ စိတ်မကောင်းစရာပင်။

နက္ခတ်ဧကရာဇ်ကတော့ နေရာမှာပင် ငြိမ်သက်စွာမတ်တတ်ရပ်နေပြီး အတွေးများ ပျံ့လွင့်နေပုံရသည်။

ခွန်လွန်အထင်ကရကိုးပါးတွင် သူနှင့် စောမင်ကျန့် (၂)ယောက်က အထီးကျန်ဆန်စွာ သီးသန့်နေထိုင်တတ်သူများ ဖြစ်ကြသည်။

စောမင်ကျန့်က ရှောက်ကျွင်းဟွမ်နှင့် ချစ်သူများဖြစ်ကြသော်လည်း အခြားသူများနှင့် အပြန်အလှန်ပြောဆိုဆက်ဆံမှု အများစုမှာ သိုင်းပညာအကြောင်းသာလျှင် ဖြစ်သည်။

ခွန်လွန်အထင်ကရ (၉)ပါးတွင် ချန်ရွှမ်ကျုန်း၏ အချစ်ဆုံးသူငယ်ချင်းမှာ ရွှေစင်ထက်ယံအရှင်သခင်’ရန်ရှင်းထန်’ တစ်ယောက်သာလျှင် ရှိသ်ည။

ချန်ရွှမ်ကျုန်း သတိပြန်ဝင်လာသည့်နောက် သူက စောမင်ကျန့်ကိုကြည့်လိုက်ပြီး ခေါင်းညိတ်လိုက်သည်။

“အရင်တုန်းက စောမင်ကျန့်က သိုင်းပညာရပ်တစ်ခုနဲ့ပတ်သက်ပြီး ကိုယ်ကိုင်လမ်း‌ကြောင်းတစ်ခု ဖွင့်လှစ်ခဲ့ဖူးတယ် ၊ ဒါကြောင့် အဲဒီလိုကိစ္စမျိုးတွေမှာ သူ့ရဲ့နားလည်နိုင်စွမ်းက ငါတို့ထက်ပိုပြီး နက်ရှိုင်းတယ် ၊ ဒါကြောင့် ရှင်းထန်က ပညာရပ်ဆိုင်ရာ အသေးစိတ်အချက်အလက်တွေကို တာအိုရောင်းရင်း’စော’ နဲ့ ဆွေးနွေးခဲ့ဖူးတယ်”

ရန်ရှင်းထန်၏ ‘ပုံရိပ်ယောင်ကျောက်စိမ်းကောင်းကင်ဖွင့်ဓားသိုင်း’ ၊ ချန်ရွှမ်ကျုန်း၏ ‘နက်ရှိုင်းရေခဲဓားသိုင်း’ ၊ ကျန်းရှန်၏ ‘ယင်ယန်မိုးဖြိုတူ’ နှင့် ယန်ချဲ့၏ ‘ခဲ့ထူကြယ်စင်အလင်းလွှမ်းခြုံမန္တန်’ အစရှိသော သိုင်းပညာရပ်များမှာ သူတို့၏ ထူးခြားသောသိုင်စွမ်းများ ပေါင်းစည်းထားပြီး မဟာတာအိုလမ်းကြောင်းကိုအခြေခံကာ စိတ်ကူးစိတ်သန်းများစွာဖြင့် ဆန်းသစ်တီထွင်ထားကြခြင်း ဖြစ်သည်။

ပုံရိပ်ယောင်ကျောက်စိမ်းကောင်းကင်ဖွင့်ဓားသိုင်းတွင် ကောင်းကင်ဖွင့်လှစ်ခြင်း၏ လေစွမ်းအားပါဝင်သည်။ နက်ရှိုင်းရေခဲဓားသိုင်းတွင် ကောင်းကင်ဖွင့်လှစ်ခြင်း၏ ရေစွမ်းအား ပါဝင်သည်။

ယင်ယန်မိုးဖြိုတူတွင် ကောင်းကင်ဖွင့်လှစ်ခြင်း၏ မြေကြီးစွမ်းအားပါဝင်ပြီး ခဲ့ထူကြယ်စင်အလင်းလွှမ်းခြုံမန္တန်တွင် ကောင်းကင်ဖွင့်လှစ်ခြင်းမတိုင်ခင် နက်နဲသောမူလအကြောင်းအရာများ ပါဝင်သည်။

သို့သော် ထိုသိုင်းပညာရပ်များက ရိုးရှင်းစွာပင် ယွိချင်အဆက်အနွယ် ကောင်းကင်ဖွင့်ကျမ်းစာတစ်ခုတည်းကို အခြေခံထားခြင်း မဟုတ်ခဲ့ပေ။ အခြားသော သိုင်းပညာရပ်များကိုလည်း ပေါင်းစပ်ထည့်သွင်းထားသည်။

ထို့ကြောင့် သိုင်းပညာရပ်များအားလုံးတွင် ကိုယ်ပိုင် မှော်ဆန်သောသက်ရောက်မှုများရှိကြပြီး သူတို့အားလုံးက ကောင်းကင်ဖွင့်ကျမ်းစာ သီးသန့်ကျင့်ကြံသူများထက် နိမ့်ကျခြင်း မရှိခဲ့ပေ။

ဟုတ်ပေ၏။

ဤသည်က သိုင်းပညာရပ်များ၏ လက်ရှိအခြေအနေကို ညွှန်ပြခြင်း ဖြစ်သည်။ ရှေ့ဆက်ရမည့်လမ်းကို စဉ်ဆက်မပြတ် ဖွင့်လှစ်ချဲ့ထွင်ရန်အတွက် မရပ်မနား စူးစမ်းလေ့လာရန် လိုအပ်ပေသည်။

သိုင်းပညာရပ်များစွာက ကောင်းကင်ဖွင့်ကျမ်းစာမဟုတ်သည့်တိုင် ယွိချင်အဆက်အနွယ်တည်ထောင်သူ ဘိုးဘေး ယွမ်စီထျန်းကျွင်း လက်ဆင့်ကမ်းပေးခဲ့သော မဟာတာအိုလမ်းကြောင်းဖြစ်ပြီး သူ၏လမ်းညွှန်မှုများက နက်နဲသည့်နယ်ပယ်တစ်ခုသို့ ညွှန်ပြနေသည်။

ကျင့်ကြံသူများအနေဖြင့် တိုးတက်မှုရရှိရန်မှာ ထိုပညာရပ်များကို မည်မျှနားလည်နိုင်သည်ဆိုသောအချက်အပေါ်တွင် မူတည်သည်။

ချန်ရွှမ်ကျုန်းအပါအဝင် ခွန်လွန်အထင်ကရ (၉)ပါးက ကောင်းကင်ဖွင့်ကျမ်းစာကို ကျင့်ကြံခဲ့ကြသည်။

သို့သော် ကျင့်ကြံသူများ အမြင့်တစ်နေရာသို့ရောက်ရှိသွားသည့်အခါ တာအိုကျင့်စဉ်နှင့် သိုင်းပညာရပ်များမှ မိုးနှင့်မြေ၏ အခြေခံမူများကို ဖော်ထုတ်ရန် ကြိုးစားကြသည်။

ထိုအခါ တူညီသည့်ပညာရပ်တစ်ခုကို မတူညီသည့်လူများ လေ့လာကြသည့်အခါ ရလဒ်သည်လည်း အလွန်တရာ ကွဲပြားခြားနားသွားကြသည်။

ရှေ့ကသွားခဲ့သူ ဘိုးဘေးများကို ဥပမာယူပြီး ကိုယ်တိုင်က လိုက်လျောညီထွေရှိစွာ လျှောက်လှမ်းမှသာလျှင် သွားမည့်လမ်းက ချောမွေ့မည် ဖြစ်သည်။

သို့သော် ဤလမ်းကြောင်းက လူတစ်ယောက်နှင့်တစ်ယောက် မည်မျှဝေးဝေးသွားနိုင်သည်ဆိုခြင်းမှာ မတူကွဲပြားသည်။ အချို့က စဉ်ဆက်မပြတ် အမြင့်သို့ တက်လှမ်းနိုင်ကြပြီး အချို့ကတော့ ကျင့်ကြံခြင်း တစ်ဆို့နေနိုင်သည်။

မဟာကပ်ဘေးကြီးမတိုင်ခင် သိုင်းပညာထွန်းကားသည့်ခေတ်အခါတွင် ကျင့်ကြံသူများစွာနှင့် ကိုက်ညီနိုင်သောသိုင်းပညာရပ်များစွာ ထွက်ပေါ်ခဲ့သည်မှာ ထိုအကြောင်းကြောင့်ပင် ဖြစ်သည်။ ကျင့်ကြံသူများအနေဖြင့် မိမိနှင့်ကိုက်ညီသည့် သိုင်းပညာလမ်းကြောင်းကို ရွေးချယ်ကျင့်ကြံပါက ကျင့်ကြံခြင်းတစ်ဆို့ခြင်း လျော့နည်းသွားနိုင်သည်။

ဤအကြောင်းကို ရန်ကျောက်ကဲလည်း သိရှိသည်အမှန်ပင်။

သို့သော် နက္ခတ်ဧကရာဇ်၏စကားက သူ၏နားလည်မှုအား မတူကွဲပြားအောင် ပြုလုပ်ပေးခဲ့သည်။

ချန်ရွှမ်ကျုန်းနှင့် အခြားသူများ၏ ထူးခြားသော သိုင်းပညာရပ်များ ၊ ရန်ရှင်းထန်၏ ပုံရိပ်ယောင်ကျောက်စိမ်းကောင်းကင်ဖွင့်ဓားသိုင်းတို့တွင် ကောင်းကင်ဖွင့်ကျမ်းစာမှ ဖန်တီးထားခြင်းမဟုတ်သော အခြားသော အသေးစိတ်အချက်အလက်များနှင့် သိုင်းကွက်အလှည့်အပြောင်းများပါဝင်ပြီး ကောင်းကင်ဖွင့်ကျမ်းစာထက်ပင် ပိုမိုတိကျသည်။

သို့သော် ဤသိုင်းပညာရပ်များအားလုံးသည် ချန်ရွှမ်ကျုန်းနှင့်အခြားသူများ ကျင့်ကြံခဲ့ကြသော ကောင်းကင်ဖွင့်ကျမ်းစာနှင့် နက်ရှိုင်းစွာ ဆက်နွယ်နေသည်။

သို့သော် ခြွင်းချက်တစ်ခုရှိသည်မှာ...

ရန်တိထံတွင် အခြေခံအုတ်မြစ်တည်ခဲ့သည့် ရန်ရှင်းထန်နှင့် တိချင်းလျန်တို့ ပူးပေါင်းဖန်တီးခဲ့သော ‘ဖန်ဆင်းခြင်းဓားသိုင်း’ ၏ သိုင်းစွမ်းနှင့် သိုင်းပညာအယူအဆများက ‘ကောင်းကင်ဖွင့်ကျမ်းစာ’ မှ ကွဲထွက်ပြီး ယွိချင်အဆက်အနွယ်မှ လက်ဆင့်ကမ်းခဲ့သော အခြားသိုင်းပညာရပ်များနှင့်ပင် မတူကွဲပြားသည်။

ထို့ပြင် စန့်ချင်အဆက်အနွယ်ဓားသိုင်းပညာရပ်များနှင့် လုံးလုံးလျားလျား ဆက်နွယ်နေခြင်းလည်း မရှိပေ။

ပြောရမည်ဆိုလျှင် ထိုဓားသိုင်းက တာအိုကျင့်ကြံခြင်းအစစ်အမှန်ဖြစ်သော်လည်း ထူခြားလှပေသည်။

နက္ခတ်ဧကရာဇ်ပြောသကဲ့သို့ပင် စောမင်ကျန့်ကလည်း မှတ်ယူထားသည်။

ရန်ကျောက်ကဲက စောမင်ကျန့်အား လက်နှစ်ဖက်ဆုပ်ဂါရဝပြုရင်း...

“အကြီးအကဲ’စော’ စိတ်အားထက်သန်မှုအတွက် ကျေးဇူးတင်ပါတယ် ၊ ဒါပေမဲ့  အရင်ဆုံး အဖေ့ဆီက ခွင့်ပြုချက်တောင်းရပါဦးမယ်”

ရန်ကျောက်ကဲ စိတ်ဖြင့်စေစားလိုက်သည်နှင့် အဂ္ဂိရတ်ခန်းမထဲတွင်ရှိနေသော ရန်တိဆီသို့ သတင်းပို့ပြီးသား ဖြစ်သွားသည်။

ထို့နောက်မှာတော့ လူတိုင်းရှေ့တွင် တောက်ပသည့်တံခါးတစ်ချပ်ပေါ်လာသည်။ တံခါးပွင့်သွားသည်နှင့် အတွင်းထဲတွင် အသစ်သောကမ္ဘာတစ်ခုအား တွေ့မြင်ရသည်။

ဤသည်မှာ အဂ္ဂိရတ်ခန်းမအတွင်းရှိ ဆေးလုံးခန်းမများထဲမှတစ်ခုဖြစ်ပြီး ရန်တိ တံခါးပိတ်ကျင့်ကြံရာ နေရာလည်း ဖြစ်သည်။

ရန်တိက အပြည့်အဝ တံခါးပိတ်ကျင့်ကြံနေခြင်းမဟုတ်သဖြင့် ရန်ကျောက်ကဲက ဖခင်ဖြစ်သူ အနှောက်အယှက်ဖြစ်မည်ကို မစိုးရိမ်ခဲ့ပေ။

စောမင်ကျန့်၏ရည်ရွယ်ချက်ကိုသိရှိပြီးနောက် ရန်တိက ငြင်းဆန်ခြင်း မရှိပေ။

သူက စောမင်ကျန့်ကို ဂါရဝပြုလိုက်ရင်း...

“ကျေးဇူးတင်ပါတယ် အကြီးအကဲ’စော’ ...”

စောမင်ကျန့်ကူညီခဲ့ဖူးသည်ကို ပြောနေစရာမလိုသော်လည်း ‘ဖန်ဆင်းခြင်းဓားသိုင်း’ ၏ သဘောသဘာဝက အခြားသူများကို သင်ပေးနိုင်ခြင်း မရှိပေ။

စောမင်ကျန့်လိုပုဂ္ဂိုလ်မျိုးသည်ပင် ထိုဓားသိုင်းကို နားလည်နိုင်သည့်တိုင် ပြန်လည်အသုံးချရန်မှာ မဖြစ်နိုင်ပေ။

ဤသည်က ‘ဖန်ဆင်းခြင်းဓားသိုင်း’ ၏ ကန့်သတ်ချက်တစ်ခု ဖြစ်သည်။

သို့မဟုတ် ဤသည်က ပြိုင်ဘက်ကင်းသိုင်းပညာတစ်ရပ် ပြီးပြည့်စုံသည့်အဆင့်သို့ မရောက်ရှိသေးသောကြောင့်လည်း ဖြစ်နိုင်သည်။

ရန်တိ ဓားကိုဆွဲထုတ်လိုက်သည်နှင့် စောမင်ကျန့်က ပြုံးလိုက်ပြီး...

“ရန်ရှင်းထန်နဲ့ တိချင်းလျန်တို့မှာ ဒီလိုသားတစ်ယောက်ရှိတာ တကယ်ဂုဏ်ယူစရာကောင်းတာပဲ”

All Chapters