← Chapters

တိတ်တဆိတ်သေဆုံးသွားခြင်း

Vol. 92 Ch. 1289

တိတ်တဆိတ်သေဆုံးသွားခြင်း

Vol. 92 Ch. 1289

အခန်း (၁၂၈၉) တိတ်တဆိတ်သေဆုံးသွားခြင်း

စကားပြောဆိုနေရင်း မြောက်ပိုင်းထိပ်တန်းအရှင်သခင်က ဖန်းယွင်ရှန်းကို အကဲခတ်လျှက် ရှိသည်။

ဖန်းယွင်ရှန်း ပျောက်ကွယ်မသွားခင်က သူမ၏ ကျင့်ကြံခြင်းအဆင့်က ပျမ်းမျှအဆင့်ပင်ရှိသည်ဖြစ်ရာ မြောက်ပိုင်းထိပ်တန်းအရှင်သခင်အတွက် သူမကိုစီစစ်အကဲခတ်ရန် ခက်ခဲခြင်း မရှိပေ။

သို့သော် ယခု ရာဟုကြယ်ထက်ယံအရှင်သခင်’ကျန်းရွှင်ဟွား’ နှင့် သူမ၏ဆက်ဆံရေးကို သတိရသွားမိသည့်အခါ သူ၏အကဲဖြတ်မှုက တိကျတော့မည် မဟုတ်ပေ။

ထို့ပြင် ရန်ကျောက်ကဲနှင့် အုံ့ဆိုင်းလွှမ်းခြုံဧကရာဇ်တို့ အထက်ဘုံကမ္ဘာသို့ ပြန်လာစဉ်က ကျန်းရွှင်ဟွားက ဖန်းယွင်ရှန်း၏ခန္ဓာကိုကို အသုံးပြု၍ ပြန်လည်မွေးဖွားလိုကြောင်းနှင့် သူမက ငရဲကိုးထပ်မှ မဟာနတ်ဆိုးကြီးတစ်ပါးကိုပင် ဇာတ်လမ်းဆင်ခဲ့ကြောင်း ပြောပြခဲ့သည်။

သူမက မဟာနတ်ဆိုးကြီးတစ်ပါး၏ အခွင့်အာဏာနှင့် တန်ခိုးစွမ်းအားကို ရယူပြီး ထိုအခွင့်အရေးကို အသုံးချချင်ခဲ့သည်။

ကျန်းရွှင်ဟွားအနေဖြင့် ဖန်းယွင်ရှန်းကိုအသုံးပြုပြီး ပြန်လည်မွေးဖွားလိုသည်ဆိုပါက သူမအနေဖြင့် ဖန်းယွင်ရှန်း၏ ကျင့်ကြံခြင်းအဆင့်မှ ပြန်လည်စတင်ရမည် ဖြစ်သည်။

သို့သော် ကျင့်ကြံခြင်းနှင့်အကျွမ်းတဝင်ရှိသည်ဖြစ်ရာ အချိန်တစ်ခုအတွင်း အရှိန်အဟုန်ဖြင့်အဆင့် မြင့်တက်လာနိုင်သည်။

ဤဖြစ်စဉ်တွင် ငရဲကိုးထပ်မှ ထိပ်တန်းအဆင့် မဟာနတ်ဆိုးတစ်ပါး ပါဝင်ပတ်သက်နေပါက အကြောင်းအရာများ ပိုမိုရှုပ်ထွေးလာပေမည်လိမ့်မည်။

“နတ်ဘုရားဝိညာဉ်စီးဆင်းပညာရပ်” က လူတစ်ယောက်၏ ကျင့်ကြံခြင်းကို အချိန်တိုအတွင်း  အရှိန်အဟုန်ဖြင့် မြင့်တက်လာစေသောနည်းလမ်း ဖြစ်သည်။

တကယ်တော့ ထိုပညာရပ်က လမ်းကြောင်းခုနစ်သွယ်ယန္တရားပညာ သို့မဟုတ် ဝိညာဉ်သိပ်သည်းအနှစ်သာရနည်းလမ်းများထက် အဆပေါင်းများစွာ သာလွန်သည်။

အဘယ်ကြောင့်ဆိုသော တစ်စုံတစ်ခုသော ရှုထောင့်မှကြည့်လျှင် ကျင့်ကြံခြင်းတွင် အထောက်အကူဖြစ်စေသော ပညာရပ်တစ်ခု မဟုတ်သောကြောင့် ဖြစ်သည်။

ဤပညာရပ်က ငရဲကိုးထပ်မှ မဟာနတ်ဆိုးများကို ပြန်လည်မွေးဖွားခွင့်ပေးသော ပညာရပ်တစ်ခု ဖြစ်နေသောကြောင့်ပင်။ သေဆုံးသွားပြီဖြစ်သော ထိပ်တန်းအဆင့် မဟာနတ်ဆိုးကြီးတစ်ပါးကို ပြန်လည်အသက်ရှင်သန်လာစေခြင်း ဖြစ်သည်။

ပြန်လည်မွေးဖွားလာခြင်းဖြစ်ပြီး ပြန်လည်ဝင်စားခြင်း မဟုတ်ပေ။

ထို့ကြောင့် အချိန်တိုတစ်ခုဖြတ်ကျော်ပြီးနောက် တန်ခိုးစွမ်းအားနည်းပါးခြင်းမှ တန်ခိုးစွမ်းအားကြီးမားသည့်အနေအထားသို့ ရောက်ရှိကာ မဟာနတ်ဆိုး၏ ယခင်အထွတ်ထိပ်အဆင့်သို့ လျှင်မြန်စွာ ပြန်လည်ရောက်ရှိသွားမည် ဖြစ်သည်။

အခြားသူများနှင့်နှိုင်းယှဉ်လျှင် ထိုနည်းလမ်းက အဆပေါင်းထောင်ပေါင်းများစွာမက ၊ အဆပေါင်းအသင်္ချေမက ကျင့်ကြံခြင်းတွင် တိုးတက်လာမည် ဖြစ်သည်။

ယခင်တစ်ချိန်က ဒြပ်စင်ငါးပါးထဲမှ သတ္တုနေရာကို ကိုယ်စားပြုသော ဓားနတ်ဆိုးက ယင်းရှီယန်၏ခန္ဓာကိုယ်အား ပြန်လည်မွေးဖွားရန် အသုံးပြုခဲ့ပြီး ရေပလ္လင်နတ်ဆိုးကတော့ ရေခဲနတ်ဆိုးအဖြစ် ပြန်လည်မွေးဖွားရန် ချူးဟွမ်၏ခန္ဓာကိုယ်ကို ကြားခံအဖြစ် အသုံးပြုခဲ့သည်။

သူတို့ ခဏမျှ ပြန်လည်မွေးဖွားလာနိုင်ခဲ့သော်လည်း သူတို့နှစ်ယောက်လုံး ရန်ရှင်းထန်နှင့် ချန်ရွှမ်ကျုန်းတို့လက်ချက်ဖြင့် အသက်ဆုံးခဲ့ရသည်။

သူတို့အသတ်ခံရချိန်တွင် နှစ်ယောက်လုံးက အားနည်းသည့်အခြေအနေတွင် ရှိနေခဲ့သည်။

ပြန်လည်မွေးဖွားပြီး အားနည်းသည့်အဆင့်မှ တန်ခိုးစွမ်းအား အရှိန်အဟုန်ဖြင့် စတင်မြင့်တက်သည့်အချိန် အရေးကြီးသည့် ခဏတာမျှသော အချိန်လေးတွင်း သုတ်သင်ခံလိုက်ရခြင်း ဖြစ်သည်။

အမှန်တော့ အချိန်အနည်းငယ်သာ ပိုမိုရရှိမည်ဆိုလျှင် သူတို့၏ကျင့်ကြံခြင်းစွမ်းအားက အရှိန်အဟုန်ဖြင့် မြင့်တက်လာပြီး နဂိုမူလ ဘုန်းအသရေ တန်ခိုးစွမ်းအားများအတိုင်း ပြန်လည်ရရှိလာမည် ဖြစ်၏။

ဤနေရာတွင် မြောက်ပိုင်းထိပ်တန်းအရှင်သခင်က ရန်ကျောက်ကဲနှင့် အမြင်တူလေသည်။

ရာဟုကြယ်ထက်ယံအရှင်သခင်ကဲ့သို့ အလွန်တရာ မာနကြီးသူတစ်ယောက်အတွက် သူမဆုပ်ကိုင်လိုက်သည့်အခွင့်အရေးသည် သာမန် မဟာနတ်ဆိုးတစ်ပါးနှင့် နှိုင်းယှဉ်၍ရမည် မဟုတ်ပေ။

အတိတ်တစ်ချိန်က ကျန်းရွှင်ဟွားက ‘ငြိမ်သက်ခြင်းအဆင့်ရှိသောနက်ရှိုင်းနတ်ဘုရား’ တစ်ပါးဖြစ်လေသည်။

ယခုဆိုလျှင် သူမ၏အဆင့်က ပို၍ပင် မြင့်မားနေနိုင်သည်။

ထိုသို့သောအခြေအနေအောက်တွင် သူမ အောင်မြင်ခဲ့မည်ဆိုလျှင် နတ်ဘုရားဝိညာဉ်စီးဆင်းပညာရပ်ဖြင့် သူမ၏တန်ခိုးစွမ်းအားက အဆက်မပြတ်မြင့်တက်လာသည့်တိုင် နတ်ဆိုးတစ်ပါးဖြစ်လာမည် မဟုတ်ပေ။

ထို့ကြောင့် ဖန်းယွင်ရှန်း၏ လက်ရှိကျင့်ကြံခြင်းအဆင့်က ဖန်းယွင်ရှန်းကိုယ်တိုင်၏ကျင့်ကြံခြင်းအဆင့်လား ၊ ကျန်းရွှင်ဟွား၏ကျင့်ကြံခြင်းအဆင့်လားဆိုသည်မှာ မှန်းဆရန် ခက်ခဲသည်။

ကျန်းရွှင်ဟွားမဟုတ်ဘဲ အခြားသော မဟာနတ်ဆိုးတစ်ပါးဆိုပါက ထိုနတ်ဆိုး၏ စွမ်းအားကြီးထွားမှုနှင့်ပတ်သက်သော ရလဒ်တစ်ခုခုကို တွေ့ကြုံခံစားရမည်ဖြစ်သည်။

ယခု မြောက်ပိုင်းထိပ်တန်းအရှင်သခင်အနေဖြင့် ဖန်းယွင်ရှန်းထံမှ နတ်ဆိုးဆန်သည့် အမုန်းတရားနှင့် အမျက်ဒေါသကို ခံစားရခြင်း မရှိပေ။

သို့သော် သူမ၏တန်ခိုးစွမ်းအားက အလွန်မြင့်မားနေပြီး အနည်းဆုံး နတ်ဘုရားတံခါးကို ဖွင့်လှစ်ထားသည့်ပမာ ဖြစ်နေသည်။

အထက်ဘုံကမ္ဘာ၏ နယ်ခြားအရံအတား ကာကွယ်ထားသည့်ယန္တရားကြောင့်သာမဟုတ်လျှင် မြောက်ပိုင်းထိပ်တန်းအရှင်သခင်တစ်ယောက်တည်းဖြင့် သူမကို ခုခံနိုင်မည် မဟုတ်ပေ။

“သူ့ရဲ့ကျင့်ကြံခြင်းအဆင့်က အတော်မြင့်မားတာပဲ ၊ ငါတောင် မမြင်နိုင်ဘူး ၊ ကံကောင်းတာက သူ့ရဲ့အတိတ်ကို ငါ နည်းနည်းပါးပါးမြင်နိုင်တယ် ၊ သူကလည်း သူ့ရဲ့အချက်အလက်တွေကို ရည်ရွယ်ချက်ရှိရှိဖုံးကွယ်ဖို့ မကြိုးစားခဲ့ဘူး”

မြောက်ပိုင်းထိပ်တန်းအရှင်သခင် တွေးတောလိုက်သည်။

ထိုသို့ဆိုလျှင် သူမသည် မရဏကိုးပါး မဟာနတ်ဆိုး၏ အသွင်ဆောင်သူ မဖြစ်သင့်ပေ။

ဤအချက်ကို သက်သေပြသည့်အနေဖြင့် မြောက်ပိုင်း နက်ရှိုင်းကောင်းကင်ပြည်နယ်တွင်ရှိသော ကမ္ဘာများစွာအလန်အထက်ဘုံကမ္ဘာ၏ ငရဲကိုးထပ်ကိုငြင်းပယ်သော အကာအကွယ်ယန္တရားက သူမကို ငြင်းပယ်ခဲ့ခြင်း မရှိပေ။

ယခု သူ စိုးရိမ်ပူပန်နေသည်မှာ ရာဟုကြယ်ထက်ယံအရှင်သခင်က မဟာနတ်ဆိုးကြီးတစ်ပါးနှင့် ဇာတ်လမ်းဆင်ကြံစည်ခဲ့ခြင်းမှာ မျှော်လင့်ထားသည်နှင့် ဆန့်ကျင်ဘက်ရလဒ်ဖြစ်ပေါ်လာမည်ကို ဖြစ်သည်။

ဖန်းယွင်ရှန်း အထက်ဘုံကမ္ဘာသို့ပြန်လာရန် အခွင့်အရေးအဖြစ် အသုံးပြုခဲ့သော အစီအစဉ်အား နတ်ဆိုးများက လိုက်လံအသုံးချမည်ကို သတိထားနေရဆဲ ဖြစ်သည်။

ထို့ကြောင့် မြောက်ပိုင်းထိပ်တန်းအရှင်သခင်က အလွန်သတိထားနေဆဲဖြစ်ပြီး အကာအကွယ်ယန္တရားကို ရုတ်သိမ်းခြင်း မရှိသေးပေ။

အနည်းဆုံးတော့ ကျန့်ဟွမ်ဓားဧကရာဇ် ၊ နက္ခတ်ဧကရာဇ် ၊ ရန်ကျောက်ကဲနှင့် အခြားသူများရှိနေသည်ဖြစ်ရာ နတ်ဆိုးများဝင်ရောက်လာပါကလည်း အန္တရယ်ကတော့ သိပ်မရှိလှပေ။

မြောက်ပိုင်းထိပ်တန်းအရှင်သခင်က ကမ္ဘာများစွာအလွန် အထက်ဘုံကမ္ဘာမှ ကိစ္စရပ်များကို ကြားဝင်စွက်ဖက်ခြင်းမရှိသော်လည်း အထက်ဘုံကမ္ဘာတွင်ဖြစ်ပျက်နေသည့် အကြောင်းအရာများကိုတော့ နားလည်သိရှိသည်ပင်။

လက်ရှိအချိန်ကာလတွင် ဖြစ်ပျက်နေသည့်အပြောင်းအလဲများမှနေပြီး ငရဲကိုးထပ်က အကျိုးအမြတ်ရယူရန် လွယ်ကူပေသည်။

ထို့ကြောင့် မြောက်ပိုင်းထိပ်တန်းအရှင်သခင်က တစ်ခုခုမူမမှန်ဟု ခံစားရသည်နှင့် ချက်ချင်းပင် ကျောက်စိမ်းတုံးကို ဖြိုခွဲလိုက်ပြီး ကျန့်ဟွာဓားဧကရာဇ်’ယွဲ့ကျန့်ပေ’ ကို ဆက်သွယ်ခဲ့ခြင်း ဖြစ်သည်။

မကြာမီ ယွဲ့ကျန့်ပေ ရောက်ရှိလာမည် ဖြစ်၏။

မြောက်ပိုင်းထိပ်တန်းအရှင်သခင်က...

“မင်းပြန်လာတာကို မင်းသူငယ်ချင်းတွေသိရင် အရမ်းပျော်သွားမှာ သေချာတယ် ၊ ဒါကြောင့် သူတို့ကို သတင်းပေးဖို့လိုအပ်တယ်”

“ကျေးဇူးတင်ပါတယ် အကြီးအကဲ...”

မိန်းမပျို၏အသံက အလွန်တရာ ယဉ်ကျေးသိမ်မွေ့လှသည်။

သို့သော် မြောက်ပိုင်းထိပ်တန်းအရှင်သခင်း ဆံပင်များထောင်တက်သွားရသည်။

အဘယ်ကြောင့်ဆိုသော် အသံက သူ၏အနောက်ဘက်မှ ထွက်ပေါ်လာခြင်း ဖြစ်သောကြောင့်ပင်။ တစ်ချိန်တည်းမှာပင် သူ၏ခန္ဓာကိုယ် လှုပ်ရှားမရတော့ကြောင်း မြောက်ပိုင်းထိပ်တန်းအရှင်သခင် နားလည်လိုက်ရသည်။

မိန်းမပျိုတစ်ယောက် သူ၏အနောက်ဘက်တွင်မတ်တတ်ရပ်နေပြီး သူမ၏အရိပ်များက မြောက်ပိုင်းထိပ်တန်းအရှင်သခင်၏ အရိပ်ထက်တွင် တက်နင်းထားသည်။

ထိုမိန်းမပျိုက ဖန်းယွင်ရှန်း၏အသွင်အပြင် ရှိလေသည်။

သူမက နှင်းလွင်ပြင်ကို တစ်ချက်အကဲခတ်လိုက်ရင်း...

“ဒီကမ္ဘာလောကကြီးက မြောက်ပိုင်းကြယ်စင်ဧကရာဇ် နောက်ကွယ်က အရာအားလုံး ကြိုးကိုင်ထိန်းချုပ်နေတဲ့ အထက်ဘုံကမ္ဘာကြီးလား ၊ ဒီလိုနေရာကောင်းတစ်ခုကိုတွေ့မြင်ရတာ ဒီနေရာကို အပိုင်သိမ်းချင်စိတ်တောင် ပေါက်မိတယ်”

မိန်းမပျိုက အနည်းငယ်ပြုံးလိုက်ရင်း...

“ဒီနေရာကထွက်လာတဲ့ ကောင်မလေးက အရမ်းတော်လွန်းတယ် ၊ ဒါပေမဲ့ ငါကတော့ သူ့ချို့ယွင်းချက်ကို ရအောင်ရှာနိုင်ခဲ့တယ် ၊ ဒါကြောင့် သူ့ရဲ့ယန္တရားပညာကိုယူသုံးပြီး ဒီလောကထဲကို တိတ်တဆိတ်ဝင်လာနိုင်ခဲ့တာပေါ့”

သို့သော် လူတစ်ယောက်သာလျှင် အရံအတားကို ချိုးဖျက်နိုင်စွမ်း ရှိသည်။

“ဒါပေါ့... မြောက်ပိုင်းကြယ်စင်ဧကရာဇ်နဲ့ တခြားသူတွေ တစ်ယောက်နဲ့တစ်ယောက် အငြိုးထားနေကြတာ ကျေးဇူးတင်ရမယ် ၊ သူတို့မှာ ကျွန်မကို အာရုံစိုက်ဖို့ အချိန်မရှိတော့ဘူးလေ”

မြောက်ပိုင်းထိပ်တန်းအရှင်သခင် ကြောက်ရွံ့လွန်းသဖြင့် တုန်တုန်ယင်ယင် ဖြစ်သွားသည်။

သူမ၏လေသံအရ သူမက ဖန်းယွင်ရှန်းမဟုတ်သလို ရာဟုကြယ်ထက်ယံအရှင်သခင်လည်းမဟုတ်ကြောင်း ပြောနိုင်သည်။

ထိုသူက ငရဲကိုးထပ်မှ ထိပ်တန်းအဆင့် မဟာနတ်ဆိုးကြီးတစ်ပါးဖြစ်သော “ရှေးဟောင်းနတ်ဆိုး” ဖြစ်သည်။

“ဒီကောင်မလေးက အမြဲတမ်း အိမ်ကိုပြန်လာချင်နေတာလေ ၊ ဒါကြောင့် သူ့ဟာသူ ထောင်ချောက်ထဲမှာ ပိတ်မိနေအောင်လုပ်လိုက်ပြီး ကျွန်မက ဒီကိုပြန်လာဖို့ ဆုံးဖြတ်လိုက်တယ်”

ယခု အဘိုးအို၏အရိပ်က ယုတ္တိဗေဒကို ဆန့်ကျင်သွားသည်။

မိန်းမပျိုက ရှေ့သို့ခြေတစ်လှမ်းလှမ်းလိုက်ချိန် အရိပ်က တစ်ပတ်လည်သွားပြီး အဘိုးအိုရှေ့သို့ ရောက်ရှိသွားသည်။

မိန်းမပျိုက ပြုံးလိုက်ရင်း...

“ငါ မင်းနဲ့တိုက်ခိုက်ပြီး ကြီးမားတဲ့တိုက်ပွဲတစ်ခု ဖန်တီးလိုက်မယ်ဆိုရင် မြောက်ပိုင်းကြယ်စင်ဧကရာဇ်နဲ့ တခြားသူတွေကို သတိပေးသလို ဖြစ်သွားလိမ့်မယ်”

သူမက ဆက်ပြောလိုက်သည်။

“မင်းက ငါ့အတွက် အကောင်းဆုံး ဖုံးကွယ်မှုပဲ”

စကားပြောနေစဉ်မှာပင် သူမ၏ အပြင်ပန်းသွင်ပြင်က ပြောင်းလဲသွားပြီး သူမ၏အသံကလည်း ယောကျ်ားသံတစ်သံအဖြစ် ပြောင်းလဲသွားသည်။

ချက်ချင်းပင် မြောက်ပိုင်းထိပ်တန်းအရှင်သခင်၏ရှေ့တွင် သူနှင့် တစ်ပုံစံတည်းဆင်တူသည့် အဘိုးအိုတစ်ယောက် ပေါ်လာသည်။

သူတို့နှစ်ယောက် မျက်နှာချင်းဆိုင်ရပ်နေကြပြီး တစ်ယောက်နှင့်တစ်ယောက် ခွဲခြားမရလောက်အောင် ဆင်တူကြသည်။

“ဒါက အတုအယောင်မရဏကျောက်စိမ်းလည်းမဟုတ်သလို အသွင်ပြောင်းဆေးလုံးလည်း မဟုတ်ဘူး ၊ သတ်ဖြတ်စရာမလိုဘူး ၊ လူဘယ်နှစ်ယောက် အသွင်ပြောင်းပါစေ ကန့်သတ်ချက် မရှိဘူး”

မြောက်ပိုင်းထိပ်တန်းအရှင်သခင် တွေးလိုက်သည်။

ယခု သူ၏စိတ်ဝိညာဉ်မှာ ချေမှုန်းခံနေရသည့်ပမာ ခံစားနေရသည်။

ထိုခဏအတွင်းမှာပင် သူ၏စိတ်ထဲတွင် ကြည်လင်ပြတ်သားသော အတွေးများစွာ ထင်ဟပ်လာသည်။

“သူ့ရဲ့ အချက်အလက်တွေကို ငါ ဘာလို့မမြင်နိုင်ခဲ့တာလဲဆိုတော့ ငါတို့ကြားက တန်ခိုးစွမ်းအားကွာခြားမှု အရမ်းကြီးမားနေလို့ပဲ ၊ ဒါကြောင့် သူ ဘယ်သူလဲဆိုတာ ငါ မမြင်နိုင်ခဲ့ဘူး ၊ ငါ မြင်ခဲ့တာက သူပြသခဲ့တဲ့ တံလျှပ်သက်သက်ပဲ”

ဆိုလိုသည်မှာ သူတို့၏ တန်ခိုးစွမ်းအားကွာဟချက်က သူထင်ထားသည်ထက် အများကြီး ပိုမိုကြီးမားသည်။

“ရှေးဟောင်းနတ်ဆိုး” က သူစိတ်ထဲသို့ မှတ်ဉာဏ်အတုများထည့်သွင်းလိုက်ပြီး ထိုမှတ်ဉာဏ်များကို မြောက်ပိုင်းထိပ်တန်းအရှင်သခင်က အစစ်အမှန်ဟုထင်မှတ်သွားရန် လှည့်စားခဲ့သည်။

ဤသို့ပြုလုပ်ရန်မှာ မှတ်ဉာဏ်များကို တမင်သက်သက် ဖန်တီးရသည်ထက် ပိုမိုခက်ခဲသည်။

“သူက အသွင်ပြောင်းတာ အရမ်းကျွမ်းကျွင်တယ် ၊ ငါ့ရဲ့ ကြယ်တာရာချီစွမ်းအားအနှစ်သာရ ပျံ့နှံ့မှုကိုတောင် အသေးစိတ်တုပနိုင်ခဲ့တယ်”

“ဒါပေမဲ့ သူက တာအိုစကြာဝဠာထဲကို ဘယ်လိုဝင်လာတာလဲ ၊ အထက်ဘုံကမ္ဘာကို ဘယ်လိုဝင်လာတာလဲ”

“ဟုတ်တယ် ၊ ရာဟုကြယ်ထက်ယံအရှင်သခင်က သူကိုယ်အတိုင်အတွက် လျှို့ဝှက်ယန္တရားပညာကို အသုံးပြုခဲ့တယ် ၊ ဒါပေမဲ့ အဲဒီပညာက ဒီနတ်ဆိုးအတွက် အကျိုးရှိသွားစေခဲ့တယ် ၊ ရာဟုကြယ်ထက်ယံအရှင်သခင်က ကမ္ဘာများစွာအလွန် အထက်ဘုံကမ္ဘာကို အန္တရယ်ဆောင်ကြဉ်းလာခဲ့တာပဲ”

အတွေးများစွာနှင့်အတူ မြောက်ပိုင်းထိပ်တန်းအရှင်သခင် နေရာတွင် မတ်တတ်ရပ်နေခဲ့သည်။

သူ၏ မှေးမှိန်နေသော မျက်ဝန်းများထဲတွင် တုန်လှုပ်ချောက်ချားသော အငွေ့အသက်များဖြင့်ပြည့်နက်နေပြီး ရုတ်တရက် သူ၏ခန္ဓာကိုယ် ပေါက်ကွဲထွက်သွားကာ ချက်ချင်းပင် သေဆုံးသွားလေတော့သည်။

သူနှင့် မျက်နှာချင်းဆိုင်တွင်ရှိနေသောအဘိုးအိုက နှုတ်ခမ်းများထက်သို့ လက်ညှိုးကိုဖိကပ်လိုက်ရင်း...

“ရှူး...”

All Chapters