Chapters

လက်စားချေခြင်းအတွက်ဝဋ်လည်ခြင်း

Vol. 66 Ch. 1301

လက်စားချေခြင်းအတွက်ဝဋ်လည်ခြင်း

Vol. 66 Ch. 1301

လက်ထဲတွင် ဓားပျော့ကိုကိုင်ဆောင်ထားပြီး ပေထင်းဟွမ်သည် ခေါင်းမော့ကာ ဟွမ်ချန်းရှိရာဘက်သို့ကြည့်လိုက်သည်။ ထိုနေရာတွင် မရေတွက်နိုင်သောဝိညာဉ်များရှိဟန်တူကာ သူမ မင်ဟွမ်ကိုဓားနှင့်သတ်ဖြတ် လိုက်သည့်မြင်ကွင်းအား စောင့်ကြည့်နေကြသလိုပင်။ ပုံရိပ်များသည် ပေထင်းဟွမ်၏စိတ်ထဲတွင် ဆက်တိုက်ပေါ်လာသည်။ ထို့နောက် လေနှင့်အတူ ပျောက်ကွယ်သွားလေသည်။

ဇာမဏီမြို့ဖျက်ဆီးခံလိုက်ရကာ သူမ၏ရင်ထဲတွင် အမြဲတစေ နတ်ဆိုးရှိ နေခဲ့သည်။ အထူးသဖြင့် သားကိုတွန်းထုတ်လိုက်သည့်မိခင်၊ ခင်ပွန်းသည် အတွက်အသက်ပေးခဲ့သည့်ဇနီးများ၊ သူတို့မသေခင် မျက်လုံးထဲမှ မျှော်လင့်ခြင်း အလင်းရောင်များကိုမြင်ယောင်လျှင် အိပ်မရသည်အထိဖြစ်ခဲ့ သည်။

သို့သော် ယခုအခါ သူမသည် သူတို့အတွက် လက်စားချေပေးနိုင်ပြီဖြစ် ကာ ပင်မတိုက်ကြီးရှိဇာမဏီမြို့ကို ဖျက်ဆီးခဲ့သည့်လူကို သတ်လိုက်နိုင်ပြီဖြစ် သည်။ ယခုအချိန်မှစပြီး မင်ဟွမ်သည် သူ၏ဝိညာဉ်ပြန်စုစည်းပြီး ပြန်လည် မွေးဖွားမည့်အခွင့်အရေးကို ပေထင်းဟွမ် ပေးတော့မည်မဟုတ်ပေ။

မင်းတို့အတွက် လက်စားချေပြီးပြီ။ မင်းတို့စိတ်ချလက်ချသာ အနားယူ ကြပါတော့။ နောက်ကျရင် မင်း ငါ့နောက်ကိုလိုက်ဦးမယ်လို့ မျှော်လင့်ပါတယ်။ ဒီလိုမျိုးဘေးဒုက္ခကို ဘယ်တော့မှ မခံစားစေရဘူး။

ဟွမ်ချန်း၏ကောင်းကင်အထက်တွင် ပျောက်ကွယ်သွားခဲ့သည့်ဝိညာဉ် များသည် ပေထင်းဟွမ်၏ရင်ထဲမှ ဆုတောင်းကို ကြားလိုက်ရသည့်အလား ခြေလှမ်းများရပ်ကာ လှည့်ပြီး ပေထင်းဟွမ်အား အလေးအနက်ကြည့်ကြလေ သည်။ ထိုအခိုက်အတန့်တွင် ဝိညာဉ်တိုင်းသည် ဟွမ်ချန်းတွင်ပြန်ဝင်စားရန် မျှော်လင့်ချက်နှင့် သူတို့အတွက်သူတို့ ဆုတောင်းကြပုံပင်။ ဟွမ်ချန်းတွင်နေ လျှင် နောက်ဘဝ၌လည်း သခင်ပေထင်းဟွမ်နောက်သို့လိုက်နိုင်မည်ဖြစ်သည်။

သူတို့သေသွားလျှင်တောင် ဟွမ်ချန်းတွင်နေခဲ့သည်ကို နောင်တမရခဲ့ ပေ။ ဟွမ်ချန်းမှလူဖြစ်ခြင်းသည် သူတို့၏ သေခြင်းရှင်ခြင်းအတွက် ဂုဏ်သရေ ဖြစ်ခဲ့သည်။

ပေထင်းဟွမ်၏ စကားများသည် သူမဘာသာရေရွတ်ခြင်းဖြစ် သော်လည်း ယန်ချန်းမှလူများအားလုံးကြားရလေသည်။ ထိုလူများသည်လည်း ဟွမ်ချန်းခံစားခဲ့ရသမျှကိုသိကာ ဘေးဒုက္ခမျိုးစုံကျော်ဖြတ်ခဲ့ရသည်ကိုသိကြ သည်။ ထိုအချိန်တွင် ဇာမဏီမြို့အားဖျက်ဆီးခဲ့သူသည် ၃၃ ကောင်းကင်ဘုံမှ ဆင်းသက်လာသူဖြစ်ပြီး ဓား ၃ လက်နတ်ဘုရားဘုရင် ဖြစ်သည်ကို သိလိုက်ရ ချိန်တွင် ပူဆွေးပြီးနာကြည်းသည့်ခံစားချက်အပြင် ဇာမဏီမြို့စားသည် သူတို့အတွက် လက်စားချေပေးသည့်ကိုပင် ခံစားမိလိုက်သည်။

အားလုံးသည် ထိုကပ်ဘေးကို မှတ်မိနေကြတုန်းပင်။ ဇာမဏီမြို့ ဖျက်ဆီးခံရစဉ်က မလွတ်မြောက်ခဲ့သူများသည် သူတို့၏သားသမီးများကို ဇာမဏီမြို့တွင် သန်မာသောကျင့်ကြံသူဖြစ်ရန် မှာကြားခဲ့ပြီး ပြောခဲ့ကြသည် “မြို့သခင်နောက်ကိုလိုက်ကြ၊ ကြိုးစားပြီးလေ့ကျင့် ပြီးတော့ အနာဂတ်မှာ ငါတို့အတွက် လက်စားချေပေး”

မှန်သည် အနာဂတ်မှပင်။

ထိုအနာဂတ်သည် ဤမျှတိုတောင်းလိမ့်မည်ဟု သူတို့ပင် မထင်ထားပေ။ နှစ်လမျှသာကြာသည်။ သူတို့၏မြို့စားသည် မြို့ဖျက်ဆီးသူအား ကိုယ်တိုင် လက်နှင့်သတ်ခဲ့သည်။ ပင်မတိုက်ကြီးမှ တခြားသူများ မည်သို့တွေးထင်တော့ မည်နည်း။ နှစ်လအတွင်းတွင် ထိပ်ဆုံးဝိညာဉ်ဂိုဏ်းသည် ထိပ်ဆုံးနတ်ဘုရား အဆင့်ရောက်လိမ့်မည်ဟု မည်သူမှ ထင်မထားကြပေ။

၎င်းသည်ရိုးရှင်းစွာပင် ဒဏ္ဍာရီတစ်ခုပင်။

ဇာမဏီမြို့မှလူများသည် သူတို့အတွက် မြို့စားမှ လက်စားချေ ပေးမည်ဟု ဘာကြောင့် ယုံကြည်ချက်ရှိနေသည်ကို ထိုအခိုက်အတန့်တွင် ပင်မတိုက်ကြီးမှလူများ နားလည်သွားကြသည်။

လူငယ်သည် ၁၅ နှစ်သာရှိသေးသော်လည်း သူမတွင် ယုံကြည်နိုင်လောက်သည့် စွမ်းအားရှိသည်။ သူမသည် ခိုင်မာသောယုံကြည် ချက်ရှိသည်။ ရှေ့သို့သတ္တိရှိရှိ ဆက်သွားပြီး ဘယ်တော့မှလက်မလျှော့ပေ။ သူမ၏ ဖြောင့်မတ်မှုသည် ကောင်းကင်ထက်သာလွန်သည်။ သူမသည် အားလုံး နောက်မှလိုက်ခြင်းနှင့် ထိုက်တန်သည်။

“အခု ဇာမဏီမြို့က အရမ်းအလုပ်များနေတယ်လို့ကြားတယ်၊ ကြေးစား အဖွဲ့တော်တော်များများက သွားအညံ့ခံကြတယ်၊ သခင်ချူဖုန်းက သေလောက်အောင်အလုပ်များနေတာဆိုပဲ”

“သာမန်ကြေးစားအဖွဲ့တောင်မဟုတ်ဘူးနော်၊ အဂ္ဂိရတ်ပညာရှင်တွေ လည်းပြေးသွားကြတာ မင်းမမြင်လို့”

“ဟီး ဟီး ငါလည်း ဟာသတစ်ခုကြားလိုက်တယ်၊ သားရဲထိန်း တစ်ယောက်လည်း ဟွမ်ချန်းကလူတွေကို သားရဲထိန်းလိုလားလို့ မေးနေတယ် ကြားတယ်၊ သခင်ပေထင်းဟွမ်ရဲ့ သရုပ်မှန်ကဘာပါလိမ့်”