← Chapters

ဇာမဏီမြို့အတွက် အသေခံရတာ ဂုဏ်ယူစရာပဲ

Vol. 66 Ch. 1302

ဇာမဏီမြို့အတွက် အသေခံရတာ ဂုဏ်ယူစရာပဲ

Vol. 66 Ch. 1302

“နောက်တော့ဘာဖြစ်သွားလဲ၊ ဟွမ်ချန်းကလူတွေဘာပြောလဲ” လူတစ် ယောက်သည် ထပ်တလဲလဲမေးနေတုန်းပင်။

“ဟွမ်ချန်းကိုလွမ်းတဲ့သူတိုင်းက အဲလိုလုပ်မှာပဲလို့ ဟွမ်ချန်းကလူတွေက ပြောကြတာပဲ” ထိုလူသည် ဂုဏ်ယူစွာနှင့် ရင်ဘတ်ကိုပုတ်လေသည် “ငါလည်း ဟွမ်ချန်းမှာ စာရင်းပေးထားတယ်၊ တခြားဘာလိုအပ်ချက်မှတော့မရှိဘူး၊ ငါ ဟွမ်ချန်းကိုဝင်မယ် ငါ့အိပ်မက်က ဆေးဥယျာည်ဖွင့်မယ်၊ ဆေးပစ္စည်းကောင်း ကောင်းရရင် သခင်ပေထင်းဟွမ်အတွက် ဆေးပင်စိုက်ပေးဖို့က ငါ့အိပ်မက်ပဲ”

“ငါရောက်သွားတုန်းကတော့ အိုးဖေးအင်ပါယာနဲ့ ထယ်ရာ့အင်ပါယာ နှစ်ခုလုံးက ဇာမဏီမြို့နဲ့မဟာမိတ်ဖွဲ့ဖို့ တမန်တော်လွှတ်လိုက်တာပဲ” ထိုလူ၏ မျက်လုံးများထဲတွင် တောက်လောင်သောာခံစားချက်များရှိနေသည် “မဟာမိတ်အင်ပါယာဖြစ်လာရတာ ဘယ်လောက်တောင် ကံကောင်းလိုက်လဲ၊ အာ.. ငါတောင်မှ ဇာမဏီမြို့ကျဆုံးတုန်းက သေသွားတဲ့သူတွေကို နည်းနည်း အားကျလာပြီ၊ ဇာမဏီမြို့အတွက် အသေခံတာ ဂုဏ်ယူစရာကြီးလေ”

ထိုအချိန်တွင် ရှည်လျားသောလမ်းမကြီး၌ ဆွေးနွေးချက်များအပြည့်ပင်။ သူတို့အားလုံးသည် မဟာမိတ်အင်ပါယာအကြောင်းကို ဆွေးနွေးနေကြသည်။ သို့သော် ထိုအချိန် ကောင်းကင်သည် လုံးလုံးလျားလျား မတည်ငြိမ်နိုင်သေး သည်ကို မည်သူမှ သတိမထားမိကြပေ။

မင်ဟွမ်၏စွမ်းအင်ခန္ဓာကိုယ်မှာ ကိုးရောင်မီးတောက်၏ တစ်စတစ်စ တိုက်စားခြင်းကိုခံရပြီးနောက် ယန်ယဲ့၏ ရိုက်ချက်ကြောင့် ပျောက်ကွယ်သွား လေသည်။ သူ၏ဝိညာဉ်လွင့်သွားသည်နှင့် ငွေရောင်အလင်းနှင့်အရိပ်များ သည် ကောင်းကင်နှင့်မြေကြီးအကြားတွင် ထပ်မံပျောက်ကွယ်သွားလေသည်။ သူတို့ သည် မင်ဟွမ်၏အသက်သားရဲများဖြစ်သည်။ တောက်ပသော ယူနီကွန်ငွေ ရောင်သားရဲတစ်ကောင်နှင့် သခင်အစေခံစာချုုပ်သားရဲနှစ်ကောင်ဖြစ်သည့် မျက်လုံးသုံးလုံးလဝံပုလွေနှင့် မြေကြီးခွဲနဂါးတို့ဖြစ်ကြသည်။

ပေထင်းဟွမ် မင်ဟွမ်နှင့်မတိုက်ခိုက်ခင်တွင် အဂူးသည် ပေထင်းဟွမ်၏ လက်ပတ်နေရာမှထွက်သွားပြီဖြစ်ကာ မင်ဟွမ် ထွက်ပြေးမည့်အခွင့်အရေးကို ကာဆီးရန် အနီးအနားလေဟာနယ်တွင် စောင့်နေလေသည်။ ထင်ရှားစွာပင် ပေထင်းဟွမ်သည် များစွာစိုးရိမ်မိသည်။ ယန်ယဲ့ရှိလျှင် မင်ဟွမ် အသက်ရှင်မည့် အခွင့်အရေးပေးမည်မဟုတ်ပေ။

ထိုအရာကို အစမှအဆုံးထိ မမျှော်လင့်ခြင်းမဟုတ်ပေ။ အဂူးတွင် လှုပ်ရှား ရန်အခွင့်အရေးမရှိမည်စိုးခြင်းကြောင့်ပင်။ ပေထင်းဟွမ် မင်ဟွမ်အား တစ်ဦး တည်းခေါင်းဖြတ်သည်ကိုမြင်သောအခါ အဂူးသည် စိတ်လှုပ်ရှားမှုများကို ချုပ်တည်း၍မရပေ။ သူသည် လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ပြီးနောက် စိတ်ထဲမှပြောလိုက်သည် “အာ့ဝေ ချင်းကျို နည်းနည်းလောက်စောင့်ပေးပါဦး မင်းတို့ ရက်နည်းနည်းပဲစောင့်ပေးဖို့ပဲလိုတယ်၊ သခင်က မင်းတို့ကိုလာကယ် ပေးမှာပါ”

ထင်ရှားစွာပင် ထိုအချိန်တွင် ပေထင်းဟွမ်သည် ရွှံ့နွံချောက်နက်ထဲသို့ သွားပြီး ထိုနေရာမှ သူမ၏ ယခင်သားရဲများကိုကယ်တင်ရန် အရည်အချင်း ပြည့်မှီနေပြီဖြစ်သည်။

တိုက်ပွဲကြီးအတွင်းတွင် ပေထင်းဟွမ်သည် အလွန်ပင် ခြေကုန်လက်ပမ်း ကျနေပြီဖြစ်သည်။ ယန်ယဲ့သည် ရှေ့တိုးပြီး ပေထင်းဟွမ်အား ရင်ခွင်ထဲထည့် ထားလိုက်သည်။ ပေထင်းဟွမ်သည် ခန္ဓာကိုယ်ပေါ်မှ သားရဲချပ်ဝတ်တန်ဆာ ကိုချွတ်လိုက်ပြီဖြစ်သည်။ သူမသည် ယန်ယဲ့၏ရင်ခွင်အားမှီလိုက်သည်။ အကြောထဲတွင် စွမ်းအားများကုန်ခမ်းပြီးနောက် နာကျင်မှုများပေါ်ပေါက်လာ သည်။ ကံကောင်းစွာပင် ကစဥ့်ကလျားနတ်အရင်းအမြစ်နှင့် မင်တို့ရှိသဖြင့် တစ်ခုသည် ပေထင်းဟွမ်အတွက် စွမ်းအင်စုပ်ယူပေးကာ နောက်တစ်ခုသည် ပေထင်းဟွမ်၏အကြောအား လက်ဝါးကြီးအုပ်ရန်ကြိုးစားလေသည်။ ပေထင်းဟွမ်၏အကြော လစ်ဟာနေသည်ကို အမြဲအခွင့်ကောင်းယူကာ ရွှေရောင်သက်ဆောင့်ဆေးသည် တိတ်တိတ်လေးအစက်ချပေးနေသည်။

ထိုအချိန်တွင် ယန်ချန်းနှင့်ဟွမ်ချန်းမှလူများသည် သူမဆီသို့ တဖြည်းဖြည်းဝိုင်းလာကြသည်။ ပေထင်းဟွမ် သည်တစ်ခေါက် တိုက်ပွဲတွင် ဒဏ်ရာအပြင်းအထန်ရမည်ကို သူတို့သည် ပေထင်းဟွမ်အတွက် စိုးရိမ်ပေးကြ သည်။ သို့သော် ယန်ယဲ့၏ ငြင်းဆန်သောမျက်လုံးများကိုမြင်သောအခါ အားလုံး သည် ခြေလှမ်းများရပ်လိုက်ကြသည်။

“ပြန်ရအောင်” ယန်ယဲ့သည် ပေပထင်းဟွမ်အား ချေပခွင့်ပင်မပေးဘဲ ပေထင်းဟွမ်အား ကောက်ချီကာ ရှီရှောင်မိုတို့ရှိသည့်ဘက်သို့ တစ်ချက်ကြည့် ပြီး ညကောင်းကင်တွင် လျပ်တပြက်ပျောက်သွားလေသည်။

“အာ... ဒါဘယ်လိုလူမျိုးပါလိမ့်၊ ရှောင်ကျို့က ငါတို့နဲ့အတူ ဈေးဝယ်သွား ချင်တာလေ” တုန်ဖန်းကျောက်သည် လက်စားချေလိုက်ရသည့်အတွက် ဘဝင် ခိုက်သွားကာ ဟွမ်ချန်းတွင်ရှိသခိုက် ရှောင်ကျို့နှင့် တစ်ခွက်တစ်ဖလား သောကရန် တွေးနေတုန်းပင်။ မည်သူထင်ထားမည်နည်း။ မျက်စိတစ်မှိတ် အတွင်းမှာပင် ပေထင်းဟွမ်သည် ယန်ယဲ့၏ ဆွဲဆောင်ခြင်းကိုခံလိုက်ရသည်။ တုန်ဖန်းကျောက်သည် ချက်ချင်းပင် ဝမ်းနည်းစွာဖြင့် ပေထင်းကျင်အား တွန်း ထုတ်လေသည် “မင်းက အစ်ကိုကြီးဖြစ်ပြီးတော့ ဘယ်လိုအစ်ကိုကြီးလုပ်နေ တာလဲ၊ အဲလူက မြူဆွယ်သွားတာကို ရပ်ကြည့်နေတုန်းပဲ”

All Chapters