တုန်ဖန်းကျောက် မင်းက သေတွင်းတူးနေတာပဲ
Vol. 66 Ch. 1303
ပေထင်းကျင်သည် လက်စားချေလိုက်ရခြင်းအတွက် ပျော်နေတုန်းပင်။ သို့သော် ပေထင်းဟွမ်အတွက် စိတ်မကောင်းဖြစ်မိသည်။ တိုက်ကွက်ကြီး ထုတ်ပြီးနောက်တွင် ပေထင်းဟွမ်၏မျက်နှာ ဖြူဖျော့နေသည်ကို သူ မြင်လိုက်ရသည်။ ပေထင်းကျင်၏စိတ်မှာ တစ်ဝက်ပျော်ပြီး တစ်ဝက်စိတ် မကောင်းဖြစ်မိသည်။ သူ သတိပြန်မဝင်ခင်မှာပင် တုန်ဖန်းကျောက်၏ တွန်းခြင်းကိုခံလိုက်ရ၏။
သတိလက်လွတ်ဖြစ်သွားရာ ပေထင်းကျင် မြေပေါ်သို့ယိုင်သွားလေ သည်။ သူသာ မသန်မာလျှင်မြေပေါ်သို့ လဲကျသွားမည်ဖြစ်သည်။ ကံကောင်း စွာပင် ရှီမန်ဆုန်းသည် အလျင်အမြန် သူ့ကိုဆုပ်ကိုင်လိုက်ရာ ပေထင်းကျင် သည် ခန္ဓာကိုယ်ကို လျင်မြန်စွာထိန်းလိုက်နိုင်သည်။
“တုန်ဖန်းကျောက် မင်းက သေချင်နေတာပဲ” ပေထင်းကျင်သည် အင်္ကျီ လက်ကိုလိပ်ကာ တုန်ဖန်းကျောက်အား ထိုးလေသည်။
ထိုထိုးချက်တွင် စွမ်းအင်မပါပေ။ ညီအစ်ကိုများအကြားမှ တိုက်ပွဲသည် အသေအကြေတိုက်ခိုက်ရန်မလိုပေ။ ပေထင်းကျင်သည် ဒေါသကြောင့် တစ်ချက်ထိုးလိုက်ခြင်းသာဖြစ်သည်။ တုန်ဖန်းအောင်သည် ဘေးတွင်ရပ်နေပြီး တုန်ဖန်းကျောက် ရှောင်တော့မည်ကိုမြင်လိုက်ရသဖြင့် တုန်ဖန်းကျောက်၏ ပခုံးကို ထိန်းထားလိုက်သည်။
“အွတ်”
ပေထင်းကျင်၏ လက်သီးချက်သည် တုန်ဖန်းကျောက်၏ နှာခေါင်းပေါ် သို့ရောက်သွားကာ တုန်ဖန်းကျောက်၏ပါးစပ်မှ နာကျင်စွာအော်သံတစ်ခု ထွက်လာသည်။ ပေထင်းကျင်သည် မှင်တက်လုနီးပါးပင်။ သူ မယုံနိုင်လောက် အောင်ဖြစ်နေသည်။ သူ၏လက်သီးသည် တုန်ဖန်းကျောက်ဆီသို့ ရောက်သွားခဲ့ သည်။ ဤလူထွက်ပြေးသွားသည်ကို သူ ရှင်းလင်းစွာမြင်လိုက်ရသည်။ ဘာကြောင့် ပြန်ရောက်လာသနည်း။
“မင်းတို့တွေ အဖွဲ့ဖွဲ့ပြီး တစ်ယောက်တည်းကို လာအနိုင်ကျင့်နေတယ်” တုန်ဖန်းကျောက်သည် အသက် ၂၀ အရွယ်လူငယ်၏ မျက်လုံးမှာ အကွင်းလိုက် ညိုသွားသဖြင့် ဒေါသထွက်သွားလေသည်။
ပေထင်းကျင်သည် သူ့ကိုထိုးသည်ကို သည်းခံရမည်။ သူ၏အစ်ကိုဖြစ်သူ ကပင် အထိုးခံခိုင်းလိမ့်မည်ဟု မမျှော်လင့်ထားပေ။ သူက အဲလောက် စိတ်တို စရာကောင်းလို့လား။
သူ၏အသွင်အပြင်မှာ ချွေးမတစ်ယောက်ပုံစံ ဖြစ်နေသည်ကိုမြင် သောအခါ တုန်ဖန်းအောင်နှင့်တခြားသူများမှာ မရယ်ဘဲမနေနိုင်ကြတော့ပေ။ ရှီမန်ဆုန်းသည် တုန်ဖန်းကျောက်၏ပခုံးကို ရိုက်လိုက်သည် “အဲအကြောင်းကို တွေးတောင်မတွေးနဲ့၊ ရှောင်ကျို့က အခု မင်းနဲ့ ဈေးဝယ်ထွက်ပြီး သောက်ဖို့ အားအင်ဘယ်မှာရှိမှာလဲ၊ ဓား ၃ လက် နတ်ဘုရားဘုရင်ကို တိုက်ခိုက်ဖို့ မင်းမှာ အစွမ်းအစရှိရင် စမ်းကြည့်လိုက်လေ”
ပြိုင်ဘက်ကို သတ်နိုင်ရန်မဆိုထားနှင့် ရှင်သန်နိုင်သည်ကိုပင် လေးစားရန်လုံလောက်သည်။
ထိုအခိုက်အတန့်တွင် ယန်ချန်းအကြီးအကဲ၏အသံထွက်ပေါ်လာသည်။ သူ၏ လေပေါ်တွင်ရပ်ကာ ရှီရှောင်မိုတို့ရှိရာဘက်သို့ အော်လေသည် “၃၃ ကောင်းကင်ဘုံကလာကြတဲ့ ဧည့်သည်တော်တို့၊ ကျုပ်တို့မြို့စားက ဧည့်သည် တို့သုံးယောက်ကို ကြိုဆိုဖို့အတွက် အမိန့်ပေးထားပါတယ်၊ ကျို့လင်နန်းတော် ကိုကြွကြပါ၊ ပြီးတော့ ဇာမဏီမြို့ဖျက်ဆီးခံရတုန်းက ကျုပ်တို့ကို ကူညီတဲ့ အတွက် ခင်ဗျားတို့သုံးယောက်ကို ကျေးဇူးတင်ကြောင်း မြို့စားက ပြောခိုင်း လိုက်ပါတယ်”
အကြီးအကဲသည် ယန်ချန်းမှဖြစ်သည်။ သို့သော် ဟွမ်ချန်းကိုယ်စား ရှီရှောင်မိုနှင့်တခြားသူများကို ကျေးဇူးတင်စကားပြောလေသည်။ ၎င်းသည် ရပ်ကြည့်နေသော လမ်းမရှည်ကြီးပေါ်မှလူများကို အံ့ဩသွားစေသည်။ သို့သော် တစ်ချိန်တည်းမှာပင် သူတို့သည် လေးလေးနက်နက်တွေးမိသွားကြ သည်။
ထိုအကြီးအကဲသည် သူမ၊ ချီဖေးနှင့် ချီလန်တို့ကို ဖိတ်ကြားခြင်းဖြစ် ကြောင်းကို ရှီရှောင်မိုသိသည်။ ထို့ကြောင့် လက်မြှောက်ကာ အကြီးအကဲတို့ အား လက်ဝေ့ယမ်းပြလိုက်သည် “မလိုပါဘူး ကျုပ်ညီအစ်ကိုက ကောင်းကောင်း နားဖို့လိုနေတာ၊ သူ့ကိုသွားပြန်ရှာလိုက်ပါမယ်”
ရှီရှောင်မို ဟွမ်ချန်းကိုကယ်တင်ခဲ့ခြင်းကြောင့်လား၊ သို့မဟုတ် ရှီရှောင်မို မှပေထင်းဟွမ်အား 'ညီအစ်ကို' ဟုခေါ်လိုက်ခြင်းကြောင့်လားတော့မသိပေ၊ ပေထင်းကျင်သည် ထိုကောင်လေးအပေါ်သို့ ခံစားချက်ကောင်းကောင်းရှိသွား ကာ အော်လိုက်သည် “ရှောင်ကျို့ရဲ့သူငယ်ချင်း၊ ဒါက ရှောင်ကျို့ရဲ့အစ်ကိုကြီး ပါ၊ ငါတို့ ကန်ထဲမှာ ရေသွားကူးကြမလို့၊ မင်းတို့သုံးယောက် အတူသွားဖို့ စိတ်ဝင်စားကြလား”