← Chapters

ကန်ဆီသို့လည်ပတ်ခြင်း

Vol. 66 Ch. 1304

ကန်ဆီသို့လည်ပတ်ခြင်း

Vol. 66 Ch. 1304

ချီဖေးနှင့်ချီလန်တို့သည် တစ်ယောက်နှင့်တစ်ယောက်ကြည့်ကာ ပေထင်းကျင်တို့ရှိရာသို့ ကြည့်ကြလေသည်။ သူတို့အဖွဲ့သည် အားလုံး လူငယ်များဖြစ်ကြကာ အားလုံးကြည့်ကောင်းပြီး ထူးခြားသည့် အကျင့်စရိုက် များရှိကြသည်။ ရှီရှောင်မိုနှင့်အတူ မင်ဟွမ်နောက်သို့လိုက်လာသည်မှာ နှစ်လ ကြာပြီဖြစ်သဖြင့် ခင်မင်မှုမှာ တိုးတက်နေပြီဖြစ်သည်။

သို့သော် ၎င်းသည် ရှီရှောင်မို၏အပြုအမူပေါ်တွင် မူတည်သည်။ သူတို့ နှစ်ယောက် ဤခရီးသို့လာစဉ်က ခရီးတိုဟုသာထင်ထားခဲ့သော်လည်း ဤဒေါ်လေးသည် သူတို့အား များစွာညှဉ်းပန်းနှိပ်စက်လိမ့်မည်ဟု မည်သူ သိ ထားမည်နည်း။

ကံကောင်းစွာပင် ရှီရှောင်မိုသည် ပေထင်းကျင်အား အထက်အောက် ကြည့်ရာ သူ့၏မျက်ခုံးများသည် ထက်ရှပြီး ကြယ်နှင့်တူသောမျက်လုံးများ သည် ဖြောင့်မတ်သည်ကို မြင်လိုက်ရသည်။ ပေထင်းဟွမ်၏ ထူးခြားသော မျက်နှာနှင့်ယှဉ်ကြည့်လျှင် ခပ်ဆင်ဆင်ဖြစ်သည်။ သို့သော် သူသည် ယောက်ျားလေးအဖြစ်ဟန်ဆောင်သည့် မိန်းကလေးပုံစံဖြစ်နေသည့် ပေထင်းဟွမ်ကဲ့သို့မဟုတ်ဘဲ ဆန့်ကျင်ဘက်အနေနှင့် သူရဲကောင်းဆန်နေလေ ၏။ ထို့ကြောင့် သူမသည် ခေါင်းညိတ်ကာ ချီဖေးတို့အား ဦးဆောင်ကာ ပေထင်းကျင်ဆီသို့ ခေါ်သွားလေသည်။

“ကျုပ်နာမည်က ရှီရှောင်မိုပါ၊ ကျုပ်အမေနာမည်က စူးမိုမို့လို့ အဖေက သူမကို အရမ်းချစ်လို့ သူမနာမည်အတိုင်းပေးထားတာပါ” တခြားသူသာဆို လျှင် ရှီရှောင်မိုသည် သူမအစ်ကို၏နာမည်ကို ဝန်လေးခြင်းမရှိငှားမည်ဖြစ် သည်။ မည်သို့ပင်ဖြစ်စေကာမူ သူတို့နှစ်ဦး၏ နာမည်များသည် အသံထွက် ကွဲပြားလှသည်မဟုတ်ပေ။

သို့သော် လက်ရှိတွင် သူတို့အဖွဲ့သည် သူမသူငယ်ချင်း၏ အစ်ကိုကြီးနှင့် သူငယ်ချင်းများဖြစ်သည်။ ရှီရှောင်မိုသည် သူမ၏နာမည်ကို မဖုံးထားနိုင်ပေ။ သူမသည် အနောက်မှ ချီလေးတို့ညီအစ်ကိုကို ညွှန်ပြလေသည် “သူတို့နှစ် ယောက်က ကျုပ်သူငယ်ချင်းတွေပါ ချီဖေး ချီလန်တဲ့၊ ၃၃ ကောင်းကင်ဘုံ ဓား လင်တကျိရဲ့သားတွေပါ”

ထိုစကားကိုကြားပြီးနောက် ချီဖေးနှင့် ချီလန်တို့သည် ရူးချင်သွားသည်။ သူတို့ နာမည်ကိုပဲ မိတ်ဆက်ပါတော့လား။ သန်းခေါင်စာရင်းကောက်နေသလို သူတို့ရဲ့ နောက်ခံကို ထုတ်ပြောဖို့က လိုလို့လား။ သို့သော် သူတို့နှစ်ယောက် သည် စိတ်ထဲတွင်သာပြောရဲကြကာ ဒေါ်လေး၏ရှေ့တွင် မငြင်းရဲကြပေ။

ရှီရှောင်မိုတို့သုံးယောက်၏ မျက်နှာထားကိုကြည့်ပြီး ပေထင်းကျင်သည် စိတ်ထဲမှ ရယ်မိသည်။ သူသည် ရှီရှောင်မိုအား လက်ဖြင့်အရိုအသေပြုလိုက် သည် “ကျုပ်နာမည်က ပေထင်းကျင်ပါ၊ ရှောင်ကျို့အစ်ကိုပါ၊ ဒီလူတွေက မိသားစုကြီးလေးခုက ကျုပ်တို့ ညီအစ်ကို ညီမတွေပါပဲ”

သူသည် စကားပြောရင်းနှင့် တုန်ဖန်းကျောက်နှင့် တခြားသူများကို တစ်ဦးချင်းစီ မိတ်ဆက်ပေးလေသည်။ ပေထင်းကျင်ပြောသလိုပင် သူတို့ အားလုံးသည် တုန်ဖန်း၊ ရှီမန်၊ နန်ကုန်းနှင့် ပေထင်းမိသားစုများမှ တိုက်ရိုက် ဆက်ခံသူများဖြစ်ကြသည်။ ရှီရှောင်မို ခေါင်းညိတ်ပြီး ပြောလိုက်သည် “အင်း ၃၃ ကောင်းကင်ဘုံ မြူခိုးလျှို့ဝှက်မြေမှာလည်း မိသားစုကြီးလေးခုရှိတယ်၊ သူတို့ထဲက တစ်ယောက်နှစ်ယောက်လောက်တော့သိတယ်၊ ဒါပေမဲ့ တစ်ခါမှ တော့မတိုက်ဖူးဘူး”

၃၃ ကောင်းကင်ဘုံမြူခိုးမြေဟုကြားလိုက်သည်နှင့် ပေထင်းကျင်တို့သည် စိတ်ဝင်စားသွားကြသည်။ သူတို့အဖွဲ့သည် ဆေးခြယ်ပြီးသားလှေနှင့် ဗြောင်လှေတစ်စင်းတို့ငှားရမည်။ ကန်းဘေးသို့လျှောက်သည်နှင့် လျိုရွှီသည် လှေခေါ်ထားကာ အဝေးမှ လက်ဝေ့ယမ်းပြလေသည် “အကြီးအကဲကြီးက ဒီလှေကိုပို့ခိုင်းလိုက်တာပဲ မြန်မြန်လာကြ”

ဆေးခြယ်ထားသည့်လှေတွင် အလွှာ သုံးထပ်ပါဝင်ကာ ထွင်းထုထား သော နဂါးနှင့်ဇာမဏီတို့သည် အလွန်ပင်အဆင့်အတန်းမြင့်လှသည်။ အရောင်စုံသော ကန့်လန့်ကာများသည် လေပေါ်တွင် လွင့်ပါနေကာ အခန်းငယ် ထဲတွင် စားပွဲများကို လူအရေအတွက်အတိုင်း ခင်းကျင်းထားသည်။ စားပွဲများ တွင် ရွှေပုလင်းများ၊ ကျောက်စိမ်းရည်များ၊ အရသာရှိစားကောင်းသောက်ဖွယ် များနှင့် စားပွဲဘေးတွင် ကျောက်စိမ်းကဲ့သို့လှပသော အလှလေးများရှိပြီး ပိုးသားကဲ့သို့တေးသံလွင့်ပျံနေသည်။

ချီဖေးနှင့်ချီလန်တို့ လှေပေါ်သို့တက်ပြီး စီစဉ်ထားသော စားပွဲတွင်ထိုင် လိုက်သည်နှင့် သက်ပြင်းချမိကြလေသည်။ ချီလန်သည် ပေထင်းကျင်တို့ ဖိတ်ကြားသည်ကို စောင့်ဆိုင်းပြီးမှ စားပွဲပေါ်မှ အသားကိုယူကာ ကိုက်လိုက် သည် “အိုး ဒါက ငါတို့နေသင့်တဲ့ဘဝပဲ”

ရှီရှောင်မိုသည် အလွန်ကျေနပ်လျက်ရှိသည်။ သူမ ပင်မတိုက်ကြီးသို့ လာချိန်တွင် လူမှားပြီး ပြစ်မှားမိလျှင်ဆိုသည့် အတွေးတွေးမိလေသည်။ ပေထင်းကျင်သည် ဘေးမှအစေခံမိန်းကလေးများကို မျက်လုံးမှိတ်ပြလိုက် သည့် သူမ၏မျက်လုံးများကိုမြင်နေရသည်။ ထို့နောက် ညီအစ်ကိုချီဖေးကို ကောင်းကောင်းပြုစုပေးရန်ပြောနေသည်။ ပေထင်းကျင်သည် ရှီရှောင်မိုအား သောက်ရန် ဆွယ်လေသည် “ညီအစ်ကိုရှီ ထပ်ပြီးတော့ကျေးဇူးတင်ပါတယ်၊ ဇာမဏီမြို့က မင်းသာမရှိခဲ့ရင် နောက်ဆက်တွဲကို တွေးမရနိုင်လောက်အောင် ပါပဲ”

“ဘာမှမဟုတ်ပါဘူး” ရှီရှောင်မိုသည် ဂရုမစိုက်သလို လက်ဝေ့ယမ်းကာ “ဟွမ်ချန်းက ငါ့ညီအစ်ကိုဟာပဲကို၊ ငါ့ညီအစ်ကိုက ပေထင်းဟွမ်လေ၊ သူက မြို့စားပဲကို အဲဒါကို ငါ မကာကွယ်ရင် ဘယ်သူကာကွယ်မှာလဲ၊ ကျေးဇူးတင်ဖို့ မလိုပါဘူး၊ ငါ့ကိုကျေးဇူးတင်ရင် ပြန်လိုက်မှာ၊ စာအုပ်ကြီးသမားတွေကပဲ ကျေးဇူးတင်စကားကို အမြဲပြောတာကို အဖေကပြောဖူးတယ်”

All Chapters