ကွေရှို့နယ်မြေ
Vol. 66 Ch. 1305
ရှီရှောင်မိုသည် သူမ၏ဖခင်အကြောင်းပြောရာတွင် မျက်လုံးထဲ၌ ထူးဆန်းသောအလင်းလက်သွားလေသည်။ ပေထင်းဟွမ်သည် ဤကောင်လေး ၏ စိတ်ကိုသိသည်။ သူမ၏ဖခင်သည် တောင်ကဲ့သို့ သူရဲကောင်းဆန်သော ပုံရိပ်ဖြစ်နိုင်သည်။ ပေထင်းကျင်လည်း ထိုလူအား စိတ်ဝင်စားသွားသဖြင့် မေး လိုက်သည် “မင်းရဲ့အဖေက ဘယ်လိုလူမျိုးလဲမသိဘူး၊ သူက သူရဲကောင်းဖြစ် မယ်ထင်တယ်”
“သေချာတာပေါ့” ရှီရှောင်မို၏မျက်ခုံးများသည် ချက်ချင်းပင် တောက်ပ သွားလေသည်။ သူမသည် ထွက်လာသည်မှာကြာပြီဖြစ်ကာ မိဘများကို ပိုပိုပြီး လွမ်းနေပြီဖြစ်သည်။ သို့သော် ယခုပြန်ရန် သေချာပေါက်မဖြစ်သေးပေ။ သူတို့ လှောင်ခြင်းကိုခံရလိမ့်မည်။ မှော်အရင်းအမြစ်ကျောက်တုံးကို ပြန်ယူသွားမှဖြစ် မည်။
ရှီရှောင်မိုသည် ၃၃ ကောင်းကင်ဘုံရှိ သူမ၏ကျော်ကြားသော ဖခင် အကြောင်းပြောပြတော့မည်ကိုကြည့်ပြီး ချီဖေးနှင့်ချီလန်တို့သည် ချောင်းဟန့် ပြီး မိသားစုနောက်ခံကို မပြောရန် သတိပေးလေသည်။ ထို့အပြင် ဤနေရာ သည် ပင်မတိုက်ကြီးဖြစ်ကာ ထိုလူများသည် ပေထင်းဟွမ်၏ ဆွေမျိုးနှင့် သူငယ်ချင်းများဖြစ်လျှင်တောင် တခြားသူများအပေါ် သတိလက်လွတ်မဖြစ် သင့်ပေ။
“အဟွတ် အဟွတ် အဟွတ်”
ရှီရှောင်မိုသည် အကြိမ်များစွာပြောထားပြီးသားဖြစ်သော်လည်း ချီဖေး နှင့်ချီလန်တို့မှ ချောင်းဟန့်၍ဟန့်တားသဖြင့် စိတ်မရှည်ဖြစ်လာသည် “မင်းတို့ နှစ်ယောက်က ဘာဖြစ်နေကြတာလဲ၊ မသက်မသာခံစားရရင်လည်း ရှောင်ကျို့ ဆီက ဆေးတောင်းပေးမယ် မင်းတို့စားကြ”
“အင်း ရှောင်မို မင်းရဲ့အဖေက သူ့ရဲ့ဂုဏ်ပုဒ်တွေအကြောင်းမပြောစေ ချင်ဘူးထင်...”
ချီလန်စကားမဆုံးခင်တွင် ရှီရှောင်မိုသည် ပြတ်သားစွာနှင့် စကားဖြတ် ပြောလေသည် “အဲတော့ဘာဖြစ်လဲ၊ ဂုဏ်ပုဒ်ပဲမလား၊ ပြီးတော့ ငါ့အဖေက ဝိညာဉ်စွမ်းအင် ကုန်ခါနီးဖြစ်တဲ့ဘုံမှာ တိုက်ပွဲတွေအများကြီးကြုံတွေ့ဖူးတယ်၊ နောက်ဆုံးမှ ၃၃ ကောင်းကင်ဘုံမှာ အမြင့်ဆုံးရာထူးကိုရပြီး နယ်နိမိတ်ဖွင့်ပြီး ကွေရှို့မိုယွိကို တည်ထောင်ထားတာ၊ အဲဒါလုပ်ဖို့ နှစ်ပေါင်းသုံးထောင်ထက် မနည်းအချိန်ပေးရတယ် အဲဒါက အားလုံးလေးစားဖို့ မထိုက်တန်လို့လား”
ကျွတ်
ပေထင်းကျင်အပါအဝင် မိသားစုကြီးလေးခုမှ ဆက်ခံသူ ခုနစ်ယောက်တို့ သည် တညီတညွှတ်တည်း ကျွတ်သတ်မိကြလေသည်။ အခန်းအနောက်တွင် စောင့်ပေးလျက်ရှိသော လျိုရွှီပင်လျှင် ထိုစကားကိုကြားပြီးနောက် လေးစားမိ လေသည်။
အားလုံး၏မျက်လုံးများမှ လေးစားမှုနှင့် တောင့်တမှုများကို ရှီရှောင်မို မြင်နေရသည်။ သူမသည် ရင်ထဲမှသူရဲကောင်းကြီး ဖခင်ဖြစ်သူအတွက် တိတ်တိတ်လေးဂုဏ်ယူမိသည်။
“မင်းပြောတာ မင်းရဲ့အဖေက ဝိညာဉ်စွမ်းအင်ကုန်ခမ်းနေတဲ့ ဘုံကလာ တယ်ဟုတ်လား” တုန်ဖန်းကျောက်သည် စိတ်ဝင်စားလာပြီး မယုံနိုင်စွာဖြင့် ခေါင်းခါလေသည် “ပင်မတိုက်ကြီးထက်တောင် ဝိညာဉ်စွမ်းအင်နည်းတာလား”
“ဟင့်” ရှီရှောင်မိုသည် ခစ်ခနဲရယ်လိုက်သည် “ပင်မတိုက်ကြီးကဘာလဲ၊ ပင်မတိုက်ကြီးမှာ ကျင့်ကြံသူတွေဒီလောက်များတာ၊ ရောင်ဝါက ၃၃ ကောင်းကင်ဘုံလောက်မကောင်းပေမဲ့ ဘယ်လောက်တောင်နည်းလို့လဲ၊ အဖေ နေခဲ့တဲ့ဘုံဆိုရင် ဓမ္မအဆုံးသတ်ကိုတောင်ရောက်နေပြီတဲ့၊ သန်းချီတဲ့လူတွေ ထဲမှာ ကျင့်ကြံသူက လက်တစ်ဆုပ်စာပဲရှိတယ်၊ ငါ့မိဘတွေ၊ လော့ယောင်ဖန်း ရဲ့ဦးလေးနဲ့ ဒေါ်လေးဟန်ရှောင်တို့က အဲဒီကနေထွက်လာပြီး ၃၃ ကောင်းကင် ဘုံကိုဝင်ခဲ့ကြတာ တကယ်ပြောစမှတ်တွင်တယ်”
ပေထင်းကျင်၏မျက်လုံးများထဲတွင် တောက်လောင်သော အလင်းများ လက်လာသည်။ သူသည် ရှီရှောင်မိုဖခင်၏ အတွေ့အကြုံများကြောင့် လှုံ့ဆော် ခံလိုက်ရသည်။ သူသည် စိတ်ရင်းနှင့်ပြောလေသည် “မင်းအဖေတို့က တကယ် ပဲပြောစမှတ်တွင်လောက်တာပဲ၊ သူတို့ရဲ့အတွေ့အကြုံတွေက သင်ခန်းစာယူ လောက်တယ်၊ ငါတို့ကို ၃၃ ကောင်းကင်ဘုံကိုဝင်ဖို့ အခွင့်အရေးတွေပေးလိုက် သလိုပဲ၊ မင်းကို အမှန်အတိုင်းပြောမယ် ငါတို့လည်း ၃၃ ကောင်းကင်ဘုံကို ဝင်ကြမှာ ငါလည်း ငါ့မိဘတွေကိုရှာချင်တယ်၊ ၃၃ ကောင်းကင်ဘုံမှာ အလုပ်တစ်ခုတည်ထောင်ပြီး ငါ့မိဘတွေနောက်ကိုလိုက်ခဲ့တဲ့ အဖွဲ့အစည်းတွေ ကို ပြန်တိုက်ခိုက်နိုင်မယ်လို့ထင်တယ်”
“မင်းရဲ့မိဘတွေဟုတ်လား သူတို့နာမည်တွေကို ပြောလို့ရမလား” မိဘများပျောက်သွားသည်ဟု ပေထင်းကျင်ပြောစဉ်က ပေထင်းဟွမ်ကြောင့် အနည်းငယ်စိတ်မကောင်းဖြစ်သွားသည်လားမပြောတတ်ပေ ရှီရှောင်မို၏ အသံသည် အလိုလိုပင် နူးညံ့သွားသည်...