ပေထင်းဟွမ်၏မိခင် ယွဲ့မြန်ယင်း
Vol. 66 Ch. 1306
ချီဖေး ချီလန်တို့သည် ထိုအချိန်တွင် စားသောက်ရာမှရပ်လိုက်ကာ ပေထင်းကျင်အား ကြည့်ပြီး အကူအညီပေးနိုင်လို ပေးနိုင်ငြား သူ၏မိဘများ နာမည်ကိုစောင့်ဆိုင်းနေသည်။
“ငါ့အဖေရဲ့နာမည်က ပေထင်းလန်၊ အမေနာမည်က ယွဲ့မြန်ယင်း” ပေထင်းကျင်သည် ရှီရှောင်မိုနှင့် ချီဖေးတို့ကို မျှော်လင့်ချက်မျက်လုံးများနှင့် စိတ်လှုပ်ရှားစွာကြည့်လေသည်။ သူ၏ဖခင်နှင့်မိခင်တို့သည် ထိုနေရာတွင် ရောက်နေသည်ဟု သိရလျှင် ကောင်းမည်။ သို့သော် သူ အနည်းငယ်ကြောက်မိ သည်။ သူကြားလိုက်ရမည့်သတင်းမှာ သတင်းဆိုးဖြစ်မည်ကိုကြောက်မိသည်။
“ယွဲ့မြန်ယင်းလား” ရှီရှောင်မိုသည် မျက်မှောင်ကြုတ်ပြီး ခေတ္တမျှစဉ်းစား ကာ ခေါင်းခါလိုက်သည်။ သူမ၏အသက်သည် ပင်မတိုက်ကြီးတွင် သားရဲအို ကြီးဟုသတ်မှတ်နိုင်သော်လည်း ၃၃ ကောင်းကင်ဘုံတွင် နှစ်ပေါင်းသန်းချီနေ လာသူများနှင့်ယှဉ်လျှင် အကောင်ပေါက်အရွယ်သာရှိသေးသည်။ ထိုကဲ့သို့ ဗဟုသုတမျိုး မည်သို့ရှိမည်နည်း။
ချီဖေးသည် ပိုအသက်ကြီးသည်။ ခေတ္တမျှစဉ်းစားပြီးနောက် သူ မျက်မှောင်ကြုတ်လိုက်သည် “ကြည့်ရတာ နည်းနည်းတော့မှတ်မိမယ်ထင် တယ်၊ ၃၃ ကောင်းကင်ဘုံက လမျိုးနွယ်ဝင် ယွဲ့မြန်ယင်းမလား၊ ငါသိသလောက်ကတော့ လမျိုးနွယ်က လွန်ခဲ့တဲ့နှစ်သုံးထောင်က ပျက်သုဉ်း သွားခဲ့ပြီး၊ ညီအစ်မနှစ်ယောက်ကိုတော့ နတ်မိစ္ဆာဝိညာဉ်ဖမ်းမိသွားပြီး တစ်ယောက်ကို နတ်မိစ္ဆာခန်းမရဲ့ သူတော်စင်အဖြစ်ရွေးချယ်လိုက်တယ်တဲ့၊ သူတို့ရဲ့သွေးသားက ကမ္ဘာမြေရဲ့မိခင်နဲ့နီးစပ်တယ်လို့လည်းပြောကြတယ်၊ နောက်တော့ အဲဒီညီအစ်မနှစ်ယောက်က နတ်မိစ္ဆာလက်ထဲကနေ လွတ်သွား ကြတယ်၊ ဘယ်ရောက်သွားကြလဲဆိုတာတော့ ငါလည်းမသိဘူး”
“ဟုတ်တယ်” ပေထင်းကျင်သည် အသက်ပြင်းပြင်းရှူလိုက်သည်။ မိခင် ဖြစ်သူ၏မိသားစုသည် ပျက်သုဉ်းသွားလိမ့်မည်ဟု သူ ထင်မထားပေ “ငါ့အမေ က ယွဲ့မြန်ယင်းပဲ၊ သူနဲ့ဒေါ်လေးက ၃၃ ကောင်းကင်ဘုံကနေ ပင်မတိုက်ကြီးကို ပြေးလာပြီးတော့ အဖေနဲ့လက်ထပ်ခဲ့တယ်၊ ညီလေးနဲ့ငါလည်း အသတ်ခံခဲ့ရ တယ်၊ ညီလေးမမွေးခင်က ၃၃ ကောင်းကင်ဘုံက ဆင်းသက်သူတွေက အမေ့ ကို ဖမ်းခဲ့ကြတယ်၊ နောက်တော့ အမေတို့ထွက်ပြေးခဲ့ကြတယ် ဘယ်ပြေးသွား လဲဆိုတာတော့ ငါလည်းမသိဘူး”
ချီလန်သည် စားပွဲကိုခေါက်နေသည် “နတ်မိစ္ဆာအမြင့်ဆုံးကို ဝိညာဉ် နတ်ဘုရားမျိုးနွယ်က ထိန်းချုပ်နေတာ၊ ငါမလာခင် ဝိညာဉ်နတ်ဘုရားမျိုးနွယ် ကိုသွားပြီး အိမ်ရှေ့စံမင်းသမီးနဲ့ လက်ဖက်ရည်သောက်ခဲ့သေးတယ်၊ အဲဒီမှာ လှုပ်ရှားမှုကိုမတွေ့ခဲ့ဘူး၊ အဲဒါကြောင့် အဖမ်းမခံရဘူးလို့ထင်တာပဲ၊ ဒါပေမဲ့ သူတော်စင်မ ယွဲ့မြန်ယင်းက နတ်မိစ္ဆာအထွတ်အထိပ်ဆီက ရတနာတချို့ခိုးခဲ့ တဲ့ပုံပဲ၊ ရှို့ဟွမ်အပိုင်းအစဖြစ်တဲ့ပုံပဲ၊ အဲဒါက ပိစိကမ္ဘာကိုဖွင့်ဖို့ သော့ချက်ပဲ၊ ရှို့ဟွမ်လေးခုလုံး စုပြီးလို့ သန့်စင်ပြီးသွားရင် ကမ္ဘာကြီးတစ်ခုလုံးကို ထိန်းချုပ် နိုင်တယ်လို့ ပြောကြတယ်”
“ဟုတ်တယ်” ချီဖေးသည် တစ်စုံတစ်ရာကို မှတ်မိသွားသည့်အတိုင်း ခေါင်းညိတ်လေသည် “ငါလည်း အဖေ့ဆီကကြားဖူးတယ်၊ ရှို့ဟွမ်ကြောင့်သာ မဟုတ်ရင် သခင်ယွဲ့မြန့်ယင်းက ၃၃ ကောင်းကင်ဘုံကနေ ပင်မတိုက်ကြီးကို ရောက်လာမှာမဟုတ်ဘူး၊ ကြည့်လိုက် ငါတို့ ဆင်းလာတဲ့အချိန်ဆို စွမ်းအင် ခန္ဓာကိုယ်တွေပဲလေ”
ထိုစကားကိုကြားပြီးနောက် ရှီရှောင်မိုသည် အသက်ကိုပြင်းပြင်းရှူလိုက် သည်။ သူသည် ပေထင်းကျင်ဆီသို့ သူ့အလိုလိုပင် ကိုယ်ကိုကိုင်းလိုက်ကာ ပေထင်းကျင်၏ လက်ကောက်ဝတ်ကို ဆုပ်ကိုက်လိုက်သည် “ငါပြောမယ်၊ စိတ်မလှုပ်ရှားနဲ့၊ စစ်သည်ဆိုတာ နှစ်ဖွဲ့ခွဲခြားနိုင်မယ်ထင်တယ်၊ အမှောင် နတ်မိစ္ဆာဘုံကနေစပြီး အမှောင်နတ်မိစ္ဆာဘုံ ဒါမှမဟုတ် မန္တလာမြေဖြစ်စေ၊ ၃၃ ကောင်းကင်ဘုံက အဖွဲ့တစ်စုကလူတွေနဲ့ဆို မင်းကို ထောက်ပံ့တဲ့လူတွေရှိမှာ ပါ”
အတန်ကြာပြီးသည်အထိ စီရင်ချက်ဗိမာန်နှင့် တခြားလျှို့ဝှက် အဖွဲ့အစည်းတို့သည် သူ၏မိဘများနှင့် အဒေါ်တို့နောက်သို့ လိုက်ခြင်းကို လုံးဝ လက်မလျော့ခဲ့ပေ။ ထိုအချိန်တွင် သူ၏မိခင်လက်ထဲ၌ ရတနာတစ်ပါးရှိသည် ဟု ကြားလိုက်ရ၏။ သို့သော် မိခင်ဖြစ်သူသည် နတ်မိစ္ဆာဝိညာဉ်အုပ်စိုးသူဆီမှ အသက်ရှည်ရတနာခိုးလိမ့်မည်ဟု သူ မထင်ပေ။
ပေထင်းကျင်၏စိတ်ကို ထိုးဖောက်မြင်ရသည့်အလား ချီဖေး ပြောလေ သည် “မင်းသိတဲ့အတိုင်း ဒီအသက်ရှည်ရတနာကို ဘယ်သူပိုင်တာလဲ၊ လမျိုးနွယ်က အဲဒီအသက်ရှည်ရတနာကြောင့် ဖျက်ဆီးခံရတယ်လို့ကြားခဲ့တာ၊ အဲဒါကြောင့်ပဲ မင်းအမေတို့ညီအစ်မနှစ်ယောက်က ရှို့ဟွမ်ကို လုပ်ဖို့ အမြင်ရှိ လို့ နတ်မိစ္ဆာအုပ်စိုးသူရဲ့ အသိအမှတ်ပြုတာကိုခံရပြီး ကမ္ဘာမြေကြီးရဲ့သွေးနဲ့ အနီးစပ်ဆုံးဖြစ်လာခဲ့တာ”