← Chapters

ငါ့ညီအစ်ကိုရဲ့ခင်မင်မှုကိုထောက်ပံ့ဖို့အတွက်

Vol. 66 Ch. 1307

ငါ့ညီအစ်ကိုရဲ့ခင်မင်မှုကိုထောက်ပံ့ဖို့အတွက်

Vol. 66 Ch. 1307

အားလုံးသည် ချီဖေး၏စကားများကြောင့် ထိတ်လန့်သွားသည်။ လုံလောက်ခြင်းမရှိသဖြင့် ချီဖေး ဆက်ပြောလေသည် “ကံကောင်းလို့ မင်းနဲ့ မင်းညီလေးတို့က ယောက်ျားလေးတွေဖြစ်နေတာ၊ မိန်းကလေးသာဆိုလို့က တော့... နှစ်ပေါင်းများစွာအတွင်းမှာ နတ်မိစ္ဆာအုပ်စိုးသူမှာရှိတဲ့ ကစဥ့်ကလျား နတ်အရင်းအမြစ်က ရူးလောက်တယ်၊ အဲတုန်းကဆို သူတို့က ဈေးကြီးကြီးပေး ဖို့တောင် တုံ့ဆိုင်းမနေဘူး၊ မင်းအမေကို လိုက်ဖို့ ပင်မတိုက်ကြီးကို လူတွေ အများကြီးဆင်းလာခဲ့တာ၊ မင်းအမေက သမီးမိန်းကလေးကိုယ်ဝန်ရှိပြီး အဲဒီ မိန်းကလေးမှာ ကစဥ့်ကလျားနတ်အရင်းအမြစ်တွယ်ပါလာတယ်လို့ သူတို့ ကြားခဲ့ကြတာ”

ကစဥ့်ကလျားနတ်အရင်းအမြစ်ဟုကြားသည်နှင့် ပေထင်းကျင်၏ တစ်ကိုယ်လုံးတွင် ချွေးအေးများပြန်လာသည်။ ချီဖေးညီအစ်ကို စောင့်ကြည့် နေရာ ပေထင်းကျင်သည် ချီဖေးညီအစ်ကိုကို ဆန့်ကျင်ရန် ရည်ရွယ်ချက်မရှိ ပေ။ ထို့ကြောင့် ရယ်မောကာ ခွက်ကိုမြှောက်လိုက်သည် “အဲဒီလို လေးနက်တဲ့ အကြောင်းတွေ မပြောတော့ဘူး၊ ငါ ၃၃ ကောင်းကင်ဘုံကိုသွားရင် မင်းတို့ သုံးယောက် ငါ့ကိုဂရုစိုက်မယ်လို့မျှော်လင့်ပါတယ်”

“ဂရုစိုက်ပေးရမှာပေါ့” ချီဖေးသည် ပြုံးပြီးခွက်ကိုမြှောက်လိုက်သည် “မှော်ဓားတောင်ရိုးက ဇာမဏီမြို့က သူငယ်ချင်းတွေကို ကြိုဆိုပါတယ်”

ရှီရှောင်မိုတို့သုံးယောက်သာ ယန်ယဲ့ကိုမမြင်ဖူးလျှင် ယန်းမြို့မှလူသည် လွန်ခဲ့သည့်နှစ်တစ်သောင်းက နတ်မိစ္ဆာဧကရာဇ်ဖြစ်လိမ့်မည်ဟု သေချာမိမည် မဟုတ်ပေ။ အစောကစစ်မြေပြင်တွင် သူတို့သုံးယောက်သည် ယန်ယဲ့အား အဝေးမှမြင်လိုက်ရ၏။ ယန်ယဲ့၏ပုံစံသည် ၃၃ ကောင်းကင်ဘုံတွင် ပြသခဲ့သော ပုံရိပ်နှင့်ထပ်တူပင်ဖြစ်သည်။

ယန်ယဲ့နှင့် ပေထင်းဟွမ်တို့အကြားမှ ပုံမှန်မဟုတ်လောက်အောင် ရင်းနှီးသော ဆက်ဆံရေးကြောင့်သာမဟုတ်လျှင် ရှီရှောင်မိုသည် ချက်ချင်းပြေး သွားပြီး ယန်ယဲ့အား ပွေ့ဖက်လိုက်မည်ဖြစ်သည်။ တကယ်တော့ ရှီရှောင်မို၏ စကားများထဲတွင် “နတ်မိစ္ဆာဧကရာဇ်က ဘာလို့ အဲလောက်ဆိုးယုတ်နေတာ လဲ၊ ဟီး ဟီး ငါ့အဖေက နတ်ဆိုးနဲ့တူနေကို အမေကယူထားသေးတယ်၊ ဦးလေး ယောင်ဖန်းကလည်း ဆိုးတယ် အဲဒါကို အဒေါ်ဟန်ရှောင်ပိုင်သေးတယ်၊ နတ်မိစ္ဆာဧကရာဇ်ကိုလည်း ငါ့ညီအစ်ကိုက အပိုင်သိမ်းပြီးသားဖြစ်နေပြီ”

“ဒါပေမဲ့ ငါ့ညီအစ်ကိုရဲ့ ခင်မင်မှုကို ထောက်ပံ့ဖို့အတွက် ငါ့ကိုယ်ငါပဲ စတေးလိုက်ပါမယ်”

ပေထင်းဟွမ်မရှိလျှင် နတ်မိစ္ဆာဧကရာဇ်သည် ရှီရှောင်မို၏ပိုင်ဆိုင်မှု မဟုတ်ဟု ချီလန် ပြောချင်မိသည်။ လွန်ခဲ့သည့်နှစ်တစ်သောင်းက နတ်မိစ္ဆာ ဧကရာဇ်နှင့် နတ်မိစ္ဆာဧကရီတို့အကြားမှ ချစ်ခြင်းမေတ္တာသည် ထိတ်လန့်စရာ ပင်။ နတ်မိစ္ဆာဧကရီကျဆုံးပြီးနောက် နတ်မိစ္ဆာဧကရာဇ်သည် နှစ်ပေါင်းထောင် ချီစောင့်ဆိုင်းလာသော်လည်း သူသည် မိန်းကလေးနှင့်မဟုတ်ဘဲ ယောက်ျား လေးနှင့်အတူရှိနေသည်။ ရှီရှောင်မိုတွင် မျှော်လင့်ချက်ရှိမည်လား။

သို့သော် ၎င်းကို အသံထွက်ပြောမရနိုင်ပေ။

ဟွမ်ချန်းမှလူများ ၃၃ ကောင်းကင်ဘုံသို့ သွားမည်ဟုကြားသည်နှင့် ရှီရှောင်မိုသည် ထိုင်ရာမှထခုန်မတတ် စိတ်လှုပ်ရှားမိသည်။ သူသည် ရှေ့သို့ ကိုင်းကာ ပေထင်းကျင်၏လက်မောင်းကို ဆုပ်ကိုင်လိုက်သည် “တကယ်လား တကယ်လား၊ ကောင်းတယ် အင်း.. နောက်ဆုံးတော့ တွဲဖက်ရှာတွေ့သွားပြီပဲ၊ မင်းကျို့ကျူမိုယွိကို လာရှာပြီး ငါ့ကိုလာရှာလို့ရတယ်”

ပြီးခဲ့သည့်တစ်ခေါက်က လက်ကောက်ဝတ်ကို အဆိတ်ခံလိုက်ရကာ သည်တစ်ကြိမ်တွင် လက်မောင်းအဆိတ်ခံလိုက်ရသည်။ ပေထင်းကျင်သည် ထိုလက်ကို ယောက်ျားလေးတစ်ဦး၏ လက်ဟု မခံစားရပေ။ ရှီရှောင်မိုသည် ငယ်သေးသဖြင့် လည်စေ့မှာမကြီးထွားသေးပေ။ သူမသည် ကလေးသာသာ ဖြစ်သဖြင့် ပေထင်းကျင်သည် ထိုအကြောင်းကို များများစားစား မတွေးမိပေ။

ရှီရှောင်မို၏လက်သည်းများသည် ရှည်သည်။ သူမသည် စိတ်လှုပ်ရှားစွာ နှင့် ပေထင်းကျင်၏လက်မောင်းကို အားနှင့်ဆုပ်ကိုင်လိုက်သော်လည်း စွမ်းအင် ထည့်ပြီး မလှုပ်ခါရဲပေ။ ထို့ကြောင့် လက်ကိုမြှောက်ကာ လက်ကိုဖယ်လိုက်၏။

ရှီရှောင်မို၏လက်သည် ရုတ်တရက် ကြီးမား၊နူးညံ့ပြီး ခြောက်သွေ့သည့် လက်ဖြင့် ဆုပ်ကိုင်ခြင်းခံလိုက်ရာ သူမ၏တစ်ကိုယ်လုံးသည် တုန်ယင်သွားလေ သည်။ သူမ၏ရင်ထဲသို့ ထူးဆန်းသောခံစားချက်ဝင်လာချိန်တွင် မသက်မသာ ခံစားချက်လည်း အတူပါလာသည်။ သူမ၏လက်ကိုဖယ်လိုက်ချိန်တွင် ကြည့်လိုက်ရာ တောက်ပ၊ နူးညံ့ပြီး ပြုံးယောင်သန်းနေသည့် မျက်လုံးတစ်စုံကို မြင်တွေ့လိုက်ရသည်။

ထိုမျက်လုံးများသည် ကောင်းကင်ကဲ့သို့မြင့်မားပြီး ပင်လယ်ကဲ့သို့ နက်ရှိုင်းသည်။ ထိုမျက်လုံးများထဲတွင် အလင်းရောင်တောက်ပနေပြီး ထောင်ချီ သောအလင်းများ ရောင်ပြန်ဟပ်သကဲ့သို့ ရှီရှောင်မို တစ်ချက်တည်းကြည့်ရုံနှင့် စွဲမက်သွားကာ သတိလက်လွတ်ဖြစ်သွားလေ၏။ ရှုပ်ထွေးသွားရာ ပါးစပ် အဟောင်းသားပွင့်ဟပြီး တစ်စုံတစ်ရာပြောရန်ကြိုးစားလိုက်သော်လည်း စကားတစ်ခွန်းမှထွက်မလာခဲ့ပေ။

All Chapters