၃၃ ကောင်းကင်ဘုံ
Vol. 66 Ch. 1308
သူ၏ရှေ့မှကောင်လေးသည် ရှောင်ကျို့နှင့်သက်တူရွယ်တူလောက်ဖြစ် မည်။ သို့သော် သူသည် ရှောင်ကျို့ထက်ပို၍တက်ကြွသည်။ တကယ်တော့ သူတို့သည် ကိုယ်ရည်ကိုယ်သွေး တူသည့်အချက်များသည်။ နှစ်ယောက်လုံး သည် ယုံကြည်ချက်ရှိကြသည်။ သို့သော် ဤကောင်လေး၏ ယုံကြည်ချက် သည် အားကောင်းသောမိသားစုနောက်ခံမှလာပြီး ရှောင်ကျို့၏ မိမိကိုယ်ကို ယုံကြည်ချက်သည် သူမ၏ဓားနှင့်လက်နက်မှလာသည်။
ပေထင်းကျင်သည် သူ၏စိတ်ထဲ၌ နာကျင်သောခံစားချက်ကို ခံစားလိုက် ရ၏။ သူသည် ကောင်လေး၏လက်ကိုလွှတ်ကာ လက်မြှောက်ပြီး ရှောင်ကျို့ ဘေးတွင်ရှိသည့်အလား ရှီရှောင်မို၏ ဦးခေါင်းကို ညင်သာစွာပွတ်သပ်လိုက် သည်။ ပေထင်းကျင်သည် ကတိပြုလိုက်၏ “ငါကရှောင်ကျို့ရဲ့အစ်ကိုကြီးဖြုစ် သလို မင်းရဲ့အစ်ကိုကြီးလည်းဟုတ်တယ်၊ ငါ ၃၃ ကောင်းကင်ဘုံကိုသွားရင် ဘာလို့ ငါ့ညီလေးကိုမတွေ့ဘဲနေရမှာလဲ၊ စိတ်မပူနဲ့ ရှောင်မို ငါ မင်းကို ကျိန်းသေ လာတွေ့လိုက်မယ်”
ထိုအချိန်တွင် ချီဖေးနှင့်ချီလန်တို့၏ အာရုံသည် ရှီရှောင်မိုဆီတွင်မရှိကြ ပေ။ သူတို့သည် တေးသီချင်းနားထောင်ရင်း စားရင်းသောက်ရင်းနှင့် နန်ကုန်းချန်းရှီးတို့ညီအစ်မတို့ဘက်သို့ ရောက်သွား၏။ သူမတို့သည် ချီဖေးတို့ ညီအစ်ကိုအား ချောင်ပိတ်ကာ ၃၃ ကောင်းကင်ဘုံအကြောင်း မေးမြန်း လေသည်။
သူတို့နှစ်ယောက် အသောက်များသွားသည်လား၊ သို့မဟုတ် နန်ကုန်းချန်းရှီးတို့ညီအစ်မကြောင့် ဆွဲဆောင်ခံလိုက်ရသည်လားမသိပေ။ ၃၃ ကောင်းကင်ဘုံအကြောင်းကို သိသလောက်ပြောပြကြတော့သည် “လင်ရှန့် မျိုးနွယ်ရဲ့ဧကရာဇ်မှာက အားလုံးပေါင်း ကြင်ယာတော် ၁၀၈ ယောက်ရှိတယ်၊ ဝိညာဉ်နတ်ဘုရားမျိုးနွယ်ရဲ့ အိမ်ရှေ့စံမင်ရှို့မှာက ကြင်ယာတော ၁ ပါးနဲ့ ဇနီး ၄ ယောက်ရှိတယ်၊ အိမ်ရှေ့စံမင်းသားက သဝန်တိုပြီး သူ့ဇနီးထဲက တစ်ယောက် ကို သတ်လိုက်တယ်လို့ကြားဖူးတယ်၊ အခု အဲဒီလစ်လပ်နေတဲ့နေရာကို ၃၃ ကောင်းကင်ဘုံက မိန်းကလေးတွေ လိုချင်လွန်းလို့ရူးနေကြပြီလေ”
“အနောက်တောရိုင်းကဧကရာဇ်က် ရွှေ ကျောက်စိမ်းကွပ်ထားတဲ့ အိုးကို သုံးတယ်လို့ကြားဖူးတယ်”
“၃၃ ကောင်းကင်ဘုံမှာ ဘယ်သူကဇနီးမယားကို အလိုလိုက်ဆုံးလဲ၊ အရင်တုန်းကတော့ နတ်မိစ္ဆာဧကရာဇ်ပဲ၊ နတ်မိစ္ဆာဧကရာဇ် ဆုံးသွားပြီး တခြား ဘုံကိုဆင်းသက်သွားတော့ ဧကရာဇ်မိုနဲ့ ဧကရာဇ်ဟောင်းဖန်းတို့ပဲဖြစ်လိမ့်မယ်”
“ဝမ်သားရဲတောင်ရိုးက မုန်တိုင်းထန်တောအပြင်ဘက်မှာရှိတယ်၊ ကွမ်ရှန့်တောင်နဲ့ မိုင်ထောင်ချီဝေးပြီး ချီလင်မျိုးနွယ်က သိမ်းပိုက်ထားတယ်၊ ကွမ်ယန်းရဲ့အဖေက ချီလင် အမေကလူသားပဲ”
“နဂါးနဲ့ဇာမဏီတောင်ကြားကို နတ်နဂါးနဲ့ နတ်ဇာမဏီတွေသိမ်းပိုက် ထားတယ်၊ ပြီးတော့ အဲဒီမှာ နဂါးနဲ့ဇာမဏီရဲ့ မျိုးဆက်တွေအများကြီးရှိတယ် အဲတုန်းက ကိုးရောင်နဂါးနဲ့ဇာမဏီ၊ နတ်မိစ္ဆာဧကရီရဲ့ သားရဲတွေက အဲဒီမှာ မွေးဖွားခဲ့တာပဲ”
“ဆေးတောင်ကြားက အမြင့်ဆုံးအုပ်စိုးသူက ခွန်အားအနည်းဆုံးပဲ၊ ဒါပေမဲ့ လူတွေနဲ့ပတ်သက်ပြီးတော့ ကွန်ရက်ကျယ်ပြန့်တယ်၊ အဂ္ဂိရတ်ပညာ ကို သူ ဘယ်သူ့ကိုပေးသိမှာလဲ၊ ဒါပေမဲ့ ဘာမှမကြောက်နဲ့နော်၊ ကျူလင်းက မာနကြီးပေမဲ့ အရမ်းသစ္စာရှိတယ်၊ သူက ပေထင်းဟွမ်နဲ့ဆက်ဆံရေးကောင်း ကြတယ်၊ နောက်ဆိုရင် မင်းတို့ သူ့ဆီကိုသွားရင် ကာကွယ်ပေးမှာပါ”
“သွားမယ်ဆိုရင်တော့ မီးခဲနှင်းပြင်မှာ အရင်အခြေချသင့်တယ်၊ အဲဒါက ၃၃ ကောင်းကင်ဘုံရဲ့ မြောက်ဘက်အကျဆုံးအပိုင်းပဲ၊ နှင်းဧကရာဇ်ရဲ့ နယ်မြေ ပဲ၊ နှင်းဧကရာဇ်က အချိန်နဲ့နေရာမတူတဲ့ သန်မာတဲ့သူပဲ၊ သူက ဝိညာဉ်နတ် ဘုရားမျိုးနွယ်ကို ဘယ်တော့မှ မတွေ့ဘူး၊ အဲဒီမှာလူခြေတိတ်တယ်၊ မင်းတို့ ခွန်အားသန်မာလာမှပဲ အလယ်ပိုင်း ဒါမှမဟုတ် တောင်ပိုင်းကို သွားလို့အဆင် ပြေမယ်”
သူတို့နှစ်ယောက်သည် ကရားရေလွှတ်သကဲ့သို့ မနားတမ်းပြောနေ၏။ ဆန့်ကျင်ဘက်အနေနှင့် ရှီရှောင်မိုသည် ခုံးခွံကဲ့သို့ ပါးစပ်ကိုကွေးတွန့်ကာ သေရည်ခွက်ကိုကောက်ကိုင်ပြီး သောက်လိုက်သည်။ ထိုအချိန်တွင် ပေထင်းကျင်သည် ချီဖေးတို့ညီအစ်ကိုပြောသည့်သတင်းကို စိတ်ဝင်စားလျက် ရှိသည်။ သူ သတိပြန်ဝင်လာချိန်တွင် ရှီရှောင်မိုသည် စားပွဲဘေးတွင် လဲကျနေ ပြီးဖြစ်၏။
ပေထင်းကျင် ထိတ်လန့်ကာ သူ့ကိုယ်သူလည်း အနည်းငယ်စိတ်တိုမိ သည်။ သူသည် ဤလူငယ်ကို အာရုံမစိုက်မိခဲ့ပေ။ သူသည် မျက်နှာပြောင်စွာ နှင့်ပင် ရှီရှောင်မိုအား ညီမဖြစ်သူ ရှောင်ကျို့ကဲ့သို့ပြောမိသည်။ ယခုအခါ ညီတစ်ယောက်၏ တာဝန်ကိုယူရသည့်အဖြစ်သည် အဆုံးမရှိတော့ပေ။
လေသည် ကန်ပေါ်မှဖြတ်လာကာ အခန်းငယ်ဆီသို့ တိုးဝင်လာသည်။ ရှီရှောင်မို၏ပခုံးသည် လေကြောင့် အနည်းငယ်တွန့်သွားသည်။ ပေထင်းကျင် သည် ရှီရှောင်မိုအား မပြောမဆိုနှင့်ပွေ့ဖက်ကာ ရှီမန်ဆုန်းတို့အားပြောလိုက် လေသည် “မိုးချုပ်နေပြီ ပြန်ကြစို့”