ဧကရီကိုတင်ပြစရာရှိတယ်
Vol. 66 Ch. 1309
၃၃ ကောင်းကင်ဘုံမှလာကြသည့် ဧည့်သည်များအတွက် သည်တစ်ခေါက် ကန်အလည်သွားသည့်ခရီးစဉ်သည် အောင်မြင်သည်။
ပေထင်းကျင်သည် ရှီရှောင်မိုအား ပွေ့ဖက်ပြီး တုန်ဖန်းကျောက်နှင့် လျှိုရွှီတို့သည် ချီဖေးနှင့် ချီလန်တို့ညီအစ်ကိုကို အသီးသီးတွဲကြသည်။ သူတို့ နှစ်ယောက်သည် ရေရွတ်နေဆဲပင် “အင်း ကောင်းလိုက်တာ သေရည်က တကယ်ကောင်တးယ်”
နန်ကုန်းချန်းရှီးတို့ညီအစ်မသည် မယုံနိုင်ပေ။ သူတို့သည် ချီဖေးတို့ ညီအစ်ကိုကို ဆက်တိုက်ခိုးကြည့်နေကာ နောက်ဆုံးတွင် မမေးဘဲမနေနိုင် တော့ပေ “အစ်ကိုရှီမန် သူတို့က နတ်ဘုရားအဆင့်တွေမလား၊ ဘယ်လိုလုပ် အရက်မူးရတာလဲ”
ရှီမန်ဆုန်းသည် ခေါင်းကိုခါယမ်းလိုက်သည် “ဒါက ယန်ချန်းကသေရည် ပဲ ဘယ်သူသိမှာလဲ၊ လူသားတွေဘယ်လောက်ပဲ ခွန်အားကြီးပါစေ ကောင်းကင်နဲ့မြေကြီးက အလယ်ကနေ ချုပ်ကို်ငထားတယ်၊ လူတွေကို အောင်နိုင်တဲ့သူဆိုတာ အမြဲရှိနေမှာပဲ၊ အပြန်အလှန်မျိုးဆက်နဲ့ အပြန်အလှန် ချုပ်တည်းမှုတွေက အဲထက်မပိုဘူး”
နန်ကုန်းချန်းရှီးနှင့်တခြားသူများသည် ခေတ္တမျှစဉ်းစားလိုက်သည်။ တုန်ဖန်းကျောက်ပင်လျှင် အနည်းငယ်ရှုပ်ထွေးနေမိသည်။ ထင်ရှားစွာပင် သူတို့၏လက်ရှိခွန်အားနှင့် ထိုစကားများကို နားမလည်နိုင်ပေ။
အကြီးအကဲကြီးသည် အတွင်းမြို့ဝင်ပေါက်တွင် စောင့်ဆိုင်းလေသည်။ သူသည် ပေထင်းကျင်နှင့်အဖွဲ့ပြန်လာသည်ကို မြင်သောအခါ နန်းတော်ဆီသို့ တိုက်ရိုက်ဦးဆောင်သွားလေသည်။ အခန်းခွဲသောအခါ ပေထင်းကျင်သည် ရင်ခွင်ထဲမှ လူငယ်ကိုငုံ့ကြည့်ကာ ခေတ္တမျှစဉ်းစားပြီး ပြောလိုက်သည် “သူ့ကို ကျွန်တော်နဲ့အတူနေခိုင်းလိုက်ပါ”
အကြီးအကဲကြီးသည် ပေထင်းကျင်အား စူးစိုက်ကြည့်ကာ ရှီရှောင်မို အားကြည့်ပြီး ပြောလေသည် “ဟုတ်ပြီ ဒါဆိုရင် သခင်လေးကျင်ကို ဒီမှာနေဖို့ ဖိတ်ပါတယ်၊ ဒါကပင်မခန်းမပါ၊ ဘေးအခန်းနှစ်ခန်းဖြစ်တဲ့ အရှေ့နဲ့အနောက် ခန်းမှာအိပ်မယ်ဆို သခင်ကျင်လည်း ဧည့်သည်တွေကို အနီးအနားမှာရှိတော့ ဂရုစိုက်ပေးလို့ရတာပေါ့”
ချီလေးတို့ညီအစ်ကိုလည်း အတူနေကြလိမ့်မည်။ နန်ကုန်းညီအစ်မ နှစ် ယောက်သည် အတွင်းမြို့အနီးမှ နန်းတော်ထဲတွင်နေမည်ဖြစ်သည်။ ထိုနေရာ တွင် အပျိုတော်ပိုများကာ ပိုလုံခြုံသည်။
စီမံမှုများလုပ်ပြီးနောက် အကြီးအကဲကြီးသည် တွေးတောပြီး အတွင်းမြို့ သို့ပျံသွားလေသည်။ သူ ကျို့လင်နန်းတော်အနီးသို့ရောက်သောအခါ ကိုယ်ရံ တော်လေးယောက်မှတားလေသည်။ အကြီးအကဲကြီးသည် ယန်ယဲ့အား တစ်စုံတစ်ရာ တင်ပြမည်ဟု ကြားသည်နှင့် ချုံချီသည် အနည်းငယ်မျက်နှာပူ သွားသည် “အကြီးအကဲကြီး ကျွန်တော်တို့က သတင်းမပို့ချင်တာမဟုတ်ပါဘူး သိတဲ့အတိုင်း အခု ဧကရီနဲ့အတူရှိနေတော့ ကျွန်တော်တို့အတွက် အဆင်မပြေ ဘူး”
“ဧကရီလား မင်းတို့ပြောတာက...” အကြီးအကဲကြီး၏ မျက်လုံးများသည် မယုံနိုင်သောအကြည့်ဖြင့် ပြူးကျယ်လာသည်။ သို့သော် သူသည် ရှီရှောင်မို၏ မိန်းကလေးသရုပ်မှန်ကိုမြင်နိုင်သည်ဖြစ်ရာ ဧကရီသည်လည်း လက်နက်ဖြင့် လိင်ကိုပြောင်းလဲထားသည့်အဖြစ်ကို မြင်နိုင်ရန်မှာ ပြဿနာတော့မဟုတ်ပေ။ သို့သော် ပေထင်းဟွမ်သည် နတ်မိစ္ဆာဧကရီဖြစ်သည်မှာ သူမသည် မိန်းကလေး ဖြစ်သည်ဟုဆိုလိုသဖြင့် အကြီးအကဲကြီးသည် ပင့်သက်ရှိုက်သွင်းကာ မိုးပေါ်မှ လုံးဝန်းသောလကို ကြည့်လိုက်သည် “နတ်မိစ္ဆာဧကရီက တကယ်ပြန်လာပြီပဲ”
ဝိညာဉ်ကိုးပါးခန်းမ၏အတွင်းခန်းမတွင် ပေထင်းဟွမ်သည် လန်းဆန်း နေပြီဖြစ်၏။ သူမသည် အိပ်ရာဘေးတွင်ထိုင်ကာ ယန်ယဲ့မှ သူမ၏ဆံပင် အခြောက်ခံပေးနေသည်ကို စောင့်ဆိုင်းနေသည်။ သူမသည် နှင်းဖြူရောင် အတွင်းလက်ရှည်ကိုဝတ်ဆင်ထားပြီး မိန်းကလေးတစ်ယောက်၏ကိုယ်လုံး ကိုယ်ထည်သည် ဖုံးဖိမရလောက်အောင် ပေါ်လွင်နေသည်။ ပြီးသည်နှင့် သူမ သည် ကျောခင်းလိုက်ရာ ရှည်လျားသောဆံပင်သည် ခေါင်းအုံးပေါ်တွင် ပြန့်ကာ အိပ်ရာအစွန်တွင်ကျလေသည်။ သူမသည် ပျင်းရိသောအသံဖြင့် ပြော လေသည် “ယဲ့ ရှင့်ကို လူတစ်ယောက်လာရှာနေပြီ အပြင်သွားပြီး ကြည့်လိုက်ပါ ဦး”
နတ်ဘုရားအဆင့်သို့ရောက်ပြီးနောက် သူမ၏ဝိညာဉ်စွမ်းအားသည် အလွန်အားကောင်းလာသည်။ သူမ၏ ဝိညာဉ်အသိစိတ်ဖြန့်လိုက်သည်နှင့် ပတ်ဝန်းကျင်မှအရာအားလုံးသည် စိတ်ထဲတွင်ပေါ်လာသည်။ အကြီးအကဲကြီး သည် သူ၏ရည်ရွယ်ချက်ကို မဖုံးကွယ်ထားသဖြင့် ပေထင်းဟွမ်သည် အကြီးအကဲကြီးလာသည်ကို အာရုံခံမိသည်။ အကြီးအကဲကြီးသည် ဟွမ်ချန်းမှ လူများအတွက် လာခြင်းဖြစ်မည်ကို စိုးရိမ်ခြင်းဖြစ်သည်။
ယန်ယဲ့၏လက်ငါးချောင်းသည် ပေထင်းဟွမ်၏ဆံနွယ်ရှည်များကို ဖြည်းညင်းစွာသပ်ပေးနေသည်။ ပေထင်းဟွမ်၏စကားများကိုကြားပြီးနောက် သူသည် ထပြီးအိပ်ရာအစွန်တွင်ထိုင်လေသည်။ မိန်းကလေး၏အသွင်အပြင် သည် ထူးခြားနေပြီဖြစ်သည်။ သစ်ကိုင်းတွင် ပေါက်သည့်ပန်းလေးတစ်ပွင့် ကဲ့သို့ ကိုယ်ပိုင်အလှနှင့်ပွင့်လန်းနေသည်။ သို့သော် ဤအခိုက်အတန့်တွင် ခူးဆွတ်လိုက်ပါက ရနံ့ရှူရှိုက်ဖို့ကိုပင် ဂရုစိုက်ရမည်။