ငါ့ကိုတိုက်ခိုက်ဖို့ တွေးတောင်မတွေးနဲ့
Vol. 66 Ch. 1318
ခြိမ်းခြောက်မှုသက်သက်ပင်။ ချီဖေးသည် စိတ်ထဲမှခံစားချက်များကို ချုပ်တည်းရင်း လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ကာ အံကြိတ်မိသည်။ “ဒီကောင်ကွာ ၃၃ ကောင်းကင်ဘုံကို လာတဲ့ထိစောင့်လိုက်မယ်၊ ငါ သူ့ကို သေချာရှင်းနိုင်မလားဆိုတာ ကြည့်ကြတာပေါ့”
စိတ်ထဲတွင် စောဒကများစွာတက်မိသော်လည်း ချီဖေးသည် ယုံကြည်ချက်မရှိပေ။ ယန်ယဲ့နှင့်ရှီရှောင်မိုတို့ စောင့်ကြပ်မှုနှင့်ဆိုလျှင် ညီအစ်ကိုနှစ်ယောက်သည် လျှို့ဝှက်လှုပ်ရှားသည်က အကောင်းဆုံးဖြစ်မည်။ သူ စိတ်ထဲတွင် ထိုသို့စဉ်းစားချိန်တွင် မျက်လုံးထောင့်သည် ရုတ်တရက် ပေထင်းဟွမ်၏ အပြုံးတွင်မိသွားလေသည်။ သူမ၏နှုတ်ခမ်းထောင့်မှ ငေါ့လုံး သည် သူ၏စိတ်ကိုထိုးဖောက်မြင်နေသည့်အလားပင်။
“သေစမ်း ငါစဉ်းစားနေတာကို သူ မြင်နေတာတော့မဟုတ်ပါဘူးနော်” ချီဖေးသည် နှုတ်ခမ်းကိုတွန့်ပြီး ခေါင်းငုံ့ကာ ပြန်ကြည့်လေသည်။
ချီလန်သည် အနိုင်ကျင့်ခံရသည်အတွက် ဒေါသထွက်လျက်ရှိသည်။ ၃၃ ကောင်းကင်ဘုံ အမြင့်ဆုံးချီရှောင်၏ သားတစ်ယောက်အနေနှင့် ချီလန်သည် ယခုကဲ့သို့ ဒေါသကို ခံစားနေရန်လိုသည်လား။ သူသည် လက်သီးမြှောက်ပြီး ပေထင်းဟွမ်အား ခပ်ကြမ်းကြမ်းထိုးတော့မည်ပြုသည်။ သို့သော် သူ့လက်ကို မပိုင်တော့သည်ကို တွေ့ရလေသည်။ ထိုအသိသည် ချက်ချင်းပင် သူ့ကို ကြောက်လန့်မှုကြောင့် ဖြူဖျော့သွားစေသည်။ သူသည် မျက်လုံးကို အနည်းငယ်ပင့်မြှောက်လိုက်ရာ ယန်ယဲ့မှ သူ့အား သတိပေးသောမျက်လုံးများ ဖြင့် ကြည့်နေသည်ကိုသာ မြင်ရလေသည်။ သူ့ကိုတားလိုက်သူမှာ ယန်ယဲ့ဖြစ် သည်။ သူစိတ်လွတ်နေခြင်းသာဖြစ်မည်။
“ငါ့ကို တိုက်ခိုက်ဖို့ တွေးတောင်မတွေးနဲ့ ငါက မင်းတို့တွေ ပြစ်မှားလို့ရတဲ့ လူမဟုတ်ဘူး” ပေထင်းဟွမ်၏ ကြည်လင်ပြီး လျစ်လျူရှုသည့်စကားလုံးများ သည် သူတို့၏နားထဲသို့ဝင်လာပြီး ပိုဒေါသထွက်စေသည်။ သို့သော် သူတို့သည် နားထောင်ရုံသာတတ်နိုင်သည် “ရှောင်မိုက ငါတို့ညီလေးပဲ၊ သူနဲ့ စကား ကောင်းကောင်းပြောချင်လို့ မင်းတို့အရင်ထွက်သွားပေးပါ”
ဘာ... ဒီအချိန်မှာ သူတို့ကို တကယ်နှင်ထုတ်ချင်နေတာလား။ ချီဖေးနှင့် ချီလန်တို့သည် ထိတ်လန့်သွားကာ အကြောက်တရားကိုပင် မေ့သွား၏။ သူတို့ သည် ခေါင်းကိုရုတ်တရက်မော့ကာ ပေထင်းဟွမ်အား မယုံနိုင်စွာြဖင့် စိုက်ကြည့်လေသည်။ တစ်နည်းပြောရလျှင် သူတို့ကို လက်ခံရန် ပေထင်းဟွမ် သတိပေးလိုက်ခြင်းပင်။ သူတို့လည်း အမှားလုပ်ထားခြင်းမရှိပေ။ ပေထင်းကျင် တစ်ယောက်တည်းကို လုပ်လျှင် ပြဿနာမရှိပေ။ သူတို့သည် ပေထင်းချင်းကို မပြစ်မှားသင့်ပေ။
ဒါပေမဲ့ ဒီကောင်က သူတို့ကိုနှင်ထုတ်ခွင့် ဘယ်မှာရှိလို့လဲ။
“မင်း ငါတို့ကို ထွက်သွားစေချင်တာသေချာလား” ချီလန်သည် မအောင့် နိုင်တော့ပေ။ သို့သော် ကံမကောင်းစွာပင် သူ့ကိုယ်သူ မကယ်နိုင်လောက် အောင် မတုံးအပေ။ သူသည် ရှီရှောင်မိုအား ကယ်ဆယ်ရေးအရရှာရတော့သည် “ရှောင်မို သူတို့ညီအစ်ကိုတွေက မယုံရ...”
ရှီရှောင်မိုသည် အဆောင်ထဲတွင် မည်သို့ဖြစ်နေသည်ကို မသိပေ။ သူမ သည် ငေးငိုင်၊ ပျော်ရွှင်၊ ဝမ်းနည်းမှု တစ်ပြိုင်နက်ဖြစ်နေတုန်းပင်ဖြစ်သည်။ သူမသည် ချီလန်၏စကားများကို ကြားသောအခါ သတိဝင်လာပြီး အားလုံးအား ယင်ကောင်များအလား နှင်ထုတ်လေသည်။ “မင်းတို့အကုန်ထွက်သွားကြ အားလုံးသွားကြ ငါ တစ်ယောက်တည်းနေချင်တယ်”
၎င်းသည် ငိုနေခြင်းမဟုတ်သလို အသည်းကွဲခြင်းလည်းမဟုတ်ပေ။ ရှီရှောင်မိုသာ ပုံမှန်ဖြစ်ပါက ယောက်ျားကြီးတစ်ယောက်၏ ရင်ခွင်ထဲတွင် နိုးထ လာသည်မှာ ရူးသွပ်လောက်စရာဖြစ်မည်။ သူမ၏ ပါးပြင်တွင် ရှက်ရွံ့မှုကြောင့် နီမြန်းနေသည်ကိုမြင်သောအခါ ပေထင်းဟွမ်သည် သူမနှင့်နေပြီး စကားပြော မည့် အတွေးကိုရပ်လိုက်သည်။ သူမ ခေါင်းညိတ်လိုက်သည် “ဟုတ်ပြီ ငါလည်း မျက်နှာမသစ်ရသေးဘူး နောက်မှပြန်လာမယ်”
“အင်း ကောင်းတယ်” တုံ့ပြန်ပြီးနောက် ရှီရှောင်မိုသည် လူရှိခြင်းမရှိခြင်း ကို ဂရုမစိုက်တော့ဘဲ အခန်းထဲရှိ အိပ်ရာပေါ်တွင် လူးလှိမ့်နေမိသည်။ သူမ သည် စောင်နှင့်ရစ်ပတ်ပြီးနောက် စောင်ပေါ်မှ ပေထင်းကျင်၏ ကိုယ်သင်းနံ့ကို ရှူရှိုက်ရင်း ရင်ခုန်ကာ မျက်နှာမှာလည်း ပူလာသည်။
ပေထင်းဟွမ်သည် သူမကို ထိုအတိုင်းမြင်ရသောအခါ ကြည့်လေလေ ရှီရှောင်မိုသည် ယောက်ျားလေးနှင့်မတူသလို ခံစားရလေသည်။ သူမကိုယ်တိုင် လည်း ယောက်ျားလေးပုံစံဖြစ်နေရာ စိတ်ထဲတွင် သံသယဝင်မိလေသည်။ ချီဖေးတို့ညီအစ်ကိုမှာ ရှီရှောင်မို၏ အိပ်ရာကို ထိကိုင်ခွင့်မရှိဘဲ နှင်ထုတ်ခံရလေ သည်။