ရာယာအင်ပါယာက လူတွေလည်းရောက်လာပြီ
Vol. 66 Ch. 1319
အဆောင်ဝင်ပေါက်တွင် ပေထင်းဟွမ်သည် လက်မလျှော့နိုင်သေးသည့် ချီဖေးတို့ညီအစ်ကိုကိုကြည့်ပြီး အကြီးအကဲအားပြောလိုက်သည် “အကြီးအကဲ ဒီမှာစောင့်ကြပ်ဖို့ လူလွှတ်ပေးပါ၊ ရှောင်မိုရဲ့ ခွင့်ပြုချက်မရှိဘဲ ဘယ်သူ့ကိုမှ ဝင်ခွင့်မပေးပါနဲ့”
ဒါက ချီဖေးတို့ ညီအစ်ကိုကို ပြောလိုက်တာမဟုတ်ဘူးလား။ ချီဖေးသည် တစ်ချိန်လုံး သည်းခံလာသော်လည်း ချီလန်သည် အေးစက်စွာ နှာမှုတ်လေ၏ “သခင်လေး ၉ မင်း ညီအစ်ကိုလင်ကိုပဲ ဒီလိုသွားပြောတာကောင်းလိမ့်မယ်၊ သူ့ လို တပည့်ကပဲ ဒီလိုပြောကို လိုက်လုပ်မှာ”
ထိုစကားကိုကြားပြီး ပေထင်းဟွမ်သည် တုန်ယင်ပြီး ဖြူဖပ်ဖြူရော်ဖြစ် လာသည်။ တက်ကြွသည့်စိတ်ဓာတ်တစ်ဝက်သည် သူ့ဆီမှထွက်သွားပုံပင်။
ထိုအရာအားကြည့်ပြီး သူမ မည်သည့်ခံစားချက်ဝင်သွားသည်ကိုပင် ပေထင်းဟွမ် မသိတော့ပေ။ သူမသည် ခပ်ပေါ့ပေါ့ပြုံးပြီး မျက်လုံးများမှာလည်း ဓားသဖွယ် ထက်ရှနေသည်။ သူမသည် ချီဖေးတို့ ညီအစ်ကိုဘက်သို့လှည့်လိုက် သည် “တကယ်ကြီးလား ဧကရာဇ်မိုက သူ့မင်းသမီးလေးကို ကာကွယ်ဖို့ မင်းတို့ ကို ယုံကြည်ထားတာ၊ မနေ့ညက သူမ မူးတော့ မင်းတို့ဘာလုပ်နေကြတာလဲ၊ မင်းတို့က ငါ့အစ်ကိုကြီး ကူညီတာကို ကျေးဇူးမတင်တဲ့အပြင် အပြစ်တင်လိုက် သေးတယ်၊ ဒီကမ္ဘာမှာ ဘယ်သူမှ ဒီလိုလုပ်ဖို့မတန်ဆုံးဆိုရင် မင်းတို့ပဲဖြစ်လိမ့် မယ်”
ထိုသို့ပြောသည်နှင့် ညီအစ်ကိုနှစ်ယောက်သည် ပေထင်းဟွမ်အား ငေးငိုင် စွာစိုက်ကြည့်ပြီး ရှက်ရွံ့စွာနှင့် အကြည့်လွှဲကြညလေသည်။ သို့သော် ပေထင်းဟွမ်၏စကားထဲမှ 'မင်းသမီးလေး' ဆိုသည့်စကားကို သတိမထားမိ သလိုပင်။ သေချာပေါက်ဖြစ်သင့်သည့်စကားလုံးကြောင့်ဖြစ်မည်။
ပေထင်းဟွမ်သည် စိတ်ထဲမှ သံသယကို ရောင်းပြီးမှ ပိုက်ဆံရေသည့် နည်းလမ်းဖြင့် ဤညီအစ်ကိုမည်မျှတုံးအကြောင်းနှင့် အတည်ပြုပြီးဖြစ်လေ သည်။ သူမ ဘာမှထပ်မပြောတော့ဘဲ ပေထင်းချင်းနှင့်အတူ ထွက်သွားလေ သည်။
ပေထင်းချင်းသည် အပြင်သို့ ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် ရုတ်တရက်အော်ပြီး ပေထင်းဟွမ်၏လက်မောင်းကို ဆုပ်ကိုင်လေသည် “မြေးလိမ္မာလေး မင်းဆိုလိုတာက ရှီရှောင်မိုဆိုတဲ့ကလေးက မိန်းကလေးပေါ့”
မဟုတ်လျှင် ပေထင်းဟွမ်သည် သူမအား 'မင်းသမီးလေး' ဟု ဘာကြောင့် ခေါ်နေမည်နည်း။ မဟုတ်လျှင် ချီဖေးတို့ညီအစ်ကို ဘာကြောင့် မငြင်းသနည်း။
ယန်ယဲ့သည် ပေထင်းဟွမ်အား တလေးတစားကြည့်မိကြသည်။ အကြီးအကဲကြီးပင် ပေထင်းဟွမ်၏ ထက်မြက်မှုကို လေးစားမိသည်။ သူသည် ပေထင်းဟွမ်နှင့် ကွဲပြားသည်။ သူ၏အမြင်သည် ဖုံးထားသည့်အရာများကို ထိုးထွင်းမြင်နိုင်သည်။ ထိုးဖောက်မကြည့်ရဲသည့် လူသားနှင့် သားရဲများသာ ရှိချင်ရှိလိမ့်မည်၊ မမြင်ရသည့် လူသား သားရဲဟူ၍မရှိပေ။ သို့သော် ပေထင်းဟွမ်သည် လူသားအစစ်မဟုတ်ပေ။ ရှီရှောင်မိုသည် မိန်းကလေးဖြစ် သည်ကို သူပြောနိုင်သော်လည်း သူမ၏ ဉာဏ်ရည်မှာ ပြိုင်ဘက်ကင်းဆိုသည် ကိုပင် ပြောနိုင်သည်။
ပေထင်းချင်းသည် လွန်ခဲ့သည့်စက္ကန့်ပိုင်းက မျိုးဆက်ပြတ်တော့မည်ဟု အော်နေရင်းမှ ယခုအခါ ပီတိဖြာနေသည်ကိုကြည့်ပြီး ပေထင်းဟွမ်မှာ စိတ်ထဲမှ တိတ်တိတ်လေး သက်ပြင်းချမိသည်။ အစ်ကိုကြီး သွားရမည့်လမ်းမှာ ဝေးကွာလွန်းကာ ရှောင်လွှဲမရသည့် မိသားစုတာဝန်လည်းရှိသေးသည်။ ထို့ကြောင့် သူမ ခေါင်းညိတ်လိုက်သည် “ဟုတ်တယ် သူမက ယောက်ျားလေး ပါလို့ ဘယ်သူမှမပြောဘူးလေ”
ထိုအချိန်အတွင်းတွင် ပေထင်းချင်း၏ ရင်ထဲတွင် ခံစားရသောနာကျင်မှု မှာ လျော့ပါးသွားလေသည်။ ပေထင်းကျင်သည် ရှီရှောင်မိုအား အမှန်တကယ် နှစ်သက်ပြီး တားမြစ်ထားသည့်အချစ်ကို ရှေ့ဆက်တိုးပါက သူ မည်သို့လုပ်ရ တော့မည်နည်း။ ယခုအခါ ရှီရှောင်မိုသည် မိန်းကလေးဖြစ်သဖြင့် ပြဿနာ အားလုံး ဖြေရှင်းပြီးဖြစ်လေသည်။
သို့သော် သူ ယန်ယဲ့အားကြည့်မချိန်တွင် ပြဿနာနောက်တစ်ခု တွေ့သွားပြန်သည်။ သူသည် ပေထင်းဟွမ်အား ဘေးသို့ဆွဲကာ တိုးညင်းသော အသံဖြင့်ပြောလေသည် “မြေးလေး ညအရှင်သခင်က မင်းကို မင်းအစ်ကိုကြီး လိုမျိုး သဘောကျတာမဟုတ်ဘူးမလား”
မင်းတို့အကုန်လုံးက ယောက်ျားလေးကြိုက်ကြတာလား။
“အဟွတ် အဟွတ် အဟွတ်” ပေထင်းဟွမ် မတုံ့ပြန်နိုင်ခင်မှာပင် တုန်ဖန်းအောင်သည် တံတွေးသီးလေသည်။ သူသည် လူအများရှေ့တွင် ဤကဲ့သို့အရှက်မကွဲဖူးပေ။ သူသည် ပေထင်ချင်းအား ဝမ်းနည်းသောမျက်လုံး အစုံဖြင့် ကြည့်ရတော့သည်။ အဘိုးပေထင်း ဒီလောက် လန့်စရာကောင်းတဲ့ ကိစ္စကို ပြောချင်တာလား။ သူ ဘယ်လိုနားထောင်ရမှာလဲ။
ပေထင်းဟွမ်သည် မေးခွန်းထုတ်သောမျက်လုံးများဖြင့် ကြည့်လာသည် ကို ကြည့်ပြီး တုန်ဖန်းအောင်သည် လျင်မြန်စွာပင် လည်ချောင်းရှင်းလေသည် “ရှောင်ကျို့ ညအရှင်သခင် ရာယာအင်ပါယာကလူတွေ ရောက်နေပါပြီ မင်းသား ရှန်းယန်ပိုက ဂိုဏ်းထောက်ချင်းရှန့်၊ ရန့်လန်ကျွင်းတို့အဖွဲ့ကို ဦးဆောင်ပြီး အကုန်လုံးကိုစောင့်နေကြပါတယ်”