ထပ်တွေ့ပြန်ပြီ သံမဏိသွေးအဖွဲ့ကတော့ သံမဏိသွေးအဖွဲ့ပါပဲ
Vol. 66 Ch. 1320
ချင်းရှန့်၊ ရန့်လန်ဟုတ်လား။ ထိုနာမည်နှစ်ခုသည် ရင်းနှီးသလိုခံစားရ သဖြင့် ပေထင်းဟွမ် မျက်မှောင်ကြုတ်လိုက်သည် “သူတို့က ချင်းရှဲလင်နဲ့ ရန့်ရှောင်ကျဲတို့ရဲ့အဘိုးလား”
တုန်ဖန်းအောင်သည် ပြုံးပြီး ခေါင်းညိတ်လိုက်သည်။ သူသည် အစိမ်းနု ရောင်ဝတ်ရုံ ဝတ်ဆင်ထားကာ ဝတ်ရုံမှာလေထဲတွင် လွင့်နေလေသည်။ သူသည် ယန်ယဲ့အား အနည်းငယ်စိုးရိမ်သောအကြည့်ဖြင့်ကြည့်ကာ ပေထင်းဟွမ်၏ စကားလုံးများကို ပြန်ဖြေလေသည် “အမှန်ပဲ၊ ချန်းရှီးနဲ့ တခြား သူတွေက မင်းကို အဖော်ပြုပေးမယ်၊ အခုလေးတင်ပဲ မင်းအကြောင်းမေးနေ တာ၊ မင်းကိုမတွေ့ရတာကြာပြီလို့ပြောနေတာ မင်းကိုလွမ်းနေကြတာတဲ့”
ရှန်းယန်းပိုနှင့်တခြားသူများသည် သူမ ဤတိုက်ကြီးသို့လာစဉ်က အစော ဆုံးတည်ထောင်ခဲ့သည့် အင်အားစုဖြစ်သည်။ နောက်ဆုံး အင်အားစုရော မည်သို့နည်း။
“အဘိုး အရင်ဆုံးပြန်ပြီး အင်္ကျီလဲလိုက်ပါဦး၊ ဒီကိုတခြားအဘိုး သုံးယောက်နဲ့ ဒီကိုပြန်လာခဲ့နော် ကျွန်တော်နဲ့ယဲ့တို့ အဲဒီကိုအရင်သွားလိုက်ဦး မယ်” ပေထင်းဟွမ်သည် ပြတ်သားစွာဆုံးဖြတ်ထားသည်။ သူမသည် အမြန် လောပြီး သူငယ်ချင်းများနှင့်အတူရှိချင်သည်။
သူတို့နှစ်ယောက်သည် လက်ချင်းတွဲပြီး ကျန်နေခဲ့သည်။ ပေထင်းချင်း သည် မေးချင်သည့်မေးခွန်းကို မမေးဘဲ သက်ပြင်းသာချကာ ဂိုဏ်းထောက် လေးယောက်ရှိသည့်နန်းတော်သို့ ပျံသွားလေသည်။ သူသည် နတ်ဘုရားအဆင့် သို့တက်သွားသော်လည်း နှစ်ပေါင်းများစွာ ပူပန်လာရသဖြင့် အေးအေးလူလူ နေချင်ပြီဖြစ်သည်။ သို့သော် သားနှင့်ချွေးမဖြစ်သူတို့၏ တည်နေရာမှာ မသိ သေးသလို သူတို့၏သေခြင်းရှင်ခြင်းမှာလည်း မသိနိုင်သေးသဖြင့် ဝမ်းနည်းရ တုန်းပင်ဖြစ်သည်။
“အဲဒီဝိညာဉ်နတ်ဘုရားမျိုးနွယ်ကောင်တွေကို ၃၃ ကောင်းကင်ဘုံရောက် ရင်တော့ နုတ်နုတ်စင်းပစ်မယ်” ပေထင်းချင်းသည် ဒေါသဖြစ်ဖြစ်နှင့် တွေးလေ သည်။
ဝိညာဉ်ကိုးပါးခန်းမသည် သက်ဝင်လျက်ရှိသည်။ အကြီးအကဲကြီးသည် ယန်ချန်းကိုယ်စား ရာယာအင်ပါယာအား ကြိုဆိုနေသည်။ သူသည် ရန့်လန်နှင့် ချင်းရှန့်တို့နှင့်အတူ စကားလက်ဆုံကျနေသည်။
ရှန်းယန်းပို၊ ချင်းရှဲလင်နှင့် မိန်းကလေးရန့်တို့ကို နန်ကုန်းချန်းရှီးတို့ ညီအစ်မမှ အဖော်ပြုကာ မုချင်းလင်အား သွားရှာကြလေသည်။ ၎င်းသည် ရှန်းယန်းပို ဦးဆောင်သည့် သံမဏိ ၆ ယောက်အဖွဲ့ဖြစ်သည်။
“ယွမ်ယဲ့လိုက်မလာနိုင်တာ နှမြောစရာပဲ၊ သူ့အမေက နေမကောင်းနေ လို့ အိမ်မှာ သူ့အမေကို ဂရုစိုက်ပေးရမှာမို့လို့လေ” ရှန်းယန်းပိုသည် နှမြောတသနှင့် ပြောလေသည် “မဟုတ်ရင် ငါတို့သံမဏိသွေးအဖွဲ့က အဖွဲ့ဝင် တွေစုံပြီ”
“ငါပြောမယ် ခေါင်းဆောင် ငါတို့တင်ပဲ အမြဲမဖြစ်သင့်ဘူးလေ၊ အဖွဲ့ကို လည်း ဖွံ့ဖြိုးအောင်လုပ်ပါဦး၊ ကိုယ်တွေ ဘယ်လောက်အားကောင်းလဲဆိုတာ သိရမယ်လေ” ချင်ရှဲလင်၏ ရှည်လျားသောဆံမြိတ်ကို အပြာရောင်ဖဲပြားဖြင့် ချည်နှောင်ထားပြီး သူမသည် နီမြန်းလျက်ရှိသည်။ သူမ၏မျက်နှာမှာ ခရမ်းချဉ် သီးကဲ့သို့ နီမြန်းနေပြီး မျက်လုံးများမှာ လုံးဝန်းနေကာ စိတ်လှုပ်ရှားစွာနှင့် ပေထင်းဟွမ်အား ဖြစ်နိုင်သလောက် မြန်မြန်လေးတွေ့ချင်နေသည်။
“မဟုတ်ဘူး မင်းတို့ တစ်ယောက်ခေါ်ပြီးပြီမလား၊ ချန်းမိုက ငါတို့အဖွဲ့ဝင် ဖြစ်နေပြီ၊ ဒီမနက် အဖွဲ့ခေါင်းဆောင်နဲ့ တွေ့ပြီးရင်တော့ နေ့လယ်ကျ ပေရှန့်ကိုသွားပြီး သားရဲဖမ်းမယ်၊ ပြီးတနာဲ့ ချန်းမိုကို ကူပြီး သားရဲထိန်းကျောင်း ခိုင်းဖို့ အဖွဲ့ခေါင်းဆောင်ကို ပြောရမယ်၊ ကျန်တဲ့သားရဲတွေကို မြို့ထဲမှာ ရောင်း မယ်” ရက်အနည်းငယ်ကြာပြီးနောက် ရှန်းယန်းပိုသည် ဦးနှောက်ရှိလာသည်။ သူသည် ကောင်းကင်အား လွမ်းဆွတ်စွာကြည့်လေသည် “အဖွဲ့ထဲမှာ အရင်းအမြစ်ပိုရရင် နောက်ဆို ဖွံ့ဖြိုးဖို့အတွက် ပိုလွယ်သွားလိမ့်မယ်”
“ရနေပြီလေ” ရန့်ရှောင်ကျဲသည် ထိုမကောင်းသည့်အကြံကို နားမထောင် နိုင်တော့ဘဲ ရှန်းယန်းပိုအား အရှက်မရှိစွာပြောလေသည် “ခေါင်းဆောင် သတိ ဝင်ပါဦး ပိုက်ဆံရှာချင်တာနဲ့ သားရဲဖမ်းဖို့ ပေရှန့်ကိုသွားမယ့်အစား ခေါင်းဆောင်ချူဖုန်းဆီက အရင်းအမြစ်ရဖို့လေး စဉ်းစားပါလား၊ ဘယ်လိုပဲ ပြောပြော၊ ဒါက သံမဏိသွေးတည်ထောင်တာပဲလေ၊ ခေါင်းဆောင်က ပြီးခဲ့တဲ့ နှစ်ရက်မှာ အလုပ်များနေတာ၊ အဲတော့ သားရဲထိန်းဖို့ ဘယ်လိုလုပ် အချိန်ရှိမှာ လဲ”
ရှန်းယန်းပိုမှာ စဉ်းစားခွင့်ပင်မရှိပေ။ သူတို့တွေ့ချိန်တွင် ပေထင်းဟွမ် နန်ကုန်းချန်းမို၏ပခုံးကို ဖက်ကာ ရှန်းယန်းပိုဆီသို့ ပို့ပေးခဲ့သည် “အခုကစပြီး သူမက မင်းတို့ သံမဏိအဖွဲ့ဝင်ဖြစ်သွားပြီပဲ မင်းကိုပေးလိုက်ပြီ”
ပေထင်းဟွမ်သည် ရှန်းယန်းပိုရှေ့တွင် လက်စွပ်ပေးခဲ့သည် “အထဲမှာ ထိန်းကျောင်းပြီးသား သားရဲတွေရှိတယ်၊ အဆင့်တက်ဖို့ဆေးတွေလည်းရှိတယ် ငါတို့ပြန်တွေ့ဖို့မျှော်လင့်ပါတယ်၊ သံမဏိသွေးအဖွဲ့က သံမဏိသွေးဖြစ်နေဦး မှာပဲ”