အကြီးအကဲကြီး၏ ဉာဏ်ပညာရှိမှု
Vol. 66 Ch. 1311
သို့သော် ယန်ယဲ့ ပြစ်မှုကြေညာပြီးနောက်တွင် ပုံမှန်ရှောင်တိမ်းလေ့ရှိ သော ချုံချီပင်လျှင် ခေါင်းငုံ့ပြီး ကာကွယ်ရေးစကားများမပြောရဲပေ။
အကြီးအကဲကြီးသည် မှားသည်ဟု မခံစားရပေ။ ဆန့်ကျင်ဘက်အနေနှင့် သူသည် ရင်ထဲတွင်နောင်တရမိသည်။ သူသည် စိတ်လိုက်မာန်ပါလုပ်တတ်ပြီး ချုံချီတို့ကိုပါ ပါဝင်ပတ်သက်စေခဲ့သည်။ အကြီးအကဲကြီးသည် နှုတ်ခမ်းသပ် လိုက်ကာ လက်နှစ်ဖက်ဖြင့် အုတ်ကြွပ်ပြား အက်ကြောင်းကိုတူးနေသည်။ အပြစ်ပေးမည်ဟုကြားပြီးနောက် သူ စိတ်လှုပ်ရှားခြင်းမရှိဘဲ ထက်မြက်စွာဖြင့် ပြောလေသည် “သခင် ဒီလက်အောက်ငယ်သားက အပြစ်ရှိပါတယ်၊ သခင်ပေထင်းကျင်နဲ့ ကွေ့ရှို့ ဧကရာဇ်မိုရဲ့သား မိုတို့က ထူးခြားတဲ့ဆက်ဆံရေး ရှိတာကို လက်အောက်ငယ်သားက တွေ့ခဲ့ပါတယ် အဲဒါကြောင့် နတ်မိစ္ဆာဧကရီ အရှင်မကို အဲဒီသတင်းကို တင်ပြချင်တာပါ”
'နတ်မိစ္ဆာဧကရီအရှင်မ' ဟုဆိုသည့်စကားသည် ယန်ယဲ့ကို ကျေနပ်သွား စေသည်လား၊ သို့မဟုတ် အကြီးအကဲကြီး၏ ပေထင်းဟွမ်အပေါ်ထားရှိသော သစ္စာတရားကြောင့်လားမသိပေ။ ယန်ယဲ့သည် သဘောတူစွာဖြင့် ခေါင်းညိတ် ကာ ချုံချီတို့လေးဦးအား လျစ်လျူရှုသောမျက်လုံးများဖြင့်ကြည့်ကာ ပြောလိုက် သည် “ကိုယ်ရံတော်လေးယောက်ရဲ့ အပြစ်က နှစ်ဆတိုးမယ်၊ အကြီးအကဲကြီး အပြစ်လွတ်မယ်”
ယန်ယဲ့ပြောပြီးနောက်တွင် ချုံချီတို့ကို ထားခဲ့ပြီး လေနှင့်အတူ ပျောက်ကွယ်သွားလေသည်။ သူတို့သည် သူတို့၏ရည်ရွယ်ချက်ကိုပင် မသိလိုက်ပေ။ သူတို့သည် အကြီးအကဲကြီးကဲ့သို့ သခင် အိပ်နေသည်ကို နှောင့်ယှက်သည့် ရူးမိုက်သည့်အလုပ်မျိုးမလုပ်ချင်ခြင်းပင်။ အခု သူတို့က ဘာလို့ အပြစ်ရှိသွားရတာလဲ။
အပြစ်သည် နှစ်ဆတိုးသွားသည်။ ၎င်းသည် သူတို့လေးဦးကို အရေခွာ မည်ဟု ရာဇသံပေးလိုက်ခြင်းပင်။
အပြစ်ပေးခန်းမထဲမှ အပြစ်ပေးခြင်းသည် သာယာသည်လား။ ယန်ချန်း တွင် 'အပြစ်ပေးခန်းမ' ဟုကြားသည်နှင့် ကြောက်ကြသည်မဟုတ်ပါလား။
ချုံချီသည် ရုတ်ခြည်း ခေါင်းမော့ကာ ယန်ယဲ့၏ကျောပြင်ကို ဝမ်းနည်းစွာ ကြည့်လိုက်သည်။ သူတို့ နားလည်သည်မှာ သေခွင့်ပြုလိုက်ခြင်းမဟုတ်ပါ လား။ သူတို့သည် အရေထူပြီးကြမ်းသော်လည်း ဉာဏ်ရည်မှာမကောင်းပေ။ ထွက်မသွားခင်တွင် သူတို့အမှားကို ပြောသွားသင့်သည်။
တခြားသုံးယောက်သည် ငိုချင်သော်လည်း ယန်ယဲ့၏ပုံရိပ်သည် မြင်ကွင်း မှ လျှပ်တပြက်ပျောက်ကွယ်သွားလေသည်။ သူတို့လေးယောက် မည်မျှပင် တုံးအစေကာမူ သူတို့သည် သခင်အားမေးခွန်းမထုတ်ရသည်ကို သိကြသည်။
“ကောင်းပြီ”
အကြီးအကဲကြီးသည် သူ့ဆီသို့ရောက်လာသော မျက်လုံးလေးစုံကို မြင် လိုက်သည်။ ထိုမျက်လုံးများသည် အလွန်ဝမ်းနည်းပြီး လေးလံကာ အလွန်ပင်.. ထိုမျက်လုံးများကို လျစ်လျူရှုမရနိုင်ပေ။ အကြီးအကဲကြီးသည် လေးလံစွာ သက်ပြင်းချကာ ကူကယ်ရာမဲ့စွာနှင့် ခေါင်းခါလိုက်သည် “မင်းတို့လေးယောက် ချစ်ရမယ့်မိန်းကလေးရှာမတွေ့ရင်တော့ ဖိုမသဘာဝတွေကို နားလည်မှာ မဟုတ်ဘူး၊ ဧကရီက အရာအားလုံးကို ပထမနေရာသိမ်းပိုက်ထားတယ်ဆိုတာ ကိုမင်းတို့သိထားရမယ်”
သူတို့လေးယောက်သည် တုံးအခြင်းမရှိပေ။ ရုတ်တရက် သတိရသွား သည်မှာ ဤအဘိုးကြီးသည်လည်း နတ်မိစ္ဆာဧကရာဇ်နှင့် နှစ်ပေါင်းသောင်းချီ အတူရှိလာခဲ့သည်။
“အကြီးအကဲကြီး ခင်ဗျားက တကယ်ဉာဏ်ပညာရှိပါပေတယ်” ချုံချီ သည် မတ်တတ်ထပြီး အကြီးအကဲကြီးအား ဦးညွှတ်လိုက်သည်။
ပိုင်ဇီတို့သည်လည်း တူညီစွာပင်။ အကြီးအကဲကြီး၏ အကြံကြောင့်သာ မဟုတ်လျှင် သူတို့သည် သူတို့၏အမှားကိုပင် သိလိုက်ရမည်မဟုတ်ပေ။ အနာဂတ်တွင် နတ်မိစ္ဆာဧကရီကို အရင်ထည့်သွင်းစဉ်းစားပြီးမှ နတ်မိစ္ဆာ ဧကရာဇ်၏ခံစားချက်များကို စဉ်းစားရမည်။
“အဲလိုဆိုရင် ငါတို့သခင်က ဘယ်သူလဲ” အပြစ်ပေးခန်းမသို့သွားရာလမ်း တွင် ချုံချီသည် အတန်ကြာသည်အထိစဉ်းစားပြီး ပိုပို၍ရှုပ်ထွေးလာသည်။
ရွှမ်ဝူသည် သူ့အား ထင်သေးသောအကြည့်ကြည့်လိုက်သည် “အဲဒါကို ငါ ဘာလို့ မသိသေးတာလဲ၊ သခင်က ဧကရီပျော်တဲ့အချိန်ပဲပျော်တာ၊ သေချာပေါက် ဧကရီကအရာရာတိုင်းမှာ ဦးစားပေးပဲ၊ ဒီနေ့ဘာဖြစ်ခဲ့လဲ မမြင် ဘူးလား”
“ဟုတ်တယ် အဲဒီအဘိုးကြီး အကြီးအကဲကြီးက အစွမ်းအစရှိလို့လေ၊ ဟူး ဒီအကွက်က မိုက်လွန်းပါတယ်ကွာ” ပီဖုန်းသည် အနည်းငယ်စိတ်လှုပ်ရှားမိ သည်။ သူတို့လေးယောက်သည် အပြစ်ပေးခန်းမကိုသွားရကာ အကြီးအကဲကြီး သည် နေခဲ့ရသည်။ သူတို့ ဒဏ်ရာပြန်သက်သာလာချိန်တွင် သခင်သည် ထို အဘိုးကြီးအား နေရာတစ်ခုပေးလိမ့်မည်ဟု မည်သူထင်ထားမည်နည်း။