မင်းရဲ့အစ်ကိုကြီးက ရှီရှောင်မိုနဲ့ ထူးခြားတဲ့ဆက်ဆံရေးရှိနေတယ်
Vol. 66 Ch. 1312
သူ၏သားရဲလေးကောင်သည် လူသားကိစ္စများကို စိတ်ဝင်တစား သင်ယူ နေသည်ကို ယန်ယဲ့မသိပေ။ သူ အိပ်ခန်းသို့ပြန်ရောက်သောအခါ မိုးပေါ်မှ ပျံလာရာမှ ကြမ်းခင်းကို ခြေချလိုက်ချိန်တွင် မည်သည့်အသံမှထွက်မလာပေ။ ပေထင်းဟွမ်၏ ညင်းညင်းလေးရှူနေသောအသက်ရှူသံပင်လျှင် သူ၏ နားထဲ သို့ဝင်လာရာ ဒေါသစိတ်ကိုပင် အနည်းငယ်ငြိမ်ကျသွားစေသည်။
သူ၏အမျိုးသမီးလေးသည် အိပ်မောကျနေသည်။ သူမသည် သူ့ကို မစောင့်သော်လည်း သူ၏အိပ်ရာတွင်အိပ်မောကျနေသည်ကပင် စောင့်ဆိုင်းနေ ခြင်းပင်။
ခြေလှမ်းများသည် လေပေါ်တွင်ပျံနေသည့်အလား ပိုပိုပြီးပေါ့ပါးလာ သည်။ သို့သော် လေဝှေ့သည့်လက္ခဏာပင်မရှိဘဲ စွမ်းအင်လည်းမပါဝင်ပေ။ ယန်ယဲ့သည် ညင်သာစွာဖြင့် အိပ်ရာဘေးသို့လျှောက်သွားကာ အပေါ်ဝတ်ကို ဖြည်ကာချွတ်လိုက်သည်။ နှင်းဖြူရောင်အောက်ခံအင်္ကျီဖြင့် အိပ်ရာဘေးတွင် ထိုင်လိုက်ကာ ပေထင်းဟွမ်လေးတွင် လှဲလျောင်းလိုက်၏။
လက်တစ်ဖက်ဖြင့် အိပ်ရာဖုံးကို မြှောက်ကာ ပေထင်းဟွမ်အား ခြုံပေး လိုက်သည်။ ယန်ယဲ့သည် ပေထင်းဟွမ်၏ခေါင်းကိုအသာမော့ကာ ပါးပြင်ကို ထပ်မံနမ်းလိုက်ပြန်သည် “ဘာလို့မအိပ်သေးတာလဲ”
“ရှင်ပြန်လာတာကိုစောင့်နေတာ” ပေထင်းဟွမ်သည် အိပ်ရာဖုံးမှလက် ကို ထုတ်လိုက်ကာ အိပ်ရာဖုံးကိုဆွဲပြီး ယန်ယဲ့ကိုပါခြုံပေးလိုက်သည်။
“ဟွမ်အာ ခုနက အကြီးအကဲကြီးလာပြောတာက မင်းအစ်ကိုကြီးနဲ့ ရှီရှောင်မိုတို့က ဆက်ဆံရေးထူးခြားနေတယ်တဲ့”
ယန်ယဲ့ စကားမဆုံးခင်မှာပင် ပေပထင်းဟွမ်၏မျက်လုံးများသည် ရုတ်တရက် ပွင့်လာသည်ကိုမြင်လိုက်ရသည်။ သူမသည် ယန်ယဲ့စကားများကို မယုံနိုင်ဖြစ်နေသည်။ သူမသည် လှည့်ပြီးယန်ယဲ့၏မျက်လုံးများကို ကြည့်လိုက် သည်။ သူမသည် သူ၏မျက်လုံးထဲမှ အဖြေရှာတွေ့သွားသဖြင့် ခါးသက်စွာပြုံး လိုက်သည် “ဆက်ဆံရေးကထူးခြားတယ်ဟုတ်လား ဘာအဓိပ္ပာယ်လဲ”
ယန်ယဲ့သည် လက်မြှောက်ပြီး သူမ၏မျက်နှာကို ဆိတ်ကာ ပြုံးပြီး ပြော လိုက်သည် “ဟွမ်အာ ယောက်ျားကြီးနှစ်ယောက်က အတူရှိဖို့ နေရခက်နေ တယ်ဆိုရင် ဘယ်လိုထင်လဲ၊ မင်းက ယောက်ျားလေးအဖြစ် ပြန်ဝင်စားပြီး မင်း ဘယ်လိုပဲဖြစ်ဖြစ် ကိုယ် မင်းကိုကောင်းကောင်းဆက်ဆံမယ်ဆိုရင် ရင်ထဲထိမှာ လား”
ပေထင်းဟွမ် မည်သို့ပြန်ဖြေရမည်နည်း။ သူမသည် ယန်ယဲ့၏ ခရမ်းရောင်မျက်လုံးများကိုကြည့်လေသည်။ ထိုမျက်လုံးများသည် ရောင်ပြန် ဟပ်နေသည့်အလင်း အောက်တွင် ၎င်းသည် နဂါးငွေ့တန်းမှလျှံထွက်လာသည့် တောက်ပသည့် ကြယ်များကဲ့သို့ပင်။ သူမသည် ရုတ်တရက် ထိုမေးခွန်းကို စဉ်းစားရတော့သည်။
ထို့အပြင် ယန်ယဲ့သည် သူမကို အပင်ပန်းမခံနိုင်ပေ။ ဆေးနံ့သည် လေ ထဲတွင်ပျံ့နှံ့လာပြီး ယန်ယဲ့သည် ဆေးကို သူမ၏ချယ်ရီကဲ့သို့နီရဲသော နှုတ်ခမ်း ထဲသို့ထည့်ပေးလိုက်သည် “အဲအကြောင်းတွေ မစဉ်းစားနဲ့တော့ ဘယ်လိုတွေပဲ ဖြစ်လာပါစေ မနက်ဖြန်မှပြောမယ်၊ ဒီနေ့ညတော့ ကောင်းကောင်းနားလိုက်”
ပေထင်းဟွမ်သည် တုံ့ပြန်လိုက်သည်။ သို့သော် သူမ မည်သို့အိပ်ပျော် တော့မည်နည်း။ ယန်ယဲ့၏ဆေးသည် စိတ်စွမ်းအားကို ပြန်အားကောင်းလာစေ သည်။ ဆေးသောက်ပြီးနောက် အပ်များဖြင့်ထိုးခံရသလိုဖြစ်နေသော ခေါင်း သည် မနာတော့ဘဲ ပို၍သက်တောင့်သက်သာဖြစ်လာသည်။ သူမသာ အိပ်မပျော်လျှင် ယန်ယဲ့အရင်အိပ်မည်မဟုတ်သည်ကို ပေထင်းဟွမ်သိသည်။
ပေထင်းဟွမ်သည် သူ၏လည်ပင်းကိုသိုင်းဖက်ကာ ချွဲနွဲ့လေသည် “ယဲ့ ပြောပါဦး သူတို့က ဘယ်လိုထူးခြားနေကြတာလဲ”
ယန်ယဲ့သည် သက်ပြင်းချကာ ပေထင်းဟွမ်၏လက်များကို ဆွဲချပြီး သူမ အား တင်းကြပ်စွာပွေ့ဖက်ထားလိုက်သည် “ရှီရှောင်မိုက မူးနေလို့ မင်းအစ်ကိုကြီးက ပြန်ခေါ်သွားတယ်တဲ့၊ သူက ရှီရှောင်မိုကို သူနဲ့တစ်ခန်းတည်း တစ်ကုတင်တည်း အိပ်ခိုင်းနေတယ်လို့ အကြီးအကဲကြီး ပြောတယ်”
တစ်စုံတစ်ရာမှားယွင်းနေသည်ကို ပေထင်းဟွမ် ရှင်းလင်းစွာသိသည်။ ထို့ကြောင့် သူမဘာသာ နှစ်သိမ့်လေသည် “အဲဒါ ဘာဖြစ်လို့လဲ အရွယ်ရောက် ပြီးသား ယောက်ျားနှစ်ယောက်အတူအိပ်တာ ဘာလုပ်နိုင်မှာလဲ”
ထိုသို့ပြောလိုက်သော်လည်း ပေထင်းဟွမ်သည် အနည်းငယ် မှောင်နေ တုန်းပင်။ ညအိပ်ပျော်ချိန်၌ သူမ အိပ်မက်မက်ခဲ့သည်။ အိပ်မက်ထဲတွင် ပေထင်းကျင်နှင့် ရှီရှောင်မိုတို့သည် တစ်စုံတစ်ရာလုပ်နေကြသည်။