ပိုးဟပ်လား ဒါဘယ်လိုသားရဲမျိုးလဲ
Vol. 66 Ch. 1313
ရှီရှောင်မိုသည် မိန်းကလေးဖြစ်သည်ကို ပေထင်းဟွမ်မသိပေ။ သိလျှင် သူမသည် ပို၍ဂနာမငြိမ်ဖြစ်မိမည်။ သူမသည် အစ်ကိုကြီးဖြစ်သူ၏စရိုက်ကို အလွန်ယုံကြည်သည်။ သူသည် တခြားသူ၏အန္တရာယ်ကို အခွင့်ကောင်းယူမည့် ဗီလိန်မဟုတ်ပေ။ ရှီရှောင်မိုသည်လည်း အားလုံးမြင်သည့်အတိုင်း မိန်းကလေး မဟုတ်ပေ။
အကြီးအကဲကြီးသည် ပေထင်းကျင်အတွက် အထူးတလည် အခန်းကြီး တစ်ခန်းကိုစီစဉ်ပေးခဲ့ကာ အရှေ့နှင့်အနောက် အခန်းနှစ်ခန်းရှိသည်ဟု ပြောခဲ့ သေးသည်။ ပေထင်းကျင်နှင့် ရှီရှောင်မိုတို့သည် တစ်ခန်းတည်းအိပ်နေရာ သူမ အိပ်ပျော်ပြီးနောက်တွင် အခိုင်းတော်လိမ့်မည်ဟု မည်သူထင်ထားမည်နည်း။ သူမသည် ရေဆက်တိုက်တောင်းနေပြီး အိပ်မက်ဆိုးများမက်ကာ အသံမျိုးစုံ ထွက်ပြီး နောက်ဆုံးတွင် ပေထင်းကျင်မှစောင်ခြုံပေးလိုက်ရသည်။ သူမသည် ပေထင်းကျင်အား မလွှတ်တမ်းပွေ့ဖက်ထားလေသည်။
ပေထင်းကျင်သည် တစ်နေကုန် ပြေးလွှားပြီးနောက် ပင်ပန်းနေခဲ့သည်။ မူလက ရှီရှောင်မိုအိပ်ပျော်သွားချိန်တွင် သူမ၏ ချုပ်ထားခြင်းမှ ခွာရန်ဖြစ် သည်။ သို့သော် သူ အိပ်ပျော်သွားလိမ့်မည်ဟု မည်သူသိမည်နည်း။
ယန်ချန်း၏မနက်ခင်းသည် အလှပဆုံးအချိန်ဖြစ်သည်။ နေရာတိုင်းမှ ပီအန်းပန်းများသည် မနက်ခင်းအလင်းတွင် ဖြည်းဖြည်းချင်းပွင့်လန်းလာပြီး စွဲမက်စရာအသံထွက်ပေါ်လာလေသည်။ ဝိညာဉ်စွမ်းအင်သည် ရေလှိုင်းများ ကဲ့သို့ သန်မာပြီး သာမန်မျက်လုံးနှင့်ပင် လေညှင်းကြောင့်ဖြစ်ပေါ်လာသော လှိုင်းဂယက်များကို မြင်နိုင်လေသည်။ လူအများသည် သူတို့၏ခွန်အား တိုးတက်ရန်အတွက် မနက်ပိုင်းတွင် စောစောလေ့ကျင့်ကြသည်။
အရှေ့ဘက်တွင် အမှောင်ပြိုကွဲသွားပြီး တင်ပျဉ်ခွေထိုင်ကာ ကျင့်ကြံသည့် လူများကို အတွင်းမြို့၏ခေါင်းမိုးအထက်တိုင်းတွင် မြင်နိုင်လေ သည်။
“အာ”
အော်သံတစ်ခုသည် အတွင်းမြို့တစ်ခုလုံး၏ ခေါင်မိုးများအား ပြိုကျမတတ်ပင်။ အားနည်းသောလူတချို့သည် အော်သံကြောင့် သွေးများ ပြောင်းပြန်စီးပြီး ဒေါသထွက်လုနီးပါးဖြစ်သွားသည်။ ကံကောင်းစွာပင် အနီးအနားရှိ ကျွမ်းကျင်သူများသည် အချိန်မှီလက်ကမ်းကူညီရာ သူတို့ ရူးမသွားခြင်းပင်ဖြစ်သည်။
သို့သော် ထိုမှားယွင်းသောအချက်ပေးသံသည် သူတို့ကို အလွန်ဒေါသ ထွက်အောင်လုပ်လေသည်။ ထို့အပြင် ဤကဲ့သို့အရာမျိုးကို ယန်ချန်းတွင် မကြုံတွေ့ရသည်မှာ နှစ်ပေါင်းသောင်းချီကြာပြီဖြစ်သည်။
“ဘာဖြစ်တာလဲ” လူတစ်ယောက်သည် ဒေါသဖြစ်ဖြစ်နှင့်မေးလိုက်၏။
မည်သူမှ ပြန်မဖြေကြပေ။ သို့သော် အကြီးအကဲကြီးသည် အသံလာရာ နေရာသို့ ဦးဆောင်ခေါ်သွားလေသည်။ ထို့နောက် မြို့စားနှင့်နတ်မိစ္ဆာဧကရီတို့ လည်း အသံလာရာဘက်သို့ လက်တွဲပြီးလာနေသည်ကိုမြင်ရာ စိတ်လှုပ်ရှားစွာ နှင့် ပွဲကြည့်ရန်လာကြသူများသည် တန့်သွားကြလေသည်။
ပေထင်းကျင်သည် အလွန်ပင်စိတ်ထိခိုက်မိ၏။ သူသည် မသန်မာသဖြင့် ရှီရှောင်မို၏ ကန်ချခြင်းကိုခံလိုက်ရသည်။ ပေထင်းဟွမ်သည် ညိုမည်းသွား သော တင်ပါးကိုပွတ်ပြီး အိပ်ရာပေါ်တွင် မကျေမနပ်နှင့်ထိုင်နေသည့် ရှီရှောင်မို ဘက်သို့လှည့်ပြီး ရှုပ်ထွေးသောမျက်လုံးများဖြင့် ကြည့်လေသည်။
သူတို့နှစ်ယောက်သည် တစ်ယောက်ကအပေါ်၊ တစ်ယောက်ကအောက် နှင့် စိုက်ကြည့်နေကြသည်။ ပေထင်းကျင်သည် အနည်းငယ် ဆွံ့အမိသည်။ ရှီရှောင်မိုသည် ဘာပြောရမည်ကိုမသိတော့ပေ။
ကံကောင်းစွာပင် တံခါးခေါက်သံသည် တိတ်ဆိတ်ခြင်းကိုဖြိုခွင်းလိုက် သည်။ ရှီရှောင်မိုသည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်သည်။ တံခါး အပြင်မှ ချီဖေး ချီလန်အသံထွက်လာပြီး ရှီရှောင်မိုအား မေးမြန်းလေသည်။ ရှီရှောင်မိုသည် သူတို့ဝင်လာမည်ကိုကြောက်သဖြင့် စိတ်လှုပ်ရှားစွာဖြင့် ပြန် ဖြေလေသည် “မဟုတ်ဘူး ဘာမှမဟုတ်ဘူး ဒီအတိုင်း ကြမ်းခင်းပေါ်မှာ ပိုးဟပ် မြင်လိုက်လို့”
ပိုးဟပ်ဟုတ်လား။ အဲဒါဘယ်လိုသားရဲလဲ။ ဘာလို့ တစ်ခါမှမကြားဖူးတာ လဲ။
တံခါးအပြင်တွင် အကြီးအကဲကြီးနှင့်ချီဖေးတို့ညီအစ်ကိုသည် တစ်ယောက်နှင့်တစ်ယောက် စိုက်ကြည့်မိကြသည်။ မည်သူမှ မကြားဖူးကြပေ။ အပြင်မှအလောတကြီးရောက်လာသော ယန်ယဲ့ပင်လျှင် ငေးငိုင်သွားလေသည်။ သူမသည် ဘုံတစ်ခုမှဆင်းသက်လာခြင်းကြောင့် ထို သားရဲအမျိုးအစားကို မကြားဖူး မမြင်ဖူးခြင်းဖြစ်လိမ့်မည်။
ချီဖေးတို့ညီအစ်ကိုကြားသောအခါ ထိုအရာသည် အလွန်အားကောင်း သော သားရဲဖြစ်လိမ့်မည်ဟု တွေးလိုက်သည်။ ပင်မတိုက်ကြီး၏ အလုံခြုံဆုံး နေရာတွင် ဤကဲ့သို့အန္တရာယ်များသောသားရဲပေါ်လာလိမ့်မည်ဟု မည်သူမှ ထင်မထားပေ။
သူတို့နှစ်ယောက်သည် ရူးတော့မလိုပင်။ ရှီရှောင်မိုသာ တစ်ခုခုဖြစ်ပါက သူတို့နှစ်ယောက် သေရလိမ့်မည်။ ဧကရာဇ်မို သူတို့ကိုတစ်စုံတစ်ရာမလုပ်လျှင် တောင် သူတို့၏ဖခင် ချီရှောင်တကျိကျင်းသည် သူတို့ကိုသက်ညှာမည်မဟုတ် ပေ။