Chapters

မင်းပြောတာက ငါက ပိုးဟပ်ပေါ့

Vol. 66 Ch. 1314

မင်းပြောတာက ငါက ပိုးဟပ်ပေါ့

Vol. 66 Ch. 1314

“ယန်ချန်းက အိပ်ရာမှာ ပိုးဟပ်လိုသားရဲမျိုးလာတွေ့ရလိမ့်မယ်လို့ တကယ် ထင်မထားဘူး” ချီလန်သည် ဒေါသထွက်ထွက်နှင့် နှာမှုတ်လေသည် “ရှောင်မို ယန်ချန်းမှာ တစ်ခုခုဖြစ်ရင် နတ်မိစ္ဆာဧကရာဇ်အရှင်ကိုယ်တိုင် ကွေ့ရှိုမိုယွိကိုသွားပြီး ရှင်းပြပေးပါ ကျုပ်တို့ ဒီတာဝန်ကိုယူမပေးနိုင်ပါဘူး”

“မဟုတ်တာတွေမပြောနဲ့” ချီဖေးသည် စိတ်လှုပ်ရှားစွာနှင့် တံခါးခေါက် ရန်ဟန်ပြင်လိုက်သော်လည်း တကယ်တော့ မခေါက်ရဲပေ။ ရှောင်မိုသည် မိန်းကလေးဖြစ်သည်ကို ယန်ချန်းမှလူများမသိကြပေ။ သို့သော် သူတို့သိသည်။ ရှီရှောင်မို ဤဒေါ်လေးသည် သူတို့ကို သက်ညှာပေးမည်မဟုတ်ပေ။

ချီဖေးသည် ရွေးချယ်စရာမရှိတော့ဘဲ တံခါးကိုကြည့်ကာ အော်လိုက် သည် “ရှောင်မို မကြောက်နဲ့ ငါတို့ဝင်လာပြီ”

“အာ... မလာနဲ့ ငါ အင်္ကျီဝတ်မထားဘူး၊ ဘယ်သူမှဝင်မလာနဲ့”

ချီဖေး ဝင်လာတော့မည်ဟုကြားသည်နှင့် ရှီရှောင်မိုသည် အထဲမှ အော် လေသည်။ မိန်းကလေးတစ်ယောက်အနေနှင့် အင်္ကျီမပါဘူးဟု ပြောလိုက်လျှင် မည်သူဝင်လာရဲမည်နည်း။ ချီဖေးနှင့် ချီလန်တို့သည် အပြင်တွင် ဆွေ့ဆွေ့ခုန် နေကြသည်။ သူတို့ မည်မျှပင် အားကောင်းစေကာမူ အထဲမှပိုးဟပ်ကို စူးစမ်းရန် ဝိညာဉ်အာရုံကိုမသုံးရဲကြပေ။ ၎င်းသည် မည်မျှအားကောင်းနေသနည်း။

ပိုးဟပ်ဆိုသည့်သားရဲသည် မည်မျှအားကောင်းသည်ကို သူတို့မသိပေ။ ရှီရှောင်မို၏ မိခင်နှင့်ဖခင်တို့ ကမ္ဘာကြီးအကြောင်းပြောစဉ်က ပိုးဟပ်သည် စိတ်ရှုပ်စရာကောင်းသည့် ပိုးမွှားဖြစ်သည်ဟု ပြောသည်ကိုကြားဖူးသည်။ ကမ္ဘာပေါ်တွင် ရွံစရာကောင်းသည့်သတ္တဝါကို ဖော်ပြမည်ဆိုပါက ပိုးဟပ်ကို ပြသရမည်ဖြစ်သည်။

ပိုးဟပ်များသည် အလွန်ပင်အားမာန်တက်ကြွပြီး နေရာတိုင်းတွင် မြင်နိုင် လေသည်။

အထဲမှ မည်သည့်အသံများ ထွက်မလာတော့ပေ။ ချီဖေးနှင့် ချီလန်တို့သည် တံခါးနှင့်နားကပ်ကြည့်သော်လည်း အထဲတွင်ဖြစ်ပျက်သမျှကို မကြားရပေ။

ထိုအခိုက်အတန့်တွင် ပေထင်းကျင်သည် ရှီရှောင်မိုအား မေးနေလိမ့်မည် ဟု သူတို့မျှော်လင့်ထားမည်မဟုတ်ပေ “ပိုးဟပ်ကဘာလဲ မင်းပြောချင်တာက ငါက ပိုးဟပ်ပေါ့”

ရှီရှောင်မိုသည် ကြုံရာပြောလိုက်ခြင်းဖြစ်သော်လည်း ပေထင်းကျင်၏ မေးခွန်းကိုကြားလိုက်ရသောအခါ ရယ်မောမိလေသည်။ သူမသည် ပေထင်းကျင်၏ နတ်ဘုရားတစ်ပါးတမျှချောမောသော မျက်နှာကို ကြည့်ရန် အနည်းငယ်ကြောက်ရွံ့မိသည်။ သူမသည် မျက်နှာလွှဲကာ သူ့အားမကြည့်ရဲ ပေ။ ပေထင်းကျင်၏မျက်နှာသည် သူမ၏မျက်လုံးရှေ့တွင် အနည်းငယ် လှုပ်ခတ်နေတုန်းပင် “ငါ့အမေပြောတာတော့ ပိုးဟပ်တွေက စိတ်ရှုပ်စရာကောင်းတဲ့ပိုးကောင်တဲ့ မင်းအဲလိုထင်ရင် အဲလိုပဲပေါ့”

ပေထင်းကျင်သည် မြေပေါ်မှထကာ ရှီရှောင်မိုအား တင်စီးစွာ စိုက်ကြည့် လိုက်သည်။ သူ၏စိတ်ထဲတွင် ဒေါသစိတ်မဖြစ်ပေ။ ထင်ရှားစွာပင် သူ့ကို တွယ်ဖက်ထားသည်မှာ ဤကောင်လေးသာဖြစ်သည်။ နိုးလာပြီးနောက် ယန်ချန်းမှလူများအားလုံးရောက်လာအောင် အော်လိုက်သည်မှာလည်း သူမ ပင်။ အပြင်တွင်လူများဝိုင်းလာရုံသာမက သူ ထွက်သွားချင်တိုင်းပင် ထွက်သွား မရပေ။

ပေထင်းကျင်သည် ရှီရှောင်မို၏ အခန်းထဲမှထွက်လာလျှင် အပြင်မှလူ များ၏ မျက်နှာမှာ မည်မျှအံ့ဩနေလိမ့်မည်ကို တွေးကြည့်၍ရနေသည်။

အခန်းထဲတွင် တိုးညင်းသောအသံပင်လျှင် အပြင်လူများကြားနိုင်သည်။ သို့သော် တိုးညင်းသောအသံများသည် အပြင်တွင်စောင့်ဆိုင်းနေသာလူများကို ပါးစပ်မပိတ်နိုင်လောက်အောင် ထိတ်လန့်သွားစေသည်။ သူတို့သည် ပါးစပ်ကို ကျယ်ကျယ်ဟထားကာ တောင့်တင်းစွာကြည့်ကြလေသည်။

“အစ်ကို ဒီပိုးဟပ်က ဘယ်လောက်တောင် အားကောင်းနေလို့လဲ၊ အနည်းဆုံးတော့ နတ်သားရဲအဆင့်ဖြစ်လိမ့်မယ် နားထောင်လိုက် သူ စကား ပြောနိုင်တယ်” ချီလန်သည် အနည်းငယ် စိတ်လှုပ်ရှားလာသည်။ နတ်သားရဲ သည် သူ့ကိုအံ့ဩအောင်လုပ်နိုင်သည်။ သူတို့ မည်သို့လုပ်သင့်သနည်း။

“အထွတ်အမြတ်သားရဲဖြစ်လိမ့်မယ်လို့ အာရုံရနေတယ်” ချီဖေးသည် ထိုအချိန်တွင် အနည်းငယ် စိတ်လှုပ်ရှားမိသည်။ သူသည် တံခါးကို လက်သီး ဖြင့် အကြိမ်ပေါင်းများစွာထုရိုက်ချင်သော်လည်း မရိုက်ရဲသဖြင့် နောက်ဆုတ် လိုက်သည်။

ပိုးဟပ်ဟုတ်လား။ ပေထင်းဟွမ်သည် ဆွံ့အမိသည်။ ဒီ‌ရှီရှောင်မိုက တကယ် အပြောကောင်းတာပဲ။ ပိုးဟပ်ကိုတောင် ဆွဲထည့်လိုက်သေးတယ်။ ဘေးတွင် အကြီးအကဲကြီးသည် မေးလေသည် “မြို့သခင် ကျုပ် တုံးအတဲ့ အတွက်ခွင့်လွှတ်ပါ၊ ပိုးဟပ်က ဘယ်လိုသားရဲမျိုးလဲ၊ သခင်ရှီရှောင်မို အန္တရာယ် ရှိနိုင်လား”