အထဲမှာ ပေထင်းကျင်ရှိတယ်
Vol. 66 Ch. 1315
ယန်ယဲ့သည် ခေါင်းခါယမ်းပြီး ပိုးဟပ်သည် မည်သို့သောသားရဲမျိုးဖြစ် သည်ကို မသိကြောင်းပြောပြနေသည်။ အခန်းထဲမှလူသည် အင်္ကျီဝတ်မထားဟု ပြောနေသဖြင့် ယန်ယဲ့သည် အသိစိတ်ဖြင့်အာရုံမခံသဖြင့် ပိုးဟပ်မည်မျှ သန်မာသည်ကိုမသိပေ။
“တခြားသားရဲဆိုရင် အန္တရာယ်ရှိနိုင်တယ်၊ ပိုးဟပ်ဆိုရင်တော့ တစ်ခုခု မှားနေတာပဲ” ပေပထင်းဟွမသ်ည် သက်ပြင်းချကာ ယန်ယဲ့အားမှီပြီး ပျင်းရိစွာ ပြောလိုက်သည်။
“ဟင်” အကြီးအကဲကြီးသည် အနည်းငယ်ပူပန်သွားသည်။ သို့သော် ပေထင်းဟွမ်၏စကားများကိုကြားသောအခါ ယန်ယဲ့ပျံသွားသည်ကိုမြင်သည် နှင့် သူ၏မျက်နှာထားလည်း သက်တောင့်သက်သာဖြစ်ကာ စိတ်လှုပ်ရှားစွာနှင့် စောင့်ကြည့်လေသည်။ အကြီးအကဲကြီးသည် သူ့ရာထူးနှင့် ထိုက်တန်သည်။ မနေ့ညက ရှီရှောင်မိုနှင့် ပေထင်းကျင်တို့ အခန်းမျှသုံးသည်ကို ရုတ်တရက် သတိရသွားသည်။ ထို့ကြောင့် သူ ခြေတစ်လှမ်းဆုတ်ပြီး အလောမကြီးတော့ ပေ။
ချီဖေးတို့ညီအစ်ကိုသာ ဘာကြောင့်မှန်းမသိ စိတ်လောနေကြသည်။ စိတ်လှုပ်ရှားနေသူမှာ နောက်တစ်ယောက်ရှိသေးသည်။ ပေထင်းချင်းပင်ဖြစ် သည်။
ပေထင်းချင်းသည် ပေထင်းကျင်ကြောင့် ဤခြံဝင်းတွင်နေခြင်းဖြစ်သည်။ လှုပ်ရှားသံကြားပြီးနောက် သူ ပြေးလာခဲ့သည်။ ထိုအချိန်တွင် သူ မည်သို့လုပ်ရ မည်ကိုမသိတော့ပေ။ သူသည် ပေထင်းဟွမ်အား ဝိုင်းပတ်လေသည် “မြေးလေး ဘာလို့ မင်းအစ်ကိုကြီးရဲ့အသံကြားနေရတာလဲ၊ မင်းရဲ့အစ်ကိုကြီးကိုလည်း အဲဒီ ပိုးဟပ်ကသတ်လိုက်ပြီလား၊ အိမ်ထဲမှာ ပိတ်မိနေတာလား”
ပေထင်းဟွမ်သည် မျက်ခုံးများကိုပင့်မြှောက်ကာ ပေထင်းချင်းအား ကြည့်လေသည်။ သူမသည် အဘိုးဖြစ်သူကို စိတ်ထဲမှလေးစားမိသည်။ ဤ အတွေးသည် တကယ်ပင် ခြယ်လှယ်လွန်းသည် “အဘိုး ဒီဖြစ်နိုင်ခြေက မဖြစ် နိုင်စရာမရှိဘူး”
“ဒါဆို ငါတို့ဘာလုပ်သင့်လဲ၊ မင်းအစ်ကိုကြီးလည်း ဝိညာဉ်ဂိုဏ်းပဲကို ဒီပိုးဟပ်က ဘယ်လောက်အားကောင်းတာလဲ၊ ဓား ၄ လက် နတ်ဘုရားဘုရင်နဲ့ ဝိညာဉ်ဂိုဏ်းကိုတောင် ချောင်ပိတ်နိုင်တာ...”
ပေထင်းချင်း စကားမဆုံးခင်မှာပင် သုံးပေမြောက်အောင် ခုန်လိုက်သော ချီလန်သည် စကားဖြတ်ပြောလေသည် “အစ်ကိုကြီး အဲဒီကောင်ပေထင်းကျင် အထဲမှာရှိနေတယ်ဆိုတာ ကြားလိုက်လား မနေ့ညက တစ်ခုခုမှားနေပြီလို့ ခံစားမိလိုက်တယ်၊ အဲကောင်က အထဲမှာ တစ်ခုခုလုပ်နေတာမဖြစ်နိုင်ဘူးလား”
ချီဖေးသည် မတုံးအပေ။ သူ၏မျက်လုံးများသည် ချက်ချင်းပင် ခက်ထန် လာသည် “ဟင်း အဲကောင်က ရှောင်မိုကို အရှက်ရစရာ တစ်ခုခုလုပ်တာဖြစ်ရ မယ်၊ မဟုတ်ရင် မင်းပြောကြည့် ပိုးဟပ် အဲဒီပိုးဟပ်က ဘယ်ကနေရောက်လာ တာဲ၊ ပတ္တမြားကမ္ဘာတစ်ခုလုံးမှာ ပိုးဟပ်လိုမျိုး သားရဲရှိတယ်လို့မကြားဖူးပါဘူး”
ယခုအချိန်တွင် ရှီရှောင်မိုသည် သူတို့နှစ်ယောက်၏ လည်ပင်းပေါ်သို့ ဓားတင်လိုက်ပြီဖြစ်သည်။ ညီအစ်ကိုနှစ်ယောက်လုံးသည် တံခါးကိုတွန်းဖွင့်ရန် တုံ့ဆိုင်းနေမည်မဟုတ်ပေ။
သူတို့နှစ်ယောက်သည် နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်ကာ တံခါး အား ဘီလူးစီးသကဲ့သို့ ရိုက်လေသည်။ ပေထင်းဟွမ်သည် ဘာပြောရမည်ကို မသိတော့ကာ ယန်ယဲ့နှင့် အကြည့်ချင်းဖလှယ်လိုက်ကြသည်။ သူတို့နှစ်ယောက်မှာ တစ်ယောက်နှင့်တစ်ယောက်၏ မျက်လုံးထဲတွင် ရှက်ရွံ့ သည့် အရိပ်အယောင်မြင်လိုက်ရလေသည်။
“ယဲ့ ကျွန်တော် ဂရုမစိုက်တော့ဘူး၊ ရှောင်မိုက ကျွန်တော့်ညီအစ်ကိုဆို ပေမဲ့ သူက ယောက်ျားလေး မိန်းကလေးဖြစ်တာနဲ့မဆိုင်ဘူး၊ အစ်ကိုကြီး သူ့ကို သဘောကျတယ်ဆို ခင်ဗျား ကျွန်တော့်အစ်ကိုကြီးကို ကူညီရမယ်” ပေထင်းဟွမ်သည် ယန်ယဲ့လက်မောင်းကို ဖက်ကာ ရှားရှားပါးပါး မိန်းကလေးဆန်စွာ ချွဲနွဲ့ပြောလေသည်။
ယန်ယဲ့ သက်ပြင်းချလေသည်။ သူသည် လက်မြှောက်ကာ ပေထင်းဟွမ် ၏ ဦးခေါင်းကို ပွတ်သပ်ပေးလေသည် “ယန်မိုထျန်းမျိုးနွယ်ရဲ့ ဦးလေး ရာထူးနဲ့ ဆိုရင် မင်းအစ်ကိုက ကွေ့ရှိုရဲ့ ဧကရာဇ်မို ငြင်းတာမခံရလောက်ဘူး”
ထိုစကားကိုကြားပြီးနောက် ပေထင်းဟွမ်၏ နှုတ်ခမ်းထောင့်များသည် တဖြည်းဖြည်းမြင့်တက်သွားပြီး သူမ၏မျက်နှာမှာ ပျော်ရွှင်သောအပြုံးဖြင့် ပြည့်နှက်လာကာ ယန်ယဲ့၏ရင်ဘတ်အား အသာအယာထုရိုက်လေသည် “ဘယ်သူက ခင်ဗျား သရုပ်မှန်ကိုမှီခိုချင်လို့လဲ၊ ဇာမဏီမြို့ကနေ ၃၃ ကောင်းကင်ဘုံကို ပြောင်းချင်ရင် ဇာမဏီမြို့က ကိုယ့်ခွန်အားကိုပဲ မှီခိုမှာ”
“ဟုတ်ပြီလေ” သေချာပေါက်ပင် ယန်ယဲ့သည် မငြင်းဆန်ဘဲ သူ၏ရ ရင်ဘတ်ကို ထုရိုက်နေသော ပေထင်းဟွမ်၏လက်ကို ကိုင်လေသည်။ ပေထင်းဟွမ်သာ ကောင်းကင်မှ ကြယ်ကိုလိုချင်သည်ဟုပြောလာပါက သူသည် လှေကားထောင်ပေးရန် တုံ့ဆိုင်းနေမည်မဟုတ်ပေ။
“ဘုန်း”
သစ်သားတံခါးသည် ချီဖေးတို့ညီအစ်ကို ထုရိုက်သည့် ခွန်အားကို မတား နိုင်ပေ။ သစ်သားတံခါးသည် မြေကြီးပေါ်သို့လဲကျသွားပြီး အခန်းထဲမှ အရာအားလုံးသည် အားလုံး၏မျက်စိရှေ့တွင် ပေါ်လာလေသည်။