Chapters

ဧကရာဇ်မိုရှေ့မှာ ကိုယ်တိုင်ဝန်ခံမယ်

Vol. 66 Ch. 1316

ဧကရာဇ်မိုရှေ့မှာ ကိုယ်တိုင်ဝန်ခံမယ်

Vol. 66 Ch. 1316

ထိုအချိန်တွင် အိပ်ရာကိုကာထားသည့် ခန်းဆီးမှာ ကြမ်းခင်းပေါ်သို့ လဲကျသွားလေသည်။ ရလဒ်အနေနှင့် မြင့်မားသောပုံရိပ်တစ်ခုသည် အားလုံးရှေ့တွင် အဟန့်အတားမရှိပေါ်လာလေသည်။ သူသည် ခန္ဓာကိုယ်ကို အနည်းငယ်လှည့်ကာ တံခါးကိုကြည့်လေသည်။ သူ၏မျက်နှာတွင် အံ့ဩမှုနှင့် ရှက်ရွံ့မှုမှာ ဖုံးဖိ၍မရပေ။

ထိုမြင့်မားသောလူငယ်သည် ပေထင်းကျင်မဟုတ်လျှင် မည်သူဖြစ်မည် နည်း။

ချီဖေးညီအစ်ကိုတို့သည် ထိုအချိန်တွင် ရှီရှောင်မိုအား ဂရုမစိုက်နိုင်တော့ ဘဲ ပေထင်းကျင်ဆီသို့ ဝံပုလွေများအလား ပြေးဝင်လေသည် “အာ.. ဟေ့ကောင် ရှောင်မိုကို ဘာလုပ်လိုက်တာလဲ”

သူတို့နှစ်ယောက်လုံးသည် နတ်ဘုရားအဆင့်များဖြစ်ကြကာ သူတို့၏ ခန္ဓာကိုယ်မှ ထွက်လာသော နတ်စွမ်းအားနှင့်အတူ နတ်အာရုံဖြင့် ပိတ်လှောင် ရာ ဝိညာဉ်ဂိုဏ်းခွန်အားအဆင့်သာရှိသော ပေထင်းကျင်မှာ ခုခံနိုင်စွမ်းမရှိပေ။

ကံကောင်းစွာပင် ထိုအချိန်တွင် တံခါးအပြင်ဘက်မှ မြူခိုး အရိပ်အယောင် ဝင်လာပြီး ပေထင်းကျင်အား တိုက်ခိုက်သည့် ချီဖေး ညီအစ်ကို၏တိုက်ခိုက်မှုကို တားလေသည်။ တစ်ချိန်တည်းမှာပင် ယန်ယဲ့၏ အသံလည်းဝင်လာလေသည် “အထင်လွဲတာပါ၊ အလောတကြီးမလုပ်ပါနဲ့ မင်း တကယ်လုပ်ချင်ရင် သခင်ပေထင်းကျင် ရှင်းပြတာကို နားထောင်ရမှာလေ”

ချီဖေးတို့နှစ်ယောက်သည် မမြင်ရသောခွန်အားကြောင့် ထိတ်လန့်သွား ကာ ရုတ်တရက် နောက်ဆုတ်လေသည်။ ချက်ချင်းဆိုသလိုပင် ချီလန်သည် ရှေ့တိုးပြီး စိတ်လိုက်မာန်ပါနှင့် ယန်ယဲ့အား တိုက်ခိုက်မည်ပြုလိုက် သော်လည်း ချီဖေးက တားလိုက်လေသည်။ ကံကောင်းစွာပင် ချီဖေးသည် အသိပညာရှိသည်။ သူတို့၏ဖခင်ဆိုလျှင်တောင် ယန်ယဲ့အား ကျေနပ်အောင် လုပ်နိုင်မည်မဟုတ်ပေ။

ချီဖေးသည် ဦးနှောက်ရှိသေးသည်။ သူသည် စိတ်ထဲမှ ဒေါသများကို ချုပ်တည်းကာ ယန်ယဲ့အား ပြောလိုက်လေသည် “နတ်မိစ္ဆာဧကရာဇ်အရှင် နတ်မိစ္ဆာဧကရာဇ်က ခံစားချက်နဲ့ သစ္စာကို တွယ်တာတဲ့သူလို့ ကြားဖူးပါတယ်၊ ကျုပ်မှတ်မိတာ မမှားရင် နတ်မိစ္ဆာဧကရာဇ်နဲ့ အဖေတို့က ဆက်ဆံရေးကောင်း ပါတယ် အဲတော့ သူငယ်ချင်းလို့ပြောလို့ရတယ်မလား”

“ဟုတ်တယ်” ယန်ယဲ့သည် တုံ့ဆိုင်းခြင်းမရှိ ခေါင်းညိတ်ကာ ချီဖေးတို့ ညီအစ်ကိုကို ညွှတ်ပြပြီး ပေထင်းဟွမ် ပြောလေသည် “သူတို့နှစ်ယောက်က ငါ့ သူငယ်ချင်းဟောင်း ချီရှောင်တကျိကျွင်းရဲ့ သားနှစ်ယောက်ပဲ”

ပေထင်းဟွမ်သည် လက်ပိုက်ကာ ပြုံးပြီး ချီဖေးတို့ညီအစ်ကိုကို ခေါင်းညိတ်ပြလေသည်။ သူမသည်လည်း ဖခင်ကိုပါ ဆွဲထည့်လာသည့် ချီဖေး၏ရည်ရွယ်ချက်ကိုသိသည်။

“ကျုပ်အဖေက နတ်မိစ္ဆာဧကရာဇ်ရှေ့မှာ သူငယ်ချင်းလို့ခေါ်ဖို့ထိုက်တန် မှတော့ နတ်မိစ္ဆာဧကရာဇ်က ဒီနေ့အဖြစ်အပျက်ကို မျှမျှတတဆုံးဖြတ်ပေးနိုင် လိမ့်မယ်လို့ ယုံပါတယ်” ချီဖေးသည် ဒေါသကြောင့် နီမြန်းလာသည် “ရှောင်မို ကို ကျုပ်တို့ခေါ်လာတာပါ၊ သူ တစ်ခုခုဖြစ်ရင် နတ်မိစ္ဆာဧကရာဇ်က ကျုပ်တို့ နှစ်ယောက်ကို ကူညီပေးနိုင်မလား ကျုပ်တို့ညီအစ်ကိုနှစ်ယောက်ကို ဖြေရှင်းခွင့်ပေးပါ”

ရှီရှောင်မိုသည် သူတို့နှစ်ယောက်၏ စကားများကိုကြားပြီးနောက် မယုံနိုင်ဖြစ်လေသည်။ ဒီနှစ်ယောက်က ပြဿနာတက်နေပြီလို့ ဘာလို့ခံစားနေ တာလဲ။

နတ်မိစ္ဆာဧကရာဇ် ခေါင်းညိတ်လေသည် “ကွေ့ရှို့နယ်မြေ ဧကရာဇ်မိုရဲ့ ရှေ့မှာ ငါကိုယ်တိုင် ရှင်းပြလိုက်ပါမယ်”

နတ်မိစ္ဆာဧကရာဇ်၏ စကားနှင့်အတူ ညီအစ်ကိုနှစ်ယောက်သည် ရှီရှောင်မိုအား အပြစ်ရှိသည့်အကြည့်နှင့် ခိုးကြည့်ကာ စိတ်အေးသွားလေသည်။ နတ်မိစ္ဆာဧကရာဇ်သည် သေသွားလျှင်တောင် ကတိတည်ပြီး ဘယ်သောအခါမှ ကတိမချိုးဖျက်ဟု နှစ်ပေါင်းသောင်းချီ ဂုဏ်သတင်းမွှေးခဲ့သည်။

သူသည် ဝန်ခံရန် ကျို့ကျူးမိုယွိသို့ သွားလျှင် ညီအစ်ကိုနှစ်ယောက်ကို လည်း ကယ်တင်သင့်သည်။

ထိုအချိန်တွင် ချီဖေးတို့အနောက်မှ ဝင်လာသော ပေထင်းချင်းသည်၊ အိပ်ရာရှေ့၌ ရှက်ရွံ့သောမျက်နှာဖြင့်ရပ်နေသည့် ပေထင်းကျင်အား မြင်လိုက်ရချိန်တွင် မျက်လုံးကြီးနီရဲလာသည်။ သို့သော် မြေးဖြစ်သူကို အပြစ် မတင်ရက်သဖြင့် ရှီရှောင်မိုအား ငိုယိုလုနီးပါး ပြောလေသည် “သခင်ရှီရှောင်မို မင်းက ဟွမ်ချန်းကို ကယ်တင်ခဲ့တယ်၊ မင်းကို သူရဲကောင်းအနေနဲ့ လေးစားပါ တယ်၊ ဒါပေမဲ့ မင်းမလုပ်သင့်ဘူး၊ ငါ့မြေးကို ဒီနည်းလမ်းနဲ့ မမြူဆွယ်သင့်ဘူး၊ ငါ့ပေထင်းမိသားစု၊ ဒီအဘိုးကြီးရဲ့မျိုးဆက်က ပြတ်တော့မယ်”