ပေထင်းမိသားစု၊ နှစ်ယောက်လုံးကပုလ္လိင်ပဲ
Vol. 66 Ch. 1317
မျိုးသုဉ်းမယ်ဟုတ်လား။ ဒါ နည်းနည်းလေးနက်သွားပြီမလား။ ချီဖေးတို့ ညီအစ်ကိုသည် အနည်းငယ် နားမလည်နိုင်ဖြစ်သွားသည်။ ဒီအဘိုးကြီးမှာ မြေး က နှစ်ယောက်ရှိတယ်မလား။ ရှီရှောင်မိုက ယောက်ျားလေးပါလို့ သူ တွေးရင် တောင် ပေထင်းကျင်က ရှီရှောင်မိုနဲ့အတူရှိပြီး ကလေးမရနိုင်ဘူးဆိုရင်တောင် ပေထင်းဟွမ်ရှိသေးတယ်မဟုတ်ဘူးလား။
သို့သော် သူတို့နှစ်ယောက်လုံး၏ မျက်လုံးများ ပေထင်းဟွမ်အပေါ်သို့ ကျရောက်သောအခါ သူမနှင့်ယန်ယဲ့တို့၏ ရင်းနှီးမှုကိုမြင်သောအခါ ဒေါသ ထွက်လွန်း၍ သွေးအန်ချင်မိလေသည်။
“အဘိုးကြီး ဘာမဟုတ်တာတွေ လာပြောနေတာလဲ၊ ခင်ဗျားက မိသားစု ကြီးလေးခုထဲက တစ်ခုဖြစ်တဲ့ ပေထင်းမိသားစုရဲ့ ရိုးရာကဘယ်လိုမျိုးလဲဆို တာ မကြည့်ဘဲနဲ့ ရှောင်မို့ကိုပဲ အပြစ်တင်နေတယ်” ချီလန်သည် မညှာမတာ လက်ညှိုးထိုးလေသည် “နှစ်ယောက်လုံးက ပုလ္လိင်တွေဖြစ်နေကြတာ၊ ခင်ဗျား တို့ ပေထင်းမိသားစုက အကောင်းဆုံးတွေပဲထိုက်တန်ပါတယ်”
ပေထင်းချင်းသည် မှင်တက်သွားသည်။ အတူဝင်လာကြသည့် အိပ်ခန်းထဲ မှလူများအားလုံးလည်း မှင်တက်သွား၏။ ချီလန် ထိုသို့သမပြောလျှင် မည်သူမှ သိကြမည်မဟုတ်ပေ။ သို့သော် ယခုအခါ သူသည် သူတို့အား သတိပေးလိုက်ရာ အားလုံးသည် ပြဿနာကို သတိထားမိသွားသည့်ပုံပင်။ ချီလန်ပြောသလိုပင် ပေထင်းဟွမ်နှင့် ပေထင်းကျင်တို့သည် ယောက်ျားများကို စိတ်ဝင်စားသည့်ပုံ ပင်။
အားလုံး၏မျက်လုံးများသည် လှောင်ပြောင်မှုများဖြင့်ပြည့်နေချိန်တွင် ရှီရှောင်မို၏မျက်လုံးများသည် နာကျင်မှုများအပြည့်ပင်။ သူမသည် ပေထင်းကျင်အား နာကျင်မှုတစ်စိတ်တစ်ပိုင်းပါသည့် ဝမ်းမြောက်သော မျက်လုံးများဖြင့် စိုက်ကြည့်လေသည်။ မျက်လုံးထဲမှ မျက်ရည်များလှိမ့်ကျလာ ပြီး စွပ်စွဲသည့်စကားလုံးများပါဝင်နေပုံပင်။ ပေထင်းကျင်အား ပြောရတော့ သည် “မင်း မင်း မင်းမှာ တကယ်ကြီး အဲလိုအတွေးရှိတယ်ပေါ့၊ ကျွန်တော်က မိန်းကလေးပါလို့ပြောရင် စိတ်ပျက်သွားမှာလား”
မိခင်ဖြစ်သူ စူးမို၏လွှမ်းမိုးမှုကြောင့် ရှီရှောင်မိုသည် လိင်တူကြားမှ ချစ်ခြင်းကို အထင်သေးခြင်း၊ မျက်စိမှိတ်ဘက်လိုက်ခြင်းမရှိပေ။ သို့သော် ဤကဲ့သို့ကိစ္စမျိုး သူမတွင် အဖြစ်မခံနိုင်ပေ။
သူမ စကားဆုံးသည်နှင့် သူမ၏ညီအစ်ကို အထင်လွဲမည်ကို စိုးရိမ်သဖြင့် ပေထင်းဟွမ်အား အလောတကြီး ပြောလေသည် “ညီအစ်ကို မင်းတွေးသလို ဆိုလိုတာမဟုတ်ပါဘူး မင်းက နတ်မိစ္ဆာဧကရာဇ်နဲ့အတူရှိတာကို နည်းနည်း နှမြောတယ်ဆိုပေမဲ့ မင်းက အချစ်စစ်အချစ်မှန်လေ၊ ငါ မင်းကိုချစ်ပါတယ်၊ ငါ မင်းကို ထောက်ပံ့တုန်းပဲ”
ဘာကဘာဖြစ်တယ်။ ပေထင်းကျင်နှင့် ပေထင်းဟွမ်တို့ မောင်နှမနှစ်ဦး မှာ ငေးကြောင်သွားကြသည်။ ပေထင်းဟွမ်သည် ဂရုမစိုက်ဟုညွှန်ပြသည့် အနေနှင့်ခေါင်းညိတ်လိုက်သည်။ သို့သော် ရှီရှောင်မိုသည် ဒေါသနှင့် ဝမ်းနည်း မှုစွက်သည့်မျက်လုံးများဖြင့် ပေထင်းကျင်အား စိုက်ကြည့်ပြီး သူ၏အဖြေကို စောင့်ဆိုင်းနေတုန်းပင်။
“မင်း မင်း ငါ ငါ...” သနားစရာ အင်ပါယာမြို့တွင် ကျော်ကြားသည့် ပေထင်းမိသားစု၏သခင်လေးသည် စိတ်လှုပ်ရှားလွန်းသဖြင့် စကားပင်ပြော မထွက်ဘဲ နောက်ဆုံးမှပင် စကားတစ်ခွန်းပြောာလေသည် “မင်းက ယောက်ျား လေးဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး”
ငါ မင်းကို ရှောင်ကျို့လိုပဲမြင်တာ။ ဒီလိုအထင်လွဲမှုမျိုး ဖြစ်သွားလိမ့်မယ် လို့ထင်မထားဘူး။
ရှီရှောင်မိုသည် ပေထင်းကျင်အား ငေးငိုင်စွာစိုက်ကြည့်လေသည်။ သူမ၏မျက်လုံးများထဲတွင် ထိတ်လန့်မှု နားမလည်မှုများရှိနေကာ အံ့ဩမှု လည်းရှိနေသည်။ သူမသည် ပေထင်းကျင်အား ဆက်တိုက်စိုက်ကြည့်နေရာ သူ့ မှာ ရှိုးတို့ရှန့်တန့်ဖြစ်လာကာ ဤနေရာတွင်နေစရာမရှိတော့သလို ခံစားမိ သဖြင့် အိပ်ခန်းထဲမှ ဖနောင့်နှင့်တင်ပါးတစ်သားတည်းကျအောင် ပြေးလေ သည်။
ချီဖေးနှင့် ချီလန်တို့သည် သူ့နောက်သို့လိုက်ချင်သော်လည်း ရှီရှောင်မို အား စိတ်ပူသဖြင့် ရှီရှောင်မိုအား အရင်ချော့မည်ဟု ဆုံးဖြတ်လိုက်ကြသည်။ ယခုလေးတင်ကပင် ကွေ့ရှိုမိုယွိ၏ မင်းသမီးလေးသည် မျက်ရည်ကျလုနီးပါး ဖြစ်ခဲ့သည်။
“ရှောင်မို သူ မင်းကို အနိုင်ကျင့်တာလား” ချီဖေးသည် ရင်ဘတ်ကို ပုတ် လေသည် “အစ်ကိုကြီးကိုပြော သူ မင်းကို အနိုင်ကျင့်ရင် ငါ သူ့ကိုဖြတ်ပစ်..”
“ဘယ်သူ့ကိုဖြတ်ချင်တာလဲ” ပေထင်းဟွမ်သည် ယန်ယဲ့၏ရင်ခွင်ထဲမှ ဖြည်းဖြည်းချင်းထွက်လာပြီး အိပ်ရာဘေးတွင်ရပ်ကာ ရှီရှောင်မိုအား စိုက်ကြည့် ပြီး ချီဖေး ချီလန်တို့ကို ကြည့်လေသည်။ အပြုအမူသည် အထင်သေးပုံပေါက် ကာ ရဲတင်းလွန်းရာ ထိုလူနှစ်ယောက်မှာ ဒေါသထွက်ချင်သော်လည်း မထွက်ရဲ ပေ။ ထိုလူငယ် မင်ဟွမ်အား ခေါင်းဖြတ်ခဲ့သည်ကို မြင်ခဲ့ပြီးနောက် ချီဖေး ချီလန်တို့သည် သူမကိုကြောက်မိသည်။
ချီဖေးချီလန်တို့ ခေါင်းအနည်းငယ်ငုံ့သွားသည်ကိုကြည့်ပြီး ထောင်လွှားမှု သည် တဖြည်းဖြည်းလျော့ကျသွားသည်။ ပေထင်းဟွမ်သည် ကျေနပ်စွာဖြင့် ပြုံးလိုက်သည် “နောက်ဆိုရင် မင်းတို့နှစ်ယောက်ဆီက ငါ့အစ်ကိုမကောင်း ကြောင်း မကြားရပါစေနဲ့၊ အမြင့်ဆုံးသခင်ကြီးရှောင်နဲ့ ယန်ယဲ့တို့က သူငယ်ချင်းတွေဆိုပေမဲ့ ငါနဲ့တော့မဟုတ်ဘူး”