← Chapters

မိခင်သစ်ပင်

Vol. 124 Ch. 4.1366

မိခင်သစ်ပင်

Vol. 124 Ch. 4.1366

"တစ်ခုခုမှားနေတယ်လို့ ခံစားမိလား"

လုရွှမ် ရုတ်တရက် လှည့်မေးလိုက်သည်။

သူသည် ကျီရွှေနှင့် အဂ္ဂိရတ်ဆေးပင် ကိစ္စကို ဆွေးနွေးနေပြီး သူ့ခန္ဓာကိုယ်က အလွန်ကြောက်စရာကောင်းတဲ့ ရောင်ဝါတစ်ခု ရှိနေသလို သတိပေးလာသည်။ လုရွှမ် ထျန်းယွမ်နတ်မီးလုံးကို ဖွင့်ပြီးနောက် ဤအရာဟာ နားမလည်နိုင်သော ခံစားချက်တစ်ခု ဖြစ်ကြောင်း သိလိုက်ရသည်။

သူ့ခန္ဓာကိုယ်ကို ကောင်းကင်မြေကြီး၏ စွမ်းအားဖြင့် ဆေးကြောပြီးနောက် သူ့ခန္ဓာကိုယ်ပေါ်ရှိ ကျန်ရှိနေသေးသော ကောင်းကင်မြေကြီး၏ အငွေ့အသက်ဟာ သူ့ရဲ့ ထျန်းယွမ်နတ်မီးလုံးရဲ့ လှည့်ပတ်မှုကို အကြိမ်ကြိမ် အားကောင်းလာစေသည်။

ဒီလိုခံစားရပြီ ဆိုတာနဲ့ အန္တရာယ်ရှိတယ် ဆိုတာ သိသာနေပါပြီ။ လုရွှမ်ရဲ့ စကားများက ရှေးဖြစ်ဟောကျမ်းလိုမျိုး အမြဲတမ်း တိကျသည်။ သူ့အသံကို ကြားတော့ ဓားလေ့ကျင့်နေသူတွေလည်း ရုတ်တရက် ရပ်တန့်သွားပြီး ဂရုတစိုက် အာရုံခံလိုက်သော်လည်း ဘာကိုမှ မခံစားနိုင်ဘဲ ဖြစ်နေကြသည်။

"ငါတို့ ထွက်သွားရမယ်... ရက်နည်းနည်းလောက် ကြာရင် နတ်ခြေလှမ်းနယ်ပယ်က အကောင်တွေ ဝင်လာလိမ့်မယ်"

လုရွှမ် ထိတ်လန့်တကြား အရိပ်အမြွက်နဲ့ အော်လိုက်ပေမယ့် အတိုင်းအတာ တစ်ခုထိတော့ သူ့စကားက သေချာကြောင်း ပြနေ၏။

စွမ်းရည်သုံးမျိုး အသက်သုံးချောင်းဓားကို လေ့ကျင့်ခဲ့ကြသော်လည်း ဤလူများဟာ နတ်ခြေလှမ်းနယ်ပယ်က မိစ္ဆာသားရဲများကို ခုခံနိုင်စွမ်း မရှိကြသေးပါ။ မိစ္ဆာ သားရဲတွေ ဒီကိုရောက်နေပြီ ဆိုတော့ တစ်ကောင်သာ ဝင်လာမယ် ဆိုရင်တောင် ဓားသိုင်းက အဓိပ္ပာယ် မရှိတော့ပေ။

လူခြောက်ယောက်၏ ခွန်အားဖြင့် မိစ္ဆာသားရဲ နှစ်ကောင် သို့မဟုတ် သုံး​ကောင်ကို တွန်းလှန်နိုင်မယ် သို့မဟုတ် မျှော်စင်နယ်ပယ် သားရဲများကိုပင် သတ်နိုင်သော်လည်း နတ်ခြေလှမ်းနယ်ပယ်က သားရဲသုံးကောင် သို့မဟုတ် တစ်ဒါဇင်ကျော်ကို တွန်းလှန်ဖို့ ကြိုးစားနေမယ် ဆိုရင်တော့ သေခြင်းတရားကို လက်ဝါးနဲ့ ပြေးရိုက်နေသလို ဖြစ်နေလိမ့်မည်။

"အဆင်သင့်ပဲမလား... ဒီကအသီးအနှံ အားလုံးကို အရင်စုလိုက်ရအောင်"

အရင်က သူနဲ့ ကျီရွှေတို့ဟာ မိစ္ဆာသားရဲများ သတိထားမိသွားမှာ စိုးရွံ့ခဲ့ကြတဲ့အတွက် အခုချိန်ထိ ကြီးကြီးမားမား မခူးခဲ့ကြချေ။ အခု သူတို့ ထွက်သွားတော့မယ်ဆိုရင် ဒီအသီးအနှံတွေကို မိစ္ဆာသားရဲတွေဆီ ထားခဲ့ဖို့ မလိုတော့ပါ။

လုရွှမ်ခန္ဓာကိုယ်ပေါ်၌ စိတ်ဝိညာဉ်မီးနှင့် လျှို့ဝှက်ဆန်းကြယ်သော ရေခဲမီးများ အရှိန်ပြင်းပြင်းဖြင့် တောက်လောင်နေသည်။ လုရွှမ်ရဲ့ ပြင်းထန်သော စိတ်ဝိညာဉ်စွမ်းအား၏ လွှမ်းမိုးမှုအောက်တွင် ထောင်ပေါင်းများစွာသော အစိတ်အပိုင်းများကို ပိုင်းခြားကာ သစ်သီးများဆီသို့ ပျံသန်းသွားကြသည်။

လုရွှမ် တွေးတောလိုက်တာနဲ့ အသီးအနှံတွေအားလုံး ကျောက်စိမ်း​ပြား နေရာထဲကို ပျံတက်သွားကြ၏။ လုရွှမ်မှာ လျှို့ဝှက်ချက်တွေ အများကြီး ရှိတယ်ဆိုတာ သူတို့ အချိန်အတော်ကြာ သိထားပေမယ့် လုရွှမ်ရဲ့ ကြောက်စရာကောင်းတဲ့ အပြုအမူက လူတိုင်းကို ထိတ်လန့်နေ​စေဆဲပါပဲ။

ဒါပေမဲ့လည်း ရယ်စရာကောင်းတာက အဲဒါတွေက ပိုလို့တောင် လန်းဆန်းနေစေ၏။ ဒီအသီးအနှံတွေကို အဲဒီနတ်ဆိုးတွေဆီ မထားခဲ့နိုင်ဘူးလေ။

"သွားကြရအောင်"

လုရွှမ်သည် ထျန်းယွမ်နတ်မီးလုံးနဲ့ ကောင်းကင်မြေကြီး၏ စွမ်းအင်ကို အားကိုးကာ မတော်တဆ လမ်းကြောင်းမှား၍ ပျံသန်းသွားခြင်းမျိုး မလုပ်ခဲ့ပေ။ ထုံးစံအတိုင်း လူအနည်းငယ်ကလည်း သူ့နောက်က လိုက်ကြ၏။ ကျီရွှေက ယောင်းရောင်ကို တွဲပေးထားကာ သူတို့ခြောက်ယောက်၏ အရှိန်သည် အထွတ်အထိပ်သို့ ရောက်သွားပြီး လျှင်မြန်စွာ ပျောက်ကွယ်သွားကြသည်။

နောက်သုံးရက်လောက် ကြာတော့ ဘီလူးအုပ်စု ထိုသစ်ပင်ကို လှမ်းကြည့်လိုက်ချိန် သူတို့အားလုံး ထိတ်လန့်သွားကြရသည်။ လုံးလုံးရိတ်သိမ်းပြီးတဲ့ သစ်ပင်ရဲ့ ပုံစံကို မမြင်ဖူးတာမျိုး မဟုတ်ဘဲ ဒီအချိန်က မမှန်ဘူး၊ စောလွန်းနေ၏။

ဒီနိဗ္ဗာနအသီးကို ရချင်ရင် ဒီနေရာမှာပဲ စားပစ်ရမှာ ဖြစ်ပြီးတော့ ရက်အနည်းငယ်အထိ ၎င်းရဲ့ အစွမ်းကို ဖိနှိပ်ထားနိုင်ပေမယ့် သေချာပေါက် သန့်စင်ဖို့လည်း လိုပါလိမ့်မည်။ အခု ထိုအငွေ့အသက်ကို မခံစားရတာမို့ လုံးဝ မသန့်စင်ရသေးကြောင်း သိသာလေသည်။

"မေ့လိုက်တော့... အရေးကြီးဆုံးက တစ်ဖက်ကမ်းပန်းပွင့်ပဲ သွားကြရအောင်"

မိစ္ဆာသားရဲ အုပ်စုတစ်စုသည်လည်း လျင်မြန်စွာ ထွက်ခွာသွားပြီး တစ်ဖက်ကမ်းပန်း ရှိရာသို့ ပျံသန်းသွားလေ၏။

"လုရွှမ် မင်း ဘယ်သွားမလို့လဲ"

ယောင်းရောင် မမေးနိုင်ဘဲ မနေနိုင်တော့ချေ။

လုရွှမ်အပေါ် သူတို့ သဘာဝအတိုင်း ယုံကြည်ခဲ့ကြသည်။ အနောက်ဖက်ဒေသက ကြီးမြတ်သော ဓားသိုင်းရှစ်ခုကို ကျော်လွန်သွားသော စွမ်းရည်သုံးမျိုးနှင့် အသက်သုံးချောင်းဓားရဲ့ ဓားကွက်အားလုံးကို သင်ပေးနိုင်သူများမှာ ၎င်းတို့အား သဘာဝအတိုင်း ဒုက္ခမပေးနိုင်ပေ။

ဒါပေမဲ့ လွန်ခဲ့တဲ့ ဆယ်ရက်လောက်ကတည်းက လုရွှမ်ဟာ ကောင်းကင်မှာ ပျံ့လွင့်နေပြီး တစ်ခုခုကို ရှာနေပုံပေါ်ပေမယ့် မတွေ့လိုက်ရသလို သူ့မျက်လုံးတွေတောင် အနည်းငယ် ဇဝေဇဝါ ဖြစ်နေပါ၏။

အထူးသဖြင့် လုရွှမ်ရဲ့ အသွင်အပြင် ပြောင်းလဲမှုကို အံ့သြ​နေရသည်။ လုရွှမ်၏ ခန္ဓာကိုယ်ပေါ်ရှိ ကောင်းကင်မြေကြီး၏ အငွေ့အသက်တို့ဟာ သာမန်မျက်စိဖြင့် ပိုင်းခြားသိမြင်နိုင်သော နည်းလမ်းဖြင့် ပျောက်ကွယ်သွားတာ ရှင်းရှင်းလင်းလင်း ခံစားနိုင်ကြသည်။

လုရွှမ်ဟာ ထူးခြားမှု တစ်ခုခုပြုလုပ်မလို့ ကောင်းကင်မြေကြီး၏ အငွေ့အသက်ကို အသုံးပြုနေသကဲ့သို့ပင်။ ယောင်းရောင်ဟာ မကျေနပ်တာ မဟုတ်ဘဲ စိတ်ပူနေတာပဲ ဖြစ်သည်။

ကောင်းကင်မြေကြီးရဲ့ အငွေအသက်က ဘယ်လောက် အဖိုးတန်သလဲ လူတိုင်းသိသည်။ ထိုအငွေ့အသက်သည် ညအချိန် ကောင်းကင်၌ လရောင်လိုမျိုး လူတို့ကို တောက်ပစေသော်လည်း ကောင်းကင်မြေကြီး၏ အငွေ့အသက် ကုန်ဆုံးရန် ဘယ်သူမှ အစပြုမည် မဟုတ်ပါ။

အစောပိုင်းတွင် ဘယ်သူကမျှ မေးရန် ရည်ရွယ်ချက် မရှိခဲ့သော်လည်း ဆယ်ရက်နီးပါးရှိပြီ ဖြစ်၍ စိုးရိမ်နေပြီ ဖြစ်သည်။ ထိုစဥ် လုရွှမ်က နောက်ဆုံး အသက်ရှုသွင်းပြီးနောက် ရပ်တန့်သွားသည်။

"ဒါလား?"

“ဒီမှာလား” လူတော်တော်များများက စိတ်ရှုပ်သွားကြသည်။

လုရွှမ်က သိုလှောင်လက်စွပ်ထဲမှ ရွှေချိုတစ်ချောင်းကို ထုတ်ယူလိုက်၏။ ရွှေချိုက ယခုအချိန်တွင် အလွန် တောက်ပနေချေပြီ။

"ဒါက?"

လုရွှမ် - "ရိုးရိုးသားသား ပြောရရင် ဒါက ဘာလဲဆိုတာ ငါတောင် မသိ​သေးဘူး... အာကာသ သတ္တဝါတစ်​ကောင်ရဲ့ ဦးချိုပဲလို့ ထင်တယ်... ဒါပေမဲ့ ရှင်းရှင်းလင်းလင်း မပြောနိုင်သေးဘူး... နားမလည်နိုင်တဲ့ မှော်ဆန်တဲ့ သက်ရောက်မှုတွေ ရှိတယ်... တစ်ခါတလေ ထူးထူးဆန်းဆန်း တုံ့ပြန်တာတွေ ထွက်လာတတ်ပေမယ့် ငါ့အသက်ကို ကယ်တင်ခဲ့ဖူးတယ်”

ရွှေချိုအကြောင်း ရွှေကျီးကန်းကို မေးထားပြီးသားပါး။ ဒါပေမဲ့ ရွှေကျီးကန်းလည်း ဒီအရာက ဘာလဲဆိုတာ မပြောနိုင်သေးပါဘူး။ ကံမကောင်းစွာဖြင့် ဤရွှေချို၏ ပိုင်ရှင်ဖြစ်သူ ရှဲ့ဖေးဖေးဖခင်ကတော့ ကွယ်လွန်သွားတာ ကြာခဲ့ပြီဖြစ်သည်။

ရှဲ့ကျားစုန့်လည်း ဒီအရာက ဘာလဲဆိုတာတောင် မသိတာ ဖြစ်နိုင်ပါ၏။

လူတော်တော်များများက ဒီရွှေချိုနဲ့ တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။ အရင်က လှုပ်ရှားမှုတွေကို အမှတ်ရပေမယ့် ဘာပြောရမှန်း မသိကြချေ။ နောက်ဆုံးတွင် ရွှေချိုသည် လုရွှမ်ခန္ဓာကိုယ်ရှိ ကောင်းကင်နှင့်မြေကြီး အငွေ့အသက် တစ်ခုလုံးကို အမှန်တကယ် စုပ်ယူသွားသလားဟူ၍ မေးရုံသာ ဖြစ်သည်။

၎င်းရွှေချို ကိုယ်တိုင်က မှော်ဆန်မှုကို ထင်ဟပ်စေသည်။

အားလုံး ဝိုင်းကြည့်ကြသော်လည်း ဤနေရာသည် အမှန်တကယ်ပင် တောင်ကုန်းတစ်ခုသာ ဖြစ်ပြီး အောက်ဘက်တွင်လည်း တောင်ကုန်းငယ်များ အစုလိုက်အပြုံလိုက် ရှိနေတာ တွေ့လိုက်ရသည်။

"အင်း အဲဒါက....."

ရုတ်တရက် ကျီရွှေက သူ့လက်ညှိုးနဲ့ အပင်တစ်ပင်ကို ညွှန်ပြပြီး အော်လိုက်၏။ အားလုံးက အလျင်အမြန် ကြည့်နေကြသော်လည်း သဘောမပေါက်ကြသေး။ ကျီရွှေသည် အလွန်စိတ်လှုပ်ရှားနေသဖြင့် ထပ်မံ ဟစ်အော်လေသည်။

"အဲဒီအပင်က တစ်ဖက်ကမ်းပန်းရဲ့ အပင်လား?"

တကယ်လား?

လုရွှမ် ဒီကိုလာခဲ့တာ အံ့သြစရာ မဟုတ်ဘူးပဲ။ ဒါက တစ်ဖက်ကမ်းပန်းရဲ့ မွေးရပ်မြေ ဖြစ်နေခဲ့တာပဲကိုး။

ချောင်ယန်: "ပတ်ဝန်းကျင်က ရောင်ဝါ​တွေကို ခံစားမိလား... တခြားနေရာတွေနဲ့ မတူဘူးလို့ ထင်တယ်"

ရှင်ထျန်းက ခေါင်းညိတ်သည်။

"တကယ်တော့ ငါအစက ဘာမှ ကွာခြားမှု မရှိဘူးလို့ ထင်နေသေးတယ်... ဒါပေမဲ့ ဒီမှာ ထူးထူးခြားခြား တစ်ခုခုတော့ ရှိ​နေတယ်"

တစ်ဖက်ကမ်းရဲ့ပန်းကို သူတို့ တစ်ခါမှ မကြားဖူးပေမယ့် နာမည်ကို ကြားလိုက်ရုံနဲ့ ဒီအရာဟာ ထူးထူးခြားခြား ပန်းတစ်မျိုးဆိုတာ သိသာထင်ရှားပြီး မိစ္ဆာသားရဲတွေကို စိတ်လှုပ်ရှားအောင်လုပ်နိုင်တဲ့ အရာတစ်ခု ဆိုတာလည်း သေချာ၏။

လုရွှမ် တစ်ဖက်ကမ်းပန်း အကြောင်း ပြောပြလိုက်တဲ့အခါ အကုန်လုံး ရူးချင်သွားလေသည်။

မိစ္ဆာသားရဲများသည် လူသားများနှင့် ယှဉ်နိုင်သော ဘဝတံခါးပေါက် ကိုးပေါက် ရှိကြသည်။ ဒါက လူသားများကို ဒဏ္ဍာရီလာ သားရဲများနှင့် မနှိုင်းယှဉ်နိုင်သော အရာဖြစ်လေသည်။

အခုတော့ သူတို့ဟာ တစ်ဖက်ကမ်းပန်းရဲ့ မိခင်အပင်ရှေ့မှာ ရောက်နေကြပြီ။ ဒါပေမဲ့ ဒီအရာရဲ့ မှော်ဆန်မှုက ဘာလဲဆိုတာ သူတို့ တိတိကျကျ မသိနိုင်​သေးချေ။

သူတို့ရဲ့ မျှော်လင့်ချက်တွေက အရမ်းမြင့်နေခဲ့တာကြောင့် အခုလို မမျှော်လင့်ဘဲ ရောက်လာခဲ့ရတာကို မယုံနိုင်လောက်အောင် ဖြစ်နေတာလည်း ဖြစ်နိုင်ပေ၏။

All Chapters