← Chapters

နတ်ဘုရားအသံ

Vol. 124 Ch. 4.1367

နတ်ဘုရားအသံ

Vol. 124 Ch. 4.1367

"အရင်ဆုံး ပုန်း​နေလိုက်ရအောင်... ဒါက တစ်ဖက်ကမ်းပန်းရဲ့ အပင်... ရွှေချိုကလည်း ငါတို့ကို ဒီကိုရောက်အောင် ပို့ဆောင်ထားတယ်... ဒါကြောင့် သူ့ရည်ရွယ်ချက် ရှိရမယ်။ တစ်ဖက်ကမ်း ပန်းတစ်ပွင့်က နောက်တစ်ကြိမ် ပြန်ပျံလာဖို့ ဖြစ်နိုင်ခြေများတယ်"

လူတိုင်း လုရွှမ်ရဲ့ အကြံအစည်ကို တွေးတောကြည့်ပြီးနောက် သူ့အကြံပြုချက်ကိုလည်း သဘာဝအတိုင်း သဘောတူခဲ့ကြသည်။ ပတ်ပတ်လည်မှာ တောင်ကုန်းတွေ အများကြီး ရှိတာကြောင့် အားလုံးကလည်း တောင်ကုန်းလေးတွေရဲ့ နောက်ကွယ်မှာ ပုန်းနေကြရသည်။

သို့သော် လူအားလုံး ဆင်းသက်သောအခါတွင် သူတို့၏ မျက်နှာများက ထိတ်လန့်သွားတဲ့ အရိပ်အယောင်များ ပြည့်သွား၏။

"ဒါတွေက တစ်ဖက်ကမ်း ပန်းတွေလား"

တစ်ဖက်ကမ်းပန်းရဲ့ မိခင်သစ်ပင်ကို နေရာတိုင်းတွင် တွေ့မြင်​နေရပြီး ပန်းကလည်း ၎င်းတို့ ယခင်ကမြင်ဖူးသည့် ပန်းနှင့်တူသည်။ ရလဒ်အနေနဲ့ကတော့ ဘယ်ပန်းက အစစ်လဲဆိုတာ မပြောနိုင်တော့ပေ။ တစ်ဖက်ကမ်းပန်းပွင့်က အံ့ဩစရာ ကောင်းလောက်အောင် ကြီးထွားလာဖို့ဆိုတာ မလွယ်ဘူးဆိုတာ သိသာပါ၏။

ဒါမှမဟုတ် ဒါတွေအားလုံးက မှန်ပေမယ့် မိခင်အပင်တစ်ပင်က တစ်ဖက်ကမ်းပန်းပွင့်ကို မွေးဖွားမယ်ဆိုရင် ကျန်တဲ့ အပင်တွေက ၎င်းအတွက် အာဟာရ​ပေးသူ ဖြစ်သွားပေလိမ့်မည်။

"ကျွန်မတို့ တစ်ဖက်ကမ်းပန်းကို ရချင်ရင်တော့ မိခင်အပင်အစစ်ကို ရှာရမှာ!"

ကျီရွှေသည် တစ်ဖက်ကမ်းပန်း အပင်၏ လက္ခဏာများနှင့် ပတ်သက်၍ အများဆုံး ပြောတတ်သူ ဖြစ်သည်။

ဒီအမှန်တရားကို လူတိုင်း သဘောတူသော်လည်း ဤနေရာရှိ ထောင်ပေါင်းများစွာသော အပင်များကြားမှ တကယ့် အစစ်အမှန်ကို ရှာတွေ့ရန်မှာ မလွယ်ကူပေ။ တစ်ခုစီသည် အတိအကျနီးပါး တူနေကြသည်လေ။

လုရွှမ်၏ မျက်လုံးများသည် ကောင်းကင်မီးတောက်၏ အလင်းရောင်များဖြင့် လင်းလက်နေပြီး ကောင်းကင်ကံကြမ္မာ နတ်မီးလုံးသည်လည်း အပင်များ အားလုံးကို စိုက်ကြည့်ကာ ၎င်းတို့ကြားက ကွဲပြားသည့် တစ်မျိုးကို ရှာဖွေရန် ကြိုးစားသည်။

ကံမကောင်းစွာပဲ မျက်လုံး နှစ်ဖက်စလုံးအတွက် ဒီအပင်တွေက အတူတူချည်း ဖြစ်နေပါ၏။ လုရွှမ်ပင်လျှင် ၎င်းတို့၏ အမြစ်များကို ကြည့်ရှုသော်လည်း အားလုံးက အတူတူတွေချည်း ဖြစ်နေတာကြောင့် ခွဲ၍ မပြောနိုင်သေးပေ။

လုရွှမ်: "ဒါတွေအကုန်လုံးက အစစ်တွေများ ဖြစ်နေမလား... တစ်ဖက်ကမ်းပန်းက ဒီအပင်တွေရဲ့ ပူးပေါင်းအားထုတ်တဲ့ အစွမ်းကြောင့် ပွင့်လာတာ ​မဖြစ်နိုင်ဘူးလား?"

သူ ကျီရွှေကို ကြည့်ရင်း အံ့သြတကြီး ပြောလိုက်သည်။

ကျီရွှေလည်း လန့်သွားသည်။ သူမ နားမလည်ပါ။ မိစ္ဆာသားရဲတွေတောင် နားမလည်မှာကို ကြောက်မိ၏။ မဟုတ်ရင် ဒီနေရာဟာ တားမြစ်နယ်မြေ ဖြစ်လာနေပြီမို့ အမဲလိုက်ရာ နေရာအဖြစ် ဘယ်လိုလုပ် သတ်မှတ်ထားကြမှာလဲ။

"ငါက ယေဘူယျ အခြေခံမူတွေအပေါ် အခြေခံပြီး ခွဲခြမ်းစိတ်ဖြာလိုက်တာပါ... မဖြစ်နိုင်ပါဘူး ဒါပေမဲ့ ဒါက တစ်ဖက်ကမ်းပန်းလေ... တကယ်ဟုတ်မဟုတ်တော့ မသိဘူး"

"ဒါကို မေ့လိုက်ပါတော့... ဖြစ်နိုင်ခြေ တစ်ခုအနေနဲ့ပဲ မှတ်ထားလိုက်ရအောင်... ပြီးမှ သတိထားပြီး ခွဲခြားကြည့်ကြတာပေါ့"

လူတိုင်းသည် ၎င်းတို့၏ အစွမ်းကို အစွမ်းကုန် အသုံးပြုခဲ့ကြသော်လည်း ကြိုးကြိုးစားစား လုပ်ဆောင်ပြီးနောက်တွင် အမြတ်အစွန်း မရရှိခဲ့ပေ။

"သူတို့ထဲက တစ်ပင်ကို ဆွဲထုတ်ပြီး ကြည့်လိုက်ရင်ရော ဘယ်လိုလဲ"

ဟောက်ထျန်းက ရုတ်တရက် မေးလိုက်သည်။

ဒါတကယ်ပဲ ကောင်းတဲ့အကြံပဲ။ ဘာပဲပြောပြော အပင်တွေ အများကြီး ရှိတယ်လေ။ တစ်ခုပြီးတစ်ခု ဆွဲတာတောင် သက်ရောက်မှု သိပ်မရှိ​လောက်ပါဘူး။

အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ယွမ်စွမ်းအားကို အသုံးပြုပြီး မှော်စွမ်းအားများကို မွေးမြူလေ့ရှိသောကြောင့်ပင်။ သို့မဟုတ်ပါက ၎င်းတို့သည် ရှေးရှေးကတည်းကပင် နည်းလမ်းကို ကျင့်သုံးခဲ့ကြသောကြောင့် ဖြစ်နိုင်သည်။

ဟောက်ထျန်းက သူ့အကြံအစည်နဲ့သူ မိခင်အပင်ကို ပထမဆုံး ဆွဲထုတ်နိုင်ခဲ့သူပါပဲ။ ရှင်းရှင်းလင်းလင်း မသိရသေးတာကြောင့် သူ့နှလုံးသားထဲတွင် ထိတ်လန့်တကြား ဖြစ်သွားတာမို့ အလျင်အမြန် အော်လိုက်သည်။

"မလုပ်နဲ့!"

သို့သော် မိခင်အပင်ကို ဟောက်ထျန်း ဆွဲထုတ်လိုက်ပြီးသည်နှင့် မိခင်အပင်ဟာ မီးလုံးတစ်ခုအဖြစ်သို့ တိုက်ရိုက် ရောက်ရှိသွား၏။ ထိုအခိုက် ဟောက်ထျန်း၏ အနီးတစ်ဝိုက်တွင်လည်း အလင်းတန်းတစ်ခု လင်းလက်သွားသည်။

ဟောက်ထျန်း တခြားတစ်ဖက်တွင် ပေါ်လာခဲ့သည်။ သူအရင် ရပ်ခဲ့သော နေရာမှာတော့ မီးတောက်များသည် သန့်ရှင်းစွာ လောင်ကျွမ်းပြီးနောက် ပျောက်ကွယ်သွားခဲ့သည်။ ဟောက်ထျန်း အလွန်အမင်း ထိတ်လန့်သွား၏။

လုရွှမ် ဟောက်ထျန်းရဲ့ နံဘေးကို ပြေးထွက်သွားခဲ့သည်။

"အဆင်ပြေလား?"

ဟောက်ထျန်းက ထပ်ခါတလဲလဲ ခေါင်းညိတ်ပြပြီး လုရွှမ်ကို ကျေးဇူးတင်စွာဖြင့် ကြည့်လိုက်သည်။

"အင်း မင်းပေးတဲ့ တံဆိပ်ပြားက ငါ့အသက်ကို ကယ်ခဲ့တာ!"

အရင်နေရာကို ပြန်ကြည့်လိုက်တော့ အပင်က ပျောက်သွားပြီ။ မြေပြင်ကိုကြည့်လျှင် ဤနေရာတွင် တစ်ချိန်က အပင်တစ်ပင် ရှိခဲ့ကြောင်း ပြသသည့် အရိပ်အယောင် လုံးဝ မရှိနေချေ။

"အားလုံး ကျေးဇူးပြုပြီး နောက်ပြန်ဆုတ်​ကြ... ဒီဟာက တကယ့်ကို ထူးဆန်းလွန်းတယ်..."

ချောင်ယန်: "ယောင်းရောင် ပြောတာ မှန်တယ်

.. ဒီအပင်တွေက တစ်ချက်လှုပ်ရုံနဲ့ တစ်ကိုယ်လုံးကို ထိခိုက်စေနိုင်တယ် သွားမထိတာက အကောင်းဆုံးပဲ!"

လူတိုင်းက ခေါင်းညိတ်လိုက်ကြသည်။

ခရီးမထွက်ခင် အခါက အားလုံးဟာ နတ်နဂါး မိသားစုဆီက အသက်ကယ် တံဆိပ်ပြား ရကြလိမ့်မယ်။ ဒါပေမဲ့ နောက်ဆက်တွဲ တိုက်ပွဲမှာ ထိုတံဆိပ်ပြားတွေက အသုံးမဝင်ခဲ့ပါဘူး။ မဟုတ်ရင် လူတော်တော်များများဟာ အချိန်တိုအတွင်းမှာ သေသွားကြမှာ မဟုတ်ဘူးလေ။

ဆန့်ကျင်ဘက်အနေနှင့် ပထမတိုက်ပွဲ အတွက် လုရွှမ်ပေးသော အသက်ကယ် တံဆိပ်ပြားက အလုပ်ဖြစ်ခဲ့သည်။

လုရွှမ် နတ်နဂါး မိသားစုထံမှ တစ်စုံတစ်ရာ လုပ်ဆောင်ခဲ့တာ ရှိကြောင်း သံသယ မရှိသော်လည်း အသက်ကယ်သည့် တံဆိပ်ပြားက အလုပ်မဖြစ်တော့ချေ။ လုရွှမ်လည်း နတ်နဂါးမိသားစုရဲ့ တံဆိပ်ပြား လုပ်ဆောင်မှုအပေါ့ အနှောင့်အယှက်ပေးသော သတ္တဝါအချို့ ရှိကောင်းရှိနိုင်သည် ဟူသော သံသယစိတ်တစ်ခု ရှိလာခဲ့သည်။

အကြီးတန်းအစ်ကို လိန်မင်သည် တစ်ချိန်က ထိုခံစားချက်ကို တိုက်ဆိုင်မှု တစ်ခုဟု ထင်ခဲ့ဖူးသည်။ သို့သော် ထပ်တွေ့ရသော အလောင်းကနေ ကြည့်လျှင် အသက်ကယ် တံဆိပ်ပြားက အသုံးမဝင်တော့တာ ဖြစ်ရပ်မှန်များ ဖြစ်ပြီး တစ်ခုခု ၎င်းတို့ကို လျှို့ဝှက်စွာ ကြံစည်နေခြင်း ဖြစ်သည်။

အခု တစ်ဖက်ကမ်းပန်း မိခင်အပင်၏ အစွမ်းကိုမြင်ပြီးနောက်တွင် ဘယ်သူမှ ရှေ့သို့မလှမ်းဝံ့ဘဲ ပုန်းခိုရန် နေရာကိုသာ ဂရုတစိုက် ရှာဖွေခဲ့ကြသည်။

အေးချမ်းလွန်းလှသော သူတို့ရှိရာ နေရာနှင့် မနီးမဝေးတွင် သွေးမထွက်ဘဲ သတ်နိုင်သော ကြောက်စရာကောင်းသည့် အပင်တစ်ပင် ရှိနေလိမ့်မယ်လို့ ဘယ်သူကမှ မတွေးထားမိချေ။

ယခုလို တိမ်းရှောင်မှုက ငါးရက်ကြာအောင် ကြာမြင့်ခဲ့သည်။ တစ်နေ့သော နေ့လယ်တွင် ၎င်းတို့၏ မျက်လုံးများရှေ့က အမြဲမလှုပ်မယှက် ဖြစ်နေသော မိခင်အပင်များသည် ဟိန်းဟောက်သည့် သတ္တဝါများကဲ့သို့ တုန်လှုပ်သွားပြီး လျင်မြန်သော အသံတစ်ခု ထွက်ပေါ်လာတာကို တွေ့လိုက်ရသည်။

အသံက မကြားရပေမယ့် တစ်စုံတစ်ယောက်က နားရွက်ကို အချွန်နဲ့ ထိုးသလိုမျိုး အလွန် နာကျင်ပေ၏။ လုရွှမ်သည် ယွမ်ယန်စွမ်းအင်ကို သူ့နားရှေ့တွင် တံဆိပ်ခတ်ထားသော်လည်း အသံတိတ် ကျူးကျော်မှုကို လုံးဝ မရပ်တန့်နိုင်ဘဲ သူ့နားမှ သွေးများ တိုက်ရိုက် စီးကျလာခဲ့သည်။ ခေါင်းက အရမ်းနာလွန်းလို့ ပေါက်ကွဲလုမတတ်ပင်။

"သွားရအောင်!"

ချောင်ယန်ရဲ့ အသံကို မကြားရသော်လည်း ပါးစပ်ပုံစံဖြင့် သူဘာပြောနေကြောင်း နားလည်နိုင်သည်။ လုရွှမ်က သူ့ဘေးနားရှိ ဟောက်ထျန်းကို ဖမ်းကိုင်လိုက်ပြီး ယောင်းရောင်ကလည်း ကျီရွှေကို ဆုပ်ကိုင်လိုက်လေသည်။ သူတို့နှစ်ယောက်ရဲ့ အရှိန်က အနှေးဆုံးပင်။

အသံထွက်လာတာနဲ့ ကျီရွှေ မေ့သွားခဲ့သည်။ ဆန့်ကျင်ဘက်ရှိ ဟောက်ထျန်း၌ နာကျင်မှုများစွာ လျော့နည်းသွားသော်လည်း ထိုအသံကို လုံးဝ မရပ်တန့်နိုင်ပေ။

လူခြောက်ယောက်သည် ဓားအလင်းတန်း လေးခုအဖြစ်သို့ ပြောင်းလဲသွားကာ အဝေးဆီသို့ အပြေးအလွှား ပြေးထွက်လာကြ၏။ ဤတော့မှ နားရွက်များ မနာကျင်တော့ဘဲ အသံကလည်း ရပ်တန့်သွားကြသည်။

သူတို့တစ်ဦးစီကို ကြည့်လိုက်တော့ နားနှစ်ဖက်စလုံးမှာ သွေးတွေ ထွက်နေပြီ။ ဟောက်ထျန်းဆိုလျှင် ဒွာဟအပေါက်ခုနစ်ပေါက်မှ သွေးတွေထွက်နေတာမလို့ အရမ်းကြောက်စရာ ကောင်းနေပြီ။

ချောင်ယန်: "ကြောက်ဖို့ ကောင်းလွန်းတယ်"

မကြောက်တဲ့ လူတစ်ယောက်မှ မရှိခဲ့ပါ။ အသံက မခံမရပ်နိုင်​အောင် နာကျင်စေကာ သူတို့​ဝိညာဉ်ထဲကို ထိုးဖောက်လုနီးပါးပါပဲ။ ဝိညာဉ်ကို စုပ်ပြီး ကွဲထွက်သွားအောင် လုပ်နေသည့်အတိုင်းပင်။

ယောင်းရောင်နဲ့ ရှင်ထျန်းတို့ နှစ်ဦးစလုံးသည်လည်း တခြားလူတွေထက် ပိုမိုကောင်းမွန်ခြင်း မရှိပေ။ ဟောက်ထျန်း ဆေးသောက်ပြီးနောက်တွင်ပင် ပြင်းထန်စွာ နာကျင်နေပြီး ရံဖန်ရံခါ တုန်လှုပ်နေဆဲဖြစ်သည်။

"အဲဒီအရာက ငါတို့နဲ့ သွားပတ်သက်နိုင်တဲ့ အရာမဟုတ်ဘူး"

ရှင်ထျန်းက သက်ပြင်းချရင်း ဆိုလိုက်သည်။ အနီးနားမှာ မြဲမြံတဲ့ရတနာ တစ်ခုကို တွေ့လိုက်ရပေမယ့် အနားမကပ်နိုင်တာက ဘယ်လောက်ဝမ်းနည်းစရာ ကောင်းလဲ မပြောတတ်တော့ချေ။

All Chapters