လွတ်မြောက်ခြင်း
Vol. 124 Ch. 4.1370
ဟောက်ထျန်း အမြန်ပြန်ကြည့်လိုက်တော့ လုရွှမ်ရဲ့အသံဟာ တံတားရဲ့ နောက်ကွယ်မှာ တဖြည်းဖြည်း ပျောက်ကွယ်သွားလေပြီ။
"ဟားဟား မင်းတို့က ငါ့ကို ဖမ်းချင်တယ်ပေါ့... မင်းတို့ရဲ့ အရည်အချင်းပေါ် မူတည်တယ်နော်"
အသံတစ်သံက မိစ္ဆာသားရဲများရဲ့ အာရုဲကို နှိုးဆွသွားခဲ့သည်။ ထို့နောက်တွင် မရေမတွက်နိုင်သော အလင်းတိုက်ခိုက်မှုများက တံတားဆီသို့ ဗုံးကြဲတိုက်ခိုက်လာခဲ့သည်။ သို့သော် အလင်းများ ဝင်တိုက်ခါနီးတွင် တံတားရဲ့ နောက်ဆုံးအပိုင်းက ပျောက်ကွယ်သွားကာ လုရွှမ်ရဲ့ လှုပ်ရှားမှုကိုလည်း မမြင်နိုင်တော့ပေ။
"လုရွှမ်?"
"လုရွှမ်?"
ဟောက်ထျန်း အသံကျယ်ကြီးဖြင့် အော်လိုက်ပေမယ့် လုရွှမ်ရဲ့ အရိပ်ကိုတော့ ဘယ်မှာမှ မမြင်ရတော့ချေ။ ပတ်ဝန်းကျင်က မြူမှုန်တွေ ပျောက်ကွယ်သွားတော့ သူတို့ငါးယောက်ဟာ အဝေးက ဓားအလင်းတွေနဲ့အတူ လေထဲမှာ ပျံဝဲနေတာကိုသာ တွေ့လိုက်ရ၏။
လူငါးယောက် ရှိနေတာကို တွေ့တော့ လူတစ်ယောက် ပျံသန်းလာခဲ့သည်။
"မင်းတို့က ဘယ်သူလဲ.. ငါတို့ ရှန်ထန်းသန့်ရှင်းတဲ့မြေကို ဘယ်လိုလုပ် ရောက်လာတာလဲ... မင်းတို့ဂိုဏ်းထဲဝင်ဖို့ ဒီမှာ ရှိနေကြတာလား"
ရှန်ထန်းသန့်ရှင်းတဲ့မြေက အရမ်းကြီးစိုးတဲ့ နာမည်ဆိုတာ သိသာပေမယ့် တစ်ယောက်မှ မကြားဖူးကြချေ။ ချောင်ယန်က သူ့လက်တွေကို မြှောက်ပြီး ဂါဝရပြုလိုက်သည်။
"အစ်ကိုတို့ ဒီနေရာက ဘယ်မှာလဲဆိုတာ ကျုပ်တို့လည်း မသိပါဘူး... ကျုပ်တို့က ဒီနေရာကို မှားပြီး ဝင်လာမိကြတာပါ..."
"ဒါက ဘယ်မှာလဲ... အဲဒီဒေသကလား... ဟားဟား တကယ်ရယ်စရာကြီး... မင်းတို့ ဒီဒေသကို မှားဖြတ်ပြီး ခရီးထွက်လာကြတာလား... ဟုတ်တယ် ဒါက အရှေ့ဖက်ဒေသပဲ... မင်းတို့ ဘယ်ကလာတာလဲ ဟားဟား"
နောက်တစ်ယောက်ကပါ ရောက်လာကာ နှစ်ယောက်သားက အတူတူ ရယ်မောလိုက်ကြလေသည်။
ဟောက်ထျန်း: "ဘာ?? အရှေ့ဖက်ဒေသ"
လူတိုင်း တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့ ဒီနေရာအထိ ပို့ဆောင်ခံလိုက်ရလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ကြပေ။
"အစ်ကိုလုရွှမ်ရော??" ကျီရွှေ မမေးဘဲ မနေနိုင်။
"ငါတို့ကို ကယ်တင်ဖို့ သူတစ်ယောက်တည်း နေခဲ့တယ်!"
ယောင်းရောင်၊ ချောင်ယန်နဲ့ ရှင်ထျန်းတို့သည် အနည်းငယ် တုန်လှုပ်လျက်ရှိကာ မြောက်ဖက်ကို လှမ်းကြည့်ရင်း လုရွှမ်စိတ်နှလုံးကို တိတ်တဆိတ် ချီးကျူးနေခဲ့ကြသည်။
"ညီအစ်ကို.... နောက်မှ တွေ့ကြတာပေါ့"
တစ်ဖက်လူ: "ကောင်းပြီ... မင်းတို့ရဲ့ ကျင့်ကြံမှုတွေ တော်တော် ကောင်းကြတယ်.... မင်းတို့ ငါတို့ ရှန်ထန်းသန့်ရှင်းတဲ့မြေကို ဝင်ကြမယ်မလား... ဒီနှစ်ရဲ့ ဒုတိယမြောက် ဘီလူးတိုက်ခိုက်မှုက ပြီးတော့မှာဆိုတော့ ငါတို့လည်း လူအင်အား အများကြီး လိုနေတာနဲ့ အတော်ပဲ!"
တစ်ဖက်ကမ်းတွင်တော့ လုရွှမ်၏ ခြေဖဝါးအောက်ရှိ ချီထျန်းပု ခြေလှမ်းများ ပြောင်းလဲသွားကာ သူ့ခန္ဓာကိုယ်သည် လေညင်းကဲ့သို့ပင် ဖြတ်ပြေးသွား၏။ နောက်ဆုံး အခိုက်အတန့်တွင် သူသည် မိစ္ဆာသားရဲများ၏ တိုက်ခိုက်ရာ အလယ်မှ လွတ်မြောက်သွားခဲ့သည်။
ဒါပေမဲ့ ပြိုင်ဘက်ရဲ့ ပြင်းထန်တဲ့ လေပြင်းကြောင့် သူ့ခန္ဓာကိုယ်ကို သယ်ဆောင်သွားနေတုန်းမှာတောင် သူ့ခါးမှာ နာကျင်ကိုက်ခဲမှုတွေကို ခံစားခဲ့ရပါသည်။
ကံကောင်းထောက်မစွာပင် သူ့ခန္ဓာကိုယ်သည် ပြန်လည် သန်စွမ်းလာခဲ့ပြီ။ မဟုတ်ပါက လေပြင်း တိုက်ခတ်ခံရရင်တောင် သူ မလှုပ်ရှားနိုင်တော့လောက်ကြောင်း လုရွှမ် ခန့်မှန်းမိခဲ့သည်။
"ဟမ်် နတ်မီးနယ်ပယ်ထဲက ကောင်လေးက မြန်သားပဲ! သူ့ခန္ဓာကိုယ်က အံ့သြစရာကောင်းတယ်"
သားရဲတစ်ကောင်က အော်ပြောလိုက်သည်။ လုရွှမ်ကလည်း ထိုလူများနှင့် သွားမရှုပ်ဝံ့သောကြောင့် သူချက်ချင်းပဲ ထွက်ပြေးသွားခဲ့သည်။
လုရွှမ်သည် သူ၏ခြေရင်းအောက်တွင် ကောင်းကင်လှည့်ဖြားခြင်း ခြေလှမ်းကို ကန့်သတ်ချက်သို့ ရွှေ့လိုက်သော် သူ့နောက်ကွယ်မှ မိစ္ဆာသားရဲများလည်း တဖြည်းဖြည်း ကျုံ့သွားလေ၏။ လုရွှမ် စိုးရိမ်နေပြီး သူ့နောက်က နတ်ဆိုးတွေ အားလုံးကလည်း ကြောက်လန့်ပြီး ဒေါသထွက်နေကြမယ်မှန်း သိသာသည်။
ဒါက အငယ်တန်းလေးပဲ ဖြစ်နိုင်ပေမယ့် သူ့မှာ အရှိန်အဟုန် ပြင်းပြင်းနဲ့ မြန်နေရလောက်အောင် ဒီလောကကြီးမှာ ဘယ်သူမှသူ့ကို မဖမ်းနိုင်လောက်တော့ပေ။
အသံ တစ်သံနှင့်အတူ လူတစ်ဦးသည် ရုတ်တရက် သူ့ခန္ဓာကိုယ်ကို လှိမ့်ကာ ကျားသစ်တစ်ကောင် အဖြစ်သို့ ရုတ်တရက် အရှိန်မြင့်လာကာ လုရွှမ်နှင့် သူ့နောက်မှ နတ်ဆိုးကြား နေရာလွတ်ကို ချက်ချင်းဖွင့်ကာ လုရွှမ်နောက်ကို အားကြိုးမာန်တက် လိုက်သွားခဲ့သည်။
အနောက်ရှိ မိစ္ဆာသားရဲတွေရဲ့ မျက်လုံးများကတော့ ဒေါသအပြည့်ဖြင့်။
သူတို့၏ ထိန်းချုပ်မှု အောက်တွင်ရှိသော လူသားငါးယောက်သာ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရသည်။ အမှန်မှာ ထိုနတ်မီးနယ်ပယ်က ဤလူသားသည် တစ်ဖက်ကမ်းပန်းပွင့်ကို မျိုချလိုက်တာ သေချာပေ၏။
ထို့နောက် လူသားသည် ထိုလူငါးဦးကို လွှတ်ပေးရန်လည်း တစ်ဖက်ကမ်းပန်းရဲ့ မှော်တံတားစွမ်းအားကိုလည်း အသုံးပြုခဲ့သည်။
ဒါက သူတို့ရဲ့ မျက်နှာကို ဖြတ်ရိုက်သလိုပါပဲ။
လူသားက တစ်ဖက်ကမ်းပန်းကို ကိုက်စားပြီးပြီ ဆိုတော့ လွယ်လွယ်လေး ဖြစ်သွားပြီ။ ပန်းစားထားတဲ့ လူကို စားလိုက်ရုံပါပဲ။ ယခုတော့ မိစ္ဆာသားရဲ အားလုံး၏ အမြင်တွင် လုရွှမ်သည် ဆေးလုံးတစ်တုံးသာ ဖြစ်သွားချေပြီ။
လုရွှမ် မြင်လိုက်သော ကျားသစ်သည် အဝိုင်းပုံသဏ္ဍာန်အဖြစ်သို့ ပြောင်းလဲသွားကာ မိစ္ဆာသားရဲ တစ်ကောင်ချင်းစီသည်လည်း တိရစ္ဆာန်ကောင်များအဖြစ်သို့ ပြောင်းလဲသွားသည်။ တချို့က လင်းယုန်ကြီးအဖြစ်သို့ ပြောင်းလဲသွားကာ အချို့မှာလည်း စပါးအုံးမြွေကြီး၊ အချို့မှာ ကျားအဖြစ်သို့ ပြောင်းလဲသွားကြသည်။
လုရွှမ်သည် နောက်ပြန် လှည့်မကြည့်ဝံ့သော်လည်း အနောက်မှ ထွက်လာသော ရောင်ဝါကို ခံစားကြည့်ရင် အလွန်လျင်မြန်သော အရှိန်ဖြင့် ချဉ်းကပ်လာကြတာဟာ မကြာခင်မှာ အမီလိုက်နိုင်တော့မှာ သေချာလေ၏။
ထို့အပြင် ယခုလို အခြေအနေတွင် သားရဲထံမှ ထွက်ပေါ်လာသော လူသတ် အငွေ့အသက်သည် လုရွှမ်နှလုံးသားထဲ ခြိမ်းခြောက်ခံရတဲ့ ခံစားချက်တွေနဲ့ ပြည့်လုနီးပါးပင်။
လုရွှမ်ရဲ့ စိတ်ဝိညာဉ်ပင်လယ်က အလွန်ကျယ်ဝန်းသည်။ သူ့နေရာမှာ တခြားလူသာဆိုလျှင် ကြောက်လွန်းလို့ တောင့်တင်းနေပေလိမ့်မည်။ လုရွှမ်လည်း ဆန့်ကျင်ဘက်ဘက်သို့ လှည့်ထွက်ကာ သူ့စိတ်တွေအတိုင်း လျင်မြန်စွာ ပြေးထွက်သွားပြီး ထွက်လမ်းရှာရန် ကြိုးစားသည်။
သို့သော် နှစ်ဖက်စလုံးက ကောင်းကင်ပြင်ကို အရှိန်ပြင်းပြင်း ဖြတ်ပြေးသွားကြစဥ် အောက်ဖက်မှ သားရဲအားလုံးလည်း တုန်လှုပ်သွားကြလေသည်။ သက်ကြီးရွယ်အို သုံးဆယ်ကျော်ကို လိုက်ရှာရန် တွန်းအားပေးခဲ့သည့် လူတစ်ဦးက ၎င်းတို့ကို အသွင်အစစ်များ ထုတ်ဖော်စေခဲ့ပြီ။
သားရဲများအတွက် ယေဘူယျအားဖြင့် ၎င်းတို့၏ စစ်မှန်သော ခန္ဓာကိုယ်ကို ပြောင်းလဲလိုစိတ် အများအပြား မရှိပါ။ နောက်ဆုံးတွင် အချို့သော မိစ္ဆာသားရဲများသည် နဂါးတစ်ကောင်၏ ပြောင်းပြန် အကြေးခွံလို အရာမျိုး ရှိတတ်၏။ အသွင်အစစ်က ၎င်းတို့၏ ချို့ယွင်းချက်များကို ဖော်ထုတ်နိုင်လိမ့်မည်။
ထို့အပြင် မတူညီသော မိစ္ဆာသားရဲများ ကြားရှိ သဘာဝ ကွဲပြားမှုများရ ကိုယ်ခန္ဓာအစစ်ကို ထုတ်ဖော်ပြသလျှင် သိသွားမှာပဲ ဖြစ်သောကြောင့် မလိုအပ်သော အငြင်းပွားတာတွေကို ဖြစ်ပေါ်စေမှာပဲ ဖြစ်သည်။
ဥပမာအားဖြင့် ကြွက်မိစ္ဆာသည် ကြောင်မိစ္ဆာရှေ့တွင် လူအသွင် ယူထားပါက အနည်းငယ် ကွဲပြားသည်ဟု ခံစားရမည်။
ယခုမူကား နတ်ခြေလှမ်းနယ်ပယ် တက်သွားသော သက်ကြီးရွယ်အို သုံးဆယ်ကျော်က ၎င်းတို့၏ ရုပ်ခန္ဓာအစစ်အမှန်များအဖြစ် ပြောင်းလဲပစ်ပြီ။ ဒါက လူသားကို အသေသတ်ပစ်ချင်နေတာ ထင်ရှားသည်။
သားရဲများစွာသည် ၎င်းတို့နောက်ကို လိုက်ချင်သော်လည်း အနည်းငယ် ကြည့်လိုက်ရုံဖြင့် ပုံရိပ်များက လွင့်စင်သွားကာ ၎င်းတို့၏ နောက်ကျောကိုပင် မမြင်နိုင်တော့ပေ။
လုရွှမ်သည် ကောင်းကင်မီးတောက်များနှင့် နတ်မိုးခြိမ်းသံများကို ဆက်လက် ပေါက်ကွဲနေခဲ့သော်လည်း မျက်ခြေမဖျက်နိုင်ချေ။ ကံကောင်းထောက်မစွာဖြင့် သူ့တွင် ဤမှော်အစွမ်း နှစ်ခုရှိနေခဲ့၏။ မဟုတ်ပါက သူကိုယ်တိုင်လည်း ဤမိစ္ဆာသားရဲများဆီက ဖမ်းဆီးတာကို ခံခဲ့ရပေလိမ့်မည်။
လောဘရမ္မက်နံ့ကို ခံစားမိတဲ့အခါ လုရွှမ် နောက်ကွယ်မှ ချွေးထွက်သံကိုပင် ခံစားလိုက်ရသည်။ ဒီမိစ္ဆာသားရဲတွေက သူ့ကို အရှင်လတ်လတ် ကိုက်စားချင်နေကြတာ သေချာနေပြီ။
"ကျီးဖိုးဖိုး... တခြားနည်းလမ်း ရှိလား"
"မရှိဘူး... ဆက်ပြေးထား! အံ့သြစရာတွေတော့ တွေ့ရမှာပါ"
ရွှေကျီးကန်းက လှမ်းပြောရှာသေးသည်။
မဟုတ်သေးပေ။ လွတ်မြောက်ချင်ရင်တော့ အံ့ဖွယ်တစ်ခုကိုပဲ ကြည့်နေနိုင်ပေမယ့် အံ့ဖွယ်တစ်ခုကို လိုချင်ရင် အရင်ဆုံး ရှင်သန်မှ ရလိမ့်မည်။ လုရွှမ်လည်း ရွှေကျီးကန်းလို တွေးနေသော်လည်း နောက်ကွယ်မှ အကောင်များက ပို၍ နီးကပ်လာနေပြီ။
နောက်ဆုံးတွင် လုရွှမ်ရဲ့ နောက်ကျောကို ခြေသည်းတစ်ချောင်းက ကုတ်ခြစ်ပစ်ကာ လုရွှမ်ကို လေထဲမှ တိုက်ရိုက် ခေါက်ပစ်လိုက်သည်။ လုရွှမ် သွေးတွေကို ပါးစပ်ထဲက ထွေးထုတ်လိုက်ရ၏။