← Chapters

ယွင်ချွဲ့

Vol. 124 Ch. 4.1371

ယွင်ချွဲ့

Vol. 124 Ch. 4.1371

ယခု အာကာသကျောက်စိမ်းပြားသည် သူ့ကို ဖုန်းကွယ်ပေးထားနိုင်သော်လည်း နတ်​ခြေလှမ်းနယ်ပယ်က မိစ္ဆာတွေ အမြင်ကနေ ၎င်းရဲ့ အရိပ်အာဝါသကို ဖုံးကွယ်ထားလိုပါက လုပ်နိုင်မည် မဟုတ်ပေ။

"ဟုတ်ပြီ!"

လုရွှမ် ရုတ်တရက် အတွေးတစ်ခု ဝင်လာခဲ့သည်။ သူ့တွင် ကျပန်း ပို့ဆောင်ခြင်းအစီအရင် တံဆိပ်ပြား ပါနေသေးသည်။

တုံးဖန်းမုနဲ့ ချီးဖုန့်ကျူတို့က သူ နတ်နဂါးမိသားစုတွင် သုံးနိုင်စေရန် မုယွီအားမှတစ်ဆင့် ပေးခိုင်းခဲ့တာပဲ ဖြစ်သည်။ ထို့နောက် မထွက်ခွာမီ ဂိုဏ်းချုပ်တိခွင်းကလည်း သူ့ကို တစ်ခု ပေးခဲ့​သေးသည်။

ထိုအရာက သူ ဟောက်ထျန်းကို ပေးလိုက်ပြီးပြီ။ ၎င်းသည် ဟောက်ထျန်းရဲ့ အသက်ကို ကယ်တင်ခဲ့သော ကျပန်း ဆက်သွယ်ရေး သင်္ကေတတစ်ခုလည်း ဖြစ်သည်။

မုယွီအာ သူ့ကိုပေးခဲ့တဲ့ ပို့ဆောင်ခြင်းအစီအရင် တံ​ဆိပ်ပြားဟာ ပထမတစ်ခုလောက် ထိရောက်မှု မရှိဘူးဆိုတာ သေချာပါ၏။ ဒါကြောင့်လည်း ပို့ဆောင်မည့် နေရာကို ကျပန်းသာ ပေးပို့နိုင်သည်။ ဒါပေမဲ့ လက်ရှိအခြေအနေ အရတော့ ဘယ်နေရာကို ပို့နေပါစေ အဲဒါက အမြတ်ဆုံး ရတနာပါပဲ။

လုရွှမ် ထိုတံဆိပ်ပြားကို လျင်မြန်စွာ ထုတ်ယူလိုက်ပြီး တိုက်ရိုက် ဖွင့်ကြည့်လိုက်ရာ အလင်းတန်းများက သူ့အား ဖုံးလွှမ်းသွားကာ သူ့ခန္ဓာကိုယ်သည်လည်း တခဏချင်း ပျောက်ကွယ်သွားခဲ့သည်။

သို့သော် တခဏချင်းတွင် မိုးကောင်းကင်ကြီးက ရုတ်တရက် လျင်မြန်စွာ လှုပ်ရှားသွားခဲ့သည်။ လုရွှမ် ရုတ်တရက် ပျောက်ကွယ်သွားတာက မိစ္ဆာသားရဲကြီးတွေကို အလွန်အမင်း ဒေါသထွက်သွားစေ၏။

"ခွေးကောင် လူသား! လူယုတ်မာ ဒီလို ပို့ဆောင်ဖြစ်တာက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

နတ်ခြေလှမ်းနယ်ပယ် တက်သွားသော သခင်သည် ဒေါသတကြီး ဟောက်ပစ်လေ၏။ အခြားသခင်များကလည်း လူသား အားလုံးကို သတ်ပစ်လိုသော အဆုံးမဲ့ဒေါသများဖြင့် ဟိန်းဟောက်နေကြသည်။

"သွား.. အဲဒီလူတွေကို သတ်ပစ်!! ဘယ်သူ့ကိုမှ မချန်ထားနဲ့"

"သခင်... နောက်အမဲလိုက်ရာသီကကော? မွေးထွားခြင်းသစ်ပင်ကရော ဘယ်လိုလုပ်မှာလဲ"

ထိုသစ်ပင် ဆက်ရှိနေဖို့အတွက် သူတို့ဟာ လူသားအားလုံးကို ခေါင်းဖြတ်လို့မရသေးချေ။ သို့ဖြစ်လျှင် အခုတော့ အမဲလိုက်သည့် နေရာ၌ ရှိနေသော လူသားများက အသက်ရှင်နေထိုင်ရန် မလိုအပ်တော့ကြောင်း ပြောနေသည့် အတိုင်းပင်။

"ဟမ့်...လုရွှမ်လို့ခေါ်တဲ့ လူကို သတ်ဖို့ အမိန့်တစ်ခု ပို့ထားလိုက်! သူ့ကို အသက်ရှင်လျက် မြင်ချင်တယ်. .. သေသွားရင်လည်း သူ့အလောင်းကို တွေ့ချင်တယ်!!"

"ဟုတ်!"

လုရွှမ် ပြေးထွက်သွားပြီးနောက် ကောင်းကင်မှ ပြုတ်ကျလာခဲ့သည်။

ယခုဆို သူ၏ ဝိညာဉ်အာရုံသည် အလွန်ထိရှလွန်းသဖြင့် မိုးကောင်းကင်ကြီးက သူ့အင်္ကျီလက်ထဲသို့ ဝင်လာသလိုပင် ချက်ချင်း ခံစားလိုက်ရသည်။ သူသည် တစ်စုံတစ်ခုကို ချွတ်လိုက်၏။ မဟုတ်ပါက နောက်အခိုက်အတန့်တွင် အင်အားကြီးမားသော လုရွှမ်၏ အဝတ်အစားများ စုတ်ပြဲသွားတော့မည်။

ကောင်းကင်ပြာငယ်လေးသည် မြေပြင်ပေါ်တွင် လူးလိမ့်ကာ လူသားအသွင်သို့ ပြောင်းလဲသွားသည်။

"ကောင်လေး.. မင်းရဲ့တုံ့ပြန်မှုက မနှေးဘူးပဲကွ! ငါ့ရဲ့တည်ရှိမှုကို မင်းချက်ချင်း သတိထားမိတယ်... ကောင်းပြီ အရမ်းအလားအလာ ရှိတယ် မင်း တစ်ဖက်ကမ်းပန်းကို မျိုမချလိုက်ရင် မင်းကို ငါ့တပည့်အဖြစ် လက်ခံလိုက်မယ်... နည်းနည်းတော့ ရှက်စရာကောင်းပေမယ့် လက်ခံလိုက်ပါ့မယ်လေ... ငါ့တပည့်တစ်ယောက် အနေနဲ့ မင်းက လူသားတစ်ယောက် ဖြစ်နေလည်း မင်းရဲ့အရည်အချင်းကို ငါအသိအမှတ် ပြုဦးမှာပါ..."

"ပြီး​တော့ မင်းရဲ့ ယုတ်​ညံ့တဲ့ အ​သွေး​တွေကို ပြောင်းလဲပြီး ငါတို့ မျိုးနွယ်​ထဲ ဝင်​လို့ရတယ်​... ငါ့ရဲ့ စွမ်းအင်​ကို မင်းအတွက်​​တောင်​ ​ပေါင်းထည့်​ပေးနိုင်​တယ်​...."

လုရွှမ်: "အဓိက အကြောင်းအရင်းက တစ်ဖက်ကမ်းပန်းကို ကျုပ်က နာခံပြီး ချုပ်ထားပေးရမှာ မဟုတ်လား... ဟားဟား ကျုပ်က တစ်ဖက်ကမ်းပန်းကို မျိုချလိုက်ပြီးရင် ပန်းရဲ့ အကျိုးသက်ရောက်မှုကို ခင်ဗျားက သိဦးမှာမလို့လား?"

လုရွှမ် ပြုံးပြီး ပြောလိုက်သည်။ တစ်ဖက်က နတ်ခြေလှမ်းနယ်ပယ်ပင်။ ဒါကြောင့် လုရွှမ်ဟာ သဘာဝအတိုင်း သူဘယ်လောက်တောင် သန်မာနေပြီလဲ ဆိုတာ စမ်းကြည့်ချင်၏။ သူဟာ သူ့ကိုယ်သူ ဘယ်တော့မှ မနှိမ့်ချတဲ့အပြင် မာနကလည်း ကြီး​သေးသည်။

သူ့ခန့်မှန်းချက်အရ ယခု သူ၏ စွမ်းအားသည် အကြိမ်ကြိမ် တိုးတက်လာပြီ ဖြစ်၍ နတ်ခြေလှမ်းနယ်ပယ်က မိစ္ဆာသားရဲများကို တွန်းလှန်နိုင်စွမ်း မရှိသေးသော်လည်း အနည်းဆုံးတော့ စန်းမြောင်မျိုးနွယ်က သခင်တွေနဲ့ စတင်တိုက်ခိုက်နိုင်​လောက်ပြီ။

အရင်အချိန်တုန်းက သူ ကောင်းကင်လက်နက်ကို မသန့်စင်သေးသလို သူ့ခန္ဓာကိုယ်ကလည်း ကောင်းကင်မြေကြီး၏ ရောင်ဝါကြောင့် မပြောင်းလဲသေးပေ။ ယခုမူ တစ်ဖက်ကမ်းပန်းကို ရခဲ့ပြီး သူ့ခန္ဓာကိုယ်ကလည်း စိမ်းပြာနဂါးရဲ့ စွမ်းအားကို အပြည့်အဝ စုပ်ယူနိုင်ကာ ဆယ်ခုမြောက် ဘဝတံခါးကို ဖွင့်လိုက်သည်။

ဤနတ်ဆိုးသည် အဘိုးကြီးထက် များစွာ ရက်စက်ကြမ်းကြုတ်နေသော်လည်း လုရွှမ်သည်လည်း ယခင်ကထက် ပိုမို၍ အားကောင်းလာသည်။ အထူးသဖြင့် စွမ်းရည်သုံးမျိုး အသက်သုံးချောင်းဓားကို ထိန်းချုပ်တာပါ ပေါင်းထည့်လိုက်ရင် သူ့တွင် အနည်းဆုံးတော့ ဤနတ်ဆိုးကို တိုက်ခိုက်ရန် စွမ်းအားရှိနေပြီဟု ခံစားမိသည်။

တစ်ဖက်က ယွင်ချွဲ့ ဟူသော အကောင်ဟာ အံ့အားသင့်သွားကာ လုရွှမ်လုပ်ရပ်ကို မြင်ပြီး လှောင်ပြောင်လိုက်လေ၏။

"ကောင်လေး မင်းတကယ် ငါ့ကို တိုက်ချင်နေတာပဲကွ... ဟားဟား လူသားတွေ လူသားတွေ... မင်းရဲ့စွမ်းရည်တွေကို အထင်ကြီးနေတာပဲကိုး...ဟူး ရည်မှန်းချက်တွေက ကောင်းကင်ထက်မြင့်ပေမယ့် ဘဝတွေက စက္ကူထက် ပိုပါးနေတာ"

လုရွှမ်ကလည်း "တကယ်တော့ ကျုပ်လည်း လူမဟုတ်တဲ့ သွေးနည်းနည်း ရထားလို့ အရမ်းပျော်ပါတယ်... ခင်ဗျားသွေးက အရမ်းဆိုးရွားနေတော့ ကျုပ် မကြိုက်ဘူးရယ်"

ယွင်ချွဲ့က ဒေါသတကြီး လည်ပင်းထောင်လာသည်။

"မင်းက ငါ့ကို နှိမ့်ချတယ်ပေါ့... မင်းရဲ့ လူ့အသွေးအသားက အရမ်းမွန်မြတ်တယ်လို့များ ထင်​နေလား..."

လုရွှမ်ကလည်း ကျယ်လောင်စွာ ရယ်မော​ပြလိုက်သည်။

"ကျုပ်တို့လူသားတွေက အရာအားလုံးရဲ့ ဝိညာဉ်တွေပဲလေ... ငါသိတာတစ်ခုတော့ အနည်းဆုံး ခင်ဗျားတို့ မိစ္ဆာသားရဲတွေက ကျင့်ကြံပြီးလို့ အသွင်ပြောင်းတဲ့အခါ လူအသွင်ပဲ ပြောင်းကြတယ်..."

"ခင်ဗျားတို့က ဘဝတံခါး ကိုးပေါက်နဲ့ မွေးဖွားလာတယ်....ကျင့်ကြံမှုက ကောင်းကင်လမ်းနဲ့ အရမ်းကို လိုက်လျောညီထွေ ရှိတယ်... ဉာဏ်ပညာက ပုံမှန်ပဲ ဆိုပေမယ့် ခင်ဗျားတို့တွေက မိစ္ဆာ သားရဲတိရစ္ဆာန်တွေလို ဖြစ်နေကြတာလေ ... ဒါ့အပြင် ခင်ဗျားကကျုပ်ကို ဒီလိုမျိုး ခင်ဗျားမျိုးနွယ်ထဲ ဝင်ခိုင်းမယ်လို့ ပြောနေသေးတယ်နော်... ခင်ဗျားရဲ့ နုံချာနေတဲ့ ငှက်သွေးလိုင်းကို ဂရုစိုက်မယ် ထင်လို့လား?"

လုရွှမ်ရဲ့ စိတ်က စေခိုင်းလိုက်သည်နှင့် နဂါးချိုနှစ်ချောင်းက သူ့နဖူးကနေ ထွက်လာခဲ့လေသည်။ ယွင်ချွဲ့ရဲ့ ခန္ဓာကိုယ်လည်း အလွန်တုန်လှုပ်သွားပြီး ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားရ၏။

“မဖြစ်နိုင်ဘူး... မင်းခန္ဓာကိုယ်ထဲမှာ နတ်နဂါးရဲ့ သွေးလိုင်းက ဘယ်လိုလုပ် ရှိနေတာလဲ... နတ်နဂါးတွေ တောင်ပိုင်းမှာ နေထိုင်ကြတာကွ! မဟုတ်ဘူး နဂါးကျွန်းမှာတောင် တစ်​ကောင်တည်းပဲ ရှိတာ.... မင်းလို နိမ့်ကျတဲ့လူသားက နဂါးရဲ့ဒေါသကို ဘယ်လိုလုပ် ချိုးဖျက်နိုင်မှာလဲ"

"ဟုတ်ပြီ မင်းက နတ်နဂါးရဲ့ အသွေးအသားအမွေကို တစ်နေရာရာကနေ ရှာတွေ့လာတာပဲ ဖြစ်မယ်.... ဟုတ်တယ် ဒီလိုပဲဖြစ်ရမယ် ဟားဟား လူသား မင်းကို ကြောက်နေမယ်လို့ ထင်နေတာလား... မင်းရခဲ့တဲ့ နတ်နဂါးရဲ့ အမွေကို လွှဲပေးလိုက်စမ်း!"

လုရွှမ် ခဏတာ စိတ်ရှုပ်သွားသလို ခံစားလိုက်ရသည်။ သူဒီလို ထုတ်ပြလိုက်တာက တချို့လျှို့ဝှက်ချက်ကိုတောင် ထုတ်ဖော်ခဲ့မိမယ်လို့ မသိခဲ့ကေ။ ဒါက ဒီနတ်ဆိုးသားရဲကို သတ်ဖို့ နှိုးဆော်ချင်တာကြောင့် လုပ်ခဲ့တာပင်။

မိစ္ဆာသားရဲတွေ ကြီးစိုးတဲ့ ဧရိယာမှာ နေထိုင်တဲ့ လုရွှမ်ဟာ သူ့ခန္ဓာကိုယ်ထဲက နဂါးသွေးလိုင်းကို ဖုံးကွယ် မထားနိုင်ဘူးဆိုတာ သိပါ၏။ မဟုတ်ရင် မိစ္ဆာသားရဲတွေ အားလုံးက သူ့အပေါ်ကို ထိုးဖောက်သွားမှာ အသေအချာပါပဲ။

အဘယ်ကြောင့်ဆိုသော် နဂါးသွေးသည် ထိုသို့သော ဆွဲဆောင်မှုမျိုး ရှိသည်။

ယွင်ချွဲ့က ရယ်မောပြီး အော်ဟစ်လိုက်သည်။ ၎င်းရဲ့ အသံကို ကျော်တက်သွားသည့် ပထမဆုံးအရာမှာ နတ်ခြေလှမ်းနယ်ပယ်ကို တက်သွားခဲ့သော သခင်တစ်ဦး၏ အငွေ့အသက်ဖြစ်သည်။

လုရွှမ်လည်း ပေါ့ပေါ့ပါးပါးဖြင့် တူညီသော နတ်နဂါး ရောင်ဝါကို သူ့ခန္ဓာကိုယ်မှ ဖြာထွက်လာ၏။ သူမျှော်လင့်ထားသလိုပဲ ထိုသခင်ရဲ့ အငွေ့အသက်နဲ့ နတ်နဂါးရဲ့ အရိပ်အာဝါသက အချင်းချင်း တရစပ် ကွဲထွက်သွားပြီး ကွဲထွက်သွားသည်။

သို့သော် တစ်ဖက်လူရဲ့ မျက်လုံးများက တောက်ပသွားလေသည်။

"ကောင်လေး... မင်း ဆက်ခံထားတဲ့ နတ်နဂါးသွေးရဲ့ အရည်အချင်းနဲ့ အရည်အသွေးတွေက ငါ့မျှော်လင့်ထားတာထက် ကျော်လွန်နေသေးတာပဲကွ... မင်းအဆင့်မြင့်တဲ့ နတ်နဂါးရဲ့ အသွေးအသားကို ရခဲ့တာ ဖြစ်နိုင်လား... ဟားဟား... မင်းက ငါ့အတွက် တကယ်ကို အံ့အားသင့်စရာ ကောင်းတဲ့ အစားအစာပဲကွ! သေပေတော့!"

၎င်းက လက်ကိုဝှေ့ယမ်းကာ ချက်ချင်းပင် လေဓားတစ်ဒါဇင်ကို ထိန်းချုပ်၍ လုရွှမ်ဆီသို့ ပစ်လွှတ်လိုက်လေသည်။

All Chapters