← Chapters

ငှက်ငတုံး

Vol. 124 Ch. 4.1372

ငှက်ငတုံး

Vol. 124 Ch. 4.1372

လုရွှမ် သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး နတ်ဝိညာဉ်ဒိုင်းတွေက တစ်ခုပြီး တစ်ခု ဆွဲကာထားသည်။ လေဓားနဲ့ ထိလိုက်သည်နှင့် ဤနတ်ဝိညာဉ်ဒိုင်းလွှာများက ကွဲအက်သွားသည်။ စင်စစ်သော်ကား ဤနတ်ဝိညာဥ် အကာများသည် နတ်မီးနယ်ပယ်က ကျင့်ကြံသူများအတွက် အဓိပ္ပာယ်ရှိဆဲ ဖြစ်သည်။

"ဟားဟား... မင်းက ရိုးရိုးသားသား လူမိုက်လေးပဲကွ! မင်းကငါ့ကို ကိုင်တွယ်ဖို့ နတ်မီးနယ်ပယ်က နည်းလမ်းတွေကို သုံးတယ်ပေါ့လေ... မင်းတို့ လူသားက မာနကြီးတာလား ငတုံးလို့ ခေါ်ရမလား​တောင် မသိ​တော့​ဘူး"

လုရွှမ်သည် နတ်ဝိညာဥ်ဒိုင်းလွှာကို သုံး၍ ယွင်ချွဲ့ရဲ့ စွမ်းအားကို ဆန်းစစ်နေတုန်း လုံးဝ မထိတ်လန့်သွားခဲ့ပေ။ နတ်ဝိညာဉ်ဒိုင်း ကွဲသွားသည့် အခိုက်တွင် စွမ်းရည်သုံးမျိုး အသက်သုံးချောင်းဓားကို ပစ်လွှတ်လိုက်သည်။

သေချာပေါက် အစတွင် အသုံးပြုခဲ့သော ပထမဆုံး ဓားကိုးချောင်းပဲ ဖြစ်သည်။ ယွင်ချွဲ့က သူ့ကိုမထိနိုင်တဲ့ ဓားချက်တွေကို မြင်တော့ မျက်နှာကို တွန့်ကာ ကြိမ်းမောင်း ကဲ့ရဲ့လေ၏။

"ကောင်လေး... ဒါက မင်းရဲ့လှည့်ကွက်ပဲလေ... လူတွေက တကယ်ရယ်ရတာပဲ ဟားဟားဟား..."

လုရွှမ်သည် သူ့ဓားရှည်ကို တစ်ချက်ပြီးတစ်ချက် သက်တောင့်သက်သာဖြင့် ဝေ့ယမ်းနေသည်။ ဒါက ရွှေကျီးကန်း သင်ပေးထားတဲ့ ဖားကို ရေနွေးပူပူထဲ ထည့်ပြုတ်သော နည်းလမ်း ဖြစ်ပေ၏။ သူက ယွင်ချွဲ့ကို တဖြည်းဖြည်းချင်း တိုက်ခိုက်နေကာ ၎င်း သူ့အကြံကို သိသွားတဲ့အခါ နောက်ကျသွားစေလိမ့်မည်။

ယခင်ကဆိုလျှင် ဤရည်ရွယ်ချက် ရှိလျှင်ပင် လုပ်နိုင်မည် မဟုတ်ပေ။ ယခုမူ စွမ်းရည်သုံးမျိုး အသက်သုံးချောင်းဓားရဲ့ ဓားသိုင်း အပြည့်အစုံဖြင့် နတ်ခြေလှမ်းနယ်ပယ် ပထမအဆင့်သို့ တက်သွားသော ယွင်ချွဲ့လိုမျိုး မိစ္ဆာသားရဲ တစ်ကောင်ကို တွန်းလှန်ဖို့က မခက်ခဲလောက်တော့ချေ။

ဒီနေရာက ဘယ်လိုနေရာလဲ မသိသောကြောင့် လုရွှမ် ဤသားရဲနှင့် အချိန်ဖြုန်းမနေချင်ပေ။ ယွင်ချွဲ့ရဲ့ နယ်ပယ်က သူ့ထက် အလွန်မြင့်မားသည်။ ၎င်းအတွက် ဒီအချက်က အလွန်ကြီးမားသော အားသာချက်တစ်ခု ဖြစ်ပြီး အချိန်ကြာလေ ၎င်း၏ စွမ်းအင်သည် ပိုမိုမြန်ဆန်လေ ဖြစ်ပြီး ကြာရှည်လေ ဖြစ်သည်။

ဒါပေမဲ့ လုရွှမ် အတွက်ကတော့ ပိုခက်ခဲလာပေလိမ့်မည်။

ထို့ကြောင့် လုရွှမ်ရဲ့ အကြံဥာဏ်က အလွန်ရိုးရှင်းကာ အလွန်လွှမ်းမိုး ချုပ်ကိုင်ထားသည်။ အဲဒါက ဒီမိစ္ဆာသားရဲကို အချိန်တိုအတွင်း အမြန်ဆုံး သတ်ပစ်ဖို့ပါပဲ။ သူသည် ဤသားရဲအား အစွမ်းရှိသမျှဖြင့် သတ်ပစ်ရန် ကြံရွယ်ထား၏။

မကြာမီတွင် စွမ်းရည်သုံးမျိုး အသက်သုံးချောင်းဓားရဲ့ အလယ်ဓားကွက် သုံးကွက်ကို အသုံးပြုခဲ့ပြီး ဖြစ်ကာ ယွင်ချွဲ့လည်း တစ်ခုခုတော့ မှားနေပြီဆိုတာ ခံစားလိုက်ရသည်။ သူသည် တန်ပြန်တိုက်ခိုက်ရန် စတင်ခဲ့သော်လည်း သေးငယ်သော ဧရိယာအတွင်းမှ လုရွှမ်ရဲ့ ရှောင်တိမ်းမှုဟာ ကြီးမားသော ဧရိယာထဲက သူ့ရဲ့ ယခင်လှုပ်ရှားမှုများထက် ပိုမိုမြန်ဆန်ကြောင်း တွေ့လာရသည်။

၎င်းတို့လို မိုးပျံငှက်ငယ်များ အတွက် မိုးကောင်းကင်က အကျယ်ဆုံး ဖြစ်သည်။ လုရွီမ်က ဆက်ရှောင်လိုက်ပြီး စွမ်းရည်သုံးမျိုး အသက်သုံးချောင်းဓားကို သူ့လက်ဖဝါးထဲက ဆက်ကစားနေသည်။

နောက်ဆုံးတော့ လုရွှမ် နောက်ဆုံး ဓားကိုးချောင်းကို အမြန်သုံးခဲ့သည်။ အခုချိန်မှာတော့ တစ်ဖက်ကမ်းပန်းကြောင့် ပွင့်နေတဲ့ စိမ်း​ပြာနဂါးရဲ့ စွမ်းအားကို အပြည့်အဝ ဆုပ်ကိုင်ထားနိုင်ပေမယ့် စွမ်းရည်သုံးမျိုး အသက်သုံးချောင်းဓားကို အသုံးပြုချင်တယ် ဆိုရင်တော့ အများစုကို ချင်ထျန်းဓားရဲ့ အကျိုးသက်ရောက်မှုကို အားကိုးရဦးမှာပင်။

ကောင်းကင်မြေကြီးရဲ့ ရောင်ဝါကို သုံး၍ ချင်ထျန်းဓားကို ဝေ့ယမ်းလျှင် ဓားကို အန္တရာယ်ဖြစ်စေသော်လည်း ယခုအချိန်တွင် ဤအကောင်ကို သတ်ရန်အတွက် လုရွှမ်မှာ အခြားနည်းလမ်း မရှိတော့ပေ။

လျင်မြန်စွာ အောင်ပွဲခံနိုင်မှသာလျှင် အဆင်ပြေလိမ့်မည်။

နောက်ဆုံးတွင် ယွင်ချွဲ့သည် ဤလူသားရဲ့ ဓားသိုင်းဟာ ယခင်ကဓားကွက်များထက် အားကောင်းလာသလို ခံစားမိသော်လည်း ဓားသိုင်းရဲ့ ပုံပန်းသဏ္ဌာန်အရမူ ယခင်အတိုင်းပင် ရှိနေသေးသည်။ ဒါပေမဲ့ စွမ်းအားက လုံးဝကို ကွဲပြားသွားတော့ သူ့နှလုံးသားထဲမှာ ကြောက်လန့်တကြား ဖြစ်လာခဲ့သည်။

ဒီလူသားက သူ့ကို ခြိမ်းခြောက်ရန် မဖြစ်နိုင်သေးပေ။ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲ။

လုရွှမ်၏ လက်ဖဝါးများသည် ဓားကို အသုံးပြုပြီးနောက် ပြင်းထန်သော ဓားစွမ်းအားကို စုစည်းလာသည်။ ဓားစွမ်အင်က အစွမ်းထက်လှသဖြင့် သူကိုယ်တိုင်တောင် အလွန်ထိတ်လန့်သွားခဲ့ရသည်။ ဓားစွမ်းအင် လိုင်းများကို မမြင်နိုင်သော်လည်း သူ့အား ကြိုးတစ်ချောင်းဖြင့် ချည်နှောင်ထားသကဲ့သို့ ခံစား​နေရသည်။

သူသည် အတောင်များကိင အားကိုး၍ ဝေးရာသို့ ပျံသန်းသွားချင်သော်လည်း ခဏတာအတွင်း မလုပ်နိုင်ခဲ့ပေ။

သူ့ခွန်အားနဲ့ သူ့စွမ်းအင်ကို စုဆောင်းထားသရွေ့ ဓားကို ထိုးနှက်ပြီး အလွယ်တကူ ခွဲထုတ်နိုင်ပေမယ့် ရှောင်ထွက်သွားရမယ့် လမ်းက တခြားဓားစွမ်းအင်တွေ ရှိနေတာကြောင့် ပြင်ဆင်ချိန်လည်း မရှိပြန်ချေ။

ထိုအချိန်တွင် သူသည် လုရွှမ်၏ ကြံစည်မှုကို လုံးလုံးလျားလျား ရှုတ်ချခဲ့သော အခိုက် ဤလူသား၏ ကြံစည်မှုထဲ ကျသွားကြောင့် အပြည့်အဝ သဘောပေါက်သွားခဲ့သည်။ အရင်က ယုတ်မာတဲ့ ဓားရေး ကျွမ်းကျင်မှုတွေ အားလုံးက သူ့ကို သွေးဆောင်ဖို့ ဒီလူသားရဲ့ လှည့်ကွက်တွေပဲ ဖြစ်ပေသည်။ ယခုမူကား ထောင်ချောက်ထဲ ကျသွားပြီ။

ယွင်ချွဲ့က ဖြည်းညှင်းစွာ ဟစ်အော်နေ၏။ သူ့နှလုံးသားထဲတွင်တော့ ဂုဏ်ယူနေသော အရိပ်အယောင်များက ရှိနေသေးသည်။

သူသည် ဤဓားစွမ်းအင်များဖြင့် အချိန်အတော်ကြာအောင် ပြေးလွှားနေရသော်လည်း ခွန်အားက ဆက်ရှိသေးသည့် နတ်ခြေလှမ်းနယ်ပယ်က မိစ္ဆာသားရဲ တစ်ကောင်ဖြစ်သည်။ ၎င်း၏ခန္ဓာကိုယ်သည် အလွန်သန်မာပြီး နယ်ပယ်အဆင့်ကြောင်လြည်း သူလုပ်နိုင်မည်ဟု ယုံကြည်စေသည်။

ပြီးတော့ စိတ်ကို တည်ငြိမ်အောင် ထိန်းထားနိုင်သရွေ့တော့ ဒီလူသားသေဖို့ သူ စောင့်နေနိုင်ပေလိမ့်မည်။

လုရွှမ်လည်း ဒီမိစ္ဆာသားရဲက ဒီလောက် စိတ်လှုပ်ရှားနေမယ်လို့ မမျှော်လင့်ထားပေ။ သူက ဓားကို အတင်းအကြပ် ကိုင်ကာ တိတ်တိတ်လေး ရယ်မောလိုက်သည်။

ဒါဟာ တကယ်ကို ဒီမိစ္ဆာသားရဲရဲ့ သတ်သေဖို့ ကြိုးစားမှုဖြစ်ပြီး တခြားဘယ်သူမှ ဝင်တားလို့ မရပါဘူး။ လုရွှမ် သူ့ဓားကို ကြီးမားသော ခြိမ်းခြောက်မှုဟု ထင်ရသော စွမ်းအားဖြင့် လွှမ်းခြုံထားသည်။

ယွင်ချွဲ့ဘက်က တစ်ခုခု မှားနေတယ်လို့ ခံစားမိတဲ့အခါ ဒီဓားသိုင်း လှုပ်ရှားမှုက ယွင်ချွဲ့ရဲ့ခန္ဓာကိုယ်ကို လုံးလုံးလျားလျား ပစ်ခွင်းလိုက်ပြီ။ ဒါပေမဲ့ ယွင်ချွဲ့ကတော့ မရှောင်ဘဲ ဓားစွမ်းအင်ကို ပြင်းပြင်းထန်ထန် ခုခံထားခဲ့သည်။

စွမ်းရည်သုံးမျိုးနှင့် အသက်ဓားသုံးချောင်းတို့သည် အလွန်အစွမ်း ထက်လှသော်လည်း လုရွှမ်က ယခုအခါ လုံလောက်အောင် သန်မာမှု မရှိသေးချေ။ နောက်ထပ် ဓားကိုးချောင်းကို အသုံးပြုနိုင်ရန် ကောင်းကင်လက်နက်ကို အားကိုးနေရ၏။

လွှမ်းခြုံထားတဲ့ ရောင်ဝါကို လုံးဝ အန်မတုနိုင်တော့တဲ့ ယွင်ချွဲ့ရဲ့ မျက်နှာဟာ ရုတ်တရက် ပြောင်းလဲသွားပြီး ပါးစပ်ထဲက သွေးတွေ ထွက်လာတော့သည်။

လုရွှမ် လက်ဖဝါးကို လွှဲရိုက်လိုက်တဲ့အခါ ယွင်ချွဲ့ရဲ့ ခန္ဓာကိုယ်သည် ကြီးမားသော အပေါက်တစ်ခုထဲမှ ဆွဲထုတ်ခံလိုက်ရသည်။ ပြီးတော့ အဲဒီပြင်းထန်တဲ့ အင်အားက ယွင်ချွဲ့ကို မြေပြင်ကို တိုက်ရိုက် ပစ်ချလိုက်ပါ၏။

မူလက သူ့ထက် သန်မာသော ပြိုင်ဘက်ကို လုရွှမ်ဟာ မိမိအား တန်ပြန်တိုက်ခိုက်ရန် နေရာလွတ်ကို ချန်ထားခဲ့မည် မဟုတ်ချေ။ ဒါကြောင့် သူ နောက်ထပ် ဓားတစ်ချောင်းကို လွှဲယမ်းလိုက်သည်။

ယွင်ချွဲ့ရဲ့ ခန္ဓာကိုယ်ပေါ်က ဒဏ်ရာတစ်ချက် ပြင်းထန်စွာ ရသွားခဲ့သည်။ သူ့ခမျာ ရှောင်တိမ်းချင်သော်လည်း ၎င်း၏ ခန္ဓာကိုယ်သည် ခဏတာ အားနည်းသွားတာမလို့ နောက်ဆုံးတွင်သာ တုံ့ပြန်နိုင်ခဲ့သည်။ အရင်က သူ လှည့်စားခံခဲ့ရပေမယ့် အခုတော့ ​ပြန်လှည့်စားခံနေရပြီ။

ခန္ဓာကိုယ်က မလှုပ်ရှားနိုင်ဘူးဆိုရင် ဒီလှုပ်ရှားမှုရဲ့ စွမ်းအားကို မရှောင်နိုင်တော့ပေ။

လုရွှမ်အတွက်မှု ယခင်ဓားချက်ထဲ၌ စွမ်းအားအားလုံးကို ထည့်သုံးပစ်ခဲ့တာက နှမြောစရာ ကောင်းသွားခဲ့သည်။ မဟုတ်ပါက သူသည် နှစ်ကြိမ်ဆက်တိုက် တိုက်ခိုက်နိုင်ပါက ဤယွင်ချွဲ့ ကျိန်းသေ သေလိမ့်မည်။

သို့သော် သူသည် ဤကဲ့သို့ နောက်ထပ် ထိုးနှက်ချက်တစ်ခုကို ခံရပါက ယွင်ချွဲ့လည်း ဒဏ်ရာ အပြင်းအထန်ရကာ သေမှာဖြစ်သလို သူလည်းပဲ သွေးအန်ရလိမ့်မည်။

ယွင်ချွဲ့လည်း နောက်ဆုံးတွင် သူ့ခွန်အားတွေ ပြန်လည် ကောင်းမွန်လာတယ်လို ခံစားခဲ့ရလို့ ပြန်​တိုက်ခိုက်ချင်သော်လည်း ကောင်းကင်သို့ ပျံတက်သွားသောအခါတွင် လုရွှမ်က အရိပ်ပင် မတွေ့ရတော့အောင် ပျောက်သွားချေပြီ။

ဒီကလေး ချက်ချင်း ပျောက်သွားတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

All Chapters