ဝိညာဉ်မွေးထုတ်ခြင်း
Vol. 124 Ch. 4.1373
"ကောင်လေး.... မင်း ကံကောင်းသွားတယ်မှတ်!"
ယွင်ချွဲ့ အော်ဟစ်ကြိမ်းမောင်းလိုက်သော်ငြား သူ့စိတ်ထဲမှာတော့ ကြောက်ရွံ့နေခဲ့သည်။ ဒီကောင်လေး ပြသွားတဲ့ ချိုကလည်း ကြောက်စရာ ကောင်းတယ် မဟုတ်လား။
ကျောပြင်ပေါ်က ဒဏ်ရာကို ကြည့်လိုက်ရုံနဲ့ စူးစူးရှရှ နာကျင်မှုကို ခံစားလိုက်ရသည်။ အပြင်ကို ဆွဲထုတ်လိုက်တဲ့ အသားစက အရမ်းကြီးသွားပုံပါပဲ။
ကံကောင်းထောက်မစွာနဲ့ ဒုတိယဓား၏ စွမ်းအားက ပထမဓားထက် အဆပေါင်းများစွာ အားနည်းသွားခဲ့သည်။ မဟုတ်ပါက အစောတုန်းက လုံးဝ မလှုပ်ရှားနိုင်တော့တဲ့ အခြေအနေကြားမှာ သူ အမှန်တကယ်ပင် သေဆုံးသွားရပေလိမ့်မည်။
"ဟေ့... ခင်ဗျား ကျုပ်အကြောင်း ပြောနေတာလား ပြေးတယ်? ကျုပ် မပြေးပါဘူး"
လုရွှမ်ရဲ့အသံက ထပ်ထွက်လာသည်။ ယွင်ချွဲ့ အံ့အားသင့်သွားပြီး ပတ်ပတ်လည်ကို ကြည့်လိုက်သော်လည်း လုရွှမ်ရဲ့ ခြေရာလက်ရာကို ရှာမတွေ့ပေ။
"ကောင်လေး... မင်းဘယ်မှာ သွားပုန်းနေတာလဲ... မင်းမှာ သတ္တိရှိရင် ငါ့ဆီလာခဲ့စမ်း! ဒီအဘိုးက မင်းကို စားပစ်မယ်!!"
"ကျုပ်ကိုစားမယ်? ကျွတ် ကျွတ်... ခင်ဗျားကတော့ ကျုပ်ကို အကြံကောင်းတစ်ခု ပေးလိုက်တာပဲ...အစက ခင်ဗျားကို ဘယ်လိုဖြေရှင်းရမလဲ ဆိုတာ စဉ်းစားနေတာ... ဟုတ်တယ် ခင်ဗျားကို စားလိုက်တာက အကြံကောင်း ဖြစ်လိမ့်မယ်...ဒါဆို ဘယ်လိုစားရမလဲ... ဟမ့် အသားကင်က အရမ်းအရသာ ရှိမယ် ထင်တယ်နော်"
လုရွှမ် စကားဆုံးတော့ ယွင်ချွဲ့လည်း မျက်မှောင်ကြုတ်သည်။ သူ့ခန္ဓာကိုယ်က ဘာကြောင့် ရုတ်တရက် ခြောက်သွေ့လာသလို ခံစားနေရလဲမသိ။
"ကောင်လေး... မင်းဘယ်မှာလဲ!"
မီးကင် ခံနေရသလို သူ့ဝမ်းဗိုက်အောက်က ပူလောင်လာကာ အလွန်လည်း နာကျင်လာသည်။ အောက်ကို ငုံ့ကြည့်လိုက်တော့ တကယ်ပဲ မီးတောက်နေတာကို တွေ့လိုက်ရ၏။
ရုတ်တရက် အထိတ်တလန့်ဖြင့် တုံ့ပြန်လိုက်မိသည်။ အရင်က ဒီလိုဒဏ်ရာ ကြီးကြီးမားမား ရှိခဲ့တာ အံ့သြစရာ မဟုတ်ပေ။ ဒီကောင်လေးက သူ့ဗိုက်ထဲကို တကယ် ဝင်သွားတာပဲ။
မဟုတ်ဘူး!
ယွင်ချွဲ့ အော်ဟစ်လိုက်ပေမယ့် နောက်ကျသွားပြီ။ ဤတော့မှာ ဒီလူသားကောင်လေးမှာ ကောင်းကင်မီးတောက် ရှိနေတာကို သွားသတိရလိုက်မိသည်။
"စိတ်မပူပါနဲ့... အရမ်းအရသာ ရှိပါတယ်... ခင်ဗျားဘာသာ အနံ့ခံကြည့်ဦး...ပါးစပ်ကို ဖွင့်လိုက်... အရမ်းမွှေးပါတယ်ဆို"
လုရွှမ် ပြုံးလိုက်သည်။
"မဟုတ်ဘူး... ငါ့ကိုမသတ်ပါနဲ့!!"
ယွင်ချွဲ့ အော်ဟစ်က သူ့ခန္ဓာကိုယ်က လျင်မြန်စွာ ပြောင်းလဲသွားပေမယ့် သူ့ခန္ဓာကိုယ်မှ နာကျင်မှုကို မပြောင်းလဲနိုင်ခဲ့ပါဘူး။
ခန္ဓာကိုယ် နာကျင်ကိုက်ခဲမှုကို သက်သာရာရစေရန် တွန့်လိမ်သည်။ ခက်ခက်ခဲခဲ ရုန်းကန်ကြည့်သည်။ ရေတစ်ကျိုက်ကိုပင် သောက်ခဲ့သော်လည်း ခန္ဓာကိုယ်ထဲက နာကျင်မှုဟာ လုံးဝ မသက်သာလာခဲ့ပေ။
ကောင်းကင်မီးရဲ့ လောင်ကျွမ်းနိုင်တဲ့ ခံစားချက်က တကယ်ကို နာကျင်လွန်းလှသည်။
"ယွင်ချွဲ့... ဒါ ခင်ဗျားဘာသာ ကျုပ်ဆီ ရောက်လာတာနော်...အခု ကျုပ်လက်ထဲကို ရောက်လာပြီ ဆိုမှတော့ ခင်ဗျားအသက်ကိူ နှမြောမယ်လို့ ထင်နေတာလား... ခင်ဗျား သေလိုက်ပါတော့..."
လုရွှမ် ကျယ်လောင်စွာ ကျိန်ဆဲလိုက်ရင်း ကောင်းကင်မီးတောက်ကို ဒေါသတကြီးဖြင့် ထိန်းချုပ်လိုက်သည်။ သူသိသော ညီအကို မောင်နှမများဟာ အမဲလိုက်ရာသီကြောင့် သေဆုံးသွားရသည်။ ဒါတွေအားလုံးက ဤဘီလူးများကြောင့်ပင်။
လူတစ်ဆယ် သို့မဟုတ် တစ်ရာကို သတ်ပစ်သည့်တိုင် သို့မဟုတ် မဆိုစလောက်သော မိစ္ဆာသားရဲများကို သတ်ပစ်ရပါလျှင်လည်း သူ့နှလုံးသားထဲက နာကျည်းမှုတွေက လွယ်လွယ်လေးနဲ့ ပျောက်သွားလိမ့်မည် မဟုတ်။
"မဟုတ်ဘူး... မင်းငါ့ကို လွှတ်ပေးသရွေ့ ငါဘာမှ မလုပ်တော့ပါဘူး!!"
ယွင်ချွဲ့ အသည်းအသန် အော်ဟစ်သည်။ သူသည် နတ်ခြေလှမ်းနယ်ပယ်ကို ဖြတ်ပြီး မိစ္ဆာသားရဲတွေရဲ့ ဘုရင်ဖြစ်လာဖို့ ကြိုးစားခဲ့သည်။ ယနေ့ ဖြစ်ပျက်နေသည့် အရာအားလုံး အတွက် ဒီအတိုင်း သေဆုံးသွားရမှာကို လက်ခံလိုစိတ် မရှိပေ။
"ဟားဟား... ခင်ဗျားက မသေချင်ဘူးပေါ့လေ.. ကျုပ် သူငယ်ချင်းတွေလည်း မသေချင်ပေမယ့် သေသွားပြီ...ခင်ဗျား ငရဲကို ဆင်းသွားပြီး သူတို့နဲ့ လိုက်သွားပေတော့!"
လုရွှမ် ကောင်းကင်မီးလုံး တစ်လုံးကိုပါ ပစ်လွှတ်လိုက်သည်။ ယွင်ချွဲ့ အော်ဟစ်ပြီး မြေပြင်ပေါ်သို့ တိုက်ရိုက်ပဲ လဲကျသွားတော့သည်။
"မင်းကို ငါ့သခင်အဖြစ် လက်ခံမယ်... မင်းရဲ့စီးတော် လုပ်ပေးမယ်! ငါလုပ်ပါမယ်!!"
လုရွှမ် ခဏရပ်သွားသည်။ ဒါက အကြံကောင်းပဲ။
"အိုး... ခင်ဗျား အမှန်အတိုင်း ပြောနေတာလား ဒါမှမဟုတ် လိမ်နေတာဆို ဘယ်လိုလုပ်မလဲ?"
လုရွှမ်လည်း ရန်သူရဲ့ခန္ဓာကိုယ်ကို အပူလျှော့ပေးလိုက်ခါမှ ယွင်ချွဲ့လည်း သက်ပြင်းတစ်ချက်ချကာ ထပ်ခါတလဲလဲ ပြောလာလေသည်။
"ဟုတ်ပါတယ်... အမှန်တွေပါ အမှန်တိုင်း ပြောနေတာပါ...ငါကျိန်ပေးနိုင်ပါတယ်"
"ဟမ့်... ခင်ဗျားရဲ့သစ္စာကတိကို ဘယ်သူက ယုံမှာလဲ...လိမ်မိရင် ရုပ်ဆိုးတဲ့ သားရဲဖြစ်ပါစေလို့ ကျိန်မှာလား... ခင်ဗျားက အစကတည်းက ရုပ်ဆိုးတဲ့ သားရဲပဲလေ..."
ယွင်ချွဲ့အှာ အလွန်အရှက် ကွဲသွားသော်လည်း ပို၍ပင် အကူအညီမဲ့သွားပြီး
"တားမြစ်နည်းလမ်း တစ်ခုကို ငါသိတယ်... မင်းဒါကိုသုံးရင် ငါ မင်းအမိန့်ကိုပဲ နာခံရမှာ!"
"ပါးစပ်ပိတ်ထား... အဟမ်း ငါတို့လူသားတွေမှာလည်း သားရဲတွေအပေါ် တားမြစ်ထားနိုင်တဲ့ နည်းလမ်းတွေ အများကြီးရှိတယ်..."
သူ ရွှေကျီးကန်းထံ တိုက်ရိုက် မေးလိုက်သည်။
ရွှေကျီးကန်းသည်လည်း လူတစ်ဦးနှင့် သားရဲတစ်ကောင်ကြား တိုက်ပွဲကို စောင့်ကြည့်နေခဲ့၏။ ဤမိုးကောင်းကင် သားရဲသည် ဒီလောက်မိုက်မဲပြီး လုရွှမ် ၎င်း၏ဗိုက်ထဲသို့ ဝင်သွားစေလိမ့်မည်ဟု သူတကယ်ပင် မထင်ထားခဲ့ပေ။
ရွှေကျီးကန်း: "ငါ့မှာ ထိန်းချုပ် နည်းလမ်းတွေ အများကြီးရှိတယ်... ဒါပေမဲ့ နတ်ခြေလှမ်းနယ်ပယ်ကို ထိန်းချုပ်ချင်ရင်တော့ သဘာဝအတိုင်း ကန့်သတ်ချက်တွေ အများကြီး ရှိတယ်... အဲ့ကောင်က မသေမျိုးနယ်ပယ်ကို ဝင်သွားပြီဆိုတော့ ထိန်းချုပ်နိုင်တဲ့ နည်းလမ်းအများစုက သက်ရောက်မှု မရှိတော့ဘူး... ဒါကြောင့် သေချာတယ်...သူမင်းကို တကယ်လိမ်ချင်နေတာ!!"
လုရွှမ်နှလုံးသားက မီးတောက်လောင်သွားသည်။ ဤအခိုက်အတန့်တွင် သူ့ကို လှည့်စားလိုသော ယွင်ချွဲ့ထံတွင် မီးတောက်တစ်ခုကလည်း ဝုန်းကနဲ ထွက်လာသည်။ ယွင်ချွဲ့ ကျယ်လောင်စွာ အော်လိုက်၏။ ၎င်းသည် သူ့အား စောင့်ဆိုင်းနေသည့် အရာဟာ မီးတောက်ဖြစ်မယ်မှန်း သူ့စိတ်ထဲတွင် တွက်ချက်ထားပြီးသားပါ။
"မင်းငါ့ကိုဘာလို့ မီးရှို့ချင်ပြန်ရတာလဲ ငါမင်းကိုဒုက္ခပေးဖို့ မရည်ရွယ်တော့ပါဘူး"
"ပါးစပ်ပိတ်! နတ်ခြေလှမ်းနယ်ပယ်က သတ္တဝါတွေက ကောင်းကင်နဲ့ မြေကြီးကို ထိုးဖောက်ဝင်ရောက်နိုင်တယ်... တားမြစ်ထားတဲ့ နည်းဥပဒေတွေရဲ့ ထိန်းချုပ်မှုကနေ သူတို့ကိုယ်သူတို့ ကာကွယ်နိုင်တယ် ဆိုတာ ငါမသိဘူးလို့များ ထင်နေလား"
ယွင်ချွဲ့ ထိတ်လန့်သွားပြီး "မင်းက မြောက်ဖက်ဒေသက လူသား မဟုတ်ဘူးလားဟ!"
"ဟား ဟား... ခင်ဗျားကလည်း အရူးကြီးပဲ မဟုတ်ဘူးလား... ကျုပ်က သေချာပေါက် မြောက်ဖက်ဒေသက မဟုတ်ဘူးလေ... အနောက်ဖက်ဒေသက လာတာ..."
"အနောက်ဖက်ဒေသကြီး? အနောက်ဖက်ဒေသက နောက်တစ်ခါ ထပ်ပြီး ဆက်သွယ်လာပြန်ပြီလား"
ယွင်ချွဲ့ အော်လိုက်မိ၏။ သူ့စိတ်ထဲတွင် အလွန်အံ့သြပြီး ဝမ်းသာကြည်နူးနေ၏။ သူတို့ဟာ အနောက်ဖက်ဒေသကြီးရှိ လူသားများကို တောင့်တနေသည်မှာ ကြာလှပြီ။ သို့သော် လူသားတွေက မဝင်နိုင်ကြချေ။
လုရွှမ်လည်း ဤမိုးကောင်းကင်သားရဲ ဆိုတဲ့ ယွင်ချွဲ့ရဲ့ စိတ်လှုပ်ရှားမှုကို ခံစားမိသည်။ ယခုအချိန်တွင် သူသည် လူသားများအားလုံး သေခြင်းတရားကို လာရှာကြမှာကို မျှော်လင့်နေတာပဲ။ မီးတောက်များစွာ တိုးလာပြီး ထူးဆန်းသော မီးမျိုးစုံ လောင်ကျွမ်းသွားခဲ့သည်။
ယွင်ချွဲ့မှာ နာကျင်စွာ တလိမ့်လိမ့် လူးလိမ့်ကာ သူ့ပါးစပ်မှလည်း သွေးများ ပြည့်လျှံလာသည်။
"သခင် သခင်.... ကျွန်တော် မှားသွားပါပြီ... အရာအားလုံးကို နာခံပါ့မယ်... နောက်တစ်ခါ မီးထပ်မရှို့ပါတော့နဲ့... နောက်တစ်ခါ ထပ်ရှို့ရင် သေရတော့မှာ!!"
ရွှေကျီးကန်းက နောက်ဆုံးတော့ ပြုံးပြီး ပြောလာခဲ့သည်။
"ငါတွေ့ပြီ ဟေး ဒီတားမြစ်နည်းလမ်းက ဒီ ထွေထွေထူးထူး ငှက်ကလေး မပြောနဲ့ နတ်ခြေလှမ်းနယ်ပယ် အဆင့်၉ ရောက်ထားတဲ့ အကောင်တောင် မင်းရဲ့ အမိန့်မပါဘဲ နည်းနည်းလေးမှ မလှုပ်ရှားနိုင်ဘူး..."
လုရွှမ် ထိုနည်းလမ်းကို လျင်မြန်စွာ သင်ယူလိုက်သည်။ နားလည် သဘောပေါက်ပြီးနောက် တားမြစ်ထားသော နည်းလမ်းဖြင့် ယွင်ချွဲ့ကိုယ်ပေါ် ဖုံးအုပ်ပစ်ပေ၏။
"လက်ခံလိုက်... ကျုပ်တကယ် အသားကင် စားရတာကို ကြိုက်တာနော်!"
ယွင်ချွဲ့မှာ သူ့စိတ်ဝိညာဉ်က ကန့်သတ်ချုပ်ချယ်မှုကို ထိမိသွားတာကြောင့် ချက်ချင်းပင် ထိတ်လန့်သွားခဲ့သည်။ နတ်ခြေလှမ်းနယ်ပယ်က လူကို တားမြစ်ပိတ်ပင်နိုင်တဲ့ နည်းလမ်းတစ်ခု ပေါ်လာလိမ့်မယ်လို့ သူ မထင်ထားခဲ့။
သို့သော် ဒီတားမြစ်နည်းလမ်းမျိုးက သူသိထားတာထက် အများကြီး ပိုဆိုးနေသည်။ လူသားတစ်ယောက်က ဒီလောက်လေးနက်တဲ့ ထိန်းချုပ်စွမ်းအင်ကို ဘယ်လိုလုပ် တက်မြောက်နေတာလဲ။
"သခင်...ဘာလို့ဒီလို ထိန်းချုပ်စွမ်းအင် ရှိရတာလဲ"
"တိတ်စမ်း! ငါက မင်းရဲ့သခင်ဖြစ်မှန်း မင်းသိနေသေးတာပဲ... ဒါဆို ရိုးရိုးသားသားနဲ့ နှုတ်ပိတ်ပြီး လက်ခံလိုက်.... မဟုတ်ရင် သေမင်းကိုပဲ သွားတွေ့လိုက်တော့!"
ယွင်ချွဲ့ စိတ်ပျက်သွားသည်။ ဒါက အမှန်တကယ်ပင် သူ့အပြစ်ဖြစ်သည်။
သူ့ခမျာ ထိန်းချုပ်စွမ်းအင်ကို လက်ခံဖို့ကလွဲလို့ ရွေးချယ်စရာ မရှိတော့ပေ။ သူ့စိတ်ဝိညာဉ်က တင်းကျပ်သွားကာ လုရွှမ် ထိန်းချုပ်တာကို ခံလိုက်ရပေ၏။
လုရွှမ်လည်း ယွင်ချွဲ့နှင့် ပတ်သက်သည့် အရာအားလုံးကို အမှန်တကယ် မြင်တွေ့နိုင်သလို ခံစားလာခဲ့ရသည်။ သူသည် သူ့စိတ်ဝိညာဉ်အား ယွင်ချွဲ့ ခန္ဓာကိုယ်ထဲသို့ လွှဲပြောင်းပေးနိုင်ခဲ့ကာ အလွန်အံ့ဖွယ် ကောင်းလှသည်။
သူသည် ယွင်ချွဲ့၏ စိတ်ဝိညာဉ်ကိုပင် လုံးလုံးလျားလျား ချေမှုန်းပစ်ခဲ့၏။ ထို့နောက် ယွင်ချွဲ့ရဲ့ ကိုယ်ခန္ဓာနှင့် ဝိညာဉ်ကို တိုက်ရိုက်ချိတ်ဆက်ကာ သူ့အတွေး၊ သူ့စိတ်သဘောအတိုင်း ဖြစ်လာခဲ့သည်။
ဒီဝိညာဉ်ကိုယ်ပွားက အမှန်တကယ်ပင် အလွန်အစွမ်းထက်ပေ၏။