ကျွန် လက်ခံပြီ
Vol. 124 Ch. 4.1374
ယွင်ချွဲ့ အလွန်ထိတ်လန့်သွားသည်။ လုရွှမ်က သူ့ရဲ့ ဝိညာဉ်ကို တိုက်ရိုက် မသုတ်သင်ခဲ့ပေ။
"သခင် ဒီငယ်သားကို လိုအပ်တယ်မလား... ဒီငယ်သားကလည်း သခင် လိုအပ်တာ အကုန်လုပ်ပေးနိုင်ပါတယ်... ငယ်သားကို လုံးဝ မသတ်ပါနဲ့နော်... သခင် အသားကင်ကြိုက်ရင် ငယ်သား သခင့်အတွက် ချက်ချင်း သွားဖမ်းပေးမယ်... သူတို့အသားက ငယ်သားထက် ပိုကောင်းတယ်... အဲ့ငှက်တွေကလည်း အရသာ ပိုကောင်းပါတယ်”
လုရွှမ်ရဲ့ စိတ်က ခဏလောက် လှုပ်ရှားသွားပြီးမှ အတွေးတွေကို ခဏ မေ့ပစ်ထားဖို့ ဆုံးဖြတ်လိုက်သည်။ မဟုတ်ရင် သူ့ကိုယ်သူ ပြန်ထိန်းနေရလိမ့်မည်။
"ကောင်းပြီ.. ငါမင်းကို လောလောဆယ် မသတ်သေးဘူး ဒါပေမဲ့ မင်းငါ့စကားကို မနာခံလို့ကတော့ သေဖို့စောင့်နေလိုက်တော့"
"ဟုတ်ကဲ့ပါ သခင်... ဟုတ်ကဲ့ပါ ကျွန်တော် မဝံ့ရဲပါဘူး"
လုရွှမ် တခစ်ခစ် ရယ်လိုက်ပြီး "ဘယ်လိုပဲဖြစ်ဖြစ် မင်းနာမည် ဘယ်လိုခေါ်လဲ"
"ငယ်သားရဲ့ ဒီလို သေးငယ်တဲ့ ကျင့်ကြံမှုက အခွင့်ကောင်း ယူထားရတာတွေ့ပါ... တခြား သားရဲတွေက ငယ်သားကို နှစ်ထောင်ချီ ကျင့်ကြံသူလို့ခေါ်တယ်"
ဖူး!
လုရွှမ် တံတွေးတစ်လုတ်ကို ထွေးထုတ်လိုက်မိသည်။ နှစ်ထောင်ချီ ကျင့်ကြံသူ။ ဒါက တကယ်ကို ရွံရှာစရာကောင်းတဲ့ နာမည်ပဲ။
"မဟုတ်သေးဘူး... မင်းနာမည်က ကြီးကျယ်လွန်းနေတယ်.. မင်းအတွက် ငါပြောင်းပေးမယ် မင်းကို ရှောင်ချွဲ့အာလို့ ခေါ်မယ်... ဘယ်လိုလဲ နားထောင်လို့ ကောင်းလား"
ယွင်ချွဲ့ သေချင်နေပါပြီ။ ဒါပေမဲ့ နားထောင်လို့ ကောင်းတာကတော့ အမှန်ပဲ။ သခင်က နာမည်ပေးတဲ့အတွက် သူ့ခမျာ ဘယ်လိုမှ မခုခံဝံ့ချေ။
"နာမည်အတွက် ကျေးဇူးတင်ပါတယ် သခင်... အရမ်းကို နားထောင်လို့ ကောင်းပါတယ်... ဒီလိုနာမည်မျိုးရတာက တစ်သက်လုံး ကျင့်ကြံခဲ့တဲ့ ကောင်းချီးတစ်ခုပါပဲ"
လုရွှမ်မှာ တကယ်ကို ရွံရှာပြီး "ဒီလောက်ထိ ငါ့ကို မမြှောက်ပင့်ပါနဲ့... ကောင်းပြီ မင်းပါးစပ်ကို ဖွင့်လိုက်... ဒီသခင် ထွက်လာတော့မယ်"
ရှောင်ချွဲ့အာ သူ့ပါးစပ်ကို အမြန်ဖွင့်လိုက်တဲ့အခါ လုရွှမ်လည်း ပြေးထွက်လာခဲ့သည်။
သူ့ခန္ဓာကိုယ်ထဲမှာ ပူလောင်တဲ့ ခံစားချက်ကြီး မရှိတော့ဘူးလို့ ခံစားလိုက်ရတော့မှ ရှောင်ချွဲ့အာ တစ်ဖြစ်လည်း ယွင်ချွဲ့က သက်ပြင်းတစ်ချက် ချလိုက်ပြီး လူပုံစံအသွင် ပြောင်းသွားပေမယ့် လုရွှမ်အနားမှာ လေးလေးစားစား ရပ်နေတဲ့ အဘိုးအိုတစ်ယောက်လို ဖြစ်သွားလေသည်။
"အင်း ဒီဝတ်စုံက တော်တော်ကောင်းတယ် အရမ်းကောင်းတယ် ရိုးသားတဲ့ အစေခံတစ်ယောက်လို ပုံစံပဲ... ရှောင်ချွဲ့အာ မင်းက အရမ်းအိုနေပြီ ဒါကြောင့် မင်းကိုငါ ငှက်အိုကြီးလို့ပဲ ခေါ်လိုက်တော့မယ်"
"သခင်သဘောပါ!"
ယွင်ချွဲ့လည်း ယခုမှသာ သူဟာ ငှက်အိုကြီးတစ်ကောင်လို ဖြစ်သွားကြောင်း ခံစားလိုက်ရတော့သည်။
"ဒီကအရင် ထွက်သွားရအောင်"
ငှက်အိုကြီးက လျင်မြန်စွာ တုံ့ပြန်လိုက်သည်။ သူ့ခန္ဓာကိုယ်က တစ်ဖက်ကို လှိမ့်ကာ မိုးကောင်းကင် ငှက်ကြီး၏ အသွင်အပြင်အဖြစ်သို့ ပြောင်းလဲသွားသည်။ လုရွှမ်လည်း ငှက်အိုကြီးရဲ့ ကျောပေါ် ခုန်တက်ကာ ဇိမ်ကျကျ ရယ်မောလိုက်၏။
ငှက်အိုကြီး စိတ်ဆိုးသွားသည်။ သူ ငှက်တစ်ကောင်၊ မြင်းမဟုတ်ပေ။ ဒါကို ဒီကောင်လေးက ဘယ်လိုလုပ် သူ့အပေါ်ကို ခုန်တက်ရဲတာလဲ။
လေထဲသို့ ပျံသွားသော ငှက်အိုကြီးက မေးလိုက်သည်။
"သခင် အခု ဘယ်သွားမှာလဲ"
"သေချာပေါက် ဒဏ်ရာအရင် ပြန်သက်သာလာအောင် လုပ်ရမှာပေါ့! မင်းဒဏ်ရာ ရထားတာ မဟုတ်ဘူးလား ငါက မြင်းစီးပြီး မြက်မစားခိုင်းတဲ့ လူလို့များ ထင်လား?"
ငါက ငှက်တစ်ကောင်ဟ။
ငှက်အိုကြီးခမျာ သက်ပြင်းချပြီး မေ့သာ မေ့ပစ်လိုက်ပါတော့သည်။ အခု သူနဲ့ မြင်းတစ်ကောင်ကြားမှာ ဘာကွာခြားတော့လို့လဲ။ သူ့ဒဏ်ရာတွေကနေ ပြန်ကောင်းလာဖို့အတွက် ငှက်အိုကြီးဟာ သူ့ရေတွင်း ရှိရာသို့ သဘာဝအတိုင်း ပြန်သွားခဲ့သည်။
"ငှက်အိုကြီး... မင်းက နတ်ခြေလှမ်းနယ်ပယ်ကို တက်သွားတဲ့ သားရဲဆိုတော့ သေချာပေါက် စုဆောင်းထားတာတွေလည်း မနည်းလောက်ဘူးမလား?"
ငှက်အိုကြီး:' ဒီနတ်ဆိုးပေါက်စက ငါ့ဘဏ္ဍာတွေကို အလွဲသုံးစား လုပ်ချင်နေတာလား'
စိတ်ထဲမှာ တစ်မျိုး တွေးနေပေမယ့် အပြင်ပန်းကတော့ လုရွှမ်အား ဝမ်းနည်းမှုကြီးစွာဖြင့် ပြန်ကြည့်ကာ ဆိုရသည်။
"သခင်... သခင်က ဒီငှက်အိုရဲ့ အရှင်သခင်ပဲလေ... ငှက်အိုရဲ့ ပစ္စည်းအားလုံးလည်း သခင် ပိုင်ပါတယ်!"
"ကောင်းပြီ... ကလေးတွေကို သင်ပေးရသလိုပဲ... မဆိုးဘူး"
လုရွှမ်က ဂုဏ်ယူစွာ ပြုံးလိုက်သည်။
ခန္ဓာကိုယ်ကို ပြန်လည်ကောင်းမွန်လာသောအခါတွင် ငှက်အိုကြီးရဲ့ အရှိန်သည် အလွန်လျင်မြန်လွန်းလှ၏။ အဝေးသို့ လွင့်စင်သွားသည့် အလင်းရောင် တစ်ခုလိုပင် ဖျက်ကနဲ ပြေးထွက်သွားနိုင်သည်။
ရက်အနည်းငယ် ကြာပြီးနောက် သူတို့သည် ငှက်အိုကြီးရဲ့ ဂူသို့ ပြန်လာခဲ့သည်။
ငှက်အိုကြီးဟာ နတ်မီးနယ်ပယ် အဆင့်ရှိသောကြောင့် သဘာဝအတိုင်း သူ့ပတ်ဝန်းကျင်တွင် မိစ္ဆာသားရဲများစွာ ရှိသည်။ လုရွှမ်ရဲ့ တည်ရှိမှုကို သိတော့ သူတို့မျက်နှာများက ဘီလူးရုပ်များ ဖြစ်သွားကြသည်။ ငှက်အိုကြီးမှာ လုရွှမ် သူ့ဗိုက်ထဲသို့ တိုက်ရိုက်ဝင်သွားပြီး ရတနာအားလုံးကို ထုတ်ယူခိုင်မှာ စိုးရိမ်သောကြောင့် အနည်းငယ်မျှပင် မလှုပ်ဝံ့ပေ။
တကယ်တော့ လုရွှမ် ထိုသားရဲရဲ့ ပါးစပ်ထဲကို ဝင်သွားတဲ့ အခါတုန်းက ကျောက်စိမ်းပြားထဲကို ဝင်လာခဲ့လေခြင်းပင်။ နောက်ဆုံးမှာတော့ တိရစ္ဆာန်တစ်ကောင်ရဲ့ ခန္ဓာကိုယ်ဟာ အလွန်ရွံရှာစရာ ကောင်းသည်လေ။
လုရွှမ် အကြောင်း သိသွားသော မိစ္ဆာသားရဲများက ဂုဏ်ပြုရန် ရတနာများကို ဆက်သလာရာ အားလုံး လုရွှမ်ရဲ့ အာကာသ ကျောက်စိမ်းပြားထဲသို့ ရောက်ရှိသွားခဲ့သည်။
ဤနေရာ၌ ရက်အတော်ကြာ ပျံဝဲပြီး ကောင်းမွန်သော အရာအားလုံးကို သိမ်းယူပြီးနောက် လုရွှမ်လည်း ငှက်အိုကြီးအား ထွက်ခွာဖို့ အမိန့်ပေးလိုက်သည်။ တကယ်တော့ ဒီနေရာကနေ အပြင်ထွက်ဖို့ အဆင်ပြေတာမို့ သူကလည်း သဘာဝကျကျ ဒီမှာနေဖို့ စိတ်မဝင်စားပါဘူး။
ဤနေရာမှ ထွက်သွားကြတဲ့အခါ လုရွှမ် ထုံးစံအတိုင်း ငှက်အိုကြီး နောက်ကျောတွင် ထိုင်နေခဲ့သည်။ ငှက်အိုကြီးဟာ မြောက်ဖက်ဒေသရှိ အပင်များစွာ အကြောင်း သဘာဝအတိုင်း အလွန်ရှင်းလင်းစွာ သိတဲ့အပြင် အဂ္ဂိရတ်ပညာ အကြောင်းပါ အနည်းငယ် သိထားသေးသည်။
လုရွှမ်က မေးခွန်းများမေးရန် မရှက်ခဲ့ပါ။ သူသည် ယခင်က ဘာမှ မလေ့လာခဲ့သဖြင့် သူ မသိသမျှကို မေးလိုက်သည်။ နောက်ဆုံးတွင် နတ်မီးနယ်ပယ် နဝမအဆင့် လုရွှမ်က ဘာကြောင့် ဒီလောက် ထိတ်လန့်စရာ ကောင်းနေသလဲ သူနားလည်သွားခဲ့သည်။
ပင်ကိုယ်စွမ်းရည်က တကယ်ကို အစွမ်းထက်လွန်းရုံတင်မက အရာများစွာကိုလည်း တစ်ချက်ကြည့်လိုက်ရုံနဲ့ ချက်ချင်း ကောက်ချက်ဆွဲနိုင်သည်။ သူ့အတွက် မျက်စိဖွင့်ပေးမယ့် နည်းလမ်းအချို့ကိုတောင် တီထွင်လိုက်သေး၏။
ငှက်အိုကြီးရဲ့ စိတ်ထားက တဖြည်းဖြည်း ပြောင်းလဲစပြုလာသည်။
ထိုသို့သော ပုဂ္ဂိုလ်နောက် တစ်လမ်းလုံး လိုက်လျှောက်လျှင် နောင်တစ်နေ့တွင် အောင်မြင်လိမ့်မည်။ မဟုတ်ရင်တောင် အနည်းဆုံး ဉာဏ်အလင်းရပြီး ကောင်းကင်ဘုံသို့ တက်သွားတဲ့ တခြားသားရဲတွေထက် များစွာ အကျိုးရှိပေလိမ့်မည်။
ငှက်အိုကြီးရဲ့ စိတ်ဓာတ်သည် ချက်ချင်းပြောင်းလဲသွားကာ လုရွှမ်ကို သူ့စိတ်နှလုံးထဲမှ လေးစား နှစ်သက်လာသည်။ အနာဂတ်တွင် လုရွှမ်ကို သူ၏အစစ်အမှန် သခင်အဖြစ် ဆက်ဆံနိုင်မည်ဟုလည်း မျှော်လင့်လာသည်။
လုရွှမ်ကလည်း ငှက်အိုကြီးရဲ့ စိတ်သဘောထား အပြောင်းအလဲကို ခံစားရပါ၏။
ဒီပြောင်းလဲမှုက ကောင်းသည်။ အနည်းဆုံးတော့ သူ ငှက်အိုကြီးကို ဆက်လက် သတိထားရန် မလိုအပ်တော့ပေ။ တချို့အရာတွေကို တက်တက်ကြွကြွလေး လုပ်ဆောင်ခဲ့ရင် ထင်ထားတဲ့ ရလဒ်များထက် ပိုကောင်းလာနိုင်သည်။
"သခင် ဘယ်သွားမလို့လဲ"
လုရွှမ်သည် နေ့စဥ် သွားလာရင်း မြောက်ဖက်ဒေသနှင့် ပတ်သက်သည့် အကြောင်းအရာ မျိုးစုံကို အမြဲလေ့လာနေသည်။ အခုတော့ မသိလိုက်ဘဲ တစ်နှစ်ကုန်သွားကာ မြောက်ဖက်နဲ့ ပတ်သက်တဲ့ လုရွှမ်ရဲ့ အသိပညာဟာ ငှက်အိုကြီးထက် မနိမ့်ကျတော့ချေ။
အပင်များကို တစ်ချက် ကြည့်လိုက်လျှင် ဘာဆေးပင်၊ ဘယ်လို အဂ္ဂိရတ်ဆေးကို သန့်စင်နိုင်တယ်၊ ဘယ်လို သန့်စင်ရမယ် ဆိုတာ သိလာသည်။
မြောက်ဖက်ဒေသရှိ သားရဲများနဲ့ ပတ်သက်ရင်တော့ လုရွှမ် ၎င်းတို့အား အပြည့်အဝ မှတ်မိနိုင်နေပြီ။ လုရွှမ် ယခုနှစ်အတွင်း၌ပင် ဓားသိုင်းကို ဆက်လက် လေ့ကျင့်ခဲ့ပြီး လေ့ကျင့်တဲ့ ပစ္စည်းကတော့ သဘာဝအလျောက် ထိုသားရဲများပဲ ဖြစ်သည်။
မျှော်စင်နယ်ပယ် ဆဌမအဆင့်ကနေစပြီး တိုက်ခိုက်ရင်း ဆက်လက် တိုးတက်နေခဲ့သည်။ အခုဆို စွမ်းရည်သုံးမျိုး အသက်သုံးချောင်းဓားကို ပိုကျွမ်းကျင်လာပါပြီ။ ခန္ဓာကိုယ်ထဲရှိ စိမ်းပြာနဂါးရဲ့ စွမ်းအားက ပို၍ ပို၍ အေးဆေးစွာ အသုံးပြုလာနိုင်ကာ ယွမ်ယန်ကျင့်စဥ်နဲ့လည်း လုံးဝ လိုက်ဖက်လာသည်။
ယခုတွင် လုရွှမ်ဟာ ဓားကျွမ်းကျင်မှုနည်းလမ်းကို သူ့ကိုယ်ပိုင်သိုင်းဖြင့် တဖြည်းဖြည်း ပေါင်းစပ်နေပြီမလို့ ယွမ်ယန်ဓားကိုးစင်းရဲ့ စွမ်းအားကလည်း အလွန်တိုးတက်လာခဲ့သည်။ လုရွှမ်သည် သူ့ကိုယ်ပိုင် အရည်အချင်းနှင့် ခွန်အားကို လုံးလုံးလျားလျား မှီခိုအားထားကာ ထိုဓားသိုင်းကို တီထွင်ခဲ့သည်ကို တွေ့သောအခါ ငှက်အိုကြီးလည်း အံ့သြနေရလေသည်။
လုရွှမ်အပေါ် သူ့သဘောထားများက ပို၍ပင် နှိမ့်ချနေပြီး နတ်ဘုရားကို ကြည့်နေသလိုကို ကြည့်နေတော့သည်။
လုရွှမ်မှာ ငှက်အိုကြီးရဲ့ မြှောက်ပင့်ပြောဆိုခြင်းကို မကြိုက်သော်လည်း နတ်ခြေလှမ်းနယ်ပယ်က သားရဲတစ်ကောင်ရဲ့ ချီးမွမ်းတာကို ခံရတာကလည်း ထူးထူးခြားခြား ဂုဏ်ယူစရာ ကောင်းနေ၏။