နှစ်များစွာ
Vol. 124 Ch. 4.1375
"လူသားတွေက ဘယ်မှာလဲ"
လုရွှမ် မေးလိုက်သည်။
လမ်းတစ်လျှောက်လုံး အရမ်းကို တိတ်ဆိတ်နေပေမယ့် ကိုယ်လုပ်ချင်တာကို လုပ်ကြသည်။ အစွမ်းထက်တဲ့ မိစ္ဆာသားရဲတစ်ကောင်ကို တွေ့တဲ့အခါ ကိုယ်ပိုင်ခွန်အားကို မြှင့်တင်ဖို့ တွန်းလှန်ပြီး တစ်ခါတလေ ငှက်အိုကြီးနဲ့ ပူးပေါင်းလိုက်သည်။
ထုံးစံအတိုင်း သူသည် လမ်းတစ်လျှောက်တွင် အလွန်ဂရုမစိုက်သော်လည်း အချိန်အတော်ကြာပြီးနောက်၊ အရာမျိုးစုံကို လေ့လာပြီးနောက် အနည်းငယ် ငြီးငွေ့လာသည်။
ထို့အပြင် လုရွှမ်သည် သူ့ရဲ့ ကျင့်ကြံခြင်း လမ်းကြောင်းတွင် ပိတ်ဆို့မှုများ ကြုံတွေ့နေရတာကြောင့် တစ်စုံတစ်ယောက်ကို ဆက်သွယ်ရန် လိုအပ်လာသည်။ ငှက်အိုကြီးရဲ့ ကျင့်ကြံမှု အဆင့်သည် အားကောင်းသော်လည်း လူသားနဲ့ သားရဲတွေက ကျင့်စဥ်များစွာကို ဖလှယ်တာမျိုး မရှိပေ။
နည်းလမ်း တစ်ခုတည်းကို သုံးနိုင်သလို နည်းလမ်း အားလုံးကိုလည်း အသုံးပြုနိုင်သည်။ သို့သော် ကျင့်စဉ်နှင့် ပတ်သက်လာလျှင် ဉာဏ်အလင်း အနည်းငယ်သာ ထပ်ရရှိလျှင် ရလာဒ်က လုံးဝ ကွဲပြားသွားနိုင်သည်။
"လူသားတွေနဲ့ တွေ့ချင်ရင် တောင်ဖက်ဒေသကို သွားရမယ်... မြောက်ဖက်ဒေသမှာ လူသားတွေရှိပေမယ့် အများစုကတော့ ကျေးကျွန်တွေ... နတ်သားရဲတွေရဲ့ အစာတွေ.. ကျင့်စရာတွေ အများကြီး မရှိဘူး ဆွေးနွေးဖို့နေနေသာသာ သခင့်လို ဉာဏ်ကြီးရှင်တောင် တွေ့ရမှာ မဟုတ်ဘူး!"
"ဒါပေမဲ့ သခင် မြောက်ဖက်ကနေ ထွက်သွားချင်ရင် ယဇ်ပလ္လင်က လှမ်းပို့ပေးလို့ရတယ်... တစ်ခုရှိတာက မထွက်ခင်မှာ သလင်းကျောက်နဲ့ သတ္တုသိုက်တွေ အများကြီးရှိတဲ့ မိုင်းတွင်းကို အရင်သွားကြည့်ဖို့ အကြံပြုချင်ပါတယ်..."
"အိုး... သလင်းကျောက်တွေ?"
လုရွှမ်ရဲ့ မျက်လုံးတွေက ရုတ်တရက် တောက်ပလာပါတော့သည်။
စန်းမြောင် မျိုးနွယ်စုမှ သလင်းကျောက်များစွာကိုလည်း ရထားသော်လည်း အများစုမှာ ကျင့်ကြံဖို့အတွက် အသုံးပြုခဲ့ကြတာမလို့ ယခုအခါ ခရမ်းရောင် သလင်းကျောက်များသာ ကျန်ရှိတော့သည်။
၎င်းကို သလင်းကျောက်ဘုရင်ဟု ပြောပြသော ရွှေကျီးကန်းဆီ လွှဲပေးလိုက်ရတာက နှမြောစရာတော့ ကောင်းကေ၏။ မဟုတ်ပါက ၎င်းသည် သာမန်သလင်းကျောက်များထက် သာ၍ အစွမ်းထက်လိမ့်မည်။
ကျင့်ကြံမှုတွင် အဆင့်ထိုးဖောက်ဖို့ နီးကပ်လာပါက အလွန်အဖိုးတန်သည့် သလင်းကျောက်များဟာ ပိတ်ဆို့မှုများကို ဖြတ်ကျော်ရန် အသုံးပြုနိုင်သည်။
ထို့အပြင် မြောက်ပိုင်းနယ်မြေရှိ ဝိညာဉ်စွမ်းအင်သည် အနောက်ဖက်ဒေသထက် များစွာပိုမိုကြွယ်ဝသော်လည်း အဆင့် မြင့်မားလေ၊ ဝိညာဉ်စွမ်းအင် လိုအပ်ချက်က ပိုများလေလေဖြစ်သည်။ နယ်ပယ်ကို တတ်နိုင်သမျှ မြန်မြန် တိုးတက်ချင်တယ် ဆိုရင်တော့ သလင်းကျောက်တွေဟာ မရှိမဖြစ် လိုအပ်ပါလိမ့်မည်။
အရည်အသွေးမြင့်တဲ့ သလင်းကျောက် ဖြစ်လေ ပိုကောင်းလေပါပဲ။
လမ်းတစ်လျှောက်တွင် လုရွှမ်သည် ငှက်အိုကြီးဆီက ရသော သလင်းကျောက်များကို သုံး၍ လေ့ကျင့်နေပါသည်။ အစိမ်းရောင် သလင်းကျောက်ထက် နိမ့်သော သလင်းကျောက်များသည် သူ့ကျင့်ကြံမှု တိုးတက်လာစေရန် အကျိုးသက်ရောက်မှု မရှိကြောင်း၊ အနည်းဆုံး အစိမ်းရောင် တစ်ခုတည်းကသာ အသုံးဝင်ကြောင်း တွေ့လာရ၏။
အနောက်ဖက်ဒေသတွင် အရည်အသွေး အမြင့်ဆုံးမှာ အစိမ်းရောင် သလင်းကျောက် ဖြစ်သည်။ လုရွှမ်သာ အနောက်ဖက်ဒေသတွင် ဆက်လက်နေထိုင်ပါက သူ့ရဲ့ကျင့်ကြံမှုက ရပ်တန့်သွားမှာ သေချာသည်။
လုရွှမ်ကို ပို၍ပင် စကားမပြောနိုင်စေသည့်အချက်မှာ နယ်ပယ်တူထဲတွင် သူ၏ စွမ်းအားသည် တခြားမိစ္ဆာသားရဲ သို့မဟုတ် လူများထက် များစွာ မြင့်မားနေသည်။ သူ သလင်းကျောက်ကို စားသုံးသည့် အရှိန်ကြောင့် သူ့ကိုယ်သူ အထူး စိတ်ဆင်းရဲစေကာ ငှက်အိုကြီးကိုလည်း ထိတ်လန့်သွားစေ၏။
ငှက်အိုကြီးသည် နတ်ခြေလှမ်းနယ်ပယ်သို့ တက်လှမ်းခဲ့သော သားရဲ ဖြစ်သောကြောင့် သူသည် သလင်းကျောက်များကို သဘာဝအတိုင်း အများအပြား စားသုံးဖူးသော်လည်း လုရွှမ်က သူစားခဲ့တာထက် ထက်ဝက်လောက် စားသုံးပြီးသွားပြီ။
လုရွှမ် မျှော်စင် နယ်ပယ်သို့ မတိုးမချင်း စောင့်ဆိုင်းပါက မိမိထက် ကျောက်တုံးများကို ပိုမိုသုံးစွဲနိုင်မည်ဟု မှန်းဆခဲ့သည်။ ထိုအခြေအနေမျိုးတွင် ဒီလူသား၏ သလင်းကျောက် လိုအပ်ချက်က ကြောက်မက်ဖွယ် ကောင်းသွားပေလိမ့်မည်။
ထို့ကြောင့် လုရွှမ်ကလည်း သလင်းကျောက်များ လိုအပ်လာသည့်အတွက် သူ့တွင် ပိုရှိလေ ပိုကောင်းလေဟု တွေးလိုက်မိသည်။
သူအစက စန်းမြောင် မျိုးနွယ်သို့ သွားရန် စိတ်ကူးထားသော်လည်း အမဲလိုက်ရာသီတွင် ပါဝင်သည့် လူသားများ အားလုံးကို ဘယ်လို ရင်ဆိုင်ရမည်ကို မသိကြောင်း ငှက်အိုကြီးက ဆိုလာ၏။
ဒါပေမဲ့ ကံကောင်းထောက်မစွာပဲ သူတို့ဟာ ကျွမ်းကျင်မှုနဲ့ မှော်လက်နက်တွေ အများကြီး ထားပေးခဲ့တာကြောင့် နောက်လာမည့် အမဲလိုက်ရာသီမှာ လူတွေကို အသက်ပြန် ရှင်စေနိုင်လောက်ပါ၏။
သလင်းကျောက်တွေ ထပ်လိုချင်ရင်တော့ ငှက်အိုကြီး အဆိုပြုထားတဲ့ တွင်းကို သွားကြည့်ရပေမည်။
"သခင်.. တကယ်တော့ သလင်းကျောက်တွင်းကို တိတ်တဆိတ် တူးဖော်နေတဲ့သူတွေ များပါတယ်... အဲဒီကို သွားတိုင်း လူသားတချို့ကို ဖမ်းလို့ရတယ်... တချို့လူတွေက တခြားနေရာက ပို့လာတာတွေတောင် ရှိတယ်... အဲ့နားမှာ ပို့ဆောင်ခြင်းအစီအရင် ရှိတယ် ဆိုတဲ့ ဒဏ္ဍာရီတွေလည်း ရှိတယ်"
အနီးနားတွင် ယဇ်ပလ္လင်ကို တည်ထားသော်လည်း မည်သူမျှ ရှာမတွေ့သောကြောင့် ဒဏ္ဍာရီအဖြစ်သာ မှတ်ယူခဲ့ကြသည်။
လုရွှမ်သည် နှစ်အတော်ကြာ တိုက်ပွဲဝင်ဖူးသူ ဖြစ်လို့ အမှန်တရားကို ကောင်းစွာနားလည်ခဲ့သည်။ ဆိုလိုသည်မှာ ဒဏ္ဍာရီ သို့မဟုတ် ထိုကဲ့သို့သော အရာမျိုးရှိလျှင် လေမရှိလျှင် မီးခိုးမရှိ ဟူသော ဆိုရိုးစကားအတိုင်း ဖြစ်နေမယ်လို့ မှန်းဆမိ၏။
သေချာပေါက် ယဇ်ပလ္လင်တစ်ခု ရှိသောကြောင့် လူသားများ နေထိုင်ရာ အရပ်သို့ တိုက်ရိုက် ပို့လွှတ်နိုင်တာပဲ ဖြစ်ပေလိမ့်မည်။
"ကောင်းပြီ သလင်းကျောက်တွင်းဆီ သွားရအောင်"
လူတစ်ယောက်နှင့် ငှက်တစ်ကောင်သည် မြောက်ဘက်သို့ ပျံသန်းသွားခဲ့သည်။ ငှက်အိုကြီး၏ အရှိန်ဖြင့်ပင် မြောက်ဘက် အစွန်ဆုံးက အနီးနားရှိဈေးသို့ ရောက်ရှိရန် နှစ်နှစ် ကြာသွားလေ၏။
ဒီစျေးကွက်တွေ အားလုံးကို လူတွေက တည်ထောင်ထားတယ်လို့ ထင်ရင် အကြီးအကျယ် စိတ်ပျက်သွားရလိမ့်မယ်။ ဤစျေးကွက်များကို မိစ္ဆာသားရဲများက တည်ထောင်ခဲ့ကြတာပင်။ ယခုအခါ စျေးကွက်များတွင် လူသားများကို တွေ့ရပုံပေါ်သော်လည်း မိစ္ဆာသားရဲတွေက အသွင်ပြောင်းထားကြတာပဲ ဖြစ်ပေ၏။
ယခု လုရွှမ်က ဤအရာများကို ရှင်းရှင်းလင်းလင်း ခွဲခြားနိုင်ပြီ ဖြစ်သည်။ နှစ်ယောက်သား ကောင်းကင်မှ ပျံဆင်းလာချိန်တွင် လုရွှမ်ကိုယ်ပေါ်၌ နဂါးငွေ့များ ရှိနေပြီး သူ၏ နဖူးပေါ်တွင် အနည်းငယ်သာ ထင်ရှားသော အဖုအထစ် နှစ်ခုကလည်စ ရှိနေသည်။
ဒါကလုရွှမ် ယခုမှ တဖြည်းဖြည်း သင်ယူလာခဲ့သော အသွင်ပြောင်း အတတ်တစ်ခု ဖြစ်သည်။ မိစ္ဆာသားရဲတွေသာ လူအသွင်ကို မလွှဲမရှောင်သာ ပြောင်းထားကြပေမယ့် အငွေ့အသက်တွေက မပြောင်းတတ်ပေ။ လုရွှမ် သူ့လူသား အငွေ့အသက်တွေကို မပေါက်ကြားအောင် ဖုံးကွယ်ထားလိုက်သည်။
ငှက်အိုကြီးကလည်း သစ္စာရှိအစေခံလို လုရွှမ်နောက်သို့ လိုက်ကာ အဘိုးကြီး အဖြစ်သို့ ပြောင်းလဲသွားသည်။ လုရွှမ်သည် တခြား လူတို့အား သူဟာ သခင်ငယ်တစ်ဦး ဆိုတဲ့ ခံစားချက်ကို သဘာဝအတိုင်း ပေးစွမ်းနေလေ၏။
သူတို့ပတ်ဝန်းကျင်ရှိ မိစ္ဆာသားရဲများက လုရွှမ်နဲ့ ငှက်အိုကြီးကို တစ်ချက် စိုက်ကြည့်ကာ နောက်တစ်ကြိမ် အာရုံမစိုက်တော့ပေ။
နောက်ဆုံးအနေနဲ့ သလင်းကျောက်တွေကို ရှာဖွေပြီး ပစ္စည်းတွေရယူဖို့ မျှော်လင့်နေတဲ့ မရေမတွက်နိုင်တဲ့ မိစ္ဆာသားရဲများက နေ့တိုင်း ဒီကိုလာနေကြတာပဲ ဖြစ်လေသည်။ ငှက်အိုကြီးရဲ့ ကျင့်ကြံမှု အဆင့်သည် အနည်းငယ် မြင့်မားသော်လည်း မထင်မှတ်ဘဲ ဤနေရာသို့ နေ့တိုင်း နတ်ခြေလှမ်းနယ်ပယ်က မိစ္ဆာတွေလည်း အများအပြား ရောက်ရှိလာတတ်သည်။
ထို့အပြင် သူတို့နှစ်ဦးဟာ နတ်ခြေလှမ်းနယ်ပယ်က နတ်မီးနယ်ပယ်ရဲ့ နောက်လိုက် ဖြစ်နေတာမို့ သူတို့ကို စော်ကားရင် ကြီးမားတဲ့ ဘေးအန္တရာယ် ဖြစ်လာလိမ့်မယ်လို့လည်း ထင်နေကြပေ၏။
လုရွှမ်သည် ဤဈေးကြီးသည် ကောင်းကင်မှ ရှင်းရှင်းလင်းလင်း မြင်နိုင်သော်လည်း ၎င်းက အလွန် ရိုးရှင်းလှသည်။ ဆိုလိုသည်မှာ နေရာက အနည်းငယ် ပိုကြီးသော်လည်း လူသားတွေရဲ့ နေရာနဲ့တော့ လုံးဝ မယှဉ်နိုင်ပေ။
"ကျုပ်မှာ သတင်းတစ်ပုဒ် ရှိတယ်... နံပါတ်ရှစ် သလင်းကျောက်တွင်းမှာ ထူးဆန်းတာ တစ်ခုခု ထပ်ဖြစ်ပြန်ပြီ"
နတ်မီးနယ်ပယ်ရှိ သားရဲတစ်ကောင်က ကျယ်လောင်စွာ ထအော်လိုက်ပါ၏။
မိစ္ဆာသားရဲများက အစိမ်းရောင် သလင်းကျောက် အပိုင်းအစများကို တစ်လုံးပြီးတစ်လုံး ပစ်ချကြရာ ထိုကောင်လေးလည်း သတင်းတစ်ခုပြီးတစ်ခု လျင်မြန်စွာ ရောင်းထွက်သွားခဲ့သည်။ ငှက်အိုကြီးလည်း တစ်စောင်သွားယူကာ လုရွှမ်ကို ပေးလိုက်သည်။
သတင်းသည် သတိပေးချက် တစ်ခုနှင့် ဆင်တူသည့် အရာတစ်ခု ဖြစ်သည်။ စာရွက်ထဲတွင် နံပါတ်ရှစ် သလင်းကျောက်တွင်း၌ ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များကို ပြောပြထားကာ ၎င်းနှင့် ပတ်ဝန်းကျင်ရှိ အခြားအခြေအနေအချို့ကိုပင် မိတ်ဆက်ပေးထား၏။ အသေးစိတ် အချက်များမှာလည်း စိတ်ဝင်စားစရာ ကောင်းလှသည်။
"သခင်...?"
"မလောပါနဲ့... စားသောက်ဆိုင်ကို အရင် သွားရှာရအောင်"