မကောင်းကံကို ကံကောင်းခြင်း အဖြစ်သို့ ပြောင်းလဲပါ
Vol. 124 Ch. 4.1377
"သခင် စိတ်လှုပ်ရှားနေပြီလား"
ငှက်အိုကြီးက လှမ်းမေးလေသည်။ လုရွှမ်က မျက်လုံးပြူးပြပြီး။
"ငါက မိစ္ဆာမျိုးရိုးရဲ့ မင်းသမီးလေးကို စွဲလန်းနေရမယ်ပေါ့? မင်းအရေပြားတွေ ယားနေတာလား"
ဤအချိန်အတောအတွင်း ငှက်အိုကြီးမှာ လုရွှမ်ရဲ့ စရိုက်နှင့် တဖြည်းဖြည်း ရင်းနှီးလာခဲ့ရာ ဒီလူသားက အမှန်တကယ်အားဖြင့် အလွန်ကောင်းမွန်ကြောင်း သိလာသည်။ သူက ပြုံးပြီးပြောလေ၏။
"သခင်လေး နားလည်မှု လွဲနေပါပြီ... သားရဲသောင်းချီမဟာမိတ်ရဲ့ မင်းသမီးလေးက လူသားတွေနဲ့ မိစ္ဆာသားရဲတွေရဲ့ ရလဒ်ပဲ"
"ပြီးတော့ မိစ္ဆာသခင်ရဲ့ ကိုယ်ခန္ဓာ အစစ်အမှန်က နဂါးတဲ့... ပဉ္စမအဆင့် ရွှေနဂါးကြီးရဲ့ သွေးတွေ ကြွယ်ကြွယ်ဝဝ ပါရှိတယ်.. မင်းသမီးလေးရဲ့ မိခင်ကလည်း လူသားတွေကြားမှာ နတ်ခန္ဓာကိုယ် ရှိတယ်... သူတို့နှစ်ဦး ချစ်မိသွားရော... နတ်ဘုရားမက မီးဖွားနေတဲ့ အချိန်မှာပဲ သေဆုံးသွားခဲ့တာ ဒါပေမဲ့ မင်းသမီးလေး တစ်ပါးကို မွေးဖွားထားခဲ့တော့ သားရဲသောင်းချီမဟာမိတ်ကလည်း မင်းသမီးကို အတိုင်းအတာ တစ်ခုအထိ အကာအကွယ်ပေး၊ ချစ်မြတ်နိုးခဲ့ကြတာ..."
ငှက်အိုကြီးက ချောင်းဆိုးပြီး တိုးတိုးလေး ဆက်ပြောပြန်သည်။
"သခင်... ကျွန်တော်ကြားတဲ့ ကောလဟာလအရဆိုရင် နံပါတ်ရှစ် သလင်းကျောက်တွင်းမှာ လျှို့ဝှက်ချက်တစ်ခု ရှိနေပုံရတယ်... အဲဒီလျှို့ဝှက်ချက်က နတ်ဘုရားမကို ကယ်တင်နိုင်မလား မသိဘူးတဲ့"
လုရွှမ်: "နတ်ဘုရားမက သေနေပြီ မဟုတ်ဘူးလား"
"အဲဒါက ဒဏ္ဍာရီတစ်ခုလို့ ထင်ရတယ်ရယ်... ဒဏ္ဍာရီအရဆို နတ်ဘုရားမ မသေဆုံးခင် မိစ္ဆာသခင်က တံဆိပ်ခတ်ထားခဲ့တာတဲ့... နတ်အရာဝတ္ထု တစ်ခုခုကို ရှာတွေ့နိုင်သရွေ့ နတ်ဘုရားမ ပြန်လည်ရှင်သန်နိုင်မှာ"
လုရွှမ် ရယ်မောကာ မနေနိုင်ဘဲ ပြန်မေးလိုက်၏။
"နတ်ဘုရားမကို ကယ်မယ့် ပစ္စည်းက နံပါတ်ရှစ် သလင်းကျောက်တွင်းမှာ တကယ် ရှိနေတယ်လို့တော့ မပြောနဲ့နော်"
ငှက်အိုကြီးက ပခုံးတွန့်ပြပြီး ဘာမှပြန်မပြောဘဲ သူ့ကိုကြည့်နေတဲ့ ပုံစံမျိုးသာ လုပ်ထားလေသည်။
"တကယ်တော့ သခင်.. ဒီအချိန်မှာ အနှစ်တစ်ရာတိုင်း သလင်းကျောက်တွင်း ပြဿနာက ဖြစ်လာမှာ... မင်းသမီးငယ်လေးဆီက မျက်နှာသာရဖို့အတွက် နံပါတ် (၈) သလင်းကျောက်တွင်းထဲကို မိစ္ဆာသားရဲတွေ အများကြီး ဝင်သွားကြလိမ့်မယ်"
ငှက်အိုကြီး စကားပြီးသွားချိန်မှာတော့ စားသောက်ဆိုင် အပြင်ဘက်မှ အသံတစ်သံ ထပ်ထွက်လာခဲ့လေသည်။
"မင်းသားလေး ကျောင်းလုံက နံပါတ်ရှစ် သလင်းကျောက်တွင်းထဲ သွားပါမယ်လို့ ကတိပြုထားပါပြီ"
မိစ္ဆာသားရဲများစွာသည် ပြတင်းပေါက် အနားသို့ ချက်ချင်း ရောက်သွားကြသည်။ ထိုစဥ် မိစ္ဆာသားရဲ တစ်ကောင်က လေပေါ်မှ ဓားငယ်တစ်စင်း ပစ်ချလိုက်ရာ သတင်းပေးသူက ချက်ချင်းအော်ပြောလေ၏။
"မင်းသားငယ် တန်းရွှမ်းယွမ်ကလည်း နံပါတ်ရှစ် သလင်းကျောက်တွင်းကို သွားတော့မယ်လို့ ကြေညာထားပြီးပြီ... သူကအခု ကြယ်လတည်းခိုခန်းမှာ လူတွေကို စုဆောင်းနေပြီ!”
ဝှစ်ကနဲ အသံနှင့်အတူ မိစ္ဆာသားရဲ အုပ်စုတစ်စုက အရှိန်အဟုန်ဖြင့် ပြေးထွက်သွားကြလေ၏။ ထိုနေရာက ကြယ်လတည်းခိုခန်းပဲ ဖြစ်ပေလိမ့်မည်။
"သခင်ရော?"
သေရည်ချပေးတဲ့ စားပွဲထိုးတောင်မှ ထွက်ပြေးသွားပြီ ဆိုတော့ လုရွှမ်ကလည်း သဘာဝအတိုင်း လိုက်သွားရတော့မှာပေါ့။
"ငှက်အိုကြီး... သေရည်အိုး နည်းနည်းလောက် ယူလာခဲ့လိုက်...."
ဒီသေရည်က သာမန်အရသာပဲ ရှိပေမယ့် တကယ့်သဘာဝ ပစ္စည်းတွေနဲ့ အံ့ဖွယ်ဆေးတွေ အများကြီး ပါရှိပါသေးသည်။ ပထမဆုံး သောက်လိုက်တဲ့အခါ အရသာက အရမ်းပြင်းပေမယ့် တဖြည်းဖြည်း မြည်းစမ်းကြည့်တဲ့အခါ အဆုံးမရှိတဲ့ အရသာကို တွေ့ခဲ့ရသည်။
နှစ်ယောက်သား ကြယ်လတည်းခိုခန်းရဲ့ တံခါးဝသို့ ရောက်သောအခါ အောက်တွင် မိစ္ဆာသားရဲတွေက ပြိုင်ဆိုင်နေကြကာ လသာဆောင်တွင်တော့ သားနားစွာ ဝတ်ဆင်ထားသည့် သခင်ငယ်တစ်ဦးကို တွေ့လိုက်ရသည်။
ငှက်အိုကြီးက အလျင်စလို မေးမြန်းခဲ့သော် ၎င်းသည် ဤခရီးကို အနိုင်ရရန်အတွက် ဘက်ပေါင်းစုံမှ ကျွမ်းကျင်သူများကို ခေါ်ယူနေသော မင်းသားငယ် တန်းရွှမ်းယွမ် ဖြစ်တယ်ဆိုတာ သိလိုက်ရ၏။
ဒီခရီးက သေစေနိုင်တယ်လို့ လူတော်တော်များများ သိထားပေမယ့် ပါဝင်မယ့်သူတွေ အများကြီး ထွက်လာသေးသည်။ မင်းသားငယ်လေးမှပေးသော စရိတ်စကသည် သူတို့ရဲ့ မိသားစုအတွက် ချန်ထားခဲ့နိုင်ခြင်းကြောင့် သားရဲများစွာကို သဘာဝအတိုင်း ပါဝင်လာအောင် ဆွဲဆောင်နိုင်ခဲ့သည်။
ထင်ရှားသည်မှာ လူဖြစ်ဖြစ် မိစ္ဆာသားရဲဖြစ်ဖြစ် ဆွဲဆောင်နိုင်တဲ့ အရာတစ်ခုကတော့ အခြေခံအားဖြင့် တူညီကြသည်။
သူတို့ရဲ့ အောင်မြင်မှုတွေကို အရမ်းပျော်ပြီး အရင်းအနှီးများများ ရယူလိုတဲ့ ထိပ်တန်း မိစ္ဆာသားရဲတွေဟာ ယခင်ကသားရဲတွေ ဘယ်လို ယဇ်ပူဇော်ခံလိုက်ရသလဲ အားလုံး သိသည်။ လူသားတွေလို အောက်ခြေမှာရှိတဲ့ မိစ္ဆာသားရဲတွေလည်း အေးအေးဆေးဆေး လေ့ကျင့်ချင်ကြပါ၏။
ဇာတ်ခုံပေါ်တွင် မိစ္ဆာသားရဲ နှစ်ကောင် ယှဉ်ပြိုင်လျက် ရှိပြီး တစ်ယောက်မှာ ထိုမင်းသားငယ်၏ ကိုယ်ရံတော်ဖြစ်သည်။ သို့သော် အစောင့်မျက်နှာပေါ်မှ ဝမ်းနည်းကြေကွဲသော အကြည့်ကို ကြည့်လိုက်ရင်း စွန့်စားခန်းဟုခေါ်သော ဤခရီး၌ လုံးဝ မပါဝင်ချင်ကြောင်း ထင်ရှားပေသည်။
အောက်က တိုက်ပွဲကို ကြည့်နေတဲ့ မိစ္ဆာသားရဲတွေထဲမှာ ဇနီးသည်တွေ၊ မိခင်တွေ၊ ညီအကိုမောင်နှမ တော်တော်များများဟာ မျက်လုံးနီရဲရဲနဲ့ တိတ်တိတ်လေး မျက်ရည်ကျနေကြတာကို လုရွှမ် တွေ့နေရ၏။
ထိုအခိုက်တွင် ယှဥ်ပြိုင်မေသူက ကြွေးကြော်ကာ အစောင့်ကို အနိုင်ယူဖို့အတွက် စိတ်အားထက်သန်စွာ အော်ဟစ်နေလေသည်။ ပြီးတော့ အောက်မှာ ကလေးနဲ့တူတဲ့ သားရဲငယ်များဟာ သူတို့ရဲ့ ဦးခေါင်းပေါ်က ဦးချိုတွေကို လုံးလုံးလျားလျား မဝှက်ထားတာကြောင့် သူတို့မှာ အလွန်ရုပ်ဆိုးနေကြလေပြီ။
ဒါပေမဲ့ ဒီအချိန်မှာ အားလုံးကလည်း ငိုနေကြပါ၏။
လုရွှမ်လည်း ကြည့်ရင်း သက်ပြင်းချလိုက်သည်။ မိသားစုကို ပြုစုပျိုးထောင်ခြင်းက လူဖြစ်စေ သို့မဟုတ် သားရဲများအတွက် ဖြစ်စေ အမြဲဝမ်းနည်းစရာ ဇာတ်လမ်း တစ်ခုကတော့ ဖြစ်လာစမြဲပင်။
ထို့နောက် နောက်ထပ် တစ်ကောင် ခုန်တက်သွားသည်။
"သခင် ဘယ်လိုလဲ?"
ငှက်အိုကြီးက ထပ်မေးသည်။
လုရွှမ် ခေါင်းယမ်းပြလိုက်သည်။ သူဟာ ဓားကို လိုအပ်ပေမယ့် ဓားစာခံအတွက်တော့ မသေချင်ပေ။ လမ်းခရီးမှာ ကံကောင်းတယ်လို့ ထင်ရပေမယ့် ဒီလိုအရာမျိုးကို ပေါ့ပေါ့ဆဆ မဖြုန်းတီးဘဲတောင် ကံဆိုးမှုက သင့်တံခါးကို လာခေါက်ရင်တော့ သေခြင်းတရားကို သွားရှာရလိမ့်မယ်။
"ကောင်လေး... မင်းသွားပျော်မလား"
စိတ်ထဲမှာတော့ ရွှေကျီးကန်းရဲ့ အသံက ရုတ်တရက် ထွက်ပေါ်လာ၏။ သူ့ကို အပျော်သဘော သက်သက် သွားစေချင်နေတာလား။ ဒါက အသက်နဲ့ သေခြင်းတရား ကြားက ကိစ္စဖြစ်တာမို့ အပျော်သဘော သက်သက်လို့ လုရွှမ် မထင်ချေ။
"ကောင်လေး... မိုးကောင်းကင်ရေကန်က ကောင်းတဲ့အရာနော်.. မင်းလွဲသွားရင် သေချာပေါက် နောင်တရနေရလိမ့်မယ်... ပြီးတော့ မင်းက ဘာကို ကြောက်နေတာလဲ ကျောက်စိမ်းပြားထဲမှာ မင်းအတွက် နေရာမရှိလို့လား.. မင်း မသေနိုင်ပါဘူး!"
လုရွှမ်လည်း တိတ်တိတ်ဆိတ်ဆိတ် သက်ပြင်းချလိုက်ပြီး။
"ကျွန်တော် မသွားလို့ မရဘူးမလား?"
ရွှေကျီးကန်းက ရယ်မောပြီး "လေ့ကျင့်လိုက်စမ်းပါ... မင်း အခက်အခဲတွေ ကြုံလာခဲ့ဖူးတာပဲလေ... အဲဒါကို စဉ်းစားကြည့်... အနာဂတ်မှာ မင်းရဲ့ ဒဏ္ဍာရီက နေရာအနှံ့ ပျံ့နှံ့သွားလိမ့်မယ် ဘယ်လောက် ကြီးကျယ်ခမ်းနားလိုက်မလဲ..."
၎င်းသည် သူ၏ဘုန်းအာနုဘော်နှင့် နေရာတိုင်းတွင် အမဲလိုက်ခံရခြင်း၏ အဖြစ်ဆိုးကို ပျံ့နှံ့သွားစေလိမ့်မည်။
ဒါပေမဲ့ တကယ်တော့ လုရွှမ်မှာ မျှော်လင့်ချက်တချို့ ရှိတယ် ဆိုတာကိုလည်း သိထားပြီးသားပါ။ ဘာပဲဖြစ်ဖြစ် သူ့မှာ အာကာသကျောက်စိမ်းပြားက ရှိတာကြောင့် ကြောက်စရာတော့ မလိုချေ။
"ကောင်းပြီ ငါသွားပျော်လိုက်မယ်"
လုရွှမ် ငှက်အိုကြီးဘက် လှည့်ပြောလိုက်သည်။
ငှက်အိုကြီးက ဝမ်းသာအားရနဲ့ "သခင်... လုံးဝ စိတ်မပျက်စေရဘူး"
လုရွှမ် မထိန်းနိုင်ဘဲ "ဘာလို့ အားပေးနေတာလဲ... ငါ တစ်ခုခု ဖြစ်သွားမှာကို မကြောက်ဘူးလား"
ငှက်အိုကြီးက တခစ်ခစ်ရယ်ရင်း "အခြားသူသာဆိုရင် ဒီကျွန်အိုကလည်း တတ်နိုင်သလောက် တားမှာပါ... ဒါပေမဲ့ သခင်ကတော့ ဒီကျွန်ရဲ့အမြင်မှာ ကောင်းကင်က ရွေးချယ်ထားတဲ့လူပဲ... ဒါကြောင့် သခင်က သဘာဝအတိုင်း ဘေးဥပဒ်ကို ကံကောင်းခြင်းအဖြစ် ပြောင်းလဲသွားနိုင်လောက်တယ် ”
လုရွှမ်မှာ မရယ်နိုင်တော့ဘဲ။
"ကောင်းပြီ ဆက်ပြီး မြှောက်နေလိုက်... မင်း မြှောက်ပြောနေတာက တကယ် နားထောင်လို့ ကောင်းသားပဲ!"
ထိုစဥ် အနောက်မှ အသံတစ်ခု ထွက်ပေါ်လာသည်။
လုရွှမ် လှည့်ကြည့်လိုက်တော့ အလွန်ချောမောတဲ့ လူငယ်တစ်ယောက်ကို တွေ့လိုက်ပေမယ့် လုရွှမ်ကတော့ ၎င်းဟာ ယောကျာ်းဘေးလို ဟန်ဆောင်တဲ့ မိန်းကလေးပဲဆိုတာ သေချာပေါက် သိလိုက်သည်။
ရယ်စရာ ကောင်းတာက မိစ္ဆာသားရဲတွေကြားမှာ မိန်းမတစ်ယောက်က ယောက်ျားအသွင်ဆောင်တဲ့ အရာလည်း ရှိတယ် ဆိုတာပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီမိန်းကလေးက ရုပ်ရည်အလွန်လှပသည်။
"အစ်ကို... မင်း သိပ်သတိထားရင် ပိုကောင်းမယ်... ဒီနံပါတ်ရှစ် တွင်းက အရမ်းအန္တရာယ်များတယ်ဆိုတာ သိထားပြီးပြီမလား... အဲ့တော့ အန္တရာယ်ကို စိတ်တိုင်းမကျရင် မလိုက်တာက ပိုကောင်းတယ်"
လုရွှမ်က ရယ်ရင်း "ခုနက ငါ့ရဲ့ အဘိုးကြီးပြောတာကို မင်းကြားပြီးပြီပဲ.. ငါက ကောင်းကင်က ရွေးထားတဲ့လူ အမ် ရွေးထားတဲ့သားရဲပဲ... ဒုက္ခကြုံတဲ့အခါ အန္တရာယ်ကို ငါအလိုအလျောက် ပြောင်းလဲပေးနိုင်မလား မပြောတတ်ဘူးလေ"
အယောင်ဆောင်က ပြုံးပြီး သူမရဲ့ ဖြူဖွေးနေတဲ့ သွားလေးတွေကို ပြသလာသည်။
"ကောင်းပြီ... မင်းလုပ်နိုင်တယ် ဒါပေမဲ့ သူကရော? မင်းရဲ့အစေခံက ဒါကို လုပ်နိုင်ပါ့မလား"
ငှက်အိုကြီးကလည်း ရယ်ရင်း "သခင်လေး စိတ်မပူနဲ့... ကျုပ်သခင်နောက်ကို လိုက်မယ်ဆိုရင် အန္တရာယ်ကို သဘာဝအတိုင်း အကောင်းအဖြစ် ပြောင်းလဲနိုင်မှာပါ"
"ဟာဟား ကောင်းပြီလေ... ဒါဆို မင်းတို့ငါ့နောက်ကို လိုက်ခဲ့မလား... ဘေးဥပဒ်ကို ကံကောင်းခြင်းအဖြစ် ပြောင်းလဲပေးနိုင်တဲ့ မင်းတို့ရဲ့စွမ်းရည်ကို ငါ ချေးချင်လို့"