သလင်းကျောက်တွင်းဆီသို့
Vol. 124 Ch. 4.1379
လုရွှမ်သည် လူတွေက စည်းစိမ်အတွက် သေဆုံးကြပြီး ငှက်များ အစားအစာအတွက် သေဆုံးကြကြောင်း နားလည်ထားတာက မှန်နေကြောင်း သိ၏။ သူတို့လိုချင်တဲ့ အရာအတွက် သူတို့အသက်ကို စတေးရဲတဲ့ ရူးသွပ်ပြီး ရဲရင့်တဲ့သူတွေ အမြဲတမ်း ရှိနေတတ်သည်။
"သခင်... အဲဒီကောင်တွေကို လုံးဝ သတိထားရမယ် သူတို့အသက်ကို ကယ်တင်ရဖို့ဆိုရင် ညီအကိုမောင်နှမတွေနဲ့ မိသားစု ဆက်ဆံရေးကို ဖြတ်တောက်ပစ်ရဲကြတယ်"
လုရွှမ်ကလည်း နားလည်ကြောင်း ပြရန် ခေါင်းညိတ်လိုက်သည်။
နောက်နေ့ မနက်စောစောမှာ လုရွှမ်တို့သုံးယောက်ဟာ ကြယ်လ စားသောက်ဆိုင်ရှေ့မှာ မင်းသားတန်းရွှမ်းယွမ်နဲ့ အတူတူ စောင့်နေခဲ့သည်။ မကြာခင်မှာပဲ လူခြောက်ယောက်လည်း ရောက်လာပြီး သူတို့နောက်လိုက်လာတဲ့ ဆွေမျိုးတွေက အဝေးကနေ လိုက်လာပေးကြ၏။ ဒါက သူတို့ချစ်ရသူတွေရဲ့ နောက်ဆုံးခရီးလည်း ဖြစ်သွားနိုင်သည်လေ။
"ကောင်းပြီ အားလုံးရောက်ပြီ ဆိုတော့ သွားကြရအောင်"
လူ၁၃ယောက် အုပ်စု ထွက်ခွာသွားကြသည်။ ၎င်းတို့နောက်တွင် လူလှိုင်းလုံးများပါရှိကာ လူလှိုင်းလုံးများနှင့်အတူ နံပါတ်ရှစ် သလင်းကျောက်တွင်းသို့ ပျံသန်းသွားကြသည်။
လုရွှမ် ရေတွက်ကြည့်လိုက်တော့ လှိုင်းတစ်ဒါဇင်ထက်မနည်း ရှိနေတာကို တွေ့လိုက်ရသည်။ ဤလူများနှင့် မိစ္ဆာသားရဲများက တကယ် သတ္တိရှိကြသည်မှာ အမှန်ပင်။
အရမ်းကောင်းဟန် ဆောင်ထားပေမယ့် ဒီမိစ္ဆာသားရဲတွေကြားထဲမှာ လူတချို့ကို တွေ့နေရဆဲပင်။ သို့သော် လုရွှမ်ကိုယ်တိုင်လည်း ဟန်ဆောင်နေခဲ့၏။ နတ်မျက်လုံးတစ်စုံနှင့် ထျန်းယွမ်နတ်မီးလုံးဖြင့်သာ သဘာဝအတိုင်း အလွန်ရှင်းလင်းစွာ မြင်နိုင်ပေသည်။
ပြီးတော့ ဒီလူတွေက အင်အားကြီးပြီး ရက်စက်ကြမ်းကြုတ်တဲ့ ကောင်တွေ မဟုတ်ဘူးဆိုတာ ထင်ရှားပါ၏။ ဤနေရာတွင် လူသားများအသုံးပြုသော ယဇ်ပလ္လင်တစ်ခု အမှန်တကယ်ရှိနေပုံပါပဲ။ သူဟာ ဤလူများကို နောက်ပိုင်းတွင် ဆက်သွယ်နိုင်ပြီး ၎င်းတို့လူသားများ နေထိုင်ရာအရပ်သို့ လိုက်သွားနိုင်သည်။
နံပါတ်ရှစ် သလင်းကျောက်တွင်းသည် ဤစျေးကွက်ငယ်နှင့် ဝေးကွာနေသေးသော်လည်း မင်းသားငယ် တန်းရွှမ်းယွမ်က ၎င်းတို့ကို စမ်းသပ်နေသည်မှာ သိသာထင်ရှားလှ၏။ ၎င်းတို့ ခြောက်ဦးသည် လိုက်မမှီနိုင်တော့အောင် အဆင့်အမျိုးမျိုးကို ပြသခဲ့သည်။
တချို့က မြန်တယ်၊ တချို့က နှေးတယ်။
လုရွှမ်နဲ့ ငှက်အိုကြီးက အေးအေးဆေးဆေးပါပဲ။ အူတူတူလေးက မျှော်စင်နယ်ပယ် အဆင့်၅ တွင် ရှိသော်လည်း ဤသားရဲများနှင့် ယှဥ်လျှင် သူမက အနည်းငယ် နောက်ကျ ကျန်နေသေးသည်။
လုရွှမ် သူမလက်ကို တိုက်ရိုက် ဆွဲကိုင်လိုက်ပြီး အရှိန်မြန်စေလိုက်စဥ် အနည်းငယ် ချစ်ဖို့ကောင်းသည့် ဗရုတ်သုတ်ခ ခေါင်းလေးက ဟစ်အော်လိုက်၏။
"လောင်ယွင် ဒီမင်းသမီးလေးက ဘာလို့ ဒီလောက်တောင် မိုက်မဲနေတာလဲ"
ငှက်အိုကြီးကလည်း ပြုံးပြီး စိတ်စွမ်းအင်ဖြင့် စကားပြန်ပြောလာသည်။
"သူမက နည်းနည်းတော့ ချစ်စရာကောင်းပါတယ်... သခင် သဘောကျလား"
လုရွှမ် စကားသိပ်မပြောချင်တော့ပေ။ ဒီလူကြီးက ဘာလို့ အောင်သွယ် လုပ်ရတာကို ကြိုက်မေတာလဲ။
"ကလေးတစ်ယောက်ကို မင်းဘာတွေ ပြောနေတာလဲ? မဟုတ်ရင် နတ်ဘုရားလို့ ခေါ်တဲ့ အရာဝတ္ထုကို မင်းတကယ် ရှာတွေ့ရင် မင်းဘာသာ ဒီမှာနေပြီးတော့ မင်းသမီးလေးနဲ့ လက်ထပ်လိုက်လို့ ရတယ်မော်.."
ငှက်အိုကြီးရဲ့ နှလုံးက တုန်လှုပ်သွားသော်လည်း သူ ချက်ချင်းပင် ထိုအတွေးကို ဖယ်လိုက်သည်။
"သခင် မနောက်ပါနဲ့... ကျုပ်က သခင် ထူးထူးခြားခြား သူတော်စင်ဖြစ်သွားတာကို မြင်ချင်တာ... အဲဒါအတွက်လည်း ဒီကိစ္စကို အခွင့်ကောင်းယူလို့ ရတယ်နော်..."
မနေ့ညက သူတို့နှစ်ဦးသည် ဤကလေးမသည် သားရဲသောင်းချီမဟာမိတ်က အငယ်ဆုံး မင်းသမီး ဖြစ်နိုင်ကြောင်း ကောက်ချက်ချခဲ့သည်။ သူမဟာ တကယ်ကို မိုက်မဲတဲ့ ကောင်မလေး တစ်ယောက်ပင်။ သူမ အသွင်ပြောင်းထားတာက ဖြောင့်မတ်လွန်းသူလို့ တခြားသူတွေက ခန့်မှန်းလို့ မရဘူးလို့များ ထင်နေတာလား။
သူမဟာ သလင်းကျောက် နှစ်ခုကို ထုတ်ပြကာ သူမက မင်းသမီးလေးပါလို့ သူများတွေကို လိုက်ပြောနေသလိုပါပဲ။
ငှက်အိုကြီးက ထိုအကြောင်းကို မေးမြန်းရန် ထွက်သွား၏။ သေချာသည်မှာ မင်းသမီးလေး ခိုးထွက်သွားသည့် သတင်းကိုလည်း သူကြားလိုက်ရသည်။ ထူးဆန်းတာက သားရဲသောင်းချီမဟာမိတ်က သူမကိုရှာဖို့ ဘယ်သူ့ကိုမှ မလွှတ်ထားတာပင်။
နံပါတ်ရှစ် တွင်းသို့ ရောက်ရှိလာသောအခါ ထိုနေရာတွင် စောင့်ဆိုင်းနေသော မိစ္ဆာသားရဲ အများအပြား ရှိနေပြီ။ သူတို့က ဟာသပြဇာတ်ကို ကြည့်ရှုရန် နံပါတ်ရှစ် သလင်းကျောက်တွင်းဆီ အပြေးအလွှား ရောက်လာကြတာပဲ ဖြစ်ပေ၏။
နှစ်စဉ်နှစ်တိုင်း သလင်းကျောက်တွင်းကို တိုက်ခိုက်ပြီး လျှို့ဝှက်ချက်တွေကို ဖြေရှင်းဖို့နဲ့ စည်းစိမ်ဥစ္စာတွေ အများကြီးရဖို့ ကြွေးကြော်နေတဲ့ သားရဲတချို့ အမြဲရှိနေတတ်ပြီး အဲဒီလူမိုက်တွေက ဘယ်တော့မှ ထွက်မလာတော့ပါဘူး။
"ဟေး မင်းသားလေး တန်းရွှမ်းယွမ်ပဲဟ! တကယ်ကို သနားစရာ ကောင်းလိုက်တာ"
"ဟေး ကြည့်စမ်း... နတ်မီးနယ်ပယ်က မိစ္ဆာသားရဲတောင် ပါလာသေးတယ်... သူတို့ အသက်ရှင်ရမလား သေမလားဆိုတာ တကယ် မသိဘူး ထင်တယ်..."
"ဟေး ကောင်မလေးက ဘယ်လောက်လှလဲ ကြည့်စမ်း... ဒါပေမဲ့ သေရတော့မယ်"
မိစ္ဆာသားရဲတွေက တစ်ယောက်ပြီး တစ်ယောက် ရယ်မောရင်း လှောင်ပြောင်ပြောဆို နေကြလေသည်။ မင်းသားငယ် တန်းရွှမ်းယွမ်ကလည်း အလွန်စိတ်ထားကောင်းသဖြင့် ဤလူများကို လျစ်လျူရှုကာ တွင်းဆီသို့သာ ဦးစွာ ပြေးသွားခဲ့သည်။
လုရွှမ်နှင့် အခြားသူများက ထုံးစံအတိုင်း ၎င်းတို့အားလုံး၏ အဖွဲ့သားငယ်များ ဖြစ်ကြသည်။ အမှန်တော့ သူတို့သည် အခြားသူများအတွက် ဘေးအန္တရာယ်များကို ဖယ်ရှားပေးရန် သူတို့အသက်ကို သုံးနေရတဲ့ လူတွေနဲ့ အလားတူပါပဲ။
တွင်းထဲသို့ ဝင်လာသည်နှင့် တပြိုင်နက် လုရွှမ်သည် သူ့ခန္ဓာကိုယ် အပေါ်ပိုင်းက အေးခဲသွားသလို ခံစားလိုက်ရသည်။ ယွမ်ယန်စွမ်းအင်ကို ညင်သာစွာ ထုတ်လွှတ်လိုက်သော် ၎င်းက အအေးဓာတ်ကို ပြေပျောက်စေကာ အလိုအလျောက် လည်ပတ်နေသည်။
ထုံးစံအတိုင်း ဤမှောင်မိုက်မှုနှင့် အေးစက်မှု အနည်းငယ်က နတ်ခြေလှမ်းနယ်ပယ်ကို တက်သွားသော ငှက်အိုကြီးကို မထိခိုက်စေနိုင်သော်လည်း အတွင်းတွင် ထူးဆန်းသည့် အရာတစ်ခုက ရှိသေးတာကြောင့် သူ ငှက်အိုကြီးနဲ့ မိစ္ဆာမင်းသမီးလေးကို လက်နှစ်ဖက်ဖြင့် ပုတ်လိုက်သည်။
မိစ္ဆာနှစ်ကောင်စလုံး၏ ခန္ဓာကိုယ်က အနည်းငယ် တုန်ခါသွားကာ ၎င်းတို့၏ ယခင်အအေးဓာတ်များ လုံးဝ ပျောက်ကွယ်သွားကြောင်း ခံစားလိုက်ရသည်။
"ကျေးဇူးတင်ပါတယ် သခင်"
ငှက်အိုကြီးလည်း လုရွှမ်ကသူ့ကို သူ့ဘာသာသူ ကူညီပေးလာတဲ့ အတွက် စိတ်လှုပ်ရှားသွားသည်။ သို့သော် မင်းသမီးလေးသည် အေးခဲခြင်း၏ ထူးခြားမှုကို ခံစားနိုင်ရန် လုံလောက်သော လေ့ကျင့်မှုမျိုး မရှိခဲ့သော်လည်း သူမက ဟစ်အော်လိုက်သေး၏။
"ငါဘာသာ ထိန်းနိုင်တယ်!"
ထိုသို့ပြောပြီးနောက် သူမ လုရွှမ်ကို အားမကိုးတော့ပေ။
"ရှင် ဝတ်ထားတာ နည်းနည်းလေး ဆိုပေမယ့် ခန္ဓာကိုယ်က တော်တော် ပူနေသလိုပဲနော်..."
လုရွှမ် စကားမပြောတော့ပေ။ မင်းသမီးလေးက ဟစ်အော်လိုက်သော်လည်း သူမနှုတ်ခမ်းများက အလိုမကျသော အရိပ်အမြွက်ကို ဖော်ပြနေသည်။ လုရွှမ် ဂရုမစိုက်နေချေ။ မင်းသားငယ်လေး တန်းရွှမ်းယွမ် အပါအဝင် အခြားမိစ္ဆာသားရဲတွေက အရင်က အေးစက်တဲ့ ရောင်ဝါက သူတို့ကိုယ်တွေပေါ်၌ အမှတ်အသား ပြုနေတာကိုလည်း သူတွေ့လိုက်ရပါ၏။
သူ့အနေဖြင့် သူတို့အား သတိပေးရန် မလိုအပ်ပေ။ သဘာဝအတိုင်းပင် ဤလူများက သေရန် အသင့်ဖြစ်နေပြီ ဖြစ်သည်။ ဒါက သူတို့ရဲ့ ကံကြမ္မာပဲ ဖြစ်ကာ ၎င်းတို့ကို ကယ်တင်ရန် မလိုအပ်ပေ။ နောက်ပြီး အားလုံးက မိစ္ဆာသားရဲတွေ ဖြစ်သည်။
အချို့သော သားရဲများသည် အလွန်လေးစားဖွယ် ကောင်းသော်လည်း မတူညီသော ရပ်တည်ချက်များက မတူညီသော စိတ်သဘောထားများကို သဘာဝအတိုင်း ဆုံးဖြတ်ပေးကြသည်။
အကယ်၍ သူသည် ဤမိစ္ဆာသားရဲများကို ခိုးဝင်တိုက်ခိုက်ပြီး ၎င်းတို့ကို ဤနေရာတွင် မသတ်ခဲ့ပါက သူသည် ၎င်းတို့အား ကယ်တင်ရန် အစွမ်းကုန် ကြိုးစားနေရမည်ဆိုလျှင် ဒါက သူ့ပုံစံ မဟုတ်တော့ချေ။ ဒါက သူတို့ဘဝ၊ သူတို့ကိုယ်တိုင်ပဲ ရွေးချယ်ခဲ့တာဆိုတော့ ဘယ်လောက်ပဲ ပင်ပန်းပင်ပန်း သူတို့ ဆက်လုပ်ရမှာပါပဲ။
နောက်ကွယ်မှ အဖွဲ့သားများလည်း ဝင်လာကြသည်။ နံပါတ်ရှစ် သလင်းကျောက်တွင်း၌ မတော်တဆမှုတစ်ခု ဖြစ်ပွားသည်နှင့် ဂူအဝင်ပေါက်ကို ပိတ်ထားမည် ဖြစ်သည်။ ထို့ကြောင့် ဝင်ရောက် စူးစမ်းလိုပါက တံခါးကို အလုံပိတ်မထားတဲ့ အချိန်က အကောင်းဆုံးပင်။
ပြီးတော့ ဒီအချိန်က တစ်ရက်ပဲရှိ၏။
သလင်းကျောက် တွင်းသည် အလွန်ကြီးမားပြီး အလွန်နက်ရှိုင်း၏။ ၎င်းက ပင့်ကူများလို လမ်းကြောင်း အားလုံးကို ဖြန့်ကျက်ကာ နေရာအားလုံးကို ဦးတည်နေသည်။
လုရွှမ်သည် ဤနေရာ၌ သလင်းကျောက်တုံးများကို တူးဖော်လေ့ရှိသည့် မိစ္ဆာသားရဲများ ရှိကြောင်း မြင်လိုက်သည်။ အကြောင်းမှာ ကျောက်နံရံပေါ်၌ ပုဆိန်ဖြင့် ဖြတ်ထားသော သဲလွန်စအချို့ကို တွေ့နိုင်သည်လေ။
ထင်ရှားသည်မှာ တချို့မိစ္ဆာများသည် သလင်းကျောက် တွင်းထဲသို့ မရောက်မီကပင် နံပါတ်ရှစ် သလင်းကျောက်တွင်းနှင့် အလွန်ရင်းနှီးထားကြပေ၏။
တန်းရွှမ်းယွမ် ဦးဆောင်ရာနောက်သို့ လူအများအပြား တိတ်တဆိတ် လိုက်သွားကြသည်။ လုရွှမ်ဟယ ပတ်ဝန်းကျင် မြေပုံများကို တိတ်တဆိတ် မှတ်သားထားသည်ကို မြင်သောအခါ မင်းသမီးငယ်လေးက ဆိုလာခဲ့သည်။
"ဘာလဲ... ရှင်ဒီကို တစ်ခါမှ မရောက်ဖူးဘူးလား"
"ဒါက ငါ့ရဲ့ပထမဆုံး အကြိမ်ပဲ... ဒီမှာ သလင်းကျောက်တွေ ရှိတယ်လို့ ကြားတာနဲ့ ပြေးလာကြည့်လိုက်တာ!"
"လောဘကြီးတဲ့လူ!"
လုရွှမ် ပြုံးပြီး မင်းသမီးလေးရဲ့ ခေါင်းကို ပုတ်ပေးလိုက်သည်။