← Chapters

အခန်း (၁၃၈၉)

Vol. 100 Ch. 1389

အခန်း (၁၃၈၉)

Vol. 100 Ch. 1389

“မင်းက ငါ့ဓားမော့တွေကို ဘယ်လိုမြင်နိုင်တာလဲ”

အစိမ်းရောင်ဝတ်စုံနှင့်လူက မေးသည်။

တခြားလူများကလည်း ဟန်မူယဲ့ကို သိချင်စိတ်များနှင့်အတူ ကြည့်လိုက်ကြသည်။

ထိုက်ယင်ကပင် ဟန်မူယဲ့ကို ကြည့်နေသည်။

“လိုက်ကြည့်နေစရာမလိုပါဘူး”

ဟန်မူူယဲ့က ခေါင်းခါလိုက်ပြီး လှံရှည်ဖြင့် ညွှန်ပြ၍ တည်ငြိမ်စွာပြောသည်။

“သေခြင်းရှင်ခြင်းကြားမှာ ကြောက်ရွံ့စိတ်ရှိတယ်။ ကျွန်တော်က ကိုယ်ပိုင်အသက်ကို လောင်းကြေးထပ်ပြီး ဓားမော့ရဲ့ သတ်ဖြတ်လိုစိတ်ကို ဆွဲယူလိုက်ရုံပဲ”

သတ်ဖြတ်လိုစိတ် ....

ဓားမော့အလင်းတွင် သတ်ဖြတ်လိုစိတ်မပါသောကြောင့် ဓားမော့ကို မမြင်နိုင်သော်လည်း ဟန်မူယဲ့က ကိုယ့်အသက်ကိုယ် လောင်းကြေးထပ်ပြီး ဓားမော့ထဲတွင် ပုန်းကွယ်နေသော သတ်ဖြတ်လိုစိတ်ကို ဆွဲယူခဲ့သည်။

ထို့ကြောင့် ဓားမော့ကို အလိုလျောက် အာရုံခံနိုင်သွားမည်။

“အရူးပဲ ....”

အစိမ်းရောင်ဝတ်စုံနှင့်လူက ဓားမော့နှစ်လက်ကို ပြန်သိမ်းလိုက်ပြီး ရေရွတ်သည်။

အကယ်၍ ဟန်မူယဲ့က ဓားမော့ခုတ်ချက်ကို မတားနိုင်လျှင် သေသွားလိမ့်မည်။

သူက ကိုယ်ပိုင်အသက်ကို လောင်းကြေးထပ်ခဲ့သည်။

ထိုအရာသည် အရူးတစ်ယောက်၏လုပ်ရပ်ပင် ဖြစ်သည်။

သို့မဟုတ် တခြားလူစားမျိုး ဖြစ်နိုင်သည်။

အစိမ်းရောင်ဝတ်စုံနှင့်လူက ဟန်မူယဲ့ကို ကြည့်လိုက်ပြီး ဖြည်းဖြည်းချင်း နောက်ဆုတ်သွားသည်။

တခြားလူစားမျိုးသည် ကိုယ်ပိုင်ခွန်အားကို ယုံကြည်ချက်ရှိပြီး ဓားချက်၏အောက်တွင် ဒဏ်ရာမရနိုင်ဟု ပြောရဲကြသည်။

‘ဒါက ဖြစ်နိုင်ရဲ့လား’

“ဘုန်း”

ဟန်မူယဲ့၏ပုံရိပ်က လှုပ်ရှားလိုက်ပြန်သည်။ လှံက မီးနဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး ကြမ်းတမ်းစွာ ဆင်းသက်လာသည်။

ရွှေကျီးကန်းနတ်ဘုရားမီးတောက် ဖြစ်သည်။

သာမန်မဟုတ်ဘဲ ထင်ရှားသော ခရမ်းရွှေရောင်မီးတောက် ဖြစ်သည်။

မီးတောက်က ကောင်းကင်နှင့်မြေကြီးကြားတွင် ကခုန်နေပြီး ပတ်ဝန်းကျင်ကို လောင်ကျွမ်းသွားစေသည်။

မီးနဂါးက ဟိန်းဟောက်လိုက်ပြီး လူတစ်ယောက်တည်းဆီသို့ မဟုတ်ပဲ ကျန်ရှိနေသော နတ်ဘုရားသားရဲများအားလုံးဆီသို့ ပြေးဝင်သွားသည်။

“ရွှေကျီးကန်း”

“ကောင်စုတ်လေး၊ မင်းက ပျက်စီးခြင်းတောရိုင်းရဲ့ အမွေအနှစ်တွေကို ဘယ်လောက်တောင်ရထားတာလဲ”

“ရွှေကျီးကန်းမီးတောက်ကို ဒီအဆင့်အထိ ဘယ်လိုတောင်စုစည်းရဲတာလဲ”

ထိတ်လန့်နေသော အသံများကြားတွင် လူတိုင်းက ရွှေကျီးကန်းမီးတောက်နှင့် ထိပ်တိုက်ရင်မဆိုင်နိုင်သောကြောင့် နောက်ဆုတ်လိုက်ကြသည်။

“ငါကိုင်တွယ်လိုက်မယ်”

ငွေရောင်ဝတ်စုံနှင့် ကောင်းကင်အူဝံပုလွေက ပြောသည်။ မရေမတွက်နိုင်သော ရေခဲအလင်းများသည် သူ့ပတ်ဝန်းကျင်တွင် စုစည်းလာပြီး မီးနဂါးဆီသို့ ပြေးဝင်သွားသည်။

ရွှေကျီးကန်းမီးတောက်က ကောင်းကင်အူဝံပုလွေ၏ ရေခဲစွမ်းအင်ထက် အဆင့်မြင့်သော်လည်း ဟန်မူယဲ့က ကောင်းကင်အူဝံပုလွေ၏ ကျင့်ကြံဆင့်ကို မပိုင်ဆိုင်ပေ။

ထို့အပြင် တိုက်ပွဲအတွေ့အကြုံတွင်လည်း ယှဉ်နိုင်မည်မဟုတ်ပေ။

မီးနဂါးကို ထိန်းထားနိုင်လျှင် တခြားလူများက ဟန်မူယဲ့ကို ဖိအားပေးရန် လှုပ်ရှားလာကြလိမ့်မည်။

ဆန့်ကျင်ဘက်ဖြစ်သော ရေခဲနှင့်မီး ....

အခြေအနေကို ရှင်းလင်းစွာ မြင်နိုင်သည်။

“ရွှေကျီးကန်းနတ်ဘုရားမီးတောက်၊ နင့်ရဲ့ ရွေးချယ်မှုက ....”

ထိုက်ယင်က တိတ်ဆိတ်စွာ ရေရွတ်လိုက်ပြီး မီးနဂါးကို ကြည့်နေသည်။

“ဘုန်း”

မီးနဂါးက ရေခဲအလင်းများနှင့် တိုက်မိသွားပြီး ကောင်းကင်ကို တိမ်တိုက်များနှင့် ပြည့်နှက်သွားစေသည်။

မီးနဂါး၏ ခန္ဓာကိုယ်က ပြိုကွဲသွားသည်။ ပတ်ဝန်းကျင်တွင်ရှိသော ရေခဲအလင်းများက အငွေ့ပျံ့ပြီး မြူခိုးထုအဖြစ် ပြောင်းလဲသွားသည်။

“ဟားဟား။ ကောင်လေး၊ အရှုံးပေးလိုက်တော့”

ရွှေကျောက်စိမ်းဆင်က ရယ်လိုက်ပြီး ရှေ့သို့ ခြေတစ်လှမ်းတိုးသည်။ သူ့ခြေလှမ်းကြောင့် မြေပြင်က တုန်ခါသွားသည်။

တခြားနေရာတွင် ဆိတ်တစ်ကောင်၏ မုတ်ဆိတ်မွေးနှင့် ပိန်ပါးသောလူတစ်ယောက်က ပျောက်ကွယ်သွားသည်။

အနီရောင်ဝတ်စုံနှင့် တာအိုတန်ခိုးရှင်က ဓားအလင်းကို ထုတ်လွှတ်ပြီး ချက်ချင်းဆိုသလိုပင် ဟန်မူယဲ့၏ရှေ့သို့ ရောက်လာသည်။

ဓားတာအိုကို လေ့ကျင့်ထားသော နတ်ဘုရားသားရဲ ....

အမှန်တကယ်ပင် ရှားပါးသည်။

ဟန်မူယဲ့က နေရာတွင် ရပ်နေပြီး ခုခံရန် လက်လျော့လိုက်ပုံရသည်။

သို့သော် အနက်ရောင်ဓားအိမ်သည် သူ့နောက်ကျောတွင် တိတ်ဆိတ်စွာ ပေါ်လာသည်။

ထိုဓားအိမ် ပေါ်လာသောအခါ ထိုက်ယင်က မျက်လုံးပြူးသွားပြီး ထိတ်လန့်စွာ အော်ဟစ်သည်။

“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ”

“ဒါက ....”

ဓားအိမ်သည် လှုပ်ရှားနေသော အလင်းရောင်ကို ထုတ်ပေးသည်။

ဓားအလင်းတစ်ခုက ပျံသန်းထွက်လာသည်။

ထို့နောက် ထောင်ချီသော ဓားအလင်းများက ကြယ်ပျံများသဖွယ် ပေါ်ထွက်လာကြသည်။

“ဓားတစ်သောင်းတို့အိမ်အပြန်”

ဟန်မူယဲ့က လက်ညှိုးညွှန်လိုက်သည်။ ဓားအလင်းများအားလုံးက ဓားတစ်လက်အဖြစ် စုစည်းသွားပြီး မြူခိုးထုဖြစ်နေသော ပတ်ဝန်းကျင်ကို ခုတ်ပိုင်းသည်။

ထိုဓားသည် စိတ်ကူးမယဉ်နိုင်သော စွမ်းအားကို ပိုင်ဆိုင်ထားသည်။

ဓားအလင်းက ရှေးခေတ်၏ သားရဲတစ်ကောင်ကဲ့သို့ လမ်းတစ်လျှောက်တွင်ရှိသော အရာအားလုံးကို ဖျက်ဆီးသွားသည်။

ထိုဓားသည် ကောင်းကင်နှင့်မြေကြီးကို ထိုးခွဲပြီး မြူခိုးနှင့် မီးတောက်များကို ခွဲခြားသည်။

ဓားအလင်း၏ရှေ့တွင် မီးတောက်နှင့် ရေခဲစွမ်းအင်က အရိပ်အယောင်ပင် မကျန်ခဲ့ပေ။

ဓားအလင်း ဖြတ်သန်းသွားသောအခါ မီးတောက်များက တစ်ဖက်တွင် စုစည်းနေပြီး ‌ရေခဲမြူက တစ်ဖက်တွင် စုစည်းနေသည်။

သွယ်ယှက်နေသော စွမ်းအင်များသည် ပတ်ဝန်းကျင်ကို တုန်ခါလာစေသည်။ ဓားရှည်ကပင် အချိန်မရွေး ပေါက်ကွဲတော့မည်ဟု ထင်ရသည်။

ထိန်းချုပ်မရနိုင်သော စွမ်းအား စုစစည်းလာသည်။

“မြန်မြန်ရှောင်ကြ”

“အရူးပဲ။ အဲဒီဓားက ပေါက်ကွဲတော့မယ်”

“တည်နေရာပျက်စီးသွားရင် စကြဝဠာနယ်မြေရဲ့ အကြည့်တွေက ဒီနေရာကို ရောက်လာလိမ့်မယ်”

နတ်ဘုရားသားရဲများက နေရာအနှံ့သို့ ထွက်ပြေးသွားကြသည်။

ဟန်မူယဲ့က လက်ကို ဆန့်ထုတ်လိုက်ပြီး ဓားရိုးကို ဆုပ်ကိုင်သည်။

ပေါက်ကွဲတော့မည့် မီးတောက်၊ ရေခဲနှင့် ဓားအလင်းသည် ယုန်တစ်ကောင်သဖွယ် ငြိမ်သက်သွားသည်။

အရာအားလုံးကို ဖိနှိပ်ထားနိုင်သော စွမ်းအား ဖြစ်သည်။

‘ဘယ်လိုစွမ်းအားမျိုးက ကောင်းကင်နဲ့မြေကြီးကို ပျက်စီးသွားစေနိုင်မယ့် ပေါက်ကွဲမှုကို ဖိနှိပ်နိုင်တာလဲ’

“နင့်ရဲ့ ဓားတာအိုက စည်းမျဉ်းနဲ့စွမ်းအားတွေ မဆန့်ကျင်နိုင်တဲ့ ပြိုင်ဘက်ကင်းအဆင့်ကို ရောက်နေပြီလား”

ထိုက်ယင်က ဟန်မူယဲ့၏ဓားနှင့် ဓားအိမ်ကို ကြည့်လိုက်ပြီး ရှုပ်ထွေးနေသော မျက်နှာထားဖြင့် ပြောသည်။

“ဓားတစ်ချက်က နည်းစနစ်အားလုံးကို ဖျက်ဆီးနိုင်တယ်။ ဓားတစ်ချက်က လမ်းစဉ်အားလုံးကို ဖြတ်တောက်နိုင်တယ်။ ဓားနတ်ဘုရားလုယွဲ့က အဲဒီအဆင့်ကို ရောက်ခဲ့တယ်”

“နင်က သူ့ရဲ့ အမွေခံလား”

ဓားနတ်ဘုရားလုယွဲ့၏ အမွေခံ ....

ဓားအလင်းများအားလုံးက ပျောက်ကွယ်သွားသည်။ ဓားအိမ်ကလည်း ပျောက်ကွယ်သွားသည်။ ဟန်မူယဲ့က ပုံမှန်အတိုင်း ဖြစ်နေသည်။

သူက ထိုက်ယင်ကို ကြည့်လိုက်ပြီး ခေါင်းခါသည်။

“ကြားထဲမှာ အဆက်အသွယ်တချို့ ရှိပေမဲ့ ကျွန်တော်က သူ့အမွေခံအစစ်လို့ မပြောနိုင်ပါဘူး”

ထိုက်ယင်က သူ့ကို ကြည့်လိုက်ပြီး ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။

“ငါက တစ်နေ့ကျရင် ပျက်စီးခြင်းတောရိုင်းကို ပြန်လာခဲ့မယ်”

ဟန်မူယဲ့က တောရိုင်းမြေမှ ထွက်လာသောအခါ နတ်ဘုရားသားရဲများက လူစုခွဲလိုက်ကြသည်။

ဟန်မူယဲ့က နတ်ဘုရားသားရဲများ၏ လက်ဆောင်ဖြစ်သော ကျောက်စိမ်းပြားတချို့ကို ယူခဲ့သည်။

သူတို့က ပျက်စီးခြင်းတောရိုင်း၏ မိတ်ဆွေဟောင်းများ ဖြစ်ကြသည်။

ဟန်မူယဲ့က တောရိုင်းမြေမှ ထွက်လာသောအခါ လုမိသားစုသို့ တန်းမသွားခဲ့ပေ။ သခင်မမူယွဲ့နှင့်အတူ မြို့တစ်မြို့ဆီသို့ သွားခဲ့သည်။

“နင်က ကမ္ဘာဦးအဆင့်ရုပ်သေးရုပ်တွေကို စုဆောင်းချင်တယ်ဆိုရင် လျှို့ဝှက်ကောင်းကင်မြို့ကို သေချာပေါက် လာရမယ်”

သခင်မမူယွဲ့က ခံစားချက်များ ရှုပ်ထွေးနေပြီး ရှေ့တွင်ရှိသော မြို့ကို ကြည့်သည်။

“ငါက လျှို့ဝှက်ကောင်းကင်မြို့ရဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်ခဲ့တယ်”

လျှို့ဝှက်ကောင်းကင်မြို့ ....

ဟန်မူယဲ့က ခေါင်းမော့လိုက်ပြီး ရှေ့တွင်ရှိသော ခမ်းနားသည့်မြို့ကို ကြည့်သည်။

သူက ထိုမြို့၏နာမည်ကို ကြားဖူးသည်။

ပန်းပဲပညာရှင်အစည်းအရုံး၏ ပင်မအကြီးအကဲငါးယောက်သည် ဤနေရာတွင် ရှိနေသည်။

ဤမြို့သည် စကြဝဠာနယ်မြေ၏ ပန်းပဲပညာနှင့်ပတ်သတ်သော မြင့်မြတ်နယ်မြေ ဖြစ်သည်။

မြို့ထဲသို့ ဝင်မသွားလျှင်ပင် အပြင်ဘက်မှတစ်ဆင့် မီးခိုးနှင့် မီးတောက်များကို မြင်နိုင်သည်။

မိစ္ဆာသားရဲများနှင့် ပြည့်နှက်နေသော တောရိုင်းမြေနှင့် မတူဘဲ ရုပ်သေးရုပ်နှင့် ယာဉ်ပျံများအား ထိန်းချုပ်ထားသော လူသားများကို နေရာတိုင်းတွင် မြင်နိုင်သည်။

လူသားမျိုးနွယ်၏ ကျင့်ကြံခြင်းအမွေအနှစ်များသည် ဤနေရာတွင် စုစည်းနေသည်။

ဟန်မူယဲ့က ရှေ့တိုးသွားပြီး မြို့တံတိုင်းကို ရှင်းလင်းစွာ မြင်လိုက်ရသည်။

“သင်္ချိုင်းအင်မော်တယ်မြို့”

သူ့နောက်တွင်ရှိသော နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်က တီးတိုးပြောသည်။

အစိမ်းပုပ်ရောင်သန်းနေသော မြို့တံတိုင်းများသည် သတ္တုမှတစ်ဆင့် ဖန်တီးထားပုံရသည်။ မြို့ကို တည်ဆောက်ရာတွင် ရုပ်သေးရုပ်များအား အသုံးပြုခဲ့ပုံပေါ်သည်။

ဤမြို့သည် နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်ကို နှစ်ပေါင်းမရေမတွက်နိုင်အောင် ပိတ်လှောင်ခဲ့သော သင်္ချိုင်းအင်မော်တယ်မြို့နှင့် သိပ်မကွာပေ။

“သင်္ချိုင်းအင်မော်တယ်မြို့ကို လျှို့ဝှက်ကောင်းကင်မြို့က တည်ဆောက်ခဲ့တာပဲ ဖြစ်လိမ့်မယ်”

ဟန်မူယဲ့က ခေါင်းညိတ်လိုက်သည်။

မူလစကြာဝဠာတွင် ကြယ်စင်စုစကြဝဠာ၏ အမွေအနှစ်အကြွင်းအကျန်များ ရှိနေသည်။ ရှေးခေတ်၏ အုပ်ချုပ်ခြင်းနည်းလမ်းများဟုလည်း ပြောနိုင်သည်။

ယခုအချိန်တွင် ထိုနည်းလမ်းနှင့် အမွေအနှစ်အများစုကို ကောင်းကင်စက်ဝန်းစစ်မြေပြင်၏ ကျွမ်းကျင်သူများက ထိန်းချုပ်ထားကြသည်။

အနည်းငယ်ကသာ ကျယ်ပြန့်သော မူလစကြဝဠာတွင် ပြန့်ကျဲတည်ရှိနေသည်။ သင်္ချိုင်းအင်မော်တယ်မြို့နှင့် သွေးစက်ကျချောက်ကမ်းပါးတို့က အကြွင်းအကျန်အမွေအနှစ်ထဲတွင် ပါဝင်ခဲ့သည်။

“လျှို့ဝှက်ကောင်းကင်မြို့က သင်္ချိုင်းအင်မော်တယ်မြို့နဲ့ တူနေတယ်ဆိုရင် ....”

နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်၏ မျက်လုံးများက တောက်ပသွားပြီး ဟန်မူယဲ့ကို ကြည့်လိုက်သည်။

“နတ်ဘုရားတစ်သောင်းဘုရားကျောင်းရဲ့ ဗဟိုချက် ဖြစ်နိုင်မလား”

နတ်ဘုရားတစ်သောင်းဘုရားကျောင်း .....

ကူးသန်းရောင်းဝယ်ရေးခန်းဆောင်များကို အသုံးပြုပြီး မရေမတွက်နိုင်သော အင်အားစုများနှင့် ချိတ်ဆက်ထားသည်။

တခြားစကြဝဠာများနှင့် ဆက်သွယ်နေခြင်းလည်း ဖြစ်နိုင်သည်။

ဟန်မူယဲ့က နက်ရှိုင်းသောအကြည့်ဖြင့် နေရာတွင်ရပ်နေခဲ့သည်။

ရေခဲလမြို့တွင် တခြားအင်အားစုများနှင့် ရောင်းဝယ်နိုင်သော ခန်းဆောင်တစ်ခု ရှိနေသည်။

ထိုနည်းလမ်းမျိုးသည် အလွန်ထူးခြားသည်။

သို့သော် သူက ကြိုးစားကြည့်ခဲ့သည်။ ထိုခန်းဆောင်သည် ကြယ်စင်စုစကြဝဠာကို ကျော်လွန်ပြီး မဆက်သွယ်နိုင်ပေ။

ဥပမာအနေဖြင့် သင်္ချိုင်းအင်မော်တယ်မြို့ ဖြစ်သည်။

သူက ကူးသန်းရောင်းဝယ်ရေးခန်းဆောင်ကို အသက်သွင်းခဲ့သောအချိန်တွင် သင်္ချိုင်းအင်မော်တယ်မြို့နှင့် ဆက်သွယ်နိုင်မည်ဟု တွေးခဲ့သည်။

“ဒါတွေအားလုံးက မဟာကွန်ရက်ကြီးတစ်ခုဆိုရင် တခြားစကြဝဠာတွေနဲ့ ဆက်သွယ်နိုင်မယ့် နည်းလမ်းကို ပိုင်ဆိုင်ထားလိမ့်မယ်”

ဟန်မူယဲ့က တီးတိုးရေရွတ်သည်။

‘လျှို့ဝှက်ကောင်းကင်မြို့ကနေ မူလစကြဝဠာကို ဆက်သွယ်နိုင်မလား’

အထွတ်အထိပ်သို့ ရောက်ခဲ့သော ကြယ်စင်စုစကြဝဠာသည် တခြားစကြဝဠာများကို လွှမ်းမိုးရန် နည်းလမ်းများကို ပိုင်ဆိုင်ထားလိမ့်မည်။

နတ်ဘုရားတစ်သောင်းဘုရားကျောင်းသည် နည်းလမ်းတစ်ခု ဖြစ်နိုင်သည်။

“လျှို့ဝှက်ကောင်းကင်မြို့က နတ်ဘုရားတစ်သောင်းဘုရားကျောင်းရဲ့ ပင်မဗဟိုချက် ဖြစ်ခဲ့တယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ အင်အားစုတွေက ဘုရားကျောင်းကို တိုက်ခိုက်ခဲ့တယ်။ ကျွမ်းကျင်သူတွေက တံခါးပိတ်ကျင့်ကြံသွားကြတယ်။ လျှို့ဝှက်‌ကောင်းကင်မြို့ကိုလည်း လက်လွှဲပေးလိုက်ရတယ်”

သခင်မမူယွဲ့က ပြောသည်။

“တခြားစကြဝဠာတွေကို ထိန်းချုပ်ထားတဲ့ လျှို့ဝှက်ကောင်းကင်မြို့ရဲ့ မူလစွမ်းအားက ပယ်ဖျက်ခံလိုက်ရတယ်။ နည်းလမ်းအများစုကို သုံးမရတော့ဘူး”

“လျှို့ဝှက်ကောင်းကင်မြို့ရဲ့ ပန်းပဲပညာရှင်တွေက နည်းလမ်းတွေကို ပြန်ပြီး ပြုပြင်ချင်ပေမဲ့ ကျန်းယောင်ရန်ကတောင် ဘာမှ မတတ်နိုင်ခဲ့ဘူး”

ကျန်းယောင်ရန်၏ ပန်းပဲစွမ်းရည်က ဘိုးဘေးများထက် သာလွန်နေသည်ဟု မပြောနိုင်သော်လည်း အလွန်ထူးခြားသည်။

ကြယ်စင်စုစကြဝဠာတွင် သူ့ကို ကျော်လွန်နေသောလူများ သိပ်မရှိပေ။

ဟန်မူယဲ့က ခေါင်းညိတ်လိုက်သည်။

သူကလည်း တခြားစကြဝဠာများနှင့် ဆက်သွယ်ထားသော မြို့တစ်မြို့ကို ထိန်းချုပ်ပြီး ပြုပြင်ရန် မတွေးနိုင်ပေ။

All Chapters