← Chapters

အခန်း (၁၃၉၁)

Vol. 100 Ch. 1391

အခန်း (၁၃၉၁)

Vol. 100 Ch. 1391

ချောင်တက စကားပြောကောင်းပြီး ဟန်မူယဲ့ကို ဝိညာဉ်သတ္တုများ ပြသထားသော လမ်းတစ်လျှောက်တွင် ‌ခေါ်ဆောင်လာခဲ့သည်။

“ဆရာဟန်က ဒါတွေကို ကြည့်စရာမလိုပါဘူး။ သူတို့အားလုံးက အဆင့်ကိုးအောက်မှာရှိတဲ့ ဝိညာဉ်သတ္တုတွေပဲ”

“အကြီးအကဲက သူတို့ကို စိတ်ဝင်စားမှာမဟုတ်ဘူး”

ချောင်တက ဟန်မူယဲ့၏ မျိုးရိုးနာမည်ကို သိလိုက်ရသောကြောင့် ထုံးစံအတိုင်း ဆရာဟန်ဟု ပြောခဲ့သည်။

ဆရာဟန်က နတ်ဘုရားအဆင့် ပန်းပဲပညာရှင်တစ်ယောက် ဖြစ်သည်။

ဟန်မူယဲ့က ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး အဆင့်သိပ်မမြင်သော ဝိညာဉ်သတ္တုများကိုသာ မြင်ရသည်။

ကောင်းမွန်သော ဝိညာဉ်သတ္တုတချို့ကလည်း အလွန်ဈေးကြီးသည်။

လျှို့ဝှက်ကောင်းကင်မြို့တွင် ဈေးနှုန်းချိုသာသောပစ္စည်းကို ရှာဖွေရန်မဖြစ်နိုင်ပေ။

ဤနေရာတွင်ရှိသော လူတိုင်းက အဆင့်မြင့်ပန်းပဲပညာရှင်များ ဖြစ်ကြသည်။ လူတိုင်းက ကြွယ်ဝပြီး ဝိညာဉ်သတ္တုများအကြောင်းကို နားလည်ကြသည်။

သူတို့က နေရာတချို့ကို ဖြတ်သန်းခဲ့ပြီး ပတ်ဝန်းကျင်တွင်ရှိသော လူများက ဖြည်းဖြည်းချင်း နည်းပါးလာသည်။

အများစုက နတ်ဘုရားအဆင့်နှင့် သူတော်စင်အဆင့် တံဆိပ်ပြားကို ဝတ်ဆင်ထားသော ပန်းပဲပညာရှင်များ ဖြစ်ကြသည်။

“ဆရာဟန်၊ ရှေ့မှာ အရောင်းပြထားတဲ့ ဝိညာဉ်သတ္တုတွေအားလုံးက သူတော်စင်အဆင့်နဲ့ နတ်ဘုရားအဆင့်မှာ ရှိကြပါတယ်။ ကမ္ဘာဦးအဆင့် ပစ္စည်းတွေကိုလည်း မြင်နိုင်ပါတယ်”

ချောင်တက ရှေ့သို့ ညွှန်ပြလိုက်ပြီး ညင်သာစွာပြောသည်။

ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး ရှေ့တွင်ရှိသော ရင်ပြင်ဆီသို့ လျှောက်သွားသည်။

“အမ်၊ ဒါက ပန်းပဲပညာရှင်အစည်းအရုံးရဲ့ ပင်မအကြီးအကဲမဟုတ်လား”

ဟန်မူယဲ့က ခြေလှမ်းတချို့ လှမ်းလိုက်ပြီး နောက်ကျောဘက်မှ ထွက်ပေါ်လာသော အသံတစ်သံကို ကြားရသည်။

သူက ရပ်တန့်လိုက်ပြီး နောက်သို့ လှည့်ကြည့်သည်။

“အကြီးအကဲယုက ပိုက်ဆံမရှိလို့ မိသားစုရဲ့ရတနာကို ထုတ်ရောင်းတော့မှာလား”

“တကယ်ရောင်းချင်တယ်ဆိုရင် ခင်ဗျားရဲ့ စကြဝဠာအဆင့် ရုပ်သေးရုပ်ကို ထုတ်ရောင်းလိုက်လေ”

“ကျုပ်အမြင်မှာတော့ ခင်ဗျားက ဝမ်ကျင်းမြို့ကို ပြန်သွားတာပဲ ကောင်းလိမ့်မယ်။ အဲဒီမှာ လျှောက်ပြီးအမိန့်ပေးနေရတာ ပိုမကောင်းဘူးလား”

နတ်ဘုရားအဆင့် ပန်းပဲပညာရှင်တံဆိပ်ပြားနှင့် အသက်သုံးဆယ်အရွယ် လူတစ်ယောက်က လှောင်ပြောင်လိုက်သည်။

ပန်းပဲပညာရှင်အစည်းအရုံး၏ ပင်မအကြီးအကဲ ....

ဟန်မူယဲ့ကို ထည့်မတွက်လျှင် ပန်းပဲပညာရှင်အစည်းအရုံးတွင် ပင်မအကြီးအကဲ ဆယ့်ကိုးယောက် ရှိသည်။

ပင်မအကြီးအကဲ ဆယ့်ကိုးယောက်လုံးသည် အဆင့်အတန်းမြင့်မားပြီး လွှမ်းမိုးနိုင်သည်။ ထို့အပြင် အဆုံးမရှိသော ကြွယ်ဝမှုကိုလည်း ပိုင်ဆိုင်သည်။

သို့သော် လျှို့ဝှက်ကောင်းကင်မြို့တွင် ပင်မအကြီးအကဲကို လှောင်ပြောင်နိုင်သောလူ ရှိနေသည်။

ဟန်မူယဲ့က စိတ်ဓာတ်ကျနေပုံရသော မီးခိုးရောင်ဝတ်စုံနှင့် အကြီးအကဲတစ်ယောက်ကို မြင်ရသည်။ ထိုလူက ခေါင်းခါလိုက်ပြီး လှည့်ထွက်သွားသည်။

လှောင်ပြောင်လိုက်သော ပန်းပဲပညာရှင်က အထင်သေးသော မျက်နှာထားဖြင့် ဆက်ပြောသည်။

“ငါ့အမြင်မှာတော့ ဝမ်ကျင်းမြို့ရဲ့ ပန်းပဲပညာရှင်တွေအားလုံးက အလကားပဲ။ ပန်းပဲပညာရှင်အစည်းအရုံးကလည်း လျှို့ဝှက်ကောင်းကင်မြို့ရဲ့ ဂိုဏ်းခွဲတစ်ခုထက် မပိုဘူး ....”

သို့သော် စကားပြောလိုက်သောလူက တစ်ကိုယ်လုံး တုန်ခါသွားသည်။

သူက ဆင်းသက်လာသော အေးစက်သည့် သတ်ဖြတ်လိုစိတ်ကို ခံစားမိသည်။ သူက နောက်ထပ် စကားဆက်ပြောရဲလျှင် တစ်ခါတည်း တိုက်ခိုက်ခံရလိမ့်မည်။

အေးစက်မှုသည် ပေါက်ကွဲထွက်လာပြီး ပေသုံးဆယ်ပတ်ဝန်းကျင်တွင် ရေခဲအလွှာကို ဖြစ်ပေါ်စေသည်။

“မင်းက ဝမ်ကျင်းမြို့ရဲ့ ပန်းပဲပညာရှင်တွေကို အထင်သေးနေရင် ငါနဲ့ ပြိုင်ရဲလား”

ကျယ်လောင်သောအသံကို ကြားရသည်။

လူတိုင်းက လှည့်ကြည့်လိုက်ပြီး မုတ်ဆိတ်မွေးများနှင့် လူသန်ကြီးတစ်ယောက်ကို မြင်ရသည်။ သူက ချပ်ဝတ်ကို ဝတ်ထားပြီး အရပ်ဆယ်ပေခန့် ရှိသည်။

လူသန်ကြီးက ပန်းပဲပညာရှင်တံဆိပ်ပြားကို ဝတ်မထားပေ။ သို့သော် မီးခိုးအငွေ့အသက်ကို ထုတ်လွှတ်နေပြီး သန်မာသော သွေးနှင့်ချီကိုလည်း ခံစားကြည့်နိုင်သည်။

“ချန်ကျန်း၊ မင်းက ပန်းပဲပညာရပ်မှာ ငါနဲ့ပြိုင်ချင်ရင် ကောင်းကင်ရေခဲတူကို လောင်းကြေးထပ်လိုက်လေ”

နတ်ဘုရားအဆင့် ပန်းပဲပညာရှင်က လှောင်ပြောင်လိုက်ပြီး လူသန်ကြီးကို လက်ညှိုးညွှန်သည်။

“ကောင်းကင်ရေခဲတူကြောင့်သာမဟုတ်ရင် မင်းက ငါ ရွှင်တောက်ရဲ့ရှေ့မှာ ရပ်ဖို့ အဆင့်မမီဘူး”

“မင်းက မိသားစုကြီးခုနစ်ခုရဲ့ ဂုဏ်သတင်းကို နားမလည်ဘူးလား”

သူက အထင်သေးနေပုံပေါ်သော်လည်း လူသန်ကြီးကို စိုးရိမ်နေသည်။

ရွှင်တောက်ဟုခေါ်သော အသက်သုံးဆယ်အရွယ်လူက လက်ညှိုးညွှန်၍ စကားပြောလိုက်သော်လည်း နောက်သို့ ဆုတ်သွားသည်။

ပတ်ဝန်းကျင်တွင်ရှိသော လူများက ရွှင်ဟူသော နာမည်ကို ကြားရသောအခါ ‌ခေါင်းလှည့်သွားကြသည်။

စကြဝဠာနယ်မြေ၏ မိသားစုကြီးခုနစ်ခုတွင် ရွှင်မိသားစုက ထူးခြားသော ပန်းပဲစွမ်းရည်ကို ပိုင်ဆိုင်ထားသည်။

ရွှင်မိသားစု၏ အကြီးအကဲတစ်ယောက်က ကျန်းယောင်ရန်၏ ပန်းပဲစွမ်းရည်ကို လက်မခံနိုင်သောကြောင့် ကျန်းမိသားစုသို့ ကိုယ်တိုင်သွားပြီး စိန်ခေါ်ခဲ့သည်။

ထိုအကြီးအကဲက ရှုံးနိမ့်သွားသည်။ သို့သော် ကျန်းယောင်ရန်က ရွှင်မိသားစု၏ ပန်းပဲစွမ်းရည်ကို ချီးကျူးခဲ့သည်။

ထို့ကြောင့် ရွှင်မိသားစု၏ ရှုံးနိမ့်မှုသည် ဂုဏ်ရှိခဲ့သည်။

လွန်ခဲ့‌သောနှစ်များတွင် ရွှင်မိသားစု၏ ပန်းပဲပညာရှင်များက ရှေးခေတ်ပန်းပဲနည်းစနစ်ကို လေ့လာရန် လျှို့ဝှက်ကောင်းကင်မြို့သို့ ရောက်လာကြသည်။ သူတို့က ရွှင်မိသားစု၏ ပန်းပဲစွမ်းရည်ကို တိုးတက်လာစေသည်။

“ရွှင်မိသားစုက မိသားစုကြီးခုနစ်ခုထဲမှာ ပါဝင်တယ်။ သူတို့ရဲ့ ပန်းပဲစွမ်းရည်က ထူးခြားတယ်။ ဆန့်ကျင်လို့မကောင်းဘူး”

ဟန်မူယဲ့၏ဘေးတွင် ရပ်နေသော ချောင်တက တီးတိုးပြောလိုက်သည်။

ပတ်ဝန်းကျင်တွင်ရှိသော လူများ၏ သဘောထားကလည်း သူနှင့် အတူတူပင် ဖြစ်သည်။

“ပန်းပဲပညာရှင်အစည်းအရုံးက စကြဝဠာနယ်မြေရဲ့ အပြင်ဘက်မှာ နာမည်ကြီးပေမဲ့ လျှို့ဝှက်ကောင်းကင်မြို့မှာတော့ လိုအပ်နေသေးတယ်”

“အမှန်အတိုင်းပြောရရင် ပန်းပဲပညာရှင်အစည်းအရုံးရဲ့ ပင်မအကြီးအကဲက ဒီနေရာမှာ ဘာမှမဟုတ်ဘူး”

ချောင်တက ခေါင်းခါလိုက်သည်။

သိပ်မဝေးသောနေရာတွင် ချန်ကျန်းဟုခေါ်သော လူသန်ကြီး၏ မျက်နှာထားက ပြောင်းလဲသွားသည်။ သူက မျက်လုံးပြူးနေပြီး ရင်ဘတ်က နိမ့်လိုက်မြင့်လိုက် ဖြစ်နေသည်။

ပန်းပဲပညာရှင်အစည်းအရုံး၏ ပင်မအကြီးအကဲယုက သူ့ဆီသို့ ရောက်လာပြီး ပြောသည်။

“ချန်ကျန်း၊ လှည့်စားမခံရစေနဲ့။ သူတို့က မင်းရဲ့ ကောင်းကင်ရေခဲတူကို လိုချင်နေတာ ကြာပြီ”

အကြီးအကဲယုက ထိုသို့ မပြောလျှင် အဆင်ပြေလိမ့်မည်။ ယခု ကောင်းကင်ရေခဲတူဟု ပြောလိုက်သောကြောင့် ချန်ကျန်းက သည်းမခံနိုင်တော့ဘဲ ရေခဲတူတစ်လက်ကို ပစ်လွှတ်သည်။

“ဘုန်း”

အ‌အေးဓာတ်သည် ပေတစ်ရာပတ်ဝန်းကျင်ကို လွှမ်းခြုံသွားသည်။

အလွန်အားကောင်းသော ရတနာတစ်ပါး ဖြစ်သည်။

ရေခဲတူ ပေါ်ထွက်လာသောအခါ လူတိုင်းက ထိတ်လန့်စွာ နောက်ဆုတ်လိုက်ကြသည်။

နောက်မဆုတ်သော လူများက နတ်ဘုရားအဆင့် ဖြစ်နေလျှင်ပင် အေးခဲသွားကြသည်။

“ဒီတူ ....”

ပေတစ်ရာအကွာတွင် ရပ်နေသော ဟန်မူယဲ့၏ မျက်လုံးများက တောက်ပသွားသည်။

သူက ထိုတူကို သိနေသည်။

ထိုတူနှင့် လျင်မြန်စွာ တွေ့လာမည်ဟု ထင်မထားခဲ့ပေ။

ထိုရတနာမျိုးကို တွေ့ရန်အတွက် အလွန်ကံကောင်းရမည်ဟု သူထင်ခဲ့သည်။

ထိုတူသည် လျန်ထျန်းဂိုဏ်း၏ ဝိညာဉ်ကိုယ်ပွား သန့်စင်ခဲ့သော ရတနာခုနစ်ခုထဲတွင် ပါဝင်သည်။

တူက ရေခဲစွမ်းအားကို သယ်ဆောင်ထားပြီး အပူဓာတ်၊ ယန်စွမ်းအားကို ထောက်ပံ့ပေးသည်။

တူမှ ထုတ်လွှတ်နေသော ရေခဲစွမ်းအားသည် အပေါ်ယံအလွှာ ဖြစ်သည်။ အတွင်းပိုင်းတွင် ပူလောင်ကြမ်းတမ်းသော ယန်စွမ်းအား ရှိနေသည်။

လောက၏ စွမ်းအားများသည် ထိုသို့ ဆန့်ကျင်ဘက်ပုံစံသာ ဖြစ်ကြသည်။

ကောင်းကင်ရေခဲတူသည် မတူညီသော စွမ်းအားနှစ်ခုကို အဆုံးစွန်အထိ အသုံးချထားသည်။

ဟန်မူယဲ့က ခရမ်းနေမင်းမီးပြင်းဖိုမှတစ်ဆင့် ခမ်းနားသောကမ္ဘာအား တစ်ချက်တည်း ဖျက်ဆီးလိုက်သော တူချက်ကို မြင်ခဲ့ရသည်။

“လောင်းကြးထပ်မယ်”

ချန်ကျန်းက ပြောသည်။

“တကယ်လား”

ရွှင်တောက်က ပျော်ရွှင်သွားသည်။

“တကယ်ပေါ့”

ချန်ကျန်းက အေးစက်စွာ ပြန်ပြောသည်။

“ငါ ချန်ကျန်းက စကားမတည်တဲ့လူလို့ ထင်နေတာလား”

ထို့ကြောင့် ရွှင်တောက်၏ ပျော်ရွှင်မှုက နှစ်ဆတိုးသွားသည်။ သူ့မျက်နှာက ရှုံ့တွနေပြီး ခပ်ဟဟရယ်လိုက်သည်။

“အဲဒါဆိုရင် ညီအစ်ကိုချန်ကို အဖော်ပြုပြီး အခုပဲ ယှဉ်ပြိုင်ပေးရမှာပေါ့”

ရွှင်တောက်က အလျင်လိုနေပုံရသည်။

သူက ချန်ကျန်းကို အနိုင်ရမည်ဟု တွက်ထားသည်။

“ငါက ကိုယ်ပိုင်စွမ်းရည်ကို နားလည်တယ်”

ချန်ကျန်းက ရှေ့တွင်ရှိသော တူကို တွန့်ဆုတ်စွာ ကြည့်လိုက်ပြီး ညင်သာစွာ ပြောသည်။

“ငါက ဒီတူနဲ့ မထိုက်တန်ဘူး”

“ဒီနေ့မှာ လျှို့ဝှက်ကောင်းကင်မြို့ရဲ့ တာအိုရောင်းရင်းတွေကို သက်သေထားလိုက်မယ်”

ချန်ကျန်းက ကျယ်လောင်စွာပြောသည်။

“ငါက ရွှင်တောက်နဲ့ လောင်းကြေးထပ်မယ်။ ငါတို့ ပန်းပဲပညာရှင်အစည်းအရုံးနဲ့ သုံးပွဲ ပြိုင်ရမယ်။ အနိုင်ရတဲ့ဘက်က ကောင်းကင်ရေခဲတူကို ရမယ်”

သူက ကောင်းကင်ရေခဲတူကို ပန်းပဲပညာရှင်အစည်းအရုံးဘက်မှ လောင်းကြေးထပ်လိုက်သည်။

ရလဒ်က မည်သို့ပင်ဖြစ်စေ သူက တူကို ထုတ်ပေးလိမ့်မည်။

ချန်ကျန်းက အမှန်တကယ်ပင် ပြတ်သားသည်။

ထိုရတနာမျိုးကို စွန့်လွှတ်နိုင်သည်။

ပတ်ဝန်းကျင်တွင်ရှိသော လူများက ကြောင်အသွားကြသည်။

ရွှင်တောက်၏ မျက်နှာထားက ပြောင်းလဲသွားသည်။ သူက အလေးအနက်ထားလိုက်သည်။

အမှန်ပင်ဖြစ်သည်။ တစ်ဖက်လူက ကောင်းကင်ရေခဲတူကို လွယ်ကူစွာ လွှဲပေးမည်မဟုတ်ပေ။

ပန်းပဲပညာရှင်အစည်းအရုံးနှင့် သုံးပွဲပြိုင်ရမည်ဖြစ်သောကြောင့် ပန်းပဲပညာရှင်အစည်းအရုံးက အစစ်အမှန်ကျွမ်းကျင်သူများကို ခေါ်ယူနိုင်သည်။

အမှန်အတိုင်းပြောရလျှင် လျှို့ဝှက်ကောင်းကင်မြို့တွင်ရှိသော ပန်းပဲပညာရှင်အစည်းအရုံး၏ ပင်မအကြီးအကဲများက သန်မာကြသည်။

သုံးပွဲအနိုင်ယူရန် လွယ်ကူမည်မဟုတ်ပေ။

အဆုံးတွင် သူက မိသားစု၏ခွန်အားကို မှီခိုရလိမ့်မည်။

သို့သော် ကောင်းကင်ရေခဲတူကို လောင်းကြေးထပ်မည်ဖြစ်သောကြောင့် ထိုက်တန်သည်။

ထိုတူအတွက် မိသားစုက အစွမ်းကုန်ထုတ်သုံးလိမ့်မည်။

‘ဘယ်လိုပဲဖြစ်ဖြစ် ငါက အကျိုးဆောင်ခဲ့တာပဲ’

“ဟားဟား၊ ကောင်းတယ်။ ညီအစ်ကိုချန်ကျန်းက တကယ်ရက်ရောတာပဲ”

ရွှင်တောက်က တုံ့ဆိုင်းမနေဘဲ ရယ်လိုက်ပြီး ကျယ်လောင်စွာပြောသည်။

“အဲဒါဆိုရင် သဘောတူလိုက်ပြီ။ လျှို့ဝှက်ကောင်းကင်မြို့ရဲ့ တာအိုရောင်းရင်းတွေက မျက်မြင်သက်သေပဲ။ ဆယ်ရက်အတွင်းမှာ ပန်းပဲပညာရပ်နဲ့ပတ်သတ်ပြီး လောင်းကြေးပြိုင်ပွဲသုံးခုကို ကျင်းပ ....”

သူ့စကားမဆုံးခင် အသံတစ်သံ ပေါ်ထွက်လာသည်။

“ဒါက လောင်ကြေးပြိုင်ပွဲဆိုရင် ပန်းပဲပညာရှင်အစည်းအရုံးကပဲ ပစ္စည်းထုတ်ပေးလို့ မဖြစ်ဘူးလေ”

ထိုစကားသံကြောင့် လူတိုင်းက တိတ်ဆိတ်သွားသည်။

အမှန်ပင်ဖြစ်သည်။ ချန်ကျန်းက ရတနာတစ်ခုကို ထုတ်ပေးခဲ့သည်။ ရွှင်မိသားစုကလည်း ရတနာတစ်ခုကို ထုတ်ပေးရမည်။

လူတိုင်းက ထိုသို့ တွေးမိသော်လည်း ထုတ်မပြောရဲကြပေ။

ရွှင်မိသားစုသည် အင်အားစုကြီးတစ်ခု ဖြစ်သည်။

လူတိုင်းက စကားပြောလိုက်သောလူကို ဖြည်းဖြည်းချင်း လှည့်ကြည့်ကြသည်။

နေရာတွင်ရပ်နေသော ‌ချောင်တက ဖြူဖျော့နေသည်။ သူက တောင့်တင်းစွာ ဘေးဖယ်လိုက်ပြီး နောက်တွင်ရှိသော ဟန်မူယဲ့ကို ဖော်ပြသည်။

ယခုအချိန်တွင် ဟန်မူယဲ့က စကားပြောလိမ့်မည်ဟု သူထင်မထားခဲ့ပေ။

‘ငါတို့လို အရေးမပါတဲ့လူတွေက ရွှင်မိသားစုကို ဆန့်ကျင်နိုင်ပါ့မလား’

ဟန်မူယဲ့ကို မြင်လိုက်ရသောအခါ ရွှင်တောက်၏ မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်တချို့ ပေါ်လာသည်။

ပတ်ဝန်းကျင်တွင်ရှိသော လူတချို့က ခေါင်းခါလိုက်သည်။ တချို့က လှောင်ပြောင်နေပြီး တချို့ကတော့ ရွှင်တောက်၏ တုံ့ပြန်မှုကို သိချင်နေကြသည်။

“ဟန် ....”

ဟန်မူယဲ့ကို မြင်ရသောအခါ မီးခိုးရောင်ဝတ်စုံနှင့် ပင်မအကြီးအကဲယုက စိတ်လှုပ်ရှားသွားပုံရသည်။ သူက ဟန်မူယဲ့၏နာမည်ကို ခေါ်ရန်ပြင်လိုက်သော်လည်း ရပ်တန့်ခဲ့သည်။

ရွှင်တောက်က အေးစက်စွာ နှာမှုတ်လိုက်ပြီး လက်မြှောက်၍ လှံရှည်တစ်လက်ကို ထုတ်ယူသည်။

“ငါ့ရဲ့ ဝိညာဉ်ဖြတ်လှံ ....”

သူ့စကားမဆုံးခင် ဟန်မူယဲ့က ပြောလိုက်ပြန်သည်။

“ကမ္ဘာဦးအဆင့်ကို ရောက်တယ်ဆိုရုံပဲရှိတဲ့ လှံတစ်ချောင်းက ကောင်းကင်ရေခဲတူနဲ့ လောင်းကြေးထပ်ဖို့ ထိုက်တန်တာလား”

All Chapters