← Chapters

အခန်း (၁၃၉၃)

Vol. 100 Ch. 1393

အခန်း (၁၃၉၃)

Vol. 100 Ch. 1393

ယနေ့ခေတ် ကြယ်စင်စုစကြဝဠာတွင် လူအများအပြားသည် စကြဝဠာအဆင့် ရုပ်သေးရုပ်နှင့် လက်နက်များကို မဖန်တီးနိုင်တော့ပေ။ ထိုပစ္စည်းများကို ပြုပြင်နိုင်လျှင် လက်ရွေးစင်တစ်ယောက်အဖြစ် သတ်မှတ်ခံရသည်။

ထိုလူများကို လူတိုင်းက လေးစားကြသည်။

အင်အားစုတိုင်းက ပြုပြင်ရန် လိုအပ်နေသော ပစ္စည်းများကို ပိုင်ဆိုင်ထားကြသည်။

“သခင်မ မင်တုံက ကူညီပေးဖို့ ဆန္ဒရှိရင် ဆရာဝူကျင်းကို အနိုင်ယူဖို့ မခက်တော့ဘူး”

အနီရောင်ဝတ်စုံနှင့် တယွီက ညင်သာစွာ ပြောသည်။

“ဟုတ်တယ်။ လျှို့ဝှက်ကောင်းကင်မြို့ရဲ့ ဆရာသခင်ဆယ့်နှစ်ယောက်လုံးက ကျွမ်းကျင်သူတွေပဲ”

ဝမ်ယိုရှန်းက ခပ်ဟဟရယ်လိုက်ပြီး ပျော်ရွှင်စွာပြောသည်။

အကယ်၍ သခင်မ မင်တုံ ရောက်လာလျှင် ပန်းပဲပညာရှင်အစည်းအရုံးက အနိုင်ရနိုင်ချေ မြင့်မားသွားလိမ့်မည်။

“အဲဒါဆိုရင် သခင်မမူယွဲ့ကို ဒုက္ခပေးရတော့မှာပဲ”

ပင်မအကြီးအကဲများက မျှော်လင့်နေသောကြောင့် ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး သခင်မမူယွဲ့ကို ပြောသည်။

သခင်မမူယွဲ့က တည်ငြိမ်နေသောမျက်နှာထားဖြင့် ပြောလိုက်သည်။

“ငါက သခင်မ မင်တုံကို အခုပဲ သွားတွေ့လိုက်မယ်”

“သူမနဲ့မတွေ့ရတာ ကြာနေပြီ”

သူမက စိတ်ပျော်နေပုံရသည်။

ဟန်မူယဲ့က သခင်မမူယွဲ့၏ မျက်နှာထားကို ကြည့်လိုက်ပြီး ပြုံးသည်။

“သခင်မမူယွဲ့က သူမနဲ့ ရင်းနှီးတာလား”

သခင်မမူယွဲ့၏ မျက်နှာထားက အနည်းငယ် တောင့်တင်းနေပြီး လှည့်ထွက်သွားသည်။

“အရမ်းရင်းနှီးတယ်”

လျှို့ဝှက်ကောင်းကင်မြို့တွင် ရွှင်မိသားစုနှင့် ပန်းပဲပညာရှင်အစည်းအရုံး၏ လောင်းကြေးပြိုင်ပွဲအကြောင်းကိုသာ ပြောနေကြသည်။

လူတိုင်းက ထိုပြိုင်ပွဲကို စိတ်ဝင်စားနေကြသည်။

သို့သော် ပန်းပဲပညာရှင်အစည်းအရုံးကို အကောင်းမြင်သောလူ သိပ်မရှိပေ။

ရွှင်မိသားစု၏ ပြိုင်ပွဲဝင်များတွင် ရွှင်ချူးယွင်ကို အတည်ပြုနိုင်သည်။ ရွှင်မိသားစုနှင့် ဆက်သွယ်ခဲ့သော တခြားကျွမ်းကျင်သူများကိုတော့ အတည်မပြုနိုင်ပေ။

သို့သော် မည်သို့ပင်ဖြစ်စေ ရွှင်မိသားစုက ပြိုင်ဘက်ကင်းနေလိမ့်မည်။

တစ်ဖက်တွင် ပန်းပဲပညာရှင်အစည်းအရုံး၏ ပင်မအကြီးအကဲများကလည်း တခြားကျွမ်းကျင်သူများဆီသို့ အလည်သွားခဲ့သည်။ သို့သော် ငြင်းပယ်ခံရသည်။

ပန်းပဲပညာရှင်အစည်းအရုံးအတွက် ရွှင်မိသားစုကို မည်သူက ဆန့်ကျင်မည်နည်း။ သူတို့က လျှို့ဝှက်ကောင်းကင်မြို့တွင် ဆက်နေချင်သေးသည်။

ထိုအကြောင်းအရာသည် လျှို့ဝှက်ချက်မဟုတ်ခဲ့ပေ။ လူတိုင်းက ပန်းပဲပညာရှင်အစည်းအရုံး စေလွှတ်မည့် ပြိုင်ပွဲဝင်များကို သိချင်နေကြသည်။

မြို့ထဲတွင် ပန်းပဲပညာရှင်အစည်းအရုံး၏ ပင်မအကြီးအကဲငါးယောက်ထက် သာလွန်သော ကျွမ်းကျင်သူများ ရှိနေကြသည်။

နေ့ရက်များ ကုန်ဆုံးသွားသည်နှင့်အမျှ ပြိုင်ပွဲသတင်းသည် ပိုမိုပြင်းထန်လာသည်။

စကြဝဠာနယ်မြေ၏ လူအများအပြားက ရှားပါးသော ပြိုင်ပွဲကို စောင့်ကြည့်ရန်အတွက် လျှို့ဝှက်ကောင်းကင်မြို့သို့ ရောက်လာကြသည်။

မည်သို့ပင်ဖြစ်စေ စကြဝဠာနယ်မြေတွင် မိသားစုကြီးခုနစ်ခုကို စိန်ခေါ်ရဲသောလူများ ရှားပါးသည်။

ဤတစ်ကြိမ်တွင် ပန်းပဲပညာရှင်အစည်းအရုံးအား အနိုင်ယူမည့် ရွှင်မိသားစု၏ လုပ်ဆောင်ချက်ကို စောင့်ကြည့်ရမည်။

‘စကြဝဠာနယ်မြေရဲ့ အပြင်ဘက်မှာ သောင်းကျန်းခဲ့တဲ့လူတွေက အကန့်အသတ်ကို မသိကြဘူးပဲ’

သခင်မမူယွဲ့က ပြန်မလာခဲ့ပေ။ သို့သော် သခင်မ မင်တုံက ရွှင်ချူးယွင်နှင့် ရင်မဆိုင်ရသ၍ ကူညီရန် သဘောတူလိုက်သည်ဟု စာပို့ခဲ့သည်။

ပန်းပဲပညာရှင်အစည်းအရုံးအတွက် တစ်ခုတည်းသော သတင်းကောင်း ဖြစ်သည်။

သို့သော် ချန်ကျန်းက စိတ်မပူဘဲ ကောင်းကင်ရေခဲတူကို ဆုံးရှုံးသွားလျှင်လည်း အဆင်ပြေသည်ဟု ပြောခဲ့သည်။ မည်သို့ပင်ဖြစ်စေ သူက တူ၏စွမ်းအားကို အသက်မသွင်းနိုင်ပေ။

ပင်မအကြီးအကဲငါးယောက်က စိုးရိမ်နေကြသည်။

ထိုပြိုင်ပွဲသည် သူတို့အတွက် အလွန်အရေးကြီးသည်။ ကောင်းကင်ရေခဲတူသာမက အစည်းအရုံး၏ ဂုဏ်သိက္ခာနှင့်လည်း သက်ဆိုင်နေသည်။

စိတ်အေးလက်အေးဖြစ်နေသော ဟန်မူယဲ့ကတော့ ချန်ကျန်းကိုခေါ်ပြီး ကုန်သွယ်ရေးနယ်မြေတွင် ပတ်သွားနေသည်။

ဤနေရာတွင် ရတနာအများအပြား ရှိသည်။ သူက ကမ္ဘာဦးအဆင့် ဝိညာဉ်သတ္တုတချို့နှင့် လိုအပ်နေသော အစိတ်အပိုင်းများကို ရခဲ့သည်။

သူက အချိန်ရလျှင် အစိတ်အပိုင်းများကို တပ်ဆင်မည်။

“ဆရာဟန်”

ဈေးဆိုင်၏ရှေ့တွင် လူတစ်ယောက်က ခေါ်လိုက်သည်။

ဟန်မူယဲ့က နောက်လှည့်ကြည့်ပြီး လေးစားစွာ မတ်တပ်ရပ်နေသော ချောင်တကို မြင်ရသည်။

ချောင်တ၏နောက်တွင် အပြာရောင်ဝတ်စုံနှင့် လူငယ်တစ်ယောက် ရှိနေသည်။

လူငယ်၏မျက်နှာထားက ထင်ရှားပြီး ရင်ဘတ်တွင် နတ်ဘုရားအဆင့် ပန်းပဲပညာရှင်တံဆိပ်ပြားကို ဝတ်ဆင်ထားသည်။

သူ့မျက်လုံးထဲတွင် လည်ပတ်နေသော အလင်းစက်ကွင်းများကို မြင်ရသည်။

“ဒါက စကြဝဠာနယ်မြေမှာ နာမည်ကြီးနေတဲ့ ပန်းပဲပညာရှင်အစည်းအရုံးက ဆယ့်ကိုးယောက်မြောက် ပင်မအကြီးအကဲ ဆရာဟန်လား”

လူငယ်က ဟန်မူယဲ့ကို ကြည့်လိုက်ပြီး မျက်နှာထားပြောင်းလဲသွားသည်။

သူက အံ့အားသင့်နေပြီး အနည်းငယ်ဦးညွတ်၍ ညင်သာစွာမေးသည်။

“ဒါက တောင်သခင်ဟန်လား”

တောင်သခင်ဟန် ....

ဟန်မူယဲ့က ထိုနာမည်မျိုးကို သိပ်မကြားခဲ့ရပေ။

သို့သော် နေရာတစ်ခုတွင် လူတိုင်းက သူ့ကို ထိုသို့ ခေါ်ကြသည်။

နတ်ဘုရားအဆင့် စမ်းသပ်ပွဲနယ်မြေ ဖြစ်သည်။

“မင်းက ငါ့ကို မြင်ဖူးတာလား”

ဟန်မူယဲ့က တည်ငြိမ်စွာမေးသည်။

သူ့မေးခွန်းကြောင့် လူငယ်က စိတ်လှုပ်ရှားသွားပြီး နက်ရှိုင်းစွာ ဦးညွတ်သည်။

“ရှန့်ကွမ်းဟုန်က ဆရာဟန်ကို နှုတ်ဆက်ပါတယ်”

“ကျွန်တော်က လျန်ထျန်းဂိုဏ်းရဲ့ အံ့ဖွယ်ကိုးပါးတောင်မှာ နေခဲ့ပါတယ်”

လျန်ထျန်းဂိုဏ်း၏ အံ့ဖွယ်ကိုးပါးတောင် ....

စမ်းသပ်ပွဲနယ်မြေ၏ မှတ်ဉာဏ်များသည် ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားလိမ့်မည်။ မှတ်မိနိုင်သောအရာများ သိပ်မရှိပေ။

အစစ်အမှန်ပါရမီရှင် သို့မဟုတ် နည်းလမ်းတစ်ခု ရှိနေလျှင်တော့ မှတ်ဉာဏ်များကို ထိန်းသိမ်းထားနိုင်မည်။

“ရှန့်ကွမ်း”

ဟန်မူယဲ့က လူငယ်ကို ကြည့်လိုက်သည်။

“မင်းက ထိပ်ဆုံးမိသားစုကြီးသုံးခုရဲ့ ရှန့်ကွမ်းမိသားစုကလား”

ရှန့်ကွမ်းဟုန်က လေးစားစွာ ခေါင်းညိတ်သည်။

ဘေးတွင်ရပ်နေသော ချောင်တက အံ့အားသင့်သွားသည်။

နာမည်ကို ထုတ်ပြောရန် တွန့်ဆုတ်နေသော သခင်လေးက ထိပ်တန်းမိသားစုကြီးသုံးခုမှ ဖြစ်နေသည်။

ထိပ်တန်းမိသားစုကြီးသုံးခုတွင် စကြဝဠာနယ်မြေကို ဖိနှိပ်ထားနိုင်သော ကျန်းယောင်ရန်မှလွဲ၍ အစစ်အမှန်ပန်းပဲပညာရှင်များ မရှိပေ။ သို့သော် မိသားစုကြီးသုံးခုကို တခြားလူများက အထင်မသေးနိုင်ကြပေ။

သူတို့က ဆန္ဒရှိလျှင် အကောင်းဆုံးအရင်းအမြစ်များနှင့် လက်ရွေးစင်များကို ပျိုးထောင်ပေးနိုင်သည်။

“ဒီနေရာက စကားပြောလို့မကောင်းဘူး။ တောင်သခင်ဟန်က တခြားနေရာကိုသွားဖို့ ဆန္ဒရှိပါသလား”

ရှန့်ကွမ်းဟုန်က ဦးညွတ်လိုက်ပြီး ဟန်မူယဲ့ကို ကြည့်သည်။

ဟန်မူယဲ့က စဉ်းစားကြည့်လိုက်ပြီး ခေါင်းညိတ်သည်။

သူက ထိပ်တန်းမိသားစုကြီးသုံးခုကို သိပ်ဂရုမစိုက်သော်လည်း သိချင်နေသည်။

အထူးသဖြင့် အံ့ဖွယ်ကိုးပါးတောင်အကြောင်း မှတ်မိနေသော ရှန့်ကွမ်းဟုန် ဖြစ်သည်။

သူတို့က လှပသော စံအိမ်တစ်ခုသို့ ရောက်လာသည်။ အစောင့်များက သူတို့ကို အပေါ်ထပ်သို့ ဂရုတစိုက် လိုက်ပို့ကြသည်။

“ကျွန်တော်က တောင်သခင်ဟန်ကို ပြန်တွေ့ရမယ်လို့ ထင်မထားခဲ့ဘူး”

အပေါ်ထပ်သို့ ရောက်သောအခါ ရှန်ကွမ်းဟုန်က ဟန်မူယဲ့ကို ဦးညွတ်လိုက်ပြန်သည်။

“စမ်းသပ်ပွဲနယ်မြေမှာ အံ့ဖွယ်ကိုးပါးတောင်က ပန်းပဲပညာလမ်းစဉ်ရဲ့ နံပတ်တစ် တော်ဝင်နယ်မြေပဲ”

“တောင်သခင်က နံပတ်တစ် ပန်းပဲပညာရှင်ပဲ”

နံပတ်တစ်ပန်းပဲပညာရှင် ....

ဝိညာဉ်ကိုယ်ပွား၏ စွမ်းရည်က အမှန်တကယ်ပင် ထူးခြားသည်။

ဟန်မူယဲ့က အံ့ဖွယ်ကိုးပါးတောင်တွင် အနှောင့်အယှက်မရှိဘဲ ပန်းပဲပညာနည်းစနစ်အား လေ့ကျင့်နိုင်သော ဝိညာဉ်ကိုယ်ပွားကို အားကျနေမိသည်။

ဟိုဟိုသည်သည်လျှောက်သွားနေရသော သူ၏ လက်ရှိအခြေအနေထက် ပိုကောင်းသည်။

“တောင်သခင်၊ စမ်းသပ်ပွဲနယ်မြေမှာ ဘယ်လိုဖြစ်သွားတာလဲ သိပါသလား”

ရှန့်ကွမ်းဟုန်က ဟန်မူယဲ့ကို ကြည့်လိုက်ပြီး မေးသည်။

သူက ထိုနေရာတွင် စမ်းသပ်မှုကို ခံယူခဲ့သည်။ အံ့ဖွယ်ကိုးပါးတောင်တွင် ပညာသင်ယူပြီး မိသားစုမှ လျှို့ဝှက်ရတနာ၏ အကူအညီဖြင့် မှတ်ဉာဏ်တချို့ကို ထိန်းသိမ်းထားခဲ့သည်။

အားကောင်းသော စမ်းသပ်ပွဲကမ္ဘာ၊ ခမ်းနားသော ပန်းပဲပညာလမ်းစဉ်၏ လျန်ထျန်းဂိုဏ်းနှင့် အံ့ဖွယ်ကိုးပါးတောင်တို့သည် အချိန်၏ တိုက်စားမှုကို မခုခံနိုင်သောကြောင့် သူက အံ့အားသင့်နေရသည်။

“စမ်းသပ်ပွဲနယ်မြေ ....”

ဟန်မူယဲ့က ခရမ်းနေမင်းမီးပြင်းဖိုမှတစ်ဆင့် မြင်ရသော မြင်ကွင်းကို ပြန်တွေးမိသည်။

ကောင်းကင်နှင့်မြေကြီးက ပြောင်းပြန်လန်သွားသည်။

ရှုအောင်းပြောခဲ့သည့်အတိုင်း အံ့ဖွယ်ကိုးပါးတောင်သခင်သည် လက်တစ်ဖက်ဖြင့် ကောင်းကင်ကို ဖျက်ဆီးပြီး တခြားလက်တစ်ဖက်ဖြင့် ကောင်းကင်ကို ပြုပြင်ခဲ့သည်။

‘အဲဒါက ငါလား’

“အဲဒီနယ်မြေက တစ်နေ့ကျရင် ပြန်ပေါ်လာလိမ့်မယ်”

ဟန်မူယဲ့က ညင်သာစွာပြောသည်။

ရှန့်ကွမ်းဟုန်သာမက သူ့ကိုယ်သူ ပြန်ပြောနေပုံရသည်။

တစ်နေ့တွင် သူကိုယ်တိုင်က ရှေးခေတ်ကျင့်ကြံခြင်းလောက၏ ခမ်းနားမှုကို ပြန်လည်အသက်သွင်းမည်။

သူ၏ ဝိညာဉ်ကိုယ်ပွားက ထိုသို့ လုပ်နိုင်လျှင် သူကလည်း လုပ်နိုင်သည်။

ပိုကောင်းအောင် လုပ်မည်။

“ဒီတပည့်က ယုံပါတယ်”

ရှန့်ကွမ်းဟုန်က စိတ်လှုပ်ရှားစွာ ပြန်ပြောသည်။

ဟန်မူယဲ့က လက်ကို ဝှေ့ယမ်းလိုက်သည်။

“ငါက အဲဒီ တောင်သခင်ဟန် မဟုတ်ဘူး။ မင်းကလည်း အံ့ဖွယ်ကိုးပါးတောင်ရဲ့ တပည့်တစ်ယောက် မဟုတ်တော့ဘူး။ ဒီလိုမျိုး ဓလေ့ထုံးစံတွေ လုပ်နေဖို့ မလိုပါဘူး”

သူ့စကားကြောင့် ရှန့်ကွမ်းဟုန်က တုန်ခါနေပြီး မျက်လုံးများ မှေးမှိန်သွားသည်။

အမှန်ပင်ဖြစ်သည်။ စမ်းသပ်ပွဲနယ်မြေသို့ ပြန်သွားရန် မဖြစ်နိုင်တော့ပေ။

“ဒါနဲ့ ဆရာဟန်က ရွှင်မိသားစုနဲ့ ပန်းပဲပညာရှင်အစည်းအရုံးရဲ့ လောင်းကြေးပြိုင်ပွဲမှာ ဝင်ပါမှာလား”

“ရွှင်မိသားစုက ရွှင်ချူးယွင်အပြင် ရွှင်ချူးယွင်နဲ့ ယှဉ်နိုင်တဲ့ ကျွမ်းကျင်သူတွေကို စုစည်းထားတယ်လို့ သိရတယ်”

ရှန့်ကွမ်းဟုန်က တီးတိုးပြောသည်။

သူက ထိပ်တန်းမိသားစုကြီးသုံးခု၏ မျိုးဆက်တစ်ယောက် ဖြစ်သောကြောင့် ထိုသတင်းမျိုးကို ရနိုင်သည်။

လျှို့ဝှက်ကောင်းကင်မြို့တွင် ရွှင်မိသားစုက ကျွမ်းကျင်သူများ၏ ထောက်ပံ့မှုကို ရထားကြောင်း မည်သူမှ မသိကြပေ။

ဟန်မူယဲ့၏မျက်နှာထားက တည်ငြိမ်နေသောအခါ ရှန့်ကွမ်းဟုန်က နဖူးကို ပြန်ရိုက်လိုက်ပြီး ရယ်သည်။

“ကျွန်တော်မေ့သွားတယ်။ တောင်သခင်ရှိနေမှတော့ ရွှင်မိသားစုပဲဖြစ်ဖြစ်၊ တခြားမိသားစုတွေပဲဖြစ်ဖြစ် အရေးမကြီးပါဘူး”

ထိုသို့ပြောလိုက်ပြီး သူ့မျက်လုံးများက တောက်ပသွားသည်။

“တောင်သခင်၊ မြို့ထဲမှာ လောင်းကြေးလက်ခံဖို့ လုပ်လိုက်ရင်ရော ဘယ်လိုလဲ”

လောင်းကြေးလက်ခံမည်။

ပန်းပဲပညာရှင်အစည်းအရုံးက အနိုင်ရရန် သေချာသည်လားဟု သူမေးနေသည်။

လျှို့ဝှက်ကောင်းကင်မြို့မှ လူများ၏ ၉၉%သည် ရွှင်မိသားစုဘက်တွင် လောင်းကြေးထပ်ကြလိမ့်မည်။

အကယ်၍ ဟန်မူယဲ့က အနိုင်ရရန် အာမခံနိုင်လျှင် များပြားသော အကျိုးအမြတ်ကို ရလိမ့်မည်။

ထိုလောင်းကြေးမျိုးသည် တခြားလူများကို ခြောက်လှန့်နိုင်သည်။

သို့သော် ရှန့်ကွမ်းဟုန်အတွက် မတူပေ။

သူက ထိပ်တန်းမိသားစုကြီးသုံးခု၏ မျိုးဆက်တစ်ယောက် ဖြစ်သည်။

ထို့အပြင် ဟန်မူယဲ့ သဘောတူသ၍ သူက အကျိုးအမြတ်ရနိုင်မည်။

အပြင်လူများက အံ့ဖွယ်ကိုးပါးတောင်သခင်၏ စွမ်းရည်ကို နားလည်မည်မဟုတ်ပေ။ သို့သော် သူက နားလည်သည်။

All Chapters