← Chapters

အခန်း (၁၃၉၄)

Vol. 100 Ch. 1394

အခန်း (၁၃၉၄)

Vol. 100 Ch. 1394

“တောင်သခင်၊ လောင်းကြေးရဲ့ အကျိုးအမြတ်နဲ့ပတ်သတ်ပြီး ခုနစ်ဆယ်၊ သုံးဆယ် ခွဲကြမယ်”

ရှန့်ကွမ်းဟုန်က တီးတိုးပြောသည်။

“ကျွန်တော်က သုံးဆယ်ယူမယ်။ တောင်သခင်က ခုနစ်ဆယ်ယူပါ”

အနိုင်ရရန် သေချာနေသော ထိုလောင်းကြေးတွင် ရှန့်ကွမ်းမိသားစု၏ အဆင့်အတန်းနှင့် သူက ၃၀%ကို ရနိုင်မည်။

ဟန်မူယဲ့က စဉ်းစားကြည့်လိုက်ပြီး တည်ငြိမ်စွာပြောသည်။

“ငါက ကမ္ဘာဦးအဆင့်နဲ့ စကြဝဠာအဆင့် ရတနာတွေကိုလည်း လက်ခံမယ်”

ရှန့်ကွမ်းဟုန်က အံ့အားသင့်သွားသည်။

ကမ္ဘာဦးအဆင့်နှင့် စကြဝဠာအဆင့် ရတနာများသည် မူလဒင်္ဂါး သန်းထောင်ချီ၍ တန်ဖိုးရှိသည်။

‘တောင်သခင်ဟန်က လောင်းကြေးကို အရမ်းကြီးသွားအောင် လုပ်ချင်တာလား’

သို့သော် သူက တွေးကြည့်လိုက်ပြီး မနေနိုင်တော့ဘဲ ခပ်ဟဟရယ်သည်။

သူက ကိုယ်ပိုင်အမြင်မှ ကြည့်လိုက်ပြီး လောင်းကြေးများသည်ဟု ထင်နေသည်။

သို့သော် တောင်သခင်၏အမြင်မှ ကြည့်လိုက်လျှင် ထိုလောင်းကြေးသည် အပျော်ရှာရုံသာ ဖြစ်လိမ့်မည်။

ရွှင်မိသားစုနှင့် ပန်းပဲပညာရှင်အစည်းအရုံး၏ ပြိုင်ပွဲသည်လည်း အတူတူပင် ဖြစ်သည်။

ဆရာဟန်က လောင်းကြေးအကြောင်း ဘာမှမပြောဘဲ ကမ္ဘာဦးအဆင့်နှင့် စကြဝဠာအဆင့် ရတနာများကို လက်ခံသည်ဟု ပြောခဲ့သည်။

ထို့ကြောင့် အနိုင်ရရန် သေချာနေသည်။

‘တောင်သခင်ရဲ့ ပန်းပဲနည်းစနစ်ကို ပြန်မြင်ရတော့မှာလား’

စမ်းသပ်ပွဲနယ်မြေတွင် သူက တောင်သခင်၏ ပန်းပဲစွမ်းရည်ကို အဝေးတစ်နေရာမှ နှစ်ကြိမ်မြင်ဖူးခဲ့သည်။

‘ငါက နောက်တစ်ကြိမ်ကြည့်ဖို့ အခွင့်အရေးရလာတော့မှာလား’

“အဲဒါဆိုရင် အတည်ပြုလိုက်ပြီ။ ကျွန်တော်က ရှန့်ကွမ်းမိသားစုရဲ့ ဂုဏ်သိက္ခာကို လောင်းကြေးထပ်မယ်။ ကမ္ဘာဦးအဆင့်နဲ့ စကြဝဠာအဆင့် လက်နက်တွေကိုလည်း လက်ခံမယ်”

ဟန်မူယဲ့၏ လက်နက်သန့်စင်ခြင်းကို ကြည့်နိုင်လျှင် တခြားအရာများက သာမန်ပင်ဖြစ်သည်။

စမ်းသပ်ပွဲနယ်မြေနှင့် ပတ်သတ်သော မှတ်ဉာဏ်များသည် မှေးမှိန်လာသည်။ အကယ်၍ သူက ဆရာဟန်၏ နည်းစနစ်ကို ကြည့်နိုင်လျှင် အများအပြား အကျိုးရှိလိမ့်မည်။

ဟန်မူယဲ့က စံအိမ်ထဲတွင် ကြာမြင့်စွာ မနေခဲ့ပေ။ ရှန့်ကွမ်းဟုန်က လောင်းကြေးလက်ခံမည်ဖြစ်ကြောင်း အတည်ပြုလိုက်သောအခါ သူက ထွက်လာခဲ့သည်။

တံခါးဝတွင် စောင့်နေသော ချန်ကျန်းက သူနှင့်အတူ လိုက်လာသည်။ နားမလည်နိုင်ဖြစ်နေသော ချောင်တက နောက်တွင် ကျန်ရစ်ခဲ့သည်။

‘ပန်းပဲပညာရှင်အစည်းအရုံးရဲ့ ပင်မအကြီးအကဲတစ်ယောက်က ရှန့်ကွမ်းမိသားစုရဲ့ သခင်လေးနဲ့ ဒီလိုမျိုး ဆက်သွယ်နိုင်တာလား’

‘နောက်ကွယ်မှာ လျှို့ဝှက်ချက်တွေ ရှိနေတာလား’

ဟန်မူယဲ့နှင့် ချန်ကျန်းက လျင်မြန်စွာ လမ်းလျှောက်လာကြသည်။ ထို့နောက် ဟန်မူယဲ့က ရုတ်တရက် ရပ်တန့်လိုက်သည်။

“ညီအစ်ကိုချန်၊ အရင်ဆုံး ပြန်သွားလိုက်ပါ။ ငါ့မှာ လုပ်စရာရှိသေးတယ်”

ဟန်မူယဲ့က ထိုသို့ ပြောလိုက်ပြီး လျင်မြန်စွာ ပျောက်ကွယ်သွားသည်။

သူ၏ အမြန်နှုန်းကြောင့် ချန်ကျန်းက အံ့အားသင့်နေသည်။

“ဆရာဟန်က တကယ်ပဲ ပန်းပဲပညာရှင်တစ်ယောက်လား ....”

သူက ခေါင်းခါလိုက်ပြီး ပန်းပဲပညာရှင်အစည်းအရုံး၏ စံအိမ်သို့ ပြန်လာခဲ့သည်။

ထိုအချိန်တွင် ဟန်မူယဲ့က လမ်းမပေါ်သို့ ရောက်နေသည်။

သူက လက်မြှောက်ပြီး လွန်းပျံယာဉ်ကို ထုတ်ယူသည်။

အရူးလော့၏ လွန်းပျံယာဉ် ဖြစ်သည်။

လွန်းပျံယာဉ်က ပေသုံးဆယ်အထိ ကြီးမားသွားသည်။ ဟန်မူယဲ့က လွန်းပျံယာဉ်ပေါ်သို့ ခုန်တက်လိုက်သည်။

သူက လွန်းပျံယာဉ်ကို ထိန်းချုပ်နေရန် မလိုအပ်ပေ။ လွန်းပျံယာဉ်က လွတ်လပ်စွာ လှုပ်ရှားသွားပြီး သေးငယ်သော ခြံဝိုင်းတစ်ခု၏ရှေ့တွင် ရပ်တန့်ခဲ့သည်။

စူးရှသော အကြည့်များနှင့် လူအိုကြီးတစ်ယောက်သည် ခြံဝိုင်း၏ရှေ့တွင် ရပ်နေသည်။

အရူးလော့ ....

လော့ရှန်းတုံ ဖြစ်သည်။

သူက ရှေးခေတ်မှ ပန်းပဲပညာရှင်များ၏ အဆင့်အတန်းသို့ ရောက်ရှိရန် နီးကပ်နေသည်ဟု နာမည်ကြီးသည်။

“ငါနဲ့လိုက်ခဲ့”

လောတုံရှန်းက လက်နှစ်ဖက်ကို နောက်ပစ်ထားပြီး ဟန်မူယဲ့ကို ကြည့်၍ ခြံဝိုင်းထဲသို့ ဝင်သွားသည်။

ဟန်မူယဲ့က လွန်းပျံယာဉ်ကို သိမ်းလိုက်ပြီး သူ့နောက်သို့ လျင်မြန်စွာ လိုက်သွားသည်။

ခြံဝိုင်းသည် အနည်းငယ် ရှုပ်ထွေးနေသော်လည်း ကိုယ်ပိုင်ဆွဲဆောင်နိုင်စွမ်းကို ပိုင်ဆိုင်ထားသည်။

အမျိုးမျိုးသော ရုပ်သေးရုပ်နှင့် ချပ်ဝတ်အစိတ်အပိုင်းများသည် ပတ်ဝန်းကျင်တွင် ပြန့်ကျဲနေသည်။ ထိုအစိတ်အပိုင်းများအားလုံးက တောက်ပနေကြသည်။ အလွန်တန်ဖိုးရှိသည်။

“ငါတွက်ချက်ပြီးပြီ။ လွန်းပျံယာဉ်ရဲ့ အတွင်းပိုင်းတည်ဆောက်ပုံကို ခိုင်မာအောင်လုပ်ဖို့ မလုံလောက်ဘူး”

“ပြီးတော့ စွမ်းအင်ပြဿနာလည်း ရှိသေးတယ်။ စကြဝဠာအဆင့် ရုပ်သေးရုပ်ရဲ့ ဗဟိုချက်ကို သုံးမှရမယ်။ ဒါပေမဲ့ အဲဒါဆိုရင် မူလရည်ရွယ်ချက်နဲ့ လွဲချော်သွားလိမ့်မယ်”

လော့ရှန်းတုံက လက်မြှောက်လိုက်ပြီး အလင်းလွှာတစ်ခုကို အသက်သွင်းသည်။ လွန်းပျံယာဉ်၏ တည်ဆောက်ပုံကို မြင်ရသည်။

လွန်းပျံယာဉ်၏ ပုံရိပ်က ခွဲထွက်သွားပြီး ပြန်လည်စုစည်းလာသည်။

“ပြီးတော့ လွန်းပျံယာဉ်က စကြဝဠာအတားအဆီးနဲ့ ရင်ဆိုင်ရမယ်။ စွမ်းအင်နဲ့ ခုခံမှု မလုံလောက်ရင် ပျက်စီးသွားလိမ့်မယ်”

လော့တုန်ရှန်းက တောက်ပနေသော မျက်လုံးများဖြင့် ဟန်မူယဲ့ကို ကြည့်သည်။

“ငါ့ကိုပြောပါ။ အဲဒီပြဿနာတွေကို ဘယ်လိုဖြေရှင်းရမလဲ”

သူက လေးနက်သောမျက်နှာထားဖြင့် ဟန်မူယဲ့ကို ပြောသည်။

“အခု မင်းတို့ ပန်းပဲပညာရှင်အစည်းအရုံးက အနိုင်ရဖို့ အခွင့်အရေးမရှိဘူး”

“ဒီပြဿနာတွေကို ဖြေရှင်းပေးရင် ငါက လောင်းကြေးပြိုင်ပွဲမှာ ဝင်ပါမယ်”

လော့ရှန်းတုံ၊ အရူးလော့ ....

သူက အရူးလော့ဟု နာမည်တွင်နေသော်လည်း ကိုယ်ပိုင်ပန်းပဲစွမ်းရည်ကို ထုတ်ပြထားသည်။

လွန်ခဲ့သောနှစ်များတွင် သူက အရူးလော့အဖြစ် လျှို့ဝှက်ကောင်းကင်မြို့တွင် ကောင်းမွန်စွာ နေနိုင်ခဲ့သည်။ သူ၏ ပန်းပဲပညာစွမ်းရည်ကို တွေးကြည့်နိုင်သည်။

သူက ရူးသွပ်သွားသောအခါ လျှို့ဝှက်ကောင်းကင်မြို့၏ ထိပ်တန်းအဆင့် ပန်းပဲပညာရှင်များကို စိန်ခေါ်ခဲ့သည်ဟု ပြောကြသည်။

ထိုစိန်ခေါ်ပွဲ၏ ရလဒ်ကို မည်သူမှ ထုတ်မပြောကြပေ။

ဟန်မူယဲ့က ရှေ့တွင်ရှိသော လော့ရှန်းတုံကို ကြည့်လိုက်ပြီး တည်ငြိမ်နေသည်။

“တကယ်လို့ အကြီးအကဲက ရွှင်မိသားစုကို ဆန့်ကျင်ပြီး လောင်းကြေးပြိုင်ပွဲမှာ ပန်းပဲပညာရှင်အစည်းအရုံးကို ကူညီပေးမယ်ဆိုရင် ကျွန်တော်ရဲ့ မဖြစ်စလောက်စွမ်းရည်ကို ထုတ်ပြရတော့မှာပဲ”

ဟန်မူယဲ့က ယုံကြည်ချက်ရှိစွာ ပြောသည်။

သူက ပန်းပဲပညာလမ်းစဉ်ကို နှစ်ပေါင်းများစွာကြာအောင် လေ့လာခဲ့သောကြောင့် လောက၏ ထိပ်တန်းအဆင့် ပန်းပဲပညာရှင်တစ်ယောက်၏ရှေ့တွင် တည်ငြိမ်စွာ နေနိုင်သည်။

လော့ရှန်းတုံက စကားမပြောပေ။ သို့သော် သူ့မျက်လုံးများက တောက်ပနေသည်။

သူက အရူးတစ်ယောက်ဖြစ်သည်။

သို့သော် ပန်းပဲပညာရပ်နှင့်ပတ်သတ်သော သူ၏ စွဲလမ်းစိတ် တည်ရှိနေသ၍ အမှန်တကယ် ရူးမသွားနိုင်ပေ။

ပန်းပဲပညာရပ်နှင့် ပတ်သတ်လျှင် သူက အလေးအနက်ထားသည်။

ဟန်မူယဲ့က လက်ကို ဆန့်ထုတ်လိုက်သည်။

သူ့ရှေ့တွင်ရှိသော အလင်းရောင်က တောက်ပနေပြီး အလင်းလွှာတွင် လွန်းပျံယာဉ်၏ပုံရိပ်ကို ဖြစ်လာစေသည်။

ထိုလွန်းပျံယာဉ်က မရေမတွက်နိုင်သော အစိတ်အပိုင်းများအဖြစ် ခွဲထွက်သွားသည်။

လော့ရှန်းတုံက မျက်မှောင်ကြုတ်ထားသော်လည်း တိတ်ဆိတ်နေသည်။

သူက ခွဲထုတ်သောနည်းလမ်းကို သိသည်။

ထိုနည်းလမ်းကို ကြိုးစားကြည့်ခဲ့သည်။ သို့သော် စွမ်းအားအကုန်အကျများပြီး လွန်းပျံယာဉ်၏ ခုခံနိုင်စွမ်းကလည်း ၃၀%အထိ လျော့ကျသွားလိမ့်မည်။

ထို့ကြောင့် လွန်းပျံယာဉ်ကို ထောက်ပံ့ပေးရန် မလုံလောက်တော့ပေ။

သူက ရှေ့တွင်ရှိသော အလင်းလွှာကို စိုက်ကြည့်လိုက်ပြီး မျက်လုံးများကို မှေးကျဉ်းသည်။ ဟန်မူယဲ့၏ လှုပ်ရှားမှုကို စောင့်နေခဲ့သည်။

သို့သော် ဟန်မူယဲ့က ရိုးရှင်းစွာ လက်ပြန်ရုတ်လိုက်သည်။

“အကြီးအကဲ၊ ကျေးဇူးပြုပြီး ကြည့်လိုက်ပါ။ ပြီးသွားပါပြီ”

‘ပြီးသွားပြီတဲ့လား’

‘လွန်းပျံယာဉ်ကို ခွဲထုတ်လိုက်တာနဲ့ ပြီးသွားတာလား’

‘ငါ့ဖင်ကိုပဲပြီးလိုက်’

လော့ရှန်းတုံ၏မျက်နှာထားက မည်းမှောင်နေပြီး မကျေမနပ်ပြောသည်။

“ကောင်လေး၊ မင်းက ငါ့ကို လာကစားနေတာလား”

ဟန်မူယဲ့က တည်ငြိမ်စွာ ခေါင်းခါလိုက်ပြီး ပြောသည်။

“လွန်းပျံယာဉ်ကို ဒီလိုမျိုး ခွဲထုတ်လိုက်ရင် ခုခံနိုင်စွမ်းနဲ့ အမြန်နှုန်းက လျော့ကျသွားပြီး စွမ်းအင်မလုံမလောက် ဖြစ်နေတယ်လို့ အကြီးအကဲက ထင်လိမ့်မယ်”

“ဒီလိုလွန်းပျံယာဉ်နဲ့ဆိုရင် စကြဝဠာကို ဖြတ်သန်းဖို့ မဖြစ်နိုင်တော့ဘူးလို့ တွေးနေလိမ့်မယ်”

ဟန်မူယဲ့က ရှေ့တွင်ရှိသော လွန်းပျံယာဉ်ကို ကြည့်လိုက်သည်။ သူ့မျက်လုံးထဲတွင် အလင်းရောင်ကို မြင်ရသည်။

သူ့မျက်နှာထားက လေးနက်နေပြီး ဖြည်းဖြည်းချင်း ပြောသည်။

“အကြီးအကဲက လွန်းပျံယာဉ်ကို ဖန်တီးဖို့ပဲ တွေးခဲ့တယ်။ လွန်းပျံယာဉ်ရဲ့ စွမ်းအင်အရင်းအမြစ်ကို မတွေးခဲ့ဘူး”

“စကြဝဠာထဲမှာ လွတ်လွတ်လပ်လပ် သွားလာနိုင်တဲ့ အရာမျိုးကို လိုအပ်တယ်”

လော့ရှန်းတုံက တစ်ကိုယ်လုံး တုန်ခါသွားပြီး တီးတိုးရေရွတ်သည်။

သူ့မျက်လုံးထဲတွင်ရှိသော အလင်းစက်တချို့က ပျောက်ကွယ်သွားသည်။

“အဲဒီကောင်တွေ ....”

“အရှက်မရှိတဲ့ အဲဒီမျိုးမစစ်တွေ .... ငါက သေသွားရင်တောင် သူတို့အတွက် လက်နက်လုပ်မပေးတော့ဘူး”

လော့ရှန်းတုံက ရေရွတ်လိုက်သည်။ သူ၏ သွေးနှင့်ချီက ပေါက်ကွဲလုနီးပါး လှုပ်ရှားလာသည်။

သူက ရူးသွပ်သွားပြန်သည်။

“ဒီလိုလွန်းပျံယာဉ်က တခြားစကြဝဠာတွေအတွက် ကပ်ဘေးတစ်ခု ဖြစ်သွားမယ်လို့ အကြီးအကဲက ပြောချင်တာလား”

“ဒီလောကမှာ ကြယ်စင်စုစကြဝဠာရဲ့ ကျွမ်းကျင်သူတွေကို သယ်ဆောင်ထားတဲ့ ဒီလိုလွန်းပျံယာဉ်မျိုးကို ဘယ်သူကမှ ခုခံနိုင်မှာမဟုတ်ဘူး”

ဟန်မူယဲ့က ဖြည်းဖြည်းချင်းပြောသည်။

အမှန်ပင်ဖြစ်သည်။

ကြယ်စင်စုစကြဝဠာသည် အသန်မာဆုံးစကြဝဠာတစ်ခု ဖြစ်ခဲ့သည်။

ယခုအချိန်တွင် အားနည်းနေသော်လည်း တခြားစကြဝဠာများ ခုခံနိုင်သောအရာ မဟုတ်ပေ။

ပေသုံးသောင်းကြီးမားသော လွန်းပျံယာဉ်ကို တည်ဆောက်ပြီး ကျွမ်းကျင်သူများအား စေလွှတ်နိုင်သော အင်အားစုမျိုးသည် စကြဝဠာနယ်မြေတွင် ထိပ်တန်းအဆင့် ဖြစ်သည်။

ထိုအင်အားစုက တခြားစကြဝဠာသို့ ရောက်သွားလျှင် ယခင်က မူလကမ္ဘာကို သိမ်းပိုက်ခဲ့သလို ဖြစ်နေမည်။

စကြဝဠာနယ်မြေ၏ အင်အားစုများသည် ထိုကိစ္စမျိုးကို ဆောင်ရွက်ရန် တက်ကြွနေလိမ့်မည်။

အကယ်၍ လော့ရှန်းတုံက အင်အားစုများနှင့် ပူးပေါင်းရန် ဆန္ဒရှိလျှင် လွန်းပျံယာဉ်တစ်ခုတည်းနှင့်ပင် လူတိုင်းက သူ့ကို ချီးမြှောက်ထားလိမ့်မည်။

သူ၏ ဝိညာဉ်ကို ကုသရန်လည်း ဖြစ်နိုင်သည်။

သို့သော် လော့ရှန်းတုံက မောက်မာပြီး ဦးညွတ်ရန် ဆန္ဒရှိပုံမရပေ။

“ဒါပေမဲ့ အကြီးအကဲ ဒီလိုရတနာကို ထိန်းချုပ်ဖို့ သိစိတ်ရှိတဲ့ ဝိညာဉ်ကို လိုအပ်လိမ့်မယ်”

ဟန်မူယဲ့က လော့ရှန်းတုံကို ကြည့်လိုက်ပြီး ကျယ်လောင်စွာပြောသည်။

‘သိစိတ်ရှိတဲ့ဝိညာဉ်လား’

လော့ရှန်းတုံက မျက်မှောင်ကြုတ်လိုက်သည်။ သူ့ခန္ဓာကိုယ်တွင် လှုပ်ရှားနေသော စွမ်းအားက ခဏတာ ရပ်တန့်သွားသည်။

“မင်းက ရှုကျီယန်ရဲ့နည်းလမ်းကို ပြောနေတာလား”

“ငါက လေဟာနယ်မြို့အတွက် နတ်ဘုရားသားရဲတွေကို ကျွန်ပြုတာမျိုး မကြိုက်ဘူး။ ရှုကျီယန်ရှိနေရင်လည်း ဒီအတိုင်းပဲပြောမယ်”

လော့ရှန်းတုံနှင့် တခြားကျွမ်းကျင်သူများအတွက် အသက်ဝိညာဉ်ထည့်သွင်းထားသော ပစ္စည်းတစ်ခုကို ဖန်တီးရန် မခက်ပေ။

သို့သော် ပေသုံးသောင်းကြီးမားသော လွန်းပျံယာဉ်အတွက် ဝိညာဉ်တစ်ခု ရှိလာရန် ခက်ခဲလိမ့်မည်။

ထို့ကြောင့် တခြားဝိညာဉ်တစ်ခုကို ချုပ်နှောင်ရမည်။

ထိုနည်းလမ်းသည် လေဟာနယ်မြို့ကို ဖန်တီးခဲ့သော ရှုကျီယန်၏နည်းလမ်းနှင့် ဆင်တူသည်။

“တကယ်လို့ နတ်ဘုရားသားရဲကိုယ်တိုင်က လွန်းပျံယာဉ်ကို သယ်ဆောင်ဖို့ ဆန္ဒရှိရင်ရော”

“စကြဝဠာခရီးစဉ်တစ်လျှောက်မှာ အသက်အန္တရာယ်မပေးဘူးလို့ စာချုပ်ချုပ်နိုင်ရင်ရော”

ဟန်မူယဲ့၏ စကားကြောင့် လော့ရှန်းတုံ၏ မျက်လုံးများက တောက်ပလာသည်။

သူက လက်သီးဆုပ်ထားပြီး ရေရွတ်သည်။

“တကယ်လို့ ကြယ်စင်စုစကြဝဠာရဲ့ ကျင့်ကြံသူတွေက တခြားစကြဝဠာတွေကို အန္တရာယ်မပေးဘူး၊ မသိမ်းပိုက်ဘူး၊ အမွေအနှစ်ကို မဖျက်ဆီးဘူးလို့ အာမခံထားရင် ဖြစ်နိုင်တယ်”

“တာဝန်ထမ်းဆောင်မယ့် နတ်ဘုရားသားရဲအတွက် ဒီနည်းလမ်းနဲ့ ကိုယ်ပိုင်စကြဝဠာကို ပြန်သွားနိုင်ရင် ထိုက်တန်တယ်”

“ပြီးတော့ နတ်ဘုရားသားရဲက လမ်းပြပေးမယ်ဆိုရင် လွန်းပျံယာဉ်က အလိုလျောက် သွားနိုင်လိမ့်မယ်။ တကယ်လို့ ကြယ်စင်စုစကြဝဠာရဲ့ လူတွေက တခြားစကြဝဠာကို ထိခိုက်စေရင် လွန်းပျံယာဉ်က သူတို့ကို ပြန်ခေါ်လာဖို့ ငြင်းဆိုနိုင်တယ်”

All Chapters