← Chapters

အခန်း (၁၃၉၆)

Vol. 100 Ch. 1396

အခန်း (၁၃၉၆)

Vol. 100 Ch. 1396

ဟန်မူယဲ့က တခြားလူများကို ကြည့်လိုက်ပြီး ခေါင်းညိတ်ပြသည်။ ထို့နောက် စင်မြင့်ပေါ်သို့ လျင်မြန်စွာ တက်သွားသည်။

“ပန်းပဲပညာရှင်အစည်းအရုံးရဲ့ ဟန်မူယဲ့က သင်ပြပေးဖို့ တောင်းဆိုပါတယ်”

သူက ပြောလိုက်သည်။

ထို့နောက် ရွှင်ချူးယွင်နှင့် တခြားလူများကို ကြည့်သည်။

“ဆရာကျူးယွမ်၊ ဒီလောင်းကြေးပြိုင်ပွဲရဲ့ အရေးကြီးပုံကို သိတယ်မဟုတ်လား။ ငါခေါ်လာတဲ့ တခြားလူတွေရဲ့ ကျွမ်းကျင်မှုကိုလည်း သတိထားမိမှာပါ”

ရွှင်ချူးယွင်က ပြောသည်။

“ပထမဆုံးပွဲကို မင်းပြိုင်လိုက်ပါ”

သူက ပြောသည်။

လျှို့ဝှက်ကောင်းကင်မြို့၏ ထိပ်တန်းအဆင့် ပန်းပဲပညာရှင်ဆယ့်နှစ်ယောက်တွင် ပါဝင်သော ဆရာသခင်ကျူးယွမ်က ပထမဆုံးပွဲတွင် ယှဉ်ပြိုင်မည်။

‘ရွှင်မိသားစုက ဘယ်သူတွေကို ဖိတ်ခေါ်ထားသေးတာလဲ’

ပြိုင်ပွဲကွင်းပြင်၏ အတွင်းနှင့်အပြင်သည် တိတ်ဆိတ်သွားသည်။

ဆရာသခင်ကျူးယွမ်က စင်မြင့်ပေါ်တွင်ရှိသော ဟန်မူယဲ့ကို ကြည့်လိုက်ပြီး မျက်နှာထားပြောင်းလဲသွားသည်။

“တောင်သခင်ဟန်”

သူက ရေရွတ်သည်။

ထို့နောက် အဝတ်အစားများကို ဆွဲဆန့်ပြီး ဖြည်းဖြည်းချင်း ဦးညွတ်သည်။

“လျန်ထျန်းဂိုဏ်းရဲ့ အပြင်စည်းတပည့် ကျူးယွမ်က တောင်သခင်ဟန်ကို နှုတ်ဆက်ပါတယ်”

သူက ပြောလိုက်သည်။

စင်မြင့်၏အောက်တွင် လျှို့ဝှက်ကောင်းကင်မြို့၏ ထိပ်တန်းအဆင့် ပန်းပဲပညာရှင်ဆယ့်နှစ်ယောက်တွင် ပါဝင်သော ဆရာသခင်ကျူးယွမ်က လေးစားစွာ ဦးညွတ်နေသည်။

ထိုမြင်ကွင်းကြောင့် လူတိုင်းက ကြောင်အသွားကြသည်။

ပန်းပဲပညာရှင်အစည်းအရုံး၏ လူများက မယုံကြည်နိုင်စွာ မျက်လုံးပြူးနေသည်။

သူတို့က ဟန်မူယဲ့၏ ထူးခြားသော ပန်းပဲပညာစွမ်းရည်ကို နားလည်ပြီး သူတို့ထက် အလားအလာကောင်းမွန်ကြောင်း လက်ခံထားသည်။

လျှို့ဝှက်ကောင်းကင်မြို့က ဟန်မူယဲ့၏အကြောင်းကို သိပ်မသိသောကြောင့် အငိုက်ဖမ်းမည်ဟူသော ရည်ရွယ်ချက်ဖြင့် ပြိုင်ပွဲတွင် ဝင်ပါစေခဲ့သည်။

‘ဒါပေမဲ့ အခု ဘာဖြစ်နေတာလဲ’

“လျန်ထျန်းဂိုဏ်း ....”

ယုကျန်းက တီးတိုးရေရွတ်လိုက်သည်။

“ရှေးခေတ်ရဲ့ ပန်းပဲပညာဂိုဏ်းကြီးလား”

သူ့စကားကို ကြားရသောအခါ ဘေးတွင်ရှိသော သခင်မ မင်တုံက ခေါင်းညိတ်သည်။

“နင်တို့က အဲဒီအကြောင်းကိုမသိတာ ပုံမှန်ပါပဲ။ နင်တို့က နတ်ဘုရားအဆင့် စမ်းသပ်ပွဲနယ်မြေကို ထိန်းချုပ်ထားပေမဲ့ မှတ်ဉာဏ်တွေကို ထိန်းမထားနိုင်ဘူးလေ”

“လျန်ထျန်းဂိုဏ်းက စမ်းသပ်ပွဲနယ်မြေရဲ့ အဓိကဂိုဏ်းကြီးသုံးဂိုဏ်းထဲမှာ ပါဝင်တယ်”

စမ်းသပ်ပွဲနယ်မြေ၏ ပန်းပဲပညာရပ်နှင့်သက်ဆိုင်သော ဂိုဏ်းကြီးသုံးဂိုဏ်း ....

ရှေးခေတ်၏ အင်အားစုကြီးတစ်ခု ဖြစ်သည်။

‘ဆရာသခင်ကျူးယွမ်က အဲဒီလိုနောက်ခံမျိုးကို ပိုင်ဆိုင်ထားတာလား’

‘ဒါပေမဲ့ ဆရာသခင်ကျူးယွမ်က စင်မြင့်ပေါ်ကို တက်သွားဖို့ သတ္တိမရှိဘူးလား’

‘အဲဒါဆိုရင် စင်မြင့်ပေါ်မှာရှိနေတဲ့ ဟန်မူယဲ့က ဘယ်သူလဲ’

သခင်မ မင်တုံက ဟန်မူယဲ့ကို ကြည့်လိုက်ပြီး ဘေးတွင်ရှိသော မူယွဲ့ကို ကြည့်သည်။

“အကြီးအကဲမူယွဲ့၊ သူက ပြန်လည်ကျင့်ကြံဖို့ ကြိုးစားနေတဲ့ ရှေးခေတ်ရဲ့ ကျွမ်းကျင်သူတစ်ဦးလား”

ရှေးခေတ်တွင် ကျွမ်းကျင်သူအများအပြားသည် ကောင်းကင်နှင့်မြေကြီး၏ ပျက်စီးမှုမှ လွတ်မြောက်ပြီး နည်းလမ်းအမျိုးမျိုးဖြင့် ရှင်သန်ခဲ့ကြသည်။

သူတို့၏ မှတ်ဉာဏ်နှင့် လောကစွမ်းအားက မကိုက်ညီသောကြောင့် အများစုသည် မှတ်ဉာဏ်များကို ချိပ်ပိတ်ရန် ရွေးချယ်ခဲ့သည်။

ထိုသို့ ချိပ်ပိတ်ထားသော မှတ်ဉာဏ်များသည် အခြေအနေတစ်ခုနှင့် ကိုက်ညီသောအခါတွင် ပြန်လည်နိုးထလာလိမ့်မည်။

လူအများအပြားသည် အတိတ်ဘဝ၏ မှတ်ဉာဏ်များကို တစ်သက်လုံး မနိုးထနိုင်ခဲ့ပေ။

“အဲဒီလိုပဲ ထင်ရတယ်”

သခင်မမူယွဲ့၏ မျက်လုံးများက ရှုပ်ထွေးနေပြီး ခေါင်းခါလိုက်သည်။

“သူက အရမ်းထူးခြားတယ်”

‘ထူးခြားတာလား’

မင်တုံ၏ မျက်လုံးများက တောက်ပလာပြီး ပြောသည်။

“အကြီးအကဲမူယွဲ့က ယောင်္ကျားတွေကို စိတ်မဝင်စားဘူးမဟုတ်လား”

သခင်မမူယွဲ့က ခေါင်းခါလိုက်ပြီး စင်မြင့်ပေါ်တွင်ရှိသော ဟန်မူယဲ့ကို ကြည့်သည်။

“သူက ငါ့ကို စိတ်မဝင်စားဘူး”

မင်တုံက အံ့အားသင့်စွာ မျက်တောင်ခတ်လိုက်သည်။ သူမ၏ မျက်လုံးများက တောက်ပသွားပြီး နှုတ်ခမ်းသပ်သည်။

တစ်ဖက်တွင် ရွှင်ချူးယွင်က ဘေးသို့ ဖြည်းဖြည်းချင်း လှည့်ကြည့်သည်။

သူက ဆရာသခင်ကျူးယွမ်ကို ကြည့်လိုက်ပြီး မေးသည်။

“ညီအစ်ကိုကျူးယွမ်၊ ဒါက ဘာကို ဆိုလိုချင်တာလဲ”

ကျူးယွမ်က ခေါင်းခါလိုက်ပြီး တိတ်ဆိတ်စွာ ပြောသည်။

“ညီအစ်ကိုချူးယွင်၊ ငါက စင်မြင့်ပေါ်ကို မတက်နိုင်ဘူး”

“မင်းက ဒီတစ်ပွဲကို လက်လျော့မှာလား”

ရွှင်ချူးယွင်က မျက်မှောင်ကြုတ်လိုက်သည်။

ဆရာသခင်ကျူးယွမ်က အားကောင်းပြီး လျှို့ဝှက်ကောင်းကင်မြို့၏ ထိပ်တန်းအဆင့် ပန်းပဲပညာရှင် ၁၂ယောက်ထဲတွင် ပါဝင်သည်။ ထို့ကြောင့် ရွှင်ချူးယွင်က သူ့ကို ပြိုင်ပွဲတွင် ဝင်ပါရန် ဖိတ်ခေါ်ခဲ့သည်။

ယခုအချိန်တွင် သူက ငြင်းဆိုနေသောကြောင့် ရွှင်မိသားစု၏ ဂုဏ်သိက္ခာကို ထိခိုက်စေမည်။

ဆရာသခင်ကျူးယွမ်က စင်မြင့်ပေါ်တွင်ရှိသော ဟန်မူယဲ့ကို ကြည့်လိုက်သည်။

“ကျူးယွမ်က တောင်သခင်ဟန်နဲ့ မပြိုင်ရဲပါဘူး”

ရွှင်ချူးယွင်က မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး စင်မြင့်ပေါ်တွင်ရှိသော ဟန်မူယဲ့ကို ကြည့်သည်။

“သူက ပြန်လည်မွေးဖွားလာတဲ့ ရှေးခေတ်ရဲ့ ပန်းပဲပညာရှင်ကြီးတစ်ယောက်လား”

“မင်းတို့ ရှေးခေတ်ကနေ ရှင်သန်လာတဲ့လူတွေက ထူးခြားဆန်းကြယ်သလိုမျိုး လုပ်ပြရတာကို တကယ်ကြိုက်တာပဲ”

ရွှင်ချူးယွင်က အေးစက်စွာ နှာမှုတ်လိုက်ပြီး အဝတ်အစားများကို ဆွဲဆန့်သည်။ သူက စင်မြင့်ပေါ်သို့ တက်သွားရန် ပြင်နေသည်။

“ဘ‌လေး၊ တကယ်လို့ အဲဒီလူက ရှေးခေတ်ရဲ့ ကျွမ်းကျင်သူတစ်ယောက်ဆိုရင် ကျွန်တော်တို့ကလည်း ရှေးခေတ်ရဲ့ ကျွမ်းကျင်သူတစ်ယောက်ကို စေလွှတ်သင့်တယ်”

“ကျွန်တော်တို့က ဒီပွဲမှာ အနိုင်ရရင် ဘလေးက နောက်တစ်ပွဲကို အနိုင်ယူပြီး တစ်ခါတည်း အဆုံးသတ်သင့်တယ်”

ရွှင်ချူးယွင်၏နောက်တွင်ရှိသော ရွှင်တောက်က ပြောလိုက်သည်။

သူ့စကားကြောင့် ရွှင်ချူးယွင်က ရပ်တန့်လိုက်သည်။

“ဘလေး၊ ရှေးခေတ်ကျွမ်းကျင်သူတွေက ကျွန်တော်တို့မသိတဲ့ နည်းစနစ်တွေကို တတ်မြောက်ထားနိုင်တယ်”

“တကယ်လို့ ဘလေးရှုံးသွားရင် ရွှင်မိသားစုရဲ့ ဂုဏ်သိက္ခာ ကျဆင်းလိမ့်မယ်”

“ဘလေးက ကျွမ်းကျင်သူတွေနဲ့ ဆက်သွယ်ခဲ့တယ်မဟုတ်လား။ အခု သူတို့ကို ဆင့်ခေါ်ရမယ်”

“ကျန်တာတွေအားလုံးက အရေးမကြီးပါဘူး”

ရွှင်တောက်၏စကားက သင့်တော်သည်။

ရွှင်မိသားစု၏ ဂုဏ်သတင်းနှင့် ယှဉ်လိုက်လျှင် တခြားအရာများအားလုံးသည် အရေးမပါပေ။

ရွှင်ချူးယွင်က ခေါင်းညိတ်လိုက်ပြီး အော်ပြောသည်။

“ဆရာသခင်ယွင်ကျီ၊ ကျေးဇူးပြုပြီး ယှဉ်ပြိုင်ပေးပါ”

စကားသံအဆုံးတွင် မီးခိုးရောင်ဝတ်စုံနှင့် လူအိုကြီးက ဖျတ်ခနဲ လှုပ်ရှားလိုက်ပြီး စင်မြင့်ပေါ်သို့ ရောက်လာသည်။

သူက ဆရာသခင်ကျူးယွမ်နှင့် ယှဉ်နိုင်သော ဆရာသခင်ယွင်ကျီ ဖြစ်သည်။

စင်မြင့်ပေါ်သို့ ရောက်လာသော ဆရာသခင်ယွင်ကျီက ဆရာသခင်ကျူးယွမ်ကို ကြည့်လိုက်သည်။

“ညီအစ်ကိုကျူးယွမ်၊ မင်းက သူ့ကို သိနေတယ်ဆိုရင် မိတ်ဆက်ပေးလို့ရမလား။ ငါရင်ဆိုင်နေတဲ့ ကျွမ်းကျင်သူကို သိရတာပေါ့”

သူ့စကားကို ကြားရသောအခါ ဆရာသခင်ကျူးယွမ်က ဟန်မူယဲ့ကို ကြည့်သည်။ သူက စကားပြောရန် ပြင်လိုက်သော်လည်း နောက်ဆုံးတွင် ခေါင်းငုံ့ထားသည်။

“ငါတောင်းပန်ပါတယ် ညီအစ်ကိုယွင်ကျီ”

သူက ခေါင်းခါလိုက်ပြီး ညင်သာစွာပြောသည်။

“ငါက မပြောရဲပါဘူး”

မပြောရဲဘူး ....

‘လျှို့ဝှက်ကောင်းကင်မြို့ရဲ့ ထိပ်တန်းအဆင့် ပန်းပဲပညာရှင်ဆယ့်နှစ်ယောက်ထဲမှာ ပါနေတဲ့ ဆရာသခင်ကျူးယွမ်ကတောင် ထုတ်မပြောရဲဘူးဆိုတော့ ဟန်မူယဲ့က ဘယ်လိုလူမျိုးလဲ’

ဆရာသခင်ယွင်ကျီက မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး ဟန်မူယဲ့ကို ကြည့်သည်။

“ဆရာဟန်က တစ်ချိန်မှာ လေးနက်တဲ့ ပန်းပဲနည်းစနစ်တွေကို တတ်မြောက်ခဲ့လိမ့်မယ်။ ဒါပေမဲ့ ငါကလည်း စကြဝဠာနယ်မြေရဲ့ ထိပ်တန်းအဆင့် ပန်းပဲပညာရှင်တစ်ယောက်ပဲ”

သူက ပြောသည်။

“ပြိုင်ပွဲကို ထည့်မတွက်ရင်တောင် မင်းဆီကနေ သင်ယူရမှာပါ”

“ရှေးခေတ်အချိန်ရဲ့ ပန်းပဲလမ်းစဉ်က အရမ်းတောက်ပခဲ့တယ်လို့ ပြောကြတယ်။ ငါ ယွင်ကျီက မျက်မြင်မတွေ့နိုင်ခဲ့ဘူး။ ဒီနေ့မှာတော့ အခွင့်အရေးရှိလာပြီ”

ဆရာသခင်ယွင်ကျီက ယှဉ်ပြိုင်လိုစိတ်ဖြင့် ဟန်မူယဲ့ကို ကြည့်သည်။

“မင်းက ငါ့ကို စိတ်မပျက်စေဘူးလို့ မျှော်လင့်ပါတယ်”

သူက လက်မြှောက်ပြီး ဝိညာဉ်သတ္တုများကို ထုတ်ယူသည်။

ရွှေရောင်မီးတောက်သည် သူ့ရှေ့တွင် လွင့်မျောနေသည်။

“ငါက ချပ်ဝတ်တွေကို ဖန်တီးတဲ့နေရာမှာ အတော်ဆုံးပဲ။ ငါက ရှေးခေတ်ရဲ့ တိမ်ကောင်းကင်ချပ်ဝတ်ကို ပြန်လည်ဖန်တီးပြီး နာမည်ကြီးလာခဲ့တယ်”

“ဒီနေ့မှာ တိမ်ကောင်းကင်ချပ်ဝတ်ကို ကိုယ်တိုင် သန့်စင်မယ်”

ဆရာသခင်ယွင်ကျီက ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး လက်ကို ဆန့်ထုတ်သည်။

သူ့စကားကြောင့် စင်မြင့်၏အောက်တွင်ရှိသော လူများက ထိတ်လန့်စွာ အသံပြုမိကြသည်။

“တိမ်ကောင်းကင်ချပ်ဝတ်က တိမ်တိုက်ချီနဲ့ ကောင်းကင်နဲ့မြေကြီးကို လွှမ်းခြုံပြီး ပုံရိပ်ယောင်တွေ ဖန်တီးနိုင်တယ်လို့ နာမည်ကြီးတာမဟုတ်လား”

“အဲဒီချပ်ဝတ်က ပုံရိပ်ယောင်တွေကို ဖန်တီးနိုင်ရုံတင်မကဘူး ပုံစံအမျိုးမျိုးလည်း ပြောင်းလဲနိုင်တယ်လို့ ပြောကြတယ်။ ဝတ်ဆင်သူရဲ့ ခွန်အားတစ်ဝက်ကို သယ်ဆောင်ထားတဲ့ ကိုယ်ပွား ၉၉ခုကိုလည်း ထုတ်ပေးနိုင်တယ်”

အဆင့်နိမ့်ကျင့်ကြံသူများဆိုလျှင် သိပ်အရေးမပါပေ။ သို့သော် အဆင့်မြင့်ကျင့်ကြံသူက တိမ်ကောင်းကင်ချပ်ဝတ်ကို အသက်သွင်းပြီး ခွန်အားတစ်ဝက်ပါသော ကိုယ်ပွား ၉၉ခုကို ခွဲထုတ်လိုက်လျှင် အလွန်အားကောင်းနေလိမ့်မည်။

“တိမ်ကောင်းကင်ချပ်ဝတ် ....”

ဟန်မူယဲ့က နေရာတွင်ရပ်နေပြီး တီးတိုးရေရွတ်သည်။

သူက ထိုချပ်ဝတ်အကြောင်းကို သိသည်။

အတိအကျပြောရလျှင် တိမ်ကောင်းကင်ချပ်ဝတ်သည် လျန်ထျန်းဂိုဏ်း၏ အမွေအနှစ်တစ်ခု ဖြစ်သည်။

သို့သော် လျန်ထျန်းဂိုဏ်းတွင် ထိုချပ်ဝတ်သည် သာမန်ပစ္စည်းတစ်ခုသာ ဖြစ်သည်။

ရှေးခေတ်အချိန်တွင် ပုံရိပ်ယောင်ကို ထွင်းဖောက်မြင်နိုင်သော ကျွမ်းကျင်သူများ ရှိကြသည်။

ထို့အပြင် အဆင့်တူတိုက်ပွဲတွင် ခွန်အားတစ်ဝက်ပါဝင်သော ကိုယ်ပွားများသည် သက်ရောက်မှုသိပ်မရှိပေ။

ထို့ကြောင့် ရှေးခေတ်တွင် တိမ်ကောင်းကင်ချပ်ဝတ်ကို အစစ်အမှန်အမွေအနှစ်အဖြစ် မသတ်မှတ်ခဲ့ပေ။

ဟန်မူယဲ့က ရှေ့တွင်ရပ်နေသော ဆရာသခင်ယွင်ကျီကို ကြည့်သည်။

“မင်းက ရှေးခေတ်အမွေအနှစ်နဲ့ ချပ်ဝတ်တစ်ခုကို သန့်စင်မှာလား။ အဲဒါဆိုရင် ငါကလည်း ရှေးခေတ်အမွေအနှစ်ကို အသုံးပြုမယ်”

ဟန်မူယဲ့က ရေရွတ်သည်။

သူက ကျွမ်းကျင်မှုကို ဖုံးကွယ်ထားရန် တွေးခဲ့သည်။ သို့သော် ယခုအချိန်တွင် ရှေးခေတ်၏ အမွေအနှစ်တချို့ကို လက်ဆင့်ကမ်းလာခဲ့ကြောင်း သိလိုက်ရသည်။

‘ရှေးခေတ်အမွေအနှစ်ကို ထုတ်မပြရင် တချို့လူတွေကို ဘယ်လိုလုပ်ပြီး ဆွဲဆောင်နိုင်မှာလဲ’

တချို့ကျွမ်းကျင်သူများသည် ရှေးခေတ်၏ မှတ်ဉာဏ်ကို သယ်ဆောင်ထားလိမ့်မည်။ ထိုသို့ဆိုလျှင် ပျက်စီးသွားရသော ရှေးခေတ်ကျင့်ကြံခြင်းလောက၏ နောက်ကွယ်တွင်ရှိသော အကြောင်းအရင်းကို သိနိုင်မည်။

ခမ်းနားသော ရှေးခေတ်အား ပျက်စီးသွားစေသော အင်အားစု၏အကြောင်းကို ဟန်မူယဲ့က သိချင်နေသည်။

“ငါက လွင့်မျောတိမ်ချပ်ဝတ်ကို သန့်စင်မယ်”

ဟန်မူယဲ့က တည်ငြိမ်စွာ ပြောသည်။

“အဲဒီချပ်ဝတ်ကို ဘယ်သူတွေက မှတ်မိသေးလဲ သိချင်မိတယ် ....”

လွင့်မျောတိမ်ချပ်ဝတ်သည် တိမ်ကောင်းကင်ချပ်ဝတ်ထက် အဆပေါင်းများစွာ သာလွန်သည်။

လျန်ထျန်းဂိုဏ်းတွင် တိမ်ကောင်းကင်ချပ်ဝတ်သည် ထိပ်တန်းအဆင့် မဟုတ်သော်လည်း ဟန်ချက်ညီသော ချပ်ဝတ်အဖြစ် ကောင်းမွန်စွာ သတ်မှတ်ခံရသည်။

All Chapters