← Chapters

အခန်း (၁၃၉၇)

Vol. 100 Ch. 1397

အခန်း (၁၃၉၇)

Vol. 100 Ch. 1397

လွင့်မျောတိမ်ချပ်ဝတ်သည် မိုင်တစ်သောင်းပတ်ဝန်းကျင်တွင်ရှိသော ကောင်းကင်နှင့်မြေကြီး၏စွမ်းအားကို ငှားယူပြီး ခုခံနိုင်စွမ်းကို ဆယ်ဆ တိုးလာစေသည်။ ဝတ်ဆင်သူ၏ စွမ်းအားကိုလည်း ငါးဆ တိုးမြှင့်ပေးနိုင်သည်။ ထို့အပြင် တိုက်ခိုက်နိုင်စွမ်း ၇၀%ပါဝင်သော ကိုယ်ပွားတစ်ခုကိုလည်း ထုတ်ပေးလိမ့်မည်။

ထိုကိုယ်ပွားသည် တခြားနည်းလမ်းများထက် အသုံးဝင်သည်။

အဆင့်တစ်ခုသို့ရောက်နေသော ကျင့်ကြံသူများအတွက် ခွန်အား ၇၀%ပါဝင်သော ကိုယ်ပွားသည် ရုပ်သေးရုပ်နှင့် ဆင်တူသည်။

ထို့အပြင် ခုခံနိုင်စွမ်း ဆယ်ဆတိုးလာသောကြောင့် အဆင့်တူများကြားတွင် ပြိုင်ဘက်ကင်းနေမည်။

ထိုချပ်ဝတ်မျိုးသည် တိမ်ကောင်းကင်ချပ်ဝတ်ထက် ပိုကောင်းသည်။

ရှေးခေတ်အချိန်၏ ပန်းပဲနည်းစနစ်သည် ကြယ်စင်စုစကြဝဠာ၏ ချပ်ဝတ်၊ ရုပ်သေးရုပ်များနှင့် သိပ်မတူဘဲ မူလစကြဝဠာတွင် ရှာတွေ့နိုင်သော ရတနာများနှင့် ပိုတူသည်။

အသုံးပြုသူအတွက် သင့်တော်သော ရတနာသည် ကိုယ်ပိုင်ခွန်အားကို ဆယ်ဆ၊ အဆတစ်ရာ တိုးမြှင့်ပေးနိုင်သည်။

ရှေးခေတ်အချိန်တွင်လည်း ထိုရတနာမျိုးသည် ရှားပါးသည်။

“ဟမ်”

ရွှေရောင်မီးတောက်သည် ဟန်မူယဲ့၏ရှေ့တွင် ကခုန်နေသည်။

အမျိုးမျိုးသော ဝိညာဉ်သတ္တုများသည် သူ့ရှေ့တွင် ပေါ်လာပြီး တည်ငြိမ်စွာ လွင့်မျောနေကြသည်။

ထိုသတ္တုများ ပေါ်လာသောအခါ အောက်တွင်ရှိသော ပန်းပဲပညာရှင်များက နတ်အာရုံကို ဆန့်ထုတ်ပြီး အာရုံခံကြည့်လိုက်ကြသည်။

“ဓာတ်စင်ငါးပါးရွှေလား”

“ယွင်ထန့်သစ်သားနဲ့ ရွှေဖြတ်ကျောက်တုံး။ ဒါတွေက ရှေးခေတ်ရဲ့ နည်းစနစ်နဲ့ ဆင်တူတယ်”

လူအများက မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး ဟန်မူယဲ့၏ရှေ့တွင်ရှိသော ဝိညာဉ်သတ္တုများကို သေချာကြည့်နေသည်။

ဆရာသခင်ကျူးယွမ်က တီးတိုးရေရွတ်လိုက်ပြီး တစ်ကိုယ်လုံး တုန်ခါသွားသည်။

“ဒါက ဒဏ္ဍာရီလာ လွင့်မျောတိမ်ချပ်ဝတ်လား”

“လွင့်မျောတိမ်ချပ်ဝတ်က လျန်ထျန်းဂိုဏ်းရဲ့ အစစ်အမှန်နည်းစနစ်တစ်ခုလို့ ငါ့ဆရာက ပြောဖူးတယ်။ ဒါပေမဲ့ ပျောက်ကွယ်သွားတာ ကြာနေပြီတဲ့”

“လောကကြီးကလည်း ပြောင်းလဲနေတဲ့အတွက် အဲဒီချပ်ဝတ်ကို ဖန်တီးဖို့ ခက်ခဲလိမ့်မယ်လို့ ပြောခဲ့တယ်”

ဆရာသခင်ကျူးယွမ်က စင်မြင့်ပေါ်တွင်ရှိသော ဟန်မူယဲ့ကို ကြည့်လိုက်ပြီး မျက်လုံးများ တောက်ပလာသည်။

“တောင်သခင်ဟန်က မှတ်ဉာဏ်တွေ ပြန်လည်နိုးထလာပြီး ချပ်ဝတ်ကို သန့်စင်နိုင်တာလား”

“ဒါက ငါ့ဆရာ အရမ်းလေးစားနေတဲ့ ပုံတူပန်းချီကားထဲက တောင်သခင်ဟန်အစစ်လား”

ထိုအချိန်တွင် လူတိုင်းက ဆရာသခင်ယွင်ကျီနှင့် ယှဉ်နိုင်သော ချပ်ဝတ်အား သန့်စင်မည့် ဟန်မူယဲ့ကို စောင့်ကြည့်နေကြသည်။

ဤပြိုင်ပွဲသည် ပန်းပဲပညာရပ်နှင့် ပတ်သတ်သော အမြင့်ဆုံးအဆင့်ဟု ပြောနိုင်သည်။

အဝေးတစ်နေရာတွင်ရှိသော စံအိမ်တွင် ရှန့်ကွမ်းဟုန်က လေးနက်သောမျက်နှာထားဖြင့် ရှေ့တွင်ရှိသော အလင်းလွှာကို ကြည့်နေသည်။

သူက ဟန်မူယဲ့၏ လှုပ်ရှားမှုများကို လွတ်သွားမည်စိုးသောကြောင့် မျက်တောင်မခတ်ရဲပေ။

သူ့ဘေးတွင် လက်နှစ်ဖက်ကို နောက်ပစ်ထားသော လူအိုကြီးတစ်ယောက် ရှိနေသည်။

“သူ့ရဲ့ လှုပ်ရှားမှုတွေက ရှေးခေတ်ရဲ့ နည်းစနစ်ပဲ။ အဲဒီလူက မင်းကိုယ်တိုင်တောင် နာမည်မပြောရဲတဲ့ ရှေးခေတ်ရဲ့ ထိပ်တန်းအဆင့်ကျွမ်းကျင်သူလို့ ပြောခဲ့တယ်။ ငါက သူ့အကြောင်းကို သိချင်လာပြီ”

“တကယ်လို့ သူက အောင်မြင်သွားရင် ရှန့်ကွမ်းမိသားစုရဲ့ကိုယ်စား ဖိတ်ခေါ်လိုက်မယ်”

လူအိုကြီးက ထိုသို့ပြောလိုက်ပြီး ညင်သာစွာ ခေါင်းခါသည်။

“ဒါပေမဲ့ အောင်မြင်ဖို့ ခက်လိမ့်မယ်”

“ကောင်းကင်ရေခဲတူက ကျွမ်းကျင်သူတွေ အများကြီးကို ဆွဲဆောင်ထားနိုင်တယ်”

“သူက ယွင်ကျီကို အနိုင်ရသွားရင်တောင် ကျန်းယောင်ရန်ကို အနိုင်ရမှာမဟုတ်ဘူး။ ရွှင်ချူးယွင်လည်း ကျန်သေးတယ်”

ယခုအချိန်တွင် ရှန့်ကွမ်းဟုန်က အကြီးအကဲ၏စကားကို နားမထောင်နိုင်ပေ။ သူက တင်းကျပ်စွာ လက်သီးဆုပ်ထားသည်။

သူ့လက်နှစ်ဖက်က အနည်းငယ် တုန်ခါနေသည်။

‘လက်နက်သန့်စင်နေတဲ့ တောင်သခင်ဟန်ကို မမြင်ရတာ ဘယ်လောက်တောင် ကြာနေပြီလဲ’

‘အံ့ဖွယ်ကိုးပါးတောင်ခြေမှာလား’

ထိုအချိန်တွင် သူက ပန်းပဲပညာရပ်ကို စွဲလမ်းနေပြီး နှလုံးသားထဲတွင်ရှိသော လမ်းစဉ်ကို ရှာဖွေခဲ့သည်။

ထိုအချိန်တွင် တောင်သခင်ဟန်က လူတိုင်း၏ နှလုံးသားထဲတွင်ရှိသော နတ်ဘုရားတစ်ပါး ဖြစ်ခဲ့သည်။

သူက သူတို့၏ ရည်မှန်းချက်ပန်းတိုင် ဖြစ်သည်။

ယခုအချိန်တွင် လက်နက်သန့်စင်နေသော တောင်သခင်ဟန်ကို ပြန်မြင်လိုက်ရသောကြောင့် စိတ်မလှုပ်ရှားဘဲ မနေနိုင်ပေ။

“ဝီ”

တိမ်တိုက်များ ပေါ်ထွက်လာပြီး မိုးကြိုးနှင့် လေပြင်းကို မြင်ရသည်။

ဟန်မူယဲ့၏ရှေ့တွင် အမျိုးမျိုးသော ဝိညာဉ်သတ္တုများသည် စုစည်းသွားပြီး ကြယ်စင်စုစကြဝဠာ၏ ပန်းပဲပညာလမ်းစဉ်နှင့် မတူသော နည်းလမ်းကို အသုံးပြုနေသည်။

အလင်းစီးကြောင်းများ စုစည်းလာပြီး ရွှေရောင်ကြိုးမျှင်များအဖြစ် ခွဲထွက်သွားသည်။

“ရွှေကို ပိုးမျှင်အဖြစ် စုစည်းခြင်း”

လူတစ်ယောက်က ထိုနည်းစနစ်ကို မှတ်မိနေပုံပေါ်ပြီး အံ့အားသင့်စွာ ပြောလိုက်သည်။

“ဒါက ထောင်ချီတဲ့ချပ်ဝတ်တွေကို မပျက်စီးစေဘဲ ထိုးဖောက်နိုင်တယ်ဆိုတဲ့ ရှေးခေတ်ရဲ့ ရွှေပိုးမျှင်နည်းစနစ်လား”

လူတစ်ယောက်က အံ့အားသင့်နေသော မျက်နှာထားဖြင့် ပြောလိုက်သည်။

“အဲဒီနည်းစနစ်က ပျောက်ကွယ်သွားတာ ကြာပြီမဟုတ်လား”

သူတို့ကို မည်သူမှ ဂရုမစိုက်နိုင်ပေ။

လူတိုင်းက အလင်းလွှာကို ထုတ်လွှတ်ပြီး ဟန်မူယဲ့၏ လှုပ်ရှားမှုများကို မှတ်တမ်းတင်နေကြသည်။

ထိုမှတ်တမ်းသည် စွမ်းအင်စီးဆင်းမှုနှင့် နည်းစနစ်၏ လျှို့ဝှက်ချက်ကို မဖော်ပြနိုင်သော်လည်း ရှားပါးသော အခွင့်အရေးတစ်ခု ဖြစ်နေသည်။

‌ပျောက်ကွယ်သွားသော နည်းစနစ်တစ်ခုသည် နှစ်ထောင်ချီကြာလျှင်ပင် တစ်ကြိမ်ပေါ်မလာနိုင်ပေ။

ဆရာသခင်ယွင်ကျီက ဟန်မူယဲ့ကို တစ်ချက်ကြည့်လိုက်ပြီး မျက်နှာထားပြောင်းလဲသွားသည်။ သူက သူ့ကိုယ်သူ တီးတိုးပြောသည်။

“အတိတ်ကိုပဲ ဖက်တွယ်ထားတဲ့ ရှေးခေတ်အမွေအနှစ်တွေက အမြဲတမ်း ကောင်းမွန်နေတာမဟုတ်ဘူး”

သူက စကားပြောလိုက်ပြီး အလေးအနက်ထားနေသည်။

“ဝီ”

ဟန်မူယဲ့၏ရှေ့တွင်ရှိသော ရွှေပိုးမျှင်များက ပျက်စီးသွားတော့မည့်အတိုင်း တုန်ခါလာသည်။

ချက်ချင်းဆိုသလိုပင် ရွှေပိုးမျှင်များက နေရာအနှံ့သို့ ပြန့်ကျဲသွားပြီး များပြားသော ပုတိးစေ့များအဖြစ် စုစည်းသည်။

ပုတီးစေ့များက မြူခိုးသဖွယ် သေးငယ်ပြီး ဟန်မူယဲ့၏ ပတ်ဝန်းကျင်ကို ရွှေရောင်သန်းနေစေသည်။

“ဒါက ကျရှုံးသွားတာလား”

လူတစ်ယောက်က မျက်မှောင်ကြုတ်လိုက်ပြီး စိတ်ရှုပ်ထွေးစွာ ပြောသည်။

“ရွှေပိုးမျှင်နည်းစနစ်က အရမ်းခက်တယ်လို့ ကြားဖူးတယ်။ ကျရှုံးသွားတာ ပုံမှန်ပဲမဟုတ်လား”

လူတစ်ယောက်က တီးတိုးပြောလိုက်ပြီး ညင်သာစွာ ခေါင်းခါသည်။

“ကောင်းတယ်”

ထိုအချိန်တွင် အသံတစ်သံကို ကြားရသည်။

ထိုအသံက အလွန်ကျယ်လောင်သောကြောင့် လူအများက မျက်မှောင်ကြုတ်လိုက်ပြီး လှည့်ကြည့်မိသည်။

သို့သော် ချက်ချင်းဆိုသလိုပင် လူတိုင်းက တိတ်ဆိတ်သွားပြီး အကြည့်လွှဲလိုက်ကြသည်။

“သေစမ်း၊ အရူးလော့ပဲ။ သူက ဘာဖြစ်လို့ ဒီကိုရောက်လာတာလဲ”

“ဘယ်သူ့ကိုမှ ဂရုမစိုက်တဲ့ အရူးလော့က ချီးကျူးလိုက်တာလား။ ဒါက ကျရှုံးသွားတာမဟုတ်ဘူးလား”

လူတိုင်းက စင်မြင့်ပေါ်သို့ လှမ်းကြည့်သည်။

ဟန်မူယဲ့၏ ရှေ့တွင်ရှိသော ရွှေမြူခိုးသည် ပျောက်ကွယ်မသွားခဲ့ပေ။

မြူခိုးက လေထုထဲတွင် ရှိနေပြီး တိတ်ဆိတ်စွာ စုစည်းသွားပုံရသည်။ ထို့နောက် မခန့်မှန်းနိုင်သော ပြောင်းလဲမှုကို ဖြစ်ပေါ်စေသည်။

“မင်းအတွက် ဝင်ပြိုင်ပေးမယ်လို့ ကတိပေးလိုက်တာနဲ့ ဒီလိုမျိုး ထူးခြားတဲ့နည်းစနစ်ကို မြင်ရမယ်လို့ ဘယ်သူက ထင်ထားခဲ့မှာလဲ”

အရူးလော့က ဖြည်းဖြည်းချင်း လမ်းလျှောက်လာပြီး ခံစားချက်များနှင့်အတူ ပြောသည်။

သူ့စကားကြောင့် ရွှင်ချူးယွင်နှင့် ဘေးတွင်ရှိသော လူများက မျက်နှာထားပြောင်းလဲသွားသည်။

စောင့်ကြည့်နေသော လူများကလည်း မျက်နှာထားပြောင်းလဲသွားသည်။

‘ပြိုင်ပွဲက အပြောင်းအလဲရှိလာတော့မှာလား’

ရွှင်ချူးယွင်က အံကြိတ်ထားပြီး လက်မြှောက်သည်။ သူက အလင်းတန်းတစ်ခုကို ဆင့်ခေါ်သည်။

“ညီအစ်ကိုကျန်းယောင်ရန်၊ ဒီနေ့မှာ ခင်ဗျားကို အားကိုးရတော့မှာပဲ”

အလင်းတန်းက သူ့အသံကို သယ်ဆောင်ပြီး ပျောက်ကွယ်သွားသည်။

ထို့နောက် အသံတစ်သံကို ပြန်ကြားရသည်။

“ကောင်းပြီ”

ထိုစကားသံနှင့်အတူ ဂိတ်တံခါးတစ်ခုသည် ရွှင်ချူးယွင်၏ဘေးတွင် ပေါ်လာသည်။

ခရမ်းရောင်ဝတ်စုံနှင့် ကျန်းယောင်ရန်က ဂိတ်တံခါးထဲမှ ထွက်လာခဲ့သည်။

“ညီအစ်ကိုကျန်း၊ ပြီးရင် အရူးလော့နဲ့ ရင်ဆိုင်ပေးပါ။ ငါကတိပေးထားတဲ့ ....”

သူ့စကားမဆုံးခင် ကျန်းယောင်ရန်က ခပ်အုပ်အုပ်အော်ပြောလိုက်သည်။

“အံ့အားသင့်စရာကောင်းတဲ့ လွင့်မျောတိမ်ချပ်ဝတ်ပဲ”

လွင့်မျောတိမ်ချပ်ဝတ် ....

ကျန်းယောင်ရန်က ထုတ်မပြောခဲ့လျှင် လူအများစုက ဟန်မူယဲ့ သန့်စင်နေသော အရာကို သိနိုင်မည်မဟုတ်ပေ။

“အဲဒါက ကျန်းယောင်ရန်ပဲ”

“ဘုရားရေ၊ ဆရာကျန်းယောင်ရန်ကို မြင်ရအောင် ကံကောင်းမယ်လို့ ထင်မထားခဲ့ဘူး”

“ဒီနေ့မှာ ဆရာကျန်းကို မြင်ရတာနဲ့ ထိုက်တန်သွားပြီ”

လူအုပ်က ပျော်ရွှင်စွာ အော်ဟစ်လိုက်ကြသည်။ မရေမတွက်နိုင်သော ပန်းပဲပညာရှင်များက တောက်ပနေသော မျက်လုံးများဖြင့် ကျန်းယောင်ရန်ကို လှည့်ကြည့်လိုက်ကြသည်။

စံပြပုဂ္ဂိုလ်တစ်ယောက်၏ စွမ်းအား ဖြစ်သည်။

ကျန်းယောင်ရန်က အလွန်လူသိများကြောင်း မြင်လိုက်ရသောအခါ ရွှင်ချူးယွင်က စိတ်သက်သာသွားသည်။

ကျန်းယောင်ရန်၏ ဂုဏ်သတင်းနှင့် စွမ်းရည်အရ သေချာပေါက် အနိုင်ရလိမ့်မည်။

ထိုသို့ဆိုလျှင် သူတို့က နှစ်ပွဲအနိုင်ရမည်။

ထို့အပြင် ရုတ်တရက်ရောက်လာသော အရူးလော့မှလွဲ၍ တခြားလူများကို ဂရုစိုက်ရန် မလိုအပ်ပေ။

ရွှင်ချူးယွင်က စင်မြင့်ကို ကြည့်လိုက်ပြီး စိတ်ရှုပ်နေသည်။

‘ကျန်းယောင်ရန်က လွင့်မျောတိမ်ချပ်ဝတ်လို့ ပြောခဲ့တယ်မဟုတ်လား။ ဘယ်မှာလဲ’

ထိုအချိန်တွင် ဟန်မူယဲ့က လှုပ်ရှားမှုကို ရပ်တန့်လိုက်ပြီး ရှေ့တွင်ရှိသော မီးတောက်နှင့် ဝိညာဉ်သတ္တုများကို သိမ်းဆည်းသည်။

‘ဆက်ပြီး မသန့်စင်တော့ဘူးလား’

‘ချပ်ဝတ်က ဘယ်မှာလဲ’

စင်မြင့်အောက်တွင် ကျန်းယောင်ရန်ကြောင့် စိတ်လှုပ်ရှားနေသော လူများမှလွဲ၍ တခြားလူများက ကြောင်အနေကြသည်။

“ဟီးဟီး၊ ကျန်းယောင်ရန်ပဲ။ ရှားပါးလိုက်တာ”

လော့ရှန်းတုံက လက်နှစ်ဖက်ကို ပွတ်သပ်လိုက်ပြီး ခပ်ဟဟရယ်သည်။ သူက စင်မြင့်ပေါ်တွင်ရှိသော ဟန်မူယဲ့၏ ရွှေမြူခိုးကို ကြည့်နေသည်။

“ပုံစံမရှိပေမဲ့ တည်မြဲနေတယ်။ တကယ် စိတ်ဝင်စားစရာကောင်းတယ်။ ရှေးခေတ်ပန်းပဲနည်းစနစ်က တကယ်ထူးခြားတာပဲ”

‘ပုံစံမရှိပေမဲ့ တည်မြဲနေတာလား’

လူတိုင်းက ဟန်မူယဲ့၏ရှေ့တွင်ရှိသော ရွှေမြူခိုးကို ကြည့်လိုက်ကြသည်။

‘အဲဒါက သန့်စင်ထားတဲ့ ချပ်ဝတ်လား’

‘နောက်နေတာလား’

စကားပြောလိုက်သောလူက အရူးလော့နှင့် ကျန်းယောင်ရန်မဟုတ်လျှင် သူတို့က ကျိန်ဆဲမိလိမ့်မည်။

ယနေ့မြင်ကွင်းသည် သူတို့၏ နားလည်နိုင်စွမ်းကို ပြောင်းလဲပစ်လိုက်သည်။

ရွှင်ချူးယွင်၏ မျက်နှာထားက အနည်းငယ် မည်းမှောင်နေပြီး ဘေးတွင်ရှိသော ကျန်းယောင်ရန်ကို ကြည့်လိုက်သည်။

ကျန်းယောင်ရန်က ဟန်မူယဲ့၏ ရွှေမြူခိုးကို လေးစားနေပုံပေါ်သည်။

‘ငါအားကိုးနေတဲ့ အဓိကမဟာမိတ်က စင်ပေါ်မှာရှိတဲ့လူကို အသိအမှတ်ပြုနေတာလား’

‘သူတို့က အဆက်အသွယ်ရှိတာတောင် ဖြစ်နိုင်တယ်’

‘အဲဒါဆိုရင် ပြိုင်ပွဲကို သက်ရောက်လာမှာလား’

ရွှင်ချူးယွင်က ကျန်းယောင်ရန်ကို လှမ်းခေါ်မိသည့်အတွက် နောင်တရသွားသည်။

သို့သော် ကျန်းယောင်ရန်ကို ဆင့်မခေါ်လျှင် အရူးလော့နှင့် ယှဉ်ပြိုင်ရန် ယုံကြည်ချက်မရှိပေ။

ဟန်မူယဲ့နှင့် မျက်နှာချင်းဆိုင်တွင်ရှိသော ဆရာသခင်ယွင်ကျီက ဝိညာဉ်သတ္တုများကို ဆက်လက်အပူပေးနေသည်။ သူက ချပ်ဝတ်ကို ပုံဖော်နေပြီး မျက်မှောင်ကြုတ်၍ ဟန်မူယဲ့၏ ရွှေမြူခိုးကို ကြည့်သည်။

“မင်းက လက်လျော့လိုက်တာလား”

သူက ပုံစံမရှိသော်လည်း တည်မြဲနေသည်ဟူသော စကားမျိုးကို မယုံပေ။

သူက ကိုယ်ပိုင်မျက်လုံးကို ပိုယုံသည်။

All Chapters