← Chapters

အခန်း (၁၃၉၉)

Vol. 100 Ch. 1399

အခန်း (၁၃၉၉)

Vol. 100 Ch. 1399

“ဆရာယွင်ကျီက လျှို့ဝှက်ကောင်းကင်မြို့ရဲ့ ထိပ်တန်းအဆင့် ပန်းပဲပညာရှင်တစ်ယောက်ပဲ။ သူက လိမ်ညာလှည့်စားနေတဲ့လူကို ရှုံးနိမ့်သွားမှာမဟုတ်ဘူး”

“ဟမ့်၊ ရှေးခေတ်နည်းစနစ်တွေက အချိန်ရဲ့ပြောင်းလဲမှုကို မမြင်နိုင်ဘူးပဲ”

ကိုယ်ပွား ၉၉ခုက ဟိန်းဟောက်လိုက်ပြီး စွမ်းအားစုစည်း၍ ရပ်တန့်နေသော ချပ်ဝတ်သခင်ကို တိုက်ခိုက်သည်။

ပုံရိပ်ယောင်တွင် ပိတ်မိနေသော ချပ်ဝတ်သခင်က ခုခံနိုင်စွမ်းမရှိတော့ပေ။

ရလဒ်ကို ရှင်းလင်းစွာ သိနိုင်သည်။

အဆင့်ကိုးချပ်ဝတ်သခင်က အဓိပ္ပာယ်မရှိဘဲ အသက်ဆုံးရှုံးသွားမည်ဖြစ်သောကြောင့် နှမြောစရာကောင်းသည်။

“ဘုန်း”

ဒါဇင်ချီသော လက်သီးပုံရိပ်များက အဆင့်ကိုးချပ်ဝတ်သခင်ဆီသို့ ဝင်ရောက်သွားကြသည်။

သို့သော် လူတိုင်းမျှော်လင့်ထားသကဲ့သို့ အဆင့်ကိုးချပ်ဝတ်သခင်က လဲကျမသွားခဲ့ပေ။

လူတိုင်း၏အမြင်တွင် ရွှေရောင်ချပ်ဝတ်က အနည်းငယ် တုန်ခါနေပြီး အလင်းလွှာတစ်ခုကို ထုတ်ပေးသည်။

အလင်းလွှာပေါ်သို့ ကျရောက်သွားသော လက်သီးပုံရိပ်များက တွန်းထုတ်ခံလိုက်ရသည်။

ပုံရိပ်များအားလုံး နောက်ဆုတ်သွားသောအခါ အဆင့်ကိုးချပ်ဝတ်သခင်က မထိခိုက်ဘဲ ကျန်နေခဲ့သည်။

“ဒါ .... ဒါက အနည်းဆုံး ခုခံနိုင်စွမ်းကို ငါးဆတိုးမြှင့်ပေးတာပဲ”

အောက်တွင်ရှိသော လူတစ်ယောက်က ထိတ်လန့်စွာပြောသည်။

ထိုသို့မဟုတ်လျှင် ပြိုင်ဘက်၏ ခွန်အားတစ်ဝက်အား ပိုင်ဆိုင်ထားသော ကိုယ်ပွားများ၏ ဝိုင်းရံတိုက်ခိုက်မှုကို ခုခံနိုင်မည်မဟုတ်ပေ။

“ငါးဆလား”

တစ်ဖက်တွင် လူတစ်ယောက်၏ မျက်လုံးများက တောက်ပနေပြီး တီးတိုးပြောသည်။

“အနည်းဆုံး ခုခံနိုင်စွမ်း ရှစ်ဆတိုးလာတာပဲ”

“ဒီလိုဆိုရင် ပြိုင်ဘက်ကင်းနေလိမ့်မယ်”

လွင့်မျောတိမ်ချပ်ဝတ်သည် ခုခံနိုင်စွမ်းကို တိုးမြှင့်ရန်အတွက် တိုက်ခိုက်မှုကို လျစ်လျူရှုခဲ့သည်။

ထိုခုခံနိုင်စွမ်းသည် ချပ်ဝတ်များအတွက် အကောင်းဆုံးဖြစ်သည်။

ရွှင်ချူးယွင်၏ မျက်လုံးများက မည်းမှောင်သွားသည်။

စင်မြင့်ပေါ်တွင်ရှိသော ဆရာယွင်ကျီ၏ မျက်နှာထားက ပြောင်းလဲသွားပြီး အေးစက်စွာ နှာမှုတ်သည်။

“ခုခံနိုင်စွမ်းပဲ သန်မာနေရင် သက်ရှိပစ်မှတ်တစ်ခု ဖြစ်လာလိမ့်မယ်”

ထိုအချိန်တွင် ပိတ်မိနေသော အဆင့်ကိုးချပ်ဝတ်သခင်က ခါးဆန့်လိုက်သည်။

သို့သော် သူက ပုံရိပ်ယောင်ကို မချိုးဖောက်နိုင်သေးသောကြောင့် မျက်လုံးများက ရှုပ်ထွေးနေသည်။

သူ့ဘေးတွင် ပုံရိပ်ယောင်ဆန်သော လူတစ်ယောက် ပေါ်လာသည်။

ကိုယ်ပွား ဖြစ်သည်။

ထိုကိုယ်ပွား ပေါ်လာသောအခါ လူတိုင်းက မျက်လုံးပြူးသွားသည်။

“အနည်းဆုံး တိုက်ခိုက်နိုင်စွမ်း ၇၀%ကို ပိုင်ဆိုင်ထားတယ်”

“တိုက်ခိုက်နိုင်စွမ်းကို ထားလိုက်အုံး။ ပုံရိပ်ယောင်က ကိုယ်ပွားကို မသက်ရောက်နိုင်ဘူး”

စင်မြင့်ထက်တွင် ပုံရိပ်ယောင်က လှုပ်ရှားလိုက်ပြီး ဓားမော့ဖြင့် ခုတ်ချသည်။

ရှေ့တွင်ရှိသော ပုံရိပ်များအားလုံးက ပြိုကွဲသွားသည်။

ခွန်အားတစ်ဝက်ပါသော ကိုယ်ပွားများသည် ခွန်အား ၇၀%ပါသော ကိုယ်ပွားကို မခုခံနိုင်ကြပေ။

ကိုယ်ပွားက ရှေ့တွင်ရှိသော ပုံရိပ်များကို ဖျက်ဆီးလိုက်ပြီး ပြေးထွက်မသွားဘဲ မူလခန္ဓာ၏ ဘေးတွင်ရှိသော ကိုယ်ပွားများကို ဆက်လက်ဖျက်ဆီးသည်။

ထို့နောက် မူလခန္ဓာက မျက်လုံးမှိတ်လိုက်သည်။

ကိုယ်ပွားက ပုံရိပ်ယောင်မှ လွတ်မြောက်နေသောကြောင့် မူလခန္ဓာကလည်း ပုံရိပ်ယောင်မှ လွတ်မြောက်နိုင်သည်။ ထို့နောက် မျက်လုံးမှိတ်ပြီး ကိုယ်ပွားကို ဆက်လက်တိုက်ခိုက်ရန် အမိန့်ပေးသည်။

“ဝီ”

အဆုံးတွင် ဓားမော့ကိုင်ထားသော ပုံရိပ်နှစ်ခုက ပြေးထွက်လာပြီး ပုံရိပ်ယောင်နှင့် ကိုယ်ပွားများအား ဖန်တီးထားသော အဆင့်ကိုးချပ်ဝတ်သခင်ကို ခုတ်ချသည်။

“ခလွမ်”

ဓားမော့များက ဆင်းသက်လာသည်။ ပြိုင်ဘက်၏ တိမ်ကောင်းကင်ချပ်ဝတ်က ပြင်းထန်စွာ ပေါက်ကွဲထွက်သွားသည်။

ဓားမော့များက မျက်နှာဖြူဖျော့နေသော အဆင့်ကိုးချပ်ဝတ်သခင်၏ ပခုံးပေါ်သို့ ရောက်သွားသည်။

လောင်ကြေးပြိုင်ပွဲ၏ ပထမပွဲက ပြီးဆုံးသွားသည်။

စင်မြင့်ပေါ်တွင်ရှိသော တိုက်ပွဲသည် ပန်းပဲပညာရှင်များ၏ ပြိုင်ပွဲကို အဆုံးသတ်လိုက်သည်။

တချို့က ပျက်စီးသွားသော တိမ်ကောင်းကင်ချပ်ဝတ်ကို နှမြောစွာ ကြည့်လိုက်ကြသည်။

ထိုချပ်ဝတ်သည် အမှန်တကယ်ပင် ကောင်းမွန်သည်။

ကိုယ်ပွား ၉၉ခုကို ခွဲထုတ်ပြီး ပုံရိပ်ယောင်များကို ဖန်တီးနိုင်သည်။ အဆင့်တူကို လွှမ်းမိုးထားနိုင်သည်။

ထိုချပ်ဝတ်မျိုးက ပျက်စီးသွားသည့်အတွက် အလွန်နှမြောစရာကောင်းသည်။

ထို့နောက် ဓားမော့သိမ်းလိုက်‌သော ပုံရိပ်ကို မြင်ရသည်။ ပုံရိပ်ယောင်က ရွှေရောင်အလင်းတန်းအဖြစ် ပြောင်းလဲသွားပြီး အဆင့်ကိုးချပ်ဝတ်သခင်၏ ပတ်ဝန်းကျင်တွင် လှည့်ပတ်နေသည်။ သူ၏ မျက်နှာပေါ်တွင် အံ့အားသင့်မှုကို မြင်ရသည်။

လူတိုင်းက ထိုသို့ပင်ဖြစ်သည်။

လွင့်မျောတိမ်ချပ်ဝတ်ကို အသုံးပြုပြီးသောအခါ တခြားချပ်ဝတ်များကို မည်သို့ မြင်နိုင်တော့မည်နည်း။

ခုခံနိုင်စွမ်းတွင် ပြိုင်ဘက်ကင်းပြီး ကိုယ်ပွားကလည်း အားကောင်းသည်။

ထိုအချက်နှစ်ခုသည် အဆင့်တူချပ်ဝတ်များထက် သာလွန်နေသည်။

တိမ်ကောင်းကင်ချပ်ဝတ်သည် ထိပ်တန်းအဆင့် ချပ်ဝတ်တစ်ခု ဖြစ်သော်လည်း လွင့်မျောတိမ်ချပ်ဝတ်နှင့် မယှဉ်နိုင်ပေ။

“ဒါက ရှေးခေတ်ရဲ့ ပန်းပဲစွမ်းရည်လား”

အဝေးတစ်နေရာတွင်ရှိသော စံအိမ်တွင် ရှန့်ကွမ်းဟုန်၏ဘေးတွင်ရှိသော အကြီးအကဲက မနေနိုင်ဘဲ ပြောလိုက်သည်။

ရှန့်ကွမ်းဟုန်၏ ဘေးတွင်ရှိ‌သော အလင်းလွှာသည် ချပ်ဝတ်သန့်စင်နေသော ဟန်မူယဲ့၏ပုံရိပ်ကို ထပ်ကာတလဲလဲ ပြသနေသည်။

ဟန်မူယဲ့၏ ပတ်ဝန်းကျင်တွင်ရှိသော ရွှေမြူခိုးများသည် ယခုအချိန်တွင် အလွန်လေးနက်နေသည်။

‘ဒါက လက်နက်သန့်စင်တာလား’

‘လက်နက်သန့်စင်ရင် မီးခိုး၊ မီးတောက်တွေနဲ့ အင်းကွက်တွေကို ထွင်းထုရတာမဟုတ်လား’

စင်မြင့်၏အောက်တွင်ရှိသော တိတ်ဆိတ်နေသည့်လူများက ဖြည်းဖြည်းချင်း တီးတိုးပြောလိုက်ကြသည်။

“ဒီလိုနည်းစနစ်မျိုး တည်ရှိနေတယ်ဆိုတာကို အခုမှပဲ သိလိုက်ရတယ်။ ရှေးခေတ်ကျွမ်းကျင်သူတွေက ဘယ်လိုနည်းစနစ်မျိုးကို ပိုင်ဆိုင်ခဲ့ကြတာလဲ”

“ရှေးခေတ်က ရွှေရောင်ခေတ်လို့ ပြောကြတယ်။ အမှန်ပဲထင်တယ်”

“အဲဒီခေတ်ရဲ့ ခမ်းနားမှုကို မြင်ချင်လိုက်တာ ....”

မရေမတွက်နိုင်သော သက်ပြင်းချသံကို ကြားရသည်။ လူတိုင်းက ဟန်မူယဲ့၏ ရှေ့တွင်ရှိသော ချပ်ဝတ်ကို ကြည့်နေကြသည်။

ဤနေရာတွင်ရှိသော လူအများစုသည် လွင့်မျောတိမ်ချပ်ဝတ်ကို အပြည့်အဝ နားမလည်ကြပေ။

“ကောင်းလိုက်တဲ့ချပ်ဝတ်ပဲ”

ဆရာသခင်ယွင်ကျီ၏ မျက်လုံးများက တောက်ပနေပြီး ဟန်မူယဲ့၏ ရွှေရောင်ကွင်းကို ကြည့်သည်။

“ဆရာဟန်၊ ဒီချပ်ဝတ်ကို ရောင်းနိုင်မလား”

သူ့စကားကြောင့် တခြားလူများက ကြောင်အသွားကြသည်။

စင်မြင့်ပေါ်တွင်ရှိသော အဆင့်ကိုးချပ်ဝတ်သခင်နှစ်ယောက်ကလည်း အံ့အားသင့်နေကြသည်။

‘ဒါက တကယ်ပဲလား’

‘ဆရာဟန်က ခင်ဗျားကို အခုလေးတင် အနိုင်ယူခဲ့တဲ့ ခင်ဗျားရဲ့ ပြိုင်ဘက်လေ’

‘ခင်ဗျားက လျှို့ဝှက်ကောင်းကင်မြို့ရဲ့ ထိပ်တန်းအဆင့် ပန်းပဲပညာရှင်ဆယ့်နှစ်ယောက်ထဲမှာ ပါတာမဟုတ်လား။ ဒီလောက် အရှက်မမဲ့နဲ့လေ’

‘ဒီလိုမျိုး တောင်းဆိုသင့်တာက ကျွန်တော်တို့ပဲ’

အဆင့်ကိုးချပ်ဝတ်သခင်က သူကိုယ်တိုင်စမ်းသပ်ခဲ့သော ချပ်ဝတ်ကို လိုချင်နေသည်။

သို့သော် သူက ထိုချပ်ဝတ်မျိုးကို ပိုင်ဆိုင်ရန် အရည်အချင်းမရှိပေ။ အားကျစိတ်ဖြင့်သာ ကြည့်နိုင်သည်။

“ယွင်ကျီ၊ ကိုယ့်ကိုယ်ကိုယ် ထိန်းထားစမ်းပါ”

စင်မြင့်၏အောက်တွင် တစ်ယောက်ယောက်က အော်ဟစ်လိုက်သည်။

လော့ရှန်းတုံက လျင်မြန်စွာ လှုပ်ရှားလိုက်ပြီး ရွှေရောင်ကွင်းကို လျင်မြန်စွာ ဆွဲယူသည်။

သူက လျင်မြန်သည်။ သို့သော် ကျန်းယောင်ရန်က ပိုမြန်သည်။

လော့ရှန်းတုံ၏ လက်ဝါးက ရွှေရောင်ကွင်းနှင့် ထိတော့မည့်အချိန်တွင် မီးခိုးရောင်အလင်းက ကြိုးတစ်ချောင်းအဖြစ် ပြောင်းလဲပြီး ရွှေရောင်ကွင်းကို ဆွဲယူလိုက်သည်။

“ဝီ”

လော့ရှန်းတုံက ရွှေရောင်ကွင်းကို ကြိုးစား၍ ဆုပ်ကိုင်သည်။ တစ်ဖက်တွင် မီးခိုးရောင်ကြိုးတစ်ချောင်း ရှိနေသည်။

လော့ရှန်းတုံနှင့် ကျန်းယောင်ရန်က မျက်နှာချင်းဆိုင်လျက် ရပ်နေသည်။ သူတို့၏ အရှိန်အဝါက ပြင်းထန်စွာ ဝင်တိုက်သွားသည်။

အဆင့်ကိုးချပ်ဝတ်သခင်နှစ်ယောက်က ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်တော့ဘဲ စင်မြင့်ပေါ်မှ လွင့်ထွက်လာသည်။ ဟန်မူယဲ့နှင့် ယွင်ကျီတို့ကတော့ စွမ်းအင်အလွှာကို ထုတ်လွှတ်ပြီး ရပ်နေကြသည်။

“ကျန်းယောင်ရန်၊ ငါက မင်းကို ကြောက်တယ်ထင်နေလား”

လော့ရှန်းတုံက ဟိန်းဟောက်လိုက်ပြီး ရွှေရောင်မီးတောက်များကို ထုတ်‌ဖော်၍ ဟိန်းဟောက်နေသော နဂါးတစ်ကောင်အဖြစ် ပြောင်းလဲသည်။

သတ္တုအရောင်သည် သူ့ကို ဝိုင်းရံထားသည်။

စကြဝဠာတစ်ဝက်အဆင့် ရုပ်သေးရုပ်ဆယ့်နှစ်ရုပ်သည် သူ့ခန္ဓာကိုယ်တွင် ပေါင်းစပ်နေသည်ဟု ပြောကြသည်။

“အရူးလော့၊ မင်းက ဒီလောက်လည်းမဟုတ်ပါဘူး”

ကျန်းယောင်ရန်က ခံစားချက်ကင်းမဲ့စွာ ပြောသည်။ မီးတောက်များသည် ပေသုံးဆယ်ကြီးမား‌သော ဝက်ဝံတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး သူ့နောက်ကျောတွင် ပေါ်လာသည်။

သူတို့၏ အငွေ့အသက်များကြောင့် မိုင်ရာချီပတ်ဝန်းကျင်သည် တုန်ခါသွားသည်။

သူတို့က လောက၏ ထိပ်တန်းအဆင့် ကျွမ်းကျင်သူများ ဖြစ်ကြသည်။

စကြဝဠာနယ်မြေမှ ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားသည် သူတို့နှင့် ပဲ့တင်ထပ်နေသည်။

“ကျန်းယောင်ရန်၊ မင်းက စင်ပေါ်ကို ရောက်လာပြီဆိုမှတော့ လွင့်မျောတိမ်ချပ်ဝတ်ကို ဆုကြေးအနေနဲ့ ထားလိုက်မယ်”

လော့ရှန်းတုံက ရွှေရောင်ကွင်းကို လွှတ်လိုက်ပြီး မောက်မာစွာ ပြောသည်။

“သဘောတူတယ်”

ကျန်းယောင်ရန်က လက်မြှောက်ပြီး သိပ်မဝေးသောနေရာတွင် ရွှေရောင်ကွင်းကို လွင့်မျောနေစေသည်။

သူတို့၏ နဂါးနှင့် ဝက်ဝံပုံရိပ်က တစ်ကြိမ်ဝင်တိုက်လိုက်ပြီး ပေါက်ကွဲသွားသည်။ ဟန်မူယဲ့နှင့် ယွင်ကျီက အောက်သို့ ဆင်းပေးလိုက်ရသည်။

အစမှအဆုံးအထိ သူတို့နှစ်ယောက်က တခြားလူများ၏အမြင်ကို ဂရုမစိုက်ခဲ့ပေ။

ချပ်ဝတ်၏ပိုင်ရှင်ဖြစ်သော ဟန်မူယဲ့ကိုလည်း မမေးခဲ့ပေ။

ဆရာသခင်ယွင်ကျီက နောက်ဆုတ်ပေးရုံသာ တတ်နိုင်ခဲ့သည်။

ဟန်မူယဲ့က အောက်သို့ တည်ငြိမ်စွာ ဆင်းလာသည်။

‘အဲဒါဆိုရင်လည်း လွင့်မျောတိမ်ချပ်ဝတ်ကို ဆုကြေးအနေနဲ့ ထားလိုက်တာပေါ့’

စင်မြင့်ပေါ်တွင် လူနှစ်ယောက်၏ အငွေ့အသက်များက ပိုမိုပြင်းထန်လာသည်။ မီးတောက်များကလည်း ကြမ်းတမ်းစွာ ပေါ်ထွက်လာသည်။

ထိုအချိန်တွင် လူတိုင်းက စိတ်လှုပ်ရှားနေကြသည်။

“ဆရာကျန်းယောင်ရန်နဲ့ အကြီးအကဲလော့ရှန်းတုံရဲ့ ပြိုင်ပွဲပဲ။ ငါတို့က ဒီပွဲမျိုးကို တကယ်မြင်ရတော့မှာလား”

လူတစ်ယောက်က ပြုံးလိုက်ပြီး သွားရည်ကျတော့မည်ဟု ထင်ရသည်။

“ဟားဟား၊ တကယ်ထိုက်တန်တယ်။ ဒီလိုပြိုင်ပွဲမျိုးကို နှစ်ထောင်ချီကြာရင်တောင် မြင်ရမှာမဟုတ်ဘူး”

လူတစ်ယောက်က အော်ဟစ်လိုက်ပြီး ဘေးတွင်ရှိသော လူ၏ ဦးခေါင်းကို ရိုက်ချသည်။ အရိုက်ခံလိုက်ရသောလူက စိတ်ထဲမထားခဲ့ပေ။

သူတို့က အလွန်စိတ်လှုပ်ရှားနေကြသည်။

ဆရာသခင်ကျူးယွမ်၊ သခင်မ မင်တုံနှင့် ရွှင်ချူးယွင်တို့ကလည်း မျှော်လင့်နေကြသည်။

သူတို့က ပန်းပဲပညာရှင်များ ဖြစ်သောကြောင့် သူတို့၏ အဆင့်တွင်ရှိသော လက်ရွေးစင်များ၏ လက်ရာကို မြင်တွေ့နိုင်ရန် ဆန္ဒရှိကြသည်။

လူနှစ်ယောက်၏ရှေ့တွင်ရှိသော မီးတောက်နှင့် ဝိညာဉ်သတ္တုများကို ကြည့်လိုက်ပြီး ဟန်မူယဲ့က ရုတ်တရက် အတွေးဝင်သွားသည်။

သူက နတ်အာရုံကို ထုတ်လွှတ်ပြီး တီးတိုးရေရွတ်သည်။

သိပ်မဝေးသောနေရာတွင် ဖြောင့်မတ်စွာထိုင်နေသော ရှန့်ကွမ်းဟုန်က မတ်တပ်ရပ်လိုက်သည်။

“အကြီးအကဲ၊ တောင်သခင်ဟန်က အဲဒီပြိုင်ပွဲအတွက် လောင်းကြေးဖွင့်ပေးဖို့ ပြောလိုက်ပါတယ်”

“လျော်ကြေးကတော့ တစ်ဆပဲ”

‘လောင်းကြေးဖွင့်ပေးရမှာလား’

သူ့ဘေးတွင်ရှိသော အကြီးအကဲက ကျယ်လောင်စွာ ရယ်လိုက်သည်။

“တကယ်ကို ဉာဏ်များတာပဲ”

သူက ဖျတ်ခနဲလှုပ်ရှားလိုက်ပြီး ပြိုင်ပွဲကွင်းတွင် ပြန်ပေါ်လာသည်။

သူပေါ်လာသောအချိန်တွင် နဂါးတစ်ကောင်၏ပုံရိပ်က ပတ်ဝန်းကျင်ကို လွှမ်းမိုးသွားသည်ဟု ထင်ရသည်။

“အားလုံးပဲ ငါက ရှန့်ကွမ်းချင်ပါ”

ထိုစကားကြောင့် ပြိုင်ပွဲကွင်းပြင်တစ်ခုလုံးက တိတ်ဆိတ်သွားသည်။

ရှန့်ကွမ်းမိသားစု၏ မဟာအကြီးအကဲတစ်ယောက်ဖြစ်သော ရှန့်ကွမ်းချင်သည် ပတ်ဝန်းကျင်ကို လွှမ်းမိုးထားနိုင်သော အစစ်အမှန် စကြဝဠာအဆင့်ကျွမ်းကျင်သူ ဖြစ်သည်။

All Chapters