← Chapters

သေခြင်းတရား

Vol. 72 Ch. 1003

သေခြင်းတရား

Vol. 72 Ch. 1003

သက်ရှိများ သွေးရူးသွေးတန်းဖြစ်နေစဥ် စုံတွဲတစ်ခုသည် ရင်ဝယ်၌ ငိုယိုနေသော ကလေးတစ်ယောက်ပိုက်ကာ ထွက်ပြေးနေကြ၏။ မိခင်က မျက်ရည်များ ကျဆင်းနေပြီး မူလတွင် ပျော်ရွှင်သော မိသားစုလေးဖြစ်ကာ အသက်လမ်းကြောင်းကို မသိပေ။ သူတို့သိသည်မှာ သေခြင်းတရားဖြစ်ပြီး ရင်ခွင်ပိုက်ကလေးငယ်ကို ကြည့်ကာ ဝမ်းနည်းနေကြသည်။

"သား အဖေက မင်းအသက်ရှင်ဖို့ နောက်ဆုံးကြိုးပမ်းပေးမယ်။ မင်းအသက်ရှင်ဖို့ မျှော်လင့်ပါတယ်"

ဖခင်က သားဖြစ်သူကို ချစ်မြတ်နိုးစွာကြည့်၍ အားကုန်သုံးကာ အသက်အားများ လွှဲပေးလိုက်သောကြောင့် နောက်ဆုံးထွက်သက်တစ်ရှိုက်၌ အရိုးကျသွားသဖြင့် မြေပြင်တွင် လဲကျသွားသည်။ မိခင်က ကလေးနှင့် မခွဲခွာလိုသော်လည်း အံကြိတ်၍ အသက်အားများကို အကုန်အစင်လွှဲပေးလိုက်ပြီး မျှော်လင့်ချက်မဲ့နေသော်လည်း ကြိုးစားကြည့်ချင်ခဲ့သည်။ သူမက လင်ယောကျ်ားနှင့် သားဖြစ်သူကို စိုက်ကြည့်နေရင်း အရိုးစုတစ်ခုအဖြစ် ခြောက်ကပ်သွားသည်။ သို့ရာတွင် သူမက ရင်ခွင်ထဲ၌ သားဖြစ်သူကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားသည်။ ဤပတ်ဝန်းကျင်တွင် သက်ရှိများသည် အရိုးစုများအဖြစ် ပြောင်းလဲသွားကာ ပုံသဏ္ဍာန်မျိုးစုံရှိပြီး အားလုံးမှာ မသေခင် အစွမ်းကုန် ရုန်းကန်ခဲ့ပုံရသည်။ မရေမတွက်နိုင်သော အလောင်းများကြားတွင် ကလေးငယ်ကို ပွေ့ဖက်ထားသော မိခင်များနှင့် မိသားစုကို ကာကွယ်နေသော ဖခင်များကို တွေ့နိုင်သည်။ သို့သော်လည်း ကလေးငယ်များပင် အရိုးကျသွားသဖြင့် စကြဝဠာအတွင်း ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားရန် ကြာမည် မဟုတ်ပေ။

ကလေးငယ်တစ်ယောက်၏ အော်သံက တိတ်ဆိတ်နေသော သုဿန်တစပြင်အတွင်း ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ အနှီးအတွင်း ရှိနေသော သူ၏ပါးပြင်က နီရဲနူးညံ့နေကာ အသက်လမ်းကြောင်းထံမှ လွတ်မြောက်ခဲ့သည်။ ဘေးတွင် မိခင်နှင့် ဖခင်က အရိုးစုအဖြစ် ပြောင်းလဲနေပြီး မသေခင်၌ သူ့ကို အစွမ်းကုန် ကာကွယ်သွားခဲ့ကြသည်။ အသက်လမ်းကြောင်းသည် စကြဝဠာ၏ အဆုံးသတ်ကို စတင်ပေးခဲ့သော်လည်း အသက်ရှင်သူများ ရှိလာ၏။ မရေမတွက်နိုင်အောင် သေဆုံးကုန်သဖြင့် အမိုက်အမှောင်ဖုံးလွှမ်းသော ခေတ်ကာလ ဖြစ်သော်လည်း ခေတ်သစ်တစ်ခု၏ အစအတွက် ရှင်သန်ကျန်ရစ်သူများလည်း ထွက်ပေါ်လာသည်။

ထိုအချိန်တွင် အသက်မီးတောက်၏ လောကအတွင်း အာကာသနတ်များပင် အသက်အားများ လျင်မြန်စွာ ကုန်ဆုံးနေသည်။

"အသက်နိယာမကို မချိုးဖျက်နိုင်ရင် အသက်မီးတောက်ကို ထိန်းချုပ်နိုင်မှာ မဟုတ်ဘူး"

"အသက်လမ်းကြောင်းက အာကာသနတ်တွေကိုတောင် သတ်ပစ်လိမ့်မယ်"

သူတို့က ကြောက်လန့်နေကြပြီး အသက်လမ်းကြောင်း နောက်ဆုံးတစ်ကြိမ် ဖြစ်တည်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ပြီဖြစ်၏။ ထိုအချိန်၌ အသက်နတ်ဘုရား ရှိနေဆဲဖြစ်ကာ အသက်လမ်းကြောင်းကို ရုတ်တရက် အသက်သွင်း၍ စကြဝဠာ၏ ခေတ်သစ်ကို စတင်ပေးခဲ့သည်။ သို့ရာတွင် ရှင်သန်သူအချို့ ကျန်ရစ်ခဲ့ပြီး မျိုးပွားခြင်းဖြင့် ဤအခြေအနေမျိုးအထိ အောင်မြင်မှုများ ရရှိလာခဲ့သည်။ အသက်နတ်ဘုရား သေဆုံးသွားသော်လည်း သူ၏အမွေဖြစ်သော အသက်မီးတောက်သည် အသက်လမ်းကြောင်းကို နောက်တစ်ဖန် အသက်ဝင်စေခဲ့၏။ အာကာသနတ်များက သေဆုံးနိုင်သော်လည်း သာမန်ကျင့်ကြံသူများထက် ပို၍ကြာကြာနေနိုင်ပြီး အသက်အားကို ထိန်းချုပ်ရန် ကြိုးပမ်းနေကြသည်။ သူတို့က တင်ပျဥ်ခွေထိုင်ချလိုက်ပြီး အသက်လမ်းကြောင်း ပြီးဆုံးမည့် အချိန်ကို မသိသော်လည်း ကြာကြာတောင့်ခံနိုင်လေလေ၊ အသက်ရှင်ရန် အခွင့်အရေးမြင့်လေလေ ဖြစ်သည်။ မျိုးနွယ်တူချင်း နီးကပ်စွာ စုဝေးနေကြပြီး သေရေးရှင်ရေးအချိန်၌ ရန်သူများကို ပို၍သတိထားနေကြရ၏။

လူသားမျိုးနွယ်၊ နတ်ဆေးပင်မျိုးနွယ်နှင့် မှော်သားရဲမျိုးနွယ်က ပူးပေါင်းစုဝေးနေကြပြီး ယဲ့တန်းရွှမ်သည် အသက်နိယာမကို ချိုးဖျက်နေသည့် ယဲ့ချန်ကို မော့ကြည့်လိုက်မိသည်။

"အဖေ"

မျှော်လင့်ချက် မရှိသောကြောင့် သူက အလွန်ဝမ်းနည်းသွားပြီး ရေရွတ်လိုက်မိသည်။ ကျန်မိသားစုဝင်များသည်လည်း တင်ပျဥ်ခွေထိုင်၍ ယဲ့ချန်ကို ချစ်ခင်မြတ်နိုးစွာ စိုက်ကြည့်နေကြသည်။

"အရာအားလုံး ပြီးသွားပြီ။ ငါက အစွမ်းထက် ကျင့်ကြံသူတစ်ယောက် ပြန်လည်ဝင်စားတာဆိုရင်တောင် အသက်လမ်းကြောင်းကို မခုခံနိုင်ဘူး"

ကျူကုန်းကုန်းက ကြောက်စိတ်ကြောင့် မျက်နှာတစ်ခုလုံး ညှိုးငယ်နေသည်။

"ငါက အသက်လမ်းကြောင်းကြောင့် သေရမယ်လို့ မထင်ထားဘူး။ ငါ့တာဝန်ကိုတောင် ပြီးဆုံးအောင် မလုပ်ရသေးဘူး"

ခြင်္သေ့ကြီးက သက်ပြင်းချလိုက်၏။

"အသက်လမ်းကြောင်းကို ခုခံဖို့ နည်းလမ်း လုံးဝမရှိဘူးလား"

လူတိုင်းက ခေါင်းပေါက်မတတ် စဥ်းစားနေကြစဥ် အာကာသနတ်အချို့ သေဆုံးသွားကြပြီး အသက်အားများကုန်စင်အောင် စုပ်ယူခံလိုက်ရသည်။ ယဲ့ချန်သည် ဒန်တန်အတွင်းရှိ ဝိညာဥ်ကောင်များကို စုဝေး၍ ဆင့်ခေါ်ကာ အသက်နိယာမကို ပစ်ခတ်လိုက်သည်။ ၎င်းက ဘုန်းခနဲ တုန်ခါသွားသော်လည်း ထိခိုက်မှုမရှိသောကြောင့် အလုပ်မဖြစ်ပေ။ ထိုအချိန်တွင် ဒန်တန်အတွင်းသို့ အစိမ်းရောင်အလင်းတစ်ခု ဖောက်ဝင်လာပြီး ကျင့်ကြံနေသော နောက်လိုက်များထံ ကျဆင်းသွားကာ အကျိုးသက်ရောက်မှုအဖြစ် အရိုးစု ဖြစ်ကုန်သည်။ သူက ဒန်တန်ကို အလျင်အမြန်စည်းခတ်ပြီး အသက်လမ်းကြောင်းကို တားမြစ်ရန် ကြိုးစားနေသော်လည်း သန်မာလွန်းနေသည်။ သူက နိယာမကိုးခုအထိ နားလည်ထားသော်လည်း ဖန်တီးမှုနိယာမသာဖြစ်၍ ဖြစ်တည်မှုနိယာမနှင့်ယှဥ်လျှင် အားနည်းနေခဲ့သည်။

အဝေးတွင် ရှင်းဟွမ်ဘုရင်၊ ရွှေဂျိုဧကရာဇ်၊ သိုင်းဘုရင်၊ ကောင်းကင်နတ်ဆိုးခေါင်းဆောင်များ၊ သွေးနတ်ဆိုးဘိုးဘေးနှင့် အစွမ်းထက်ကျင့်ကြံသူများ တင်ပျဥ်ခွေထိုင်၍ ခုခံခြင်းက အသုံးမဝင်ကြောင်း သိထားသဖြင့် အသက်လမ်းကြောင်း ပျောက်ကွယ်သည်အထိ သည်းခံစောင့်ဆိုင်းနေကြ၏။ ထိုအချိန်၌ အာကာသနတ်တစ်ယောက်သည် အခြားတစ်ယောက်ထံ ရူးသွပ်စွာ ​​ပြေးဝင်သွားကာ သားရဲတစ်ကောင်ပမာ ဝါးမျိုလိုက်၏။

"ငါ မသေချင်ဘူး။ အသက်ရှင်ချင်တယ်"

ပစ်မှတ်က သွေးပျက်စွာ အော်ဟစ်နေသော်လည်း ထိုကျင့်ကြံသူက ရူးသွပ်စွာ ရယ်မောနေခဲ့သည်။

"ဟား ဟား ငါ အသက်အားကို ခံစားမိပြီ။ မသေတော့ဘူး"

"ဘုန်း"

သူ့ထံသို့ အေးစက်စက် ဓားအလင်းတစ်ချက် ထိမှန်သွားပြီး ရွှမ်ကုန်းက တိုက်ခိုက်လိုက်ခြင်းဖြစ်သည်။ သူ၏တိုက်ကွက်က ပြင်းထန်လွန်းသောကြောင့် ထိုအာကာသနတ်မှာ တိုက်ရိုက်သုတ်သင်ခံလိုက်ရသော်လည်း နောက်ဆုံးစကားသည် တည်ငြိမ်သော ကန်ရေပြင်သို့ ခဲတစ်လုံး ပစ်ချလိုက်သည့်ပမာ လှုပ်ခတ်သွားစေသည်။ အာကာသနတ် အချင်းချင်းသတ်ဖြတ်၍ အသက်အားကို ဝါးမျိုခြင်းဖြင့် အသက်လမ်းကြောင်းတွင် ကြာကြာ အသက်ရှင်နိုင်ပေလိမ့်မည်။ ထိုအချိန်၌ အာကာသနတ်များသည် တစ်ယောက်ကိုတစ်ယောက် သားကောင်ပမာ စိုက်ကြည့်လိုက်ပြီး မဟာမိတ်များက ထိန်းချုပ်ချင်သော်လည်း အချင်းချင်း စတင်သတ်ဖြတ်နေပြီဖြစ်သည်။ အချင်းချင်းရန်လိုစွာ တိုက်ခိုက်နေပြီး တစ်ဖက်လူကို ဖမ်းမိလျှင် အသက်အားများကို ချက်ချင်းဝါးမျိုနေကြပြီး ရန်သူရော မိတ်ဆွေပါ အလွတ်မပေးတော့ချေ။

"ဘန်း ဘန်း ဘန်း"

တိုက်ပွဲက နောက်တစ်ကြိမ် စတင်လာခဲ့ပြီး ယခင်တစ်ကြိမ်ထက် ပို၍ကြမ်းကြုတ်ရက်စက်နေသည်။ ယခင်တိုက်ပွဲတွင် အာကာသနတ်များသည် အစွမ်းကုန် ထုတ်မသုံးခဲ့သောကြောင့် သေကြေပျက်စီးမှု နည်းပါးခဲ့သည်။ သို့သော် ဤတစ်ကြိမ်၌ အသက်လုနေရသောကြောင့် မဟာမိတ်အချင်းချင်းဆိုလျှင် တစ်ဖက်လူသည် ရန်သူအဖြစ် အချိန်မရွေး ပြောင်းလဲသွားနိုင်သည်။ ယဲ့ချန်သည် ဤမြင်ကွင်းကြောင့် သေခြင်းတရား၏ ခြိမ်းခြောက်မှုအောက်တွင် ထွက်ပေါ်လာသော ကျင့်ကြံသူများ၏ အရုပ်ဆိုးလှသည့် စိတ်ထားအမှန်ကို သဘောပေါက်ခဲ့သည်။ သူ၏ ထက်ရှသော အာရုံသည် ပြင်းထန်သော ရန်လိုစိတ်ကို ခံစားမိသဖြင့် တိုက်ခိုက်ရန် အသင့်ပြင်လိုက်သော်လည်း ရှင်းဟွမ်ဘုရင်က သူ့ကို တစ်ချက်သာစိုက်ကြည့်၍ အခြားအာကာသနတ်များထံ ပြေးဝင်သွားခဲ့သည်။

အကယ်၍ ရှင်းဟွမ်ဘုရင်သည် ယဲ့ချန်ကို ပစ်မှတ်ထားလိုက်လျှင် ရက်ပေါင်းများစွာကြာသည်အထိ အဖြေမထွက်နိုင်သော​ကြောင့် အခြားအာကာသနတ်များကို ဝါးမျိုရန် ဆုံးဖြတ်ခဲ့သည်။ ဤလုပ်ရပ်က ခွန်အားကို မြင့်တက်မလာစေနိုင်သော်လည်း အသက်အားများ တိုးပွားလာသည့်အတွက် အချိန်ကြာကြာ အသက်ရှင်နိုင်ပေလိမ့်မည်။ အသက်လမ်းကြောင်း အသက်ဝင်ကာစတွင် နတ်ပြည်၌ အသက်အားများ ယုတ်လျော့သည်ကို မခံစားမိခဲ့ပေ။ နောက်ပိုင်းတွင် အကျိုးဆက်က သိသာလာသောအခါ အသက်အားများက ရုတ်တရက် အရေးအကြီးဆုံး အရင်းအမြစ် ဖြစ်လာခဲ့၏။

"သတ်ကြ"

"သတ်"

"သေစမ်း"

ရှင်းဟွမ်ဘုရင်သည် သွေးပုဆိန်ဖြင့် အာကာသနတ်များစွာကို သတ်ဖြတ်ရင်း အသက်အားများကို ရူးသွပ်စွာ ဝါးမျိုနေ၏။ မျိုးနွယ်ခေါင်းဆောင်များက အစွမ်းထက်သောကြောင့် အခြားမျိုးနွယ်ဝင်များ၏ အသက်အားများကို အလွယ်တကူ ဝါးမျိုနိုင်စွမ်းရှိကြသည်။ ရှင်းဟွမ်မျိုးနွယ်နှင့် မဟာမိတ်မျိုးနွယ်များ၏ အာကာသနတ်များသည် လူသားမျိုးနွယ်ကို ပစ်မှတ်ထားနေသော်လည်း မှော်သားရဲမျိုးနွယ်နှင့် နတ်ဆေးပင်မျိုးနွယ်က စည်းလုံးစွာ ကူညီပေးခဲ့သည်။ အနည်းဆုံး ဤမျိုးနွယ်သုံးခုသည် အချင်းချင်း မတိုက်ခိုက်သောကြောင့် ရန်သူများနှင့် ရင်ဆိုင်ရာတွင် ပို၍လုံခြုံနေခဲ့သည်။

ယဲ့ချန်သည် ရှေးဟောင်းနတ်မူလသားရဲကို စီးနင်း၍ တိုက်ပွဲအတွင်း ဝင်ရောက်လာသောအခါ ရန်သူများမှာ အလန့်တကြား ထွက်ပြေးကုန်သည်။

"အဖေ အခြားနည်းလမ်း မရှိတော့ဘူးလား"

ယဲ့တန်းရွှမ်၏ အမေးကြောင့် လူတိုင်း၏အာရုံက ယဲ့ချန်ထံ စုဝေးလာကြ၏။

"ငါ မသိဘူး။ ဒန်တန်အတွင်းလောကကိုတောင် အသက်လမ်းကြောင်းက တိုက်စားချင်နေတယ်။ မင်းတို့အနေနဲ့ ယာယီပုန်းနေလို့တော့ ရပါတယ်"

ဒန်တန်ကို အသက်လမ်းကြောင်းက တိုက်ခိုက်နေသော်လည်း နှေးကွေးသည့်အပြင် ယဲ့ချန်၏အသက်အားကို အရင်ဆုံး ဝါးမျိုရမည် ဖြစ်သောကြောင့် မိသားစုဝင်များအတွက် အချိန်ဆွဲပေးနိုင်သည်။ သူက ကြယ်ကိုးလုံးကို လည်ပတ်စေပြီး ဖြစ်တည်မှုနိယာမတစ်ခုကို နားလည်နိုင်လျှင် အသက်နိယာမကို တွန်းလှန်နိုင်မည် ဖြစ်သောကြောင့် ကြိုးစားပမ်းစား ကျင့်ကြံလိုက်၏။

"အချိန်ဆွဲနိုင်ရင်တောင် အသုံးမဝင်ဘူး။ အသက်လမ်းကြောင်း အသက်ဝင်လာတဲ့အခါ ခုခံဖို့ မဖြစ်နိုင်ဘူး။ နောက်ဆုံးမှာ သေရလိမ့်မယ်။ အသက်ရှင်နှုန်းက သန်းရာချီမှ တစ်ယောက်သာဖြစ်လို့ အလွန်နည်းပါးတယ်"

ယဲ့တန်းရွှမ်က သက်ပြင်းတစ်ချက်လိုက်သည်။

"အသက်လမ်းကြောင်းမှာ အသက်ရှင်နိုင်ဖို့ နည်းလမ်းတစ်ခုပဲ ရှိတယ်"

အဝေးတွင်ရှိနေသော ရောင်ယွမ်က မတ်တပ်ရပ်လိုက်ပြီး စကားသံတစ်ခု ထွက်ပေါ်လာခဲ့လေသည်။

All Chapters