← Chapters

ပေါင်းစပ်ခြင်း

Vol. 72 Ch. 1006

ပေါင်းစပ်ခြင်း

Vol. 72 Ch. 1006

ကောင်းကင်နတ်လက်နက်တစ်ခုနှင့် မူလရတနာတစ်ခု ပိုင်ဆိုင်ထားသော ရှင်းဟွမ်ဘုရင်နှင့် ကောင်းကင်နတ်လက်နက်တစ်ခုနှင့် မူလရတနာနှစ်ခုကို ပိုင်ဆိုင်ထားသည့် ယဲ့ချန်၏တိုက်ပွဲက ညီမျှနေပြီး အချိန်တိုအတွင်း သတ်နိုင်စရာ အကြောင်းမရှိပေ။ လက်နက်များ၏ အေးစက်စက် အလင်းရောင်များက တဖိတ်ဖိတ်တောက်ပနေပြီး လှပစွာ ဖြာထွက်နေကာ နတ်ချီများ ပေါက်ကွဲနေသည်။

"ငါက နတ်ဝိညာဥ်ကို သန့်စင်ဖို့အတွက် သက်ရှိပေါင်းဘီလီယံချီ သတ်ခဲ့တယ်။ ဒါကြောင့် အသက်လမ်းကြောင်းရဲ့ စုပ်ယူနှုန်းဟာ ငါ့အတွက် အနှေးဆုံး ဖြစ်နေတယ်။ ငါတောင် အသက်မရှင်နိုင်ရင် မင်းတို့အားလုံးလည်း သေရမယ်။ ကောင်းကင်သိုင်းချပ်ဝတ်ကြောင့် မင်း ငါ့ကို မသတ်နိုင်ဘူး။ ဒါပေမယ့် မင်းရဲ့ ကလေးနှစ်ယောက်ကရော ရှင်သန်နိုင်ပါ့မလား"

ရှင်းဟွမ်ဘုရင်က ကောက်ကျစ်စွာ ရယ်မောလိုက်ပြီး ယဲ့ချန်ကို ပိတ်ဆို့တိုက်ခိုက်နေသည်။ သူ၏ခွန်အားက အနည်းငယ်ပို၍ သန်မာနေသောကြောင့် ယဲ့ချန်က တိုက်ပွဲအတွင်း ပိတ်မိနေခဲ့၏။ ထိုအချိန်တွင် ဧကရာဇ်နှင့် သိုင်းဘုရင်သည် လူသားကျင့်ကြံသူများထံ ပြေးဝင်လာသဖြင့် နန်းကုန်းဇီနှင့် ယဲ့ရှင်းရွှမ် ပူးပေါင်းကာ တားမြစ်လိုက်ရသည်။ နတ်သတ်သမားမျိုးနွယ်တွင် အစွမ်းအထက်ဆုံးဖြစ်သည့် သိုင်းဘုရင်တစ်ယောက်တည်းကိုပင် သူတို့က အနိုင်နိုင် တိုက်နေရ၏။ ယဲ့တန်းရွှမ်နှင့် အခြားသူများသည် ရန်သူအာကာသနတ်များကို တွန်းလှန်နေရစဥ် ဧကရာဇ်က ကောက်ကျစ်စွာ ပြုံးလိုက်သည်။ ဤအာကာသနတ်များအကြားတွင် သူ့ကို ဖိနှိပ်နိုင်သည်မှာ ယဲ့ချန်တစ်ယောက်တည်းသာ ရှိပြီး ရှင်းဟွမ်ဘုရင်နှင့် တိုက်ခိုက်နေသောကြောင့် ချီလင်ဓားက ပြိုင်ဘက်ကင်းပေလိမ့်မည်။ ယဲ့ချန်က အမိန့်ပေးလိုက်သောကြောင့် ပီဖန်းသည် သူ့ကို တားမြစ်ရန် ပြေးထွက်လာသော်လည်း ရုတ်တရက် ပျောက်ကွယ်သွားပြီး သွေးမီးတောက် နတ်ဆိုးမျိုးနွယ် ခေါင်းဆောင်အနား၌ ချက်ချင်းထွက်ပေါ်လာ၏။

အရာရာကို ပိုင်းဖြတ်နိုင်သော ချီလင်ဓားကို ရွှေဂျိုမျိုးနွယ်၏ လျှို့ဝှက်ဓားသိုင်းနှင့် တိုက်ခိုက်လျှင် အကာအကွယ် မူလရတနာတစ်ခုသာ ပိုင်ဆိုင်မထားပါက သေရပေလိမ့်မည်။ ဧကရာဇ်၏ သွေးဆာရက်စက်သော ဓားချက်က တစ်ဖက်လူ၏ ကိုယ်တွင်းကို ပိုင်းဖြတ်သွားပြီး ချီလင်ဓားမှာ ဆွဲထုတ်ခံရပြီးလျှင် သွေးစွန်းရပေလိမ့်မည်။ သူက ၎င်းကို စိတ်တိုင်းကျ မထိန်းချုပ်နိုင်သောကြောင့် အမြဲတမ်း ဖုံးကွယ်ထားတတ်သဖြင့် အပြင်လူများသည် ကောင်းကင်နတ်လက်နက်တစ်ခုအား ရွှေဂျိုမျိုးနွယ် ပိုင်ဆိုင်ထားကြောင်း မသိကြပေ။ သွေးမီးတောက်နတ်ဆိုး၏ သွေးများကို ဓားက စုပ်ယူနေပြီး မလိုလားသော်လည်း အခြေအနေကို ပြောင်းလဲနိုင်စွမ်းမရှိသဖြင့် သွေးမီးတောက်နတ်ဆိုးမျိုးနွယ်သည် နောက်ဆုံးရှင်သန်သူနှင့်အတူ နိဂုံးချုပ်သွားခဲ့ပေသည်။

ပီဖန်းက ခုန်အုပ်လိုက်သော်လည်း ၎င်းနှင့် တိုက်ခိုက်ခြင်းသည် အဓိပ္ပါယ်မရှိသောကြောင့် ဧကရာဇ်က ရှောင်တိမ်းနေသည်။ သူက ဓားတစ်ချက် ယမ်းလိုက်ပြီး နတ်ကောင်းချီး မျိုးနွယ်ခေါင်းဆောင်ကို သတ်လိုက်ပြန်သည်။ အာကာသနတ်နှစ်ယောက်၏ သွေးကို စုပ်ယူပြီး ချီလင်ဓားက ပို၍တောက်ပလာကာ သွေးဆာသော အရှိန်အဝါတစ်ရပ် ပြန့်ထွက်လာ၏။ ကောင်းကင်နတ်လက်နက်များတွင် ၎င်းက သွေးအဆာဆုံးဖြစ်ကာ သူ၏ နောက်ထပ်ပစ်မှတ်မှာ ရောင်ယွမ်ဖြစ်၍ ဓားတစ်ချက် ယမ်းလိုက်သည်။ သူမက လှစ်ခနဲ ပျောက်ကွယ်သွားပြီး ဒဏ်ရာရသွားသော်လည်း သေဆုံးသွားခြင်း မရှိပေ။

"နတ်ဆေးပင်မျိုးနွယ်က တစ်ခုခုတော့ တစ်ခုခုပဲ"

ဧကရာဇ်က လှောင်ရယ်လိုက်ပြီး လိုက်လံရှာဖွေခဲ့သော်လည်း ရောင်ယွမ် ပျောက်ကွယ်နေသဖြင့် ပစ်မှတ်​ပြောင်းလဲလိုက်သည်။ ယဲ့တန်းရွှမ်က စိုးရိမ်တကြီး ဖြစ်နေသော်လည်း ရွှမ်ကုန်းနှင့် တိုက်ခိုက်နေရသောကြောင့် မအားလပ်နိုင်ပေ။ ဧကရာဇ်၏ပစ်မှတ်က ကျိယွမ်ဖြစ်သွားပြီး မြန်ဆန်လွန်းသော ဓားချက်ကို သာမန်လူများ ရှောင်နိုင်မည် မဟုတ်သည့်အပြင် သွေးမစွန်းသရွေ့ ၎င်းကို မရုတ်သိမ်းနိုင်ချေ။ ကျိယွမ် တိုက်ခိုက်ခံလိုက်ရသောအခါ ရှောင်ချီက ပြေးဝင်လာပြီး ကောင်းကင်ထောက်တိုင်ဖြင့် ဧကရာဇ်ကို လွှဲရိုက်လိုက်သည်။ ဧရာမကြီးမားသော တုတ်ချက်က ရှောင်ချီ၏ဒေါသကြောင့် ပြိုင်ဘက်ကင်းလောက်အောင် သန်မာနေသည်။

"စွပ်"

ချီလင်ဓားက သူ၏ကိုယ်တွင်းသို့ ထိုးဖောက်ဝင်ရောက်သွားကာ အသက်ဓာတ်ကို ကုန်ခမ်းသွားစေသည်။ ရှောင်ချီက သေကာနီးစွမ်းအင်အားလုံးကို ရိုက်ချက်တွင် ပေါင်းစပ်လိုက်သည့်အပြင် အရှိန်အဝါနှင့် ရန်သူကို ချုပ်နှောင်ထားခဲ့၏။

"ဘုန်း"

ရွှေဂျိုဧကရာဇ်မှာ လွင့်ထွက်သွားသော်လည်း ရှောင်ချီ၏ အဖြစ်ဆိုးကြောင့် ကျိယွမ်၏ မျက်လုံးအိမ်မှ မျက်ရည်များ ကျဆင်းလာသည်။ အသက်နတ်ဘုရား၏ သွေးတစ်စက်သည် ကျောက်တုံးတစ်ခုနှင့် ပေါင်းစပ်သွားကာ ရှောင်ချီကို သန္ဓေတည်စေခဲ့သည်။ သူက မွေးဖွားလာချိန်မှစတင်၍ သူမနှင့်အတူ အချိန်တိုင်း ရှိနေခဲ့သောကြောင့် မိသားစုဝင်တစ်ယောက်ဟု သတ်မှတ်ထားခဲ့သည်။

"ခွေးကောင် နင့်ကို ငါ သတ်မယ်"

သူမက ဒေါသတကြီး ကြုံးဝါး၍ နတ်ပြည်ပုလဲနှင့် ပေါင်းစပ်ကာ ရန်သူထံ ပြေးဝင်လာသည်။

"မျောက်တစ်ကောင်က အစွမ်းထက်လိုက်တာ ဝေါ့"

ဧကရာဇ်က သွေးများ အန်ချလိုက်ရပြီး အပြင်းအထန် ဒဏ်ရာရသွားသောကြောင့် အထင်နှင့်အမြင် လွဲမှားသွားခဲ့သည်။ တစ်ဖက်လူက အံ့သြစရာကောင်းလောက်အောင် သူ့ကို ချုပ်နှောင်၍ တိုက်ခိုက်နိုင်စွမ်းရှိခဲ့သည်။ ခရမ်းရောင်အလင်းက သတ်ဖြတ်လိုစိတ်နှင့် နီးကပ်လာသောအခါ သူက ခုခံရန်အတွက် ချီလင်ဓားထံ လက်လှမ်းလိုက်သော်လည်း ကံဆိုးစွာဖြင့် မထိန်းချုပ်နိုင်တော့ပေ။

"ကောင်းကင်နတ်ဆိုးမျိုးနွယ်"

အမှန်တကယ်၌ သူသည် အသက်မီးတောက်တိုက်ပွဲ မတိုင်ခင် ကောင်းကင်နတ်ဆိုးမျိုးနွယ်နှင့် လျှို့ဝှက်ပူးပေါင်းထားခဲ့သည်။ သူက သွေးနတ်ဆိုးမျိုးနွယ်၊ သွေးမီးတောက် နတ်ဆိုးမျိုးနွယ်နှင့် အခြားမျိုးနွယ်များကို သတ်ဖြတ်ရန် သဘောတူခဲ့ပြီး ကောင်းကင်နတ်ဆိုးမျိုးနွယ်၏ ပစ်မှတ်မှာ ရှင်းဟွမ်မျိုးနွယ် ဖြစ်၏။ အာကာသနတ်များ တိုက်ပွဲပန်းသွားလျှင် သူတို့က ပူးပေါင်း၍ ရှင်းဟွမ်ဘုရင်နှင့် သူတော်စင်ဘုရင်ကို လုပ်ကြံမည်ဖြစ်သော်လည်း အသက်လမ်းကြောင်း ရုတ်တရက် အသက်ဝင်လာသဖြင့် အကြံအစည် ပျက်ပြားသွားသည်။ သူက အပြင်းအထန် ဒဏ်ရာရသွားသောအခါ ကောင်းကင်နတ်ဆိုးမျိုးနွယ်က သစ္စာဖောက်သွားခဲ့သည်။

"ဘုန်း"

ကျိယွမ်သည် ကိုယ့်ကိုကိုယ် ဖောက်ခွဲ၍ တိုက်ခိုက်လိုက်သောအခါ ရွှေဂျိုဧကရာဇ်လည်း အပိုင်းပိုင်းအစစ ဖြစ်သွားခဲ့သည်။ ခရမ်းရောင် ဝိညာဥ်တစ်ခုသည် စကြဝဠာအတွင်း မျောလွင့်နေပြီး ပြိုင်ဘက်ကင်းလောက်အောင် လှပနေ၏။ သူမက အဝေးရှိ ယဲ့ချန်၏ပုံရိပ်ကို ငေးမောနေပြီး အတိတ်တွင် သူတော်စင်ဘုရင်ကို ချစ်ကျွမ်းဝင်ခဲ့သည်။ သို့ရာတွင် တစ်ဖက်လူက လူသားမျိုးနွယ်အတွက် သူမကို လျစ်လျူရှုထားခဲ့သည်တိုင်အောင် မမုန်းတီးနိုင်ခဲ့ပေ။ ရှင်းဟွမ်မျိုးနွယ်ဝင်တစ်ယောက်သည်လည်း ခံစားချက်မဲ့ခြင်းမရှိဘဲ လူသားတစ်ယောက်အပေါ် နက်ရှိုင်းစွာ ချစ်မြတ်နိုးခဲ့ဖူးလေသည်။

ရွှေဂျိုဧကရာဇ်သည် ကိုယ့်ကိုကိုယ် ပြိုင်ဘက်ကင်းဟု သွေးနားထင်ရောက်နေသော်လည်း ကျိယွမ်၏ ဖောက်ခွဲမှုတွင် သေဆုံးသွားသည်။ ဤအဖြစ်ကို မျှော်လင့်မထားသော ရှင်းဟွမ်ဘုရင်က ယဲ့ချန်နှင့် တိုက်ခိုက်နေရင်း မျက်မှောင်ကြုတ်လိုက်၏။

"ဒီကောင်မ ကျိယွမ် သေသင့်တယ်"

ရှင်းဟွမ်ဘုရင်က အေးစက်စက် ဆဲဆိုလိုက်ပြီး ယဲ့ချန်သည် ကျိယွမ်၏ နောက်ဆုံးအပြုံးကို နတ်ဝိညာဥ်ဖြင့် မြင်လိုက်ရသည်။ သူက အတိတ်ဘဝကို မမှတ်မိနိုင်သော်လည်း နှလုံးသားကို ဓားဖြင့် မွှန်းနေသကဲ့သို့ နာကျင်နေရသည်။ သူတော်စင်ဘုရင်၏ ဝိညာဥ်က သူနှင့် ပေါင်းစပ်ထားသောကြောင့် သူတော်စင်ဘုရင်၏ခံစားချက် ဖြစ်ပေသည်။ ကျိယွမ်၏ သေခြင်းတရားသည် သူတော်စင်ဘုရင်ကို အလွန်နာကျင်စေသောကြောင့် အတိတ်တွင် အရေးပါသူတစ်ယောက် ဖြစ်ခဲ့ပုံပေါ်သော်လည်း အတူတကွ မရှိနိုင်ခဲ့ပေ။ သူတော်စင်ဘုရင်နှင့် ကျိယွမ်၊ လူသားတစ်ယောက်နှင့် ရှင်းဟွမ်တစ်ယောက်၏ အချစ်ဇာတ်လမ်းမှာ ဝမ်းနည်းဖွယ် အဆုံးသတ်သွားသဖြင့် ယဲ့ချန်ပင် ဝမ်းနည်းနေခဲ့သည်။

ထိုအချိန်၌ တန်းအာနှင့် အခြားလူများသည် အလွန်အန္တရာယ်ရှိသောကြောင့် သူက ဖောက်ထွက်ချင်သော်လည်း ရှင်းဟွမ်ဘုရင်က တားမြစ်နေသည်။

"မင်းရဲ့ ပြိုင်ဘက်က ဒီမှာ"

သူက သွေးပုဆိန်ဖြင့် အနီးကပ် ဝင်လုံးနေပြီး ရွှမ်ကုန်းထံ အသံချင်းဆက်သွယ်ကာ ချီလင်ဓားကို လုယူစေခဲ့သည်။ သို့သော် ၎င်းကို ကောင်းကင်နတ်ဆိုး ခေါင်းဆောင်တစ်ယောက်က ရယူထားပြီးဖြစ်ကာ ကျေနပ်စွာ အော်ဟစ်ရယ်မောလိုက်သည်။

"ချီလင်ဓားက ငါ့အပိုင် ဖြစ်လာပြီ ဟား ဟား"

အာကာသနတ်အချို့က လုယူရန် ကြိုးစားလိုက်သော်လည်း သူ၏ဓားချက်ဖြင့် အသက်ပျောက်ကုန်ပြီး မျိုးနွယ်တူ ခေါင်းဆောင်နှစ်ယောက်ကိုပင် အလွတ်မပေးခဲ့ချေ။ အကျိုးအမြတ်နှင့် ယှဥ်လာသောအခါ သူ့အတွက် မျိုးနွယ်တူသည့် အချက်က အရေးမပါသဖြင့် ချီလင်ဓားအတွက် စတေးခံများဖြစ်စေကာ ခွန်အားမှာ လေးငါးဆမက မြင့်တက်လာ၏။ ချီလင်ဓားသည် အာကာသနတ်ဆယ်ယောက်ကျော်၏ သွေးကို သောက်သုံးလိုက်သောအခါ ကျန်ကျင့်ကြံသူများကို အလန့်တကြား နောက်ဆုတ်သွားစေသည်။

ရွှေဂျိုဧကရာဇ်၏ သေခြင်းတရားကို မျှော်လင့်မထားသောကြောင့် သိုင်းဘုရင်က မျက်မှောင်ကြုတ်နေခဲ့သည်။ ချီလင်ဓားသည် ကောင်းကင်နတ်ဆိုးထံ ရောက်ရှိသွားသော်လည်း သူက ဒုက္ခပေးနေသော လူသားနှစ်ယောက်ကို အချိန်တိုအတွင်း သတ်ဖြတ်၍ လုယူနိုင်စွမ်းရှိသည်ဟု တွေးမိလိုက်သည်။

"သေစမ်း"

သူက အနက်ရောင်အလင်းများနှင့် သတ်ဖြတ်ရေးအစီအရင်များကို ပေါင်းစပ်ပြီး ယဲ့ရှင်းရွှမ်နှင့် နန်းကုန်းဇီကို တပြိုင်နက် တိုက်ခိုက်လိုက်၏။

"လူသားမျိုးနွယ်အတွက်"

သူတို့က အကြည့်ချင်း ဖလှယ်လိုက်ပြီး အော်ဟစ်ကာ ရုတ်တရက် ပေါင်းစပ်လိုက်ကြ၏။ သူတို့က လူတစ်ယောက်တည်း၏ ကိုယ်ပွားများဖြစ်ကာ ကိုယ်ပိုင်အသိစိတ် မွေးဖွားလာသောကြောင့် တိုက်ခိုက်ရင်း ကမ္ဘာမကြေရန်သူများ ဖြစ်လာခဲ့သည်။ သို့သော် စိတ်ထဲတွင် သူတို့က လူသားမျိုးနွယ်၏ အကျိုးကိုသာ ဦးစားပေး၍ ကိုယ်ပိုင်ခံစားချက်များအား လျစ်လျူရှုထားကြ၏။ သူတို့က ပေါင်းစပ်လိုက်သောအခါ မည်သူ၏ အသိစိတ်ဖြစ်ကြောင်း မပြောနိုင်သော်လည်း လူသားမျိုးနွယ်အတွက် တိုက်ခိုက်ရန် အတွေးတစ်ခုတည်းသာ ပိုင်ဆိုင်သွားသည်။ သူက မျက်စိများဖွင့်လိုက်ပြီး အေးစက်စက် အလင်းများ ချက်ချင်းတောက်ပလာကာ ကြယ်ပိုက်ကွန်၊ စီမုသံလိုက်အိမ်မြှောင်နှင့် ရတနာများထံမှ အဆုံးမရှိစွမ်းအင်များသည် သိုင်းဘုရင်ထံ တစ်ချိန်တည်း ဝင်ရောက်လာခဲ့လေသည်။

All Chapters