← Chapters

ဘဝရဲ့အဆုံးသတ်

Vol. 72 Ch. 1007

ဘဝရဲ့အဆုံးသတ်

Vol. 72 Ch. 1007

ယဲ့ရှင်းရွှမ်နှင့် နန်းကုန်းဇီ ပေါင်းစပ်လိုက်သော လူက အစွမ်းကုန် တိုက်ခိုက်လိုက်သောကြောင့် စွမ်းအားများ ပေါက်ကွဲထွက်ပေါ်လာ၍ နတ်ချီများ ပတ်ဝန်းကျင်တစ်ခွင် ပြန့်ထွက်သွားသည်။

"ဘုန်း ဘုန်း ဘုန်း"

"ခွေးကောင်တွေ"

သိုင်းဘုရင်၏ သတ်ဖြတ်ရေးအစီအရင် သောင်းချီမှာ ဖျက်ဆီးခံလိုက်ရပြီး ဒဏ်ရာရလုနီးပါး ဖြစ်သွားသောကြောင့် သူက မျက်နှာတစ်ခုလုံး မည်းနက်သွားကာ ကျိန်ဆဲလိုက်သည်။ မတူကွဲပြားသော လူနှစ်ယောက်က ရုတ်တရက် တစ်ယောက်တည်းအဖြစ် ပေါင်းစပ်လိုက်သောအခါ ခွန်အားက သူ့အောက် မနိမ့်တော့ပေ။ သိုင်းဘုရင်နှင့် ပေါင်းစပ်လူက တိုက်ကွက်များ တဘန်းဘန်း ဖလှယ်လိုက်ကြပြီး နတ်ချီများ ပြင်းထန်စွာ ပေါက်ကွဲနေသော်လည်း တစ်ယောက်ကိုတစ်ယောက် မဖိနှိပ်နိုင်ခဲ့ပေ။ ကောင်းကင်နတ်ဆိုးသည် ချီလင်ဓားဖြင့် အခြားသူများ၏ အသက်အားများကို စုပ်ယူပြီးနောက် ပို၍ရူးသွပ်လာကာ ကြမ်းတမ်းစွာ တိုက်ခိုက်နေခဲ့သည်။ လောကငယ်အတွင်း သွေးများ ပြန့်ကြဲကုန်သော်လည်း ၎င်းက စုပ်ယူနေပြီး နောက်ဆုံးတွင် အသတ်ခံလိုက်ရသူများမှာ မှေးမှိန်ပျောက်ကွယ်သွားကြ၏။ အသက်မီးတောက်၏ လောကတစ်ခုလုံးတွင် ရက်စက်မှုများ လွှမ်းခြုံနေကာ လေထုက တင်းကြပ်လာသည်။ ဤသို့ဆက်လက်ဖြစ်ပွားနေလျှင် ကောင်းကင်နတ်ဆိုး၏ လက်ချက်ဖြင့် လူတိုင်း အသတ်ခံလိုက်ရပေလိမ့်မည်။

"ဘန်း"

ချီလင်ဓားသည် ယဲ့ချင်းရောင်ကို ထိမှန်သွားကာ သွေးများ စီးထွက်လာခဲ့သည်။

"အဖေ"

သူမက ယဲ့ချန်ကို နောက်ဆုံးတစ်ကြိမ် စိုက်ကြည့်ပြီး ကြည်လင်တောက်ပသော မျက်ဝန်းလေးများမှာ ဖြည်းဖြည်းချင်း အရောင်မှိန်လာ၍ မြင်ကွင်းများ ရှုပ်ထွေးနေသည်။

"ရောင်အာ"

ယဲ့ချင်းရောင်မှာ ချီလင်ဓားဖြင့် အသတ်ခံလိုက်ရသောအခါ ယဲ့ချန်သည် မျက်လုံးအပြူးသားနှင့် ရူးသွပ်မတတ် အော်ဟစ်လိုက်မိ၏။ သူက ဒေါသတကြီးဖြစ်သွားကာ ကောင်းကင်ဓားပျံကို အသက်သွင်း၍ ကောင်းကင်နတ်ဆိုးထံ ပစ်ခတ်လိုက်ပြီး ၎င်းက အေးစက်စက် အလင်းတစ်ခုပမာ မည်သူမှ မဖမ်းနိုင်လောက်သော အမြန်နှုန်းဖြင့် ပြေးထွက်သွားခဲ့သည်။ ကောင်းကင်နတ်လက်နက်သုံးခုတွင် မည်သည့်နေရာတွင်မဆို ရုတ်တရက် ထွက်ပေါ်လာ၍ အသက်ကို နှုတ်ယူသွားနိုင်သော ၎င်းက အန္တရာယ်အများဆုံး ဖြစ်သည်။

"ဟား ဟား ငါ့အသက်အားတွေ အစွမ်းထက်လာပြီ"

ချီလင်ဓားကို ကိုင်ဆောင်ထားသော ကောင်းကင်နတ်ဆိုးသည် ခေါင်းမော့၍ ကျေနပ်စွာ ရယ်မောနေစဥ် အလင်းတစ်ချက်က ခေါင်းကို ထိမှန်လာခဲ့၏။ ကောင်းကင်ဓားပျံ၏ အစွမ်းက ကြောက်စရာကောင်းသည့်အပြင် သေကွင်းသေကွက်ကို ထိမှန်သွားသောကြောင့် သေချာပေါက် အဆုံးသတ်ရပေလိမ့်မည်။ သူက ကျေနပ်စွာ ရယ်မောနေစဥ် မျက်နှာက အေးခဲသွားပြီး မလိုလားဟန်ဖြင့် ယဲ့ချန်ကို လှည့်ကြည့်ရင်း လဲကျသွားကာ ပြာအဖြစ် လွင့်ပြယ်သွားခဲ့၏။ ဤကောင်းကင်နတ်ဆိုးခေါင်းဆောင်က စကြဝဠာအတွင်း နှစ်သန်းပေါင်းများစွာ ကျင်လည်ခဲ့သော်လည်း သေခြင်းတရားနှင့် အတွေ့၌ မရှောင်နိုင်တော့ပေ။

"သေစမ်း"

မိသားစုဝင်များနှင့် မိတ်ဆွေများ အသတ်ခံနေရသောအခါ ယဲ့ချန်၏ မျက်လုံးများ နီရဲလာ၍ ရူးသွပ်သွားခဲ့သည်။ သူက ရှင်းဟွမ်ဘုရင်ထံ မူလရတနာနှစ်ခုနှင့်အတူ မိုက်မိုက်ကန်းကန်း ခုန်အုပ်လိုက်ပြီး ကောင်းကင်ဓားပျံကလည်း လှစ်ခနဲ လိုက်ပါလာခဲ့၏။ နတ်လက်နက်နှစ်ခုက လေထဲတွင် တွေ့ဆုံထိမှန်သွားသောကြောင့် ပတ်ဝန်းကျင်၌ လျှပ်စီးများ ယှက်သန်းသွားကာ ရှင်းဟွမ်ဘုရင်က အသည်းအသန် ခုခံလိုက်ရ၏။ အသက်လမ်းကြောင်းတွင် ကြာကြာနေနိုင်ရန်အတွက် သူက ခွန်အားကို ထိန်းချုပ်လိုသောကြောင့် သူသေကိုယ်သေ မတိုက်ခိုက်လိုသဖြင့် စိတ်ပျက်နေခဲ့သည်။ တစ်ဖက်လူ၌ အလွန်အန္တရာယ်များသော ကောင်းကင်ဓားပျံ ပိုင်ဆိုင်ထားသည့်အပြင် အစွမ်းထက်သူတစ်ယောက် ဖြစ်သောကြောင့် သူက မစွန့်စားလိုချေ။ သူ့အတွက် ပြိုင်ဘက်ကို ထိန်းသိမ်းထားရန်သာ လိုအပ်ပြီး အသက်နှင့်ရင်းစရာ မလိုပေ။ သို့သော်လည်း မိသားစုဝင်များနှင့် မိတ်ဆွေများ အသတ်ခံလိုက်ရသောအခါ ယဲ့ချန်သည် ရူးသွပ်စွာဖြင့် အသက်ကို ပဓာနမထားဘဲ တိုက်ခိုက်လာမည်ဟု မျှော်လင့်မထားပေ။ ဤသို့ဆက်လက်ဖြစ်ပွားနေလျှင် အသက်လမ်းကြောင်းမရပ်ခင် နှစ်ယောက်လုံး အသက်အားများကုန်ဆုံး၍ အဆုံးသတ်သွားပေလိမ့်မည်။ သို့ရာတွင် တစ်ဖက်လူ၏ ကြမ်းတမ်းပြတ်သားမှုကြောင့် ရှင်းဟွမ်ဘုရင်က သတိထားနေရပြီး တစ်ချက်လောက် ပေါ့ဆမိလျှင် ကောင်းကင်ဓားပျံနှင့် ထိမှန်သွားပေလိမ့်မည်။

"ဒီစောက်ရူးကတော့"

ရှင်းဟွမ်ဘုရင်သည် လူသားများ၏ ခံစားချက်ကို နားမလည်သောကြောင့် ယဲ့ချန်က သမီးအတွက် သူ့ကို အသက်နှင့်ရင်းကာ တိုက်ခိုက်နေရသည့် အကြောင်းအရင်းကို အဖြေမထုတ်နိုင်ပေ။ သိုင်းကောင်းကင်ချပ်ဝတ်သည် အလင်းရောင် တဖိတ်ဖိတ်တောက်ပလာ၍ နတ်စက်လုံးနှင့် ကောင်းကင်တုန်ခါဆေးအိုး၏ တိုက်ခိုက်မှုကို ကာကွယ်လိုက်ပြီး သွေးပုဆိန်သည် အရိပ်ပေါင်းသန်းချီနှင့်အတူ ယဲ့ချန်ထံ ကျဆင်းလာ၏။ ဟင်းလင်းပြင်က ဆက်တိုက်ပြိုကျနေပြီး ဤအစွမ်းထက်သူနှစ်ဦး၏ နတ်ချီများကို ခုခံနိုင်ခြင်း မရှိတော့ပေ။

"နောက်ဆုံးတော့ ငါ ရပြီ"

ရွှမ်ကုန်းသည် လေထဲသို့ ခုန်တက်သွားကာ ပိုင်ရှင်မဲ့နေသော ချီလင်ဓားကို ဆုပ်ကိုင်လိုက်၏။ သို့ရာတွင် သူ၏ဦးခေါင်းက ဘန်းခနဲ ပေါက်ကွဲသွားကာ ၎င်းသည် သိုင်းဘုရင်၏ လက်အတွင်း ကျရောက်သွားပြန်သည်။

"မင်းလိုအဆင့်မျိုးထက် ငါက ချီလင်ဓားနဲ့ ပိုပြီးထိုက်တန်တယ်"

သိုင်းဘုရင်က စိတ်ပျက်စွာ နှာခေါင်းရှုံ့လိုက်ပြီး သူ၏အမြင်တွင် ရွှမ်ကုန်းကဲ့သို့ အဆင့်မျိုးသည် ချီလင်ဓားကို အသုံးပြုရန် အဆင့်မမီချေ။ အသက်ရှင်ကျန်သူများအကြားတွင် ရှင်းဟွမ်ဘုရင်နှင့် ယဲ့ချန်ပြီးလျှင် သူက အသန်မာဆုံးဖြစ်သောအခါ ၎င်းကို ရလိုက်သဖြင့် ကျားကို အတောင်တပ်ပေးလိုက်သကဲ့သို့ အစွမ်းထက်လာ၏။ ၎င်းသည် အာကာသနတ်များစွာ၏ သွေးကို သောက်သုံးပြီးနောက် ပို၍အစွမ်းထက်လာသောကြောင့် သူ၏လက်အတွင်း၌ အသန်မာဆုံးအင်အားကို ထုတ်ဖော်ရန် အသင့်ဖြစ်နေခဲ့သည်။ ဤတစ်ကြိမ်တွင် အေးစက်စက် ဓားအလင်းသည် လင်လုံကို ပစ်မှတ်ထားလိုက်ပြီး သိုင်းဘုရင်၏ခွန်အားနှင့် ပေါင်းစပ်လိုက်သောအခါ သာမန်အာကာသနတ်များ မခုခံနိုင်လောက်အောင် သန်မာလာ၏။ လင်လုံက ပါရမီရှင်တစ်ယောက် ဖြစ်သော်လည်း ဤဓားချက်၌ အသက်ပျောက်သွားခဲ့၍ ယဲ့ချန်ကို နက်ရှိုင်းစွာ စိုက်ကြည့်ရင်း ကံကြမ္မာကို မရှောင်လွှဲနိုင်ခဲ့ပေ။ မျက်လုံးများ နီမြန်းနေသည့် သိုင်းဘုရင်သည် ချီလင်ဓားအားကိုးဖြင့် ရန်သူရော မိတ်ဆွေပါ လိုက်လံသတ်ဖြတ်နေခဲ့သည်။

အာကာသနတ်များ တစ်ယောက်ပြီးတစ်ယောက် လဲကျသွားကာ အသက်တစ်ခု သေဆုံးသွားတိုင်း ချီလင်ဓားသည် ပို၍အစွမ်းထက်လာပြီး သိုင်းဘုရင်၏စိတ်ကို လွှမ်းမိုးချုပ်ကိုင်စပြုလာ၏။ ယဲ့ရှင်းရွှမ်နှင့် နန်းကုန်းဇီ၏ ပေါင်းစပ်မှုက အစွမ်းထက်သော်လည်း ချီလင်ဓားနှင့် သိုင်းဘုရင်၏ ပူးပေါင်းခွန်အားကို မယှဥ်နိုင်သောကြောင့် ဓားချက်အောက်တွင် ကျဆုံးသွားရပြန်သည်။

"လူသားမျိုးနွယ်အတွက် ဘာဖြစ်ဖြစ် အသက်မီးတောက်ကို အရယူပါ"

သူတို့က ယဲ့ချန်ထံ နောက်ဆုံးစကားအဖြစ် အသံပို့လွှတ်လိုက်ပြီး ကွယ်လွန်သွားကြ၏။ ပြင်းထန်ရက်စက်သော သတ်ဖြတ်မှုများကြောင့် အသက်လမ်းကြောင်းသည် ပို၍ကြောက်စရာကောင်းလာပြီး ချီလင်ဓားမှာ အသိစိတ်ရှိနေသည့်အလား သိုင်းဘုရင်၏ အသက်အားကို စတင်စုပ်ယူလာသည်။ အသက်လမ်းကြောင်းနှင့် ၎င်း၏စုပ်ယူမှုကြောင့် သူက အရေပြားများ တွန့်သွားကာ ဆံပင်ဖြူများနှင့် အသက်ကြီးရင့်လာခဲ့သည်။

"ဘယ်လိုလုပ် ဒီလိုဖြစ်သွားရတာလဲ။ ငါက ချီလင်ဓားကို ပိုင်နေပြီ။ ငါက အသန်မာဆုံးပဲ၊ မဖြစ်နိုင်ဘူး"

သိုင်းဘုရင်က ဒေါသတကြီး ရေရွတ်လိုက်သော်လည်း ဆံပင်များ ကျွတ်ထွက်လာသကဲ့သို့ သွားများယိုင်နဲ့လာပြီး နောက်ဆုံးတွင် မထနိုင်သဖြင့် လဲကျသွားခဲ့သည်။ အသက်တစ်ခုဟူသည် စကြဝဠာအတွင်း မြူမှုန်တစ်ခုအလား သေးငယ်ကာ ပါရမီရှင်များပင်လျှင် သံသရာဝဲဂယက်မှ မလွတ်မြောက်နိုင်ချေ။ ချီလင်ဓားသည် စကြဝဠာအတွင်း အနီရောင်အလင်းပမာ မျောလွင့်နေပြီး ယဲ့ချန်၊ ရှင်းဟွမ်ဘုရင်၊ ပီဖန်းနှင့် ၎င်း၏ခေါင်းအထက်၌ ထိုင်နေသော ယဲ့တန်းရွှမ်သာ အသက်ရှင်ကျန်ရစ်လေသည်။ သို့သော်လည်း အသက်လမ်းကြောင်းက ပို၍အားကောင်းလာသဖြင့် လေးယောက်လုံးသည် ခုခံရန် စွမ်းအားကင်းမဲ့နေသည်။ အသက်နတ်ဘုရား၏ သားရဲဖြစ်ခဲ့သော်လည်း ၎င်းသည် သက်ရှိတစ်ကောင် ဖြစ်သောကြောင့် အသက်လမ်းကြောင်းကို တန်းတူရင်ဆိုင်နေရသည်။

ယဲ့ချန်တို့သုံးယောက်က အလွန်အသက်ကြီးသွားပြီး တိုက်ခိုက်နိုင်စွမ်းမရှိတော့သဖြင့် နေရာ၌ တင်ပျဥ်ခွေထိုင်ချလိုက်ရစဥ် ၎င်း၏အရေခွံသည်လည်း သစ်ခြောက်ပင်အလား ရှုံ့တွနေခဲ့၏။

"အဖေ"

ယဲ့တန်းရွှမ်သည် ယဲ့ချန်ကို နက်ရှိုင်းစွာ စိုက်ကြည့်ပြီး ပြောစရာစကားများစွာ ရှိနေဟန်ပေါ်သော်လည်း နတ်သွေးထံမှ အသက်အားများဖြင့် အသက်လမ်းကြောင်း၏ တိုက်စားမှုကို မကျော်လွှားနိုင်ခဲ့ပေ။

"ကြည့်ရတာ ဘယ်သူမှ မလွတ်မြောက်နိုင်ဘူး ထင်ပါတယ်"

ယဲ့ချန်က သက်ပြင်းချလိုက်ပြီး မိသားစုဝင်များနှင့် မိတ်ဆွေများအားလုံး သေဆုံးသွားသဖြင့် ဝမ်းနည်းနေကာ အဆုံးမရှိတိုက်ပွဲများမှာ အဓိပ္ပါယ်မဲ့ကြောင်း သဘောပေါက်စပြုလာသည်။ မရေမတွက်နိုင်သော သက်ရှိများကို သတ်ဖြတ်၍ ဝါးမျိုခဲ့သော်လည်း ရှင်းဟွမ်ဘုရင်သည် အသက်အားကုန်ဆုံးနေမှုကို မရပ်တန့်နိုင်ခဲ့ပေ။

"မဖြစ်နိုင်ဘူး"

သူက မကျေနပ်မှုနှင့် ဒေါသကို တပြိုင်နက် ခံစားနေရပြီး ဘိုးဘေးနတ်ဘုရားများပြီးလျှင် အစွမ်းအထက်ဆုံးဖြစ်ကြောင်း တတွတ်တွတ် ရေရွတ်နေသည်။ အရာအားလုံးက သူ၏အပိုင်ဖြစ်လာရန် နီးကပ်လာသဖြင့် ဤသို့ အဆုံးသတ်မသွားလိုပေ။

"မင်း အခုထိ နားမလည်နိုင်သေးဘူးလား။ အသက်နတ်ဘုရားက ငါတို့အားလုံးကို သေစေချင်ခဲ့တယ်။ သေခြင်းတရားရဲ့ ကံကြမ္မာကို ဘယ်သူမှ မရှောင်လွှဲနိုင်ဘူး"

ယဲ့ချန်က သူ့ကို ပြောလိုက်ပြီး လက်ရှိအချိန်၌ ရန်ငြှိုးရန်စများ မရှိတော့ပေ။

"ပါးစပ်ပိတ်ထား။ အသက်နတ်ဘုရားရဲ့ အမွေဖြစ်တဲ့ အသက်မီးတောက်ကို ငါ အရယူပြီး အသက်နတ်ဘုရားအသစ် ဖြစ်လာစေရမယ်"

ရှင်းဟွမ်ဘုရင်က ရူးသွပ်မတတ် ဖြစ်နေခဲ့သည်။

"ဘယ်သူမှ အသက်မီးတောက်ကိုယူဖို့ အရည်အချင်းမမီတဲ့အတွက် မရနိုင်ဘူး။ ငါတို့ သေဆုံးသွားရင်တောင် သံသရာက ဆက်ပြီးလည်ပတ်နေလိမ့်မယ်။ အသက်မီးတောက်က နောက်ထပ်ထွက်ပေါ်လာမယ့် ပါရမီရှင်တွေကြားမှာ ဆက်ခံသူကို ရှာဖွေမှာ သေချာတယ်"

ယဲ့ချန်သည် အသက်မီးတောက်ကို စိုက်ကြည့်ရင်း တည်ငြိမ်စွာ ပြောလိုက်သည်။ ကျင့်ကြံသူတိုင်းသည် အသက်ကြီးရင့်သည်ဖြစ်စေ၊ တိုက်ပွဲများကြောင့်ဖြစ်စေ သေဆုံးသွားကြပြီး နောက်ဆုံး၌ မေ့ပျောက်ခံလိုက်ရပေလိမ့်မည်။ ဤကား အသက်နိယာမ၏ သဘောတရားဖြစ်ကာ အသက်လမ်းကြောင်း၌ သက်ရှိများ တစ်ယောက်ပြီးတစ်ယောက် အသက်ကုန်ရပေလိမ့်မည်။ ဤအချက်ကို သဘောပေါက်သွားသောကြောင့် ယဲ့ချန်နှင့် ယဲ့တန်းရွှမ်က အဝေးသို့ ငေးမောနေကာ ချစ်ခင်ရသူများ၏ အသံနှင့် ရုပ်သွင်ကို မြင်ယောင်ကြားယောင်နေမိသည်။ ကံမကောင်းစွာဖြင့် ဤမြင်ကွင်းက မှတ်ဉာဏ်သက်သက်ဖြစ်နေပြီး အသက်ဓာတ်ကုန်ခမ်းခြင်းသို့ မကြာခင် ရောက်ရပေလိမ့်မည်။

All Chapters