← Chapters

အခန်း (၂၅)

Vol. 2 Ch. 25

အခန်း (၂၅)

Vol. 2 Ch. 25

"မစ္စတာချင်း ပြောတာမှန်တယ် ကျွန်တော့်အတွေးနဲ့တူတူပဲ" ဂျန်ရှန်းချီးကျူးလိုက်ပြီးဆက်ပြောလိုက်သည်

"မစ္စတာချင်းအစောကြီးတည်းက ကားပြင်ချင်နေတယ်လို့ကြားတယ် ဒါပေမယ့် ဒီအရူးကပြောထားသလိုမပေးဘူးဆိုတော့ တစ်ဖက်လူရဲ့ကားပြင်စရိတ်ကပိုများနေတာကြည့်ပြီးနောင်တနေတဲ့ပုံပဲ"

"ဟုတ်တယ်ေပါ့ ဒါပေမယ့်လည်း...ဒီမှာလေ စာချုပ်" ချင်းယွီပြုံးပြလိုက်ပြီးတော့ နှစ်ယောက်လုံးလက်မှတ်ထိုးထားတဲ့စာချုပ်ကို ဂျန်ရှန်းဆီပေးလိုက်သည်

ဂျန်ရှန်းယူပြီးတော့ကြည့်လိုက်သည်

"ကောင်းလိုက်တာ ကျွန်တော့်ကို ဒီစာချုပ်ပေးပြီးတော့ ထောက်ခံကြောင်းလေးရေးပေးလိုက်လေ အဲ့တာဆိုကျွန်တော်ဒီကိစွကိုကူညီနိုင်ပါတယ် သူငွေမပေးနိုင်ရင် ကားဖြစ်ဖြစ် အိမ်ပဲဖြစ်ဖြစ် အစ်ကိုချင်းကိုပြန်ပေးစေရမယ်လို့ အာမခံပါတယ် ဘယ်လိုသဘောရလဲ"

အဲ့ချိန်မှာ ရေနစ်တော့မလိုဖြစ်နေတဲ့မျက်နှာနဲ့မာရီကွမ်ထပြောလိုက်တယ်

"သခင်လေးဂျန် ဒီကိစ္စနဲ့သခင်လေးဂျန်က ဘာမှမဆိုင်ပါဘူး ဘာလို့ဝင်ပါနေတာလဲ" ဒီကိစ္စသာ

ဂျန်ရှန်းလက်ထဲရောက်သွားရင် သူပိုက်ဆံပေးကိုပေးရမယ်ဆိုတာ မာရီကွမ်သိနေသည်

ဂျန်မိသားစုရဲ့အာဏာက သွားနောက်လို့မရဘူး...

စာချုပ်မချုပ်ထားရင်တောင် သူတို့မလိမ်ရဲပါဘူး...

ချင်းယွီတစ်ယောက်တည်းနဲ့ စကားပြောရမယ်ဆိုရင်တောင် အခြေအနေကနည်းနည်းပြောင်းလဲနိုင်သေး၏

ပြောရရင်ဒီလိုကားမျိုးစီးနိုင်တဲ့ ပိုက်ဆံရှိလူတန်းစားတွေကငွေကိုသိပ်ပြီး တန်ဖိုးမထားတတ်ကြဘူး

မာရီကွမ်သူ့ပုံစံကိုပြောင်းလိုက်ပြီးတော့ ထပ်ပြီးအသနားခံလိုက်သည်

"ချင်းယွီသဘောတူရင်လည်း တူမှာပေါ့ သူ သဘောမတူရင်တောင်မှ မင်းကအပြင်လူတစ်ယောက်...ဒီနေရာမှာဘာလွှမ်းမိုးမှုမှမရှိဘူး မာရီကွမ်ရဲ့အဆက်အသွယ်နဲ့ဆိုရင်တစ်ဖက်လူကိုအလျော့ပေးသွားအောင်လုပ်နိုင်မှာ'

"မစ္စတာမာ ခင်ဗျားမှားနေပြီ ဘာကိစ္စကျုပ်ကိစ္စမဟုတ်ရမှာလဲ အစ်ကိုချင်းကိစ္စကကျွန်တ်ော့ကိစ္စပဲ ပြီးတော့ခင်ဗျားယောင်းမပုံစံကိုလည်းသိပ်သဘောမကျလို့ သူများကိစ္စကိုဝင်ပါသလိုဖြစ်ပေမယ့်လည်း ဒီကိစ္စမှာဝင်ပါနေတာ" ဂျန်ရှန်းချင်းယွီကိုထပ်ကြည့်လိုက်သည်

"အစ်ကိုချင်းရော ဘယ်လိုသဘောရလဲ"

"ငါကရပါတယ် ညီလေးဂျန်ကိုတော့ဒုက္ခပေးမိသလိုဖြစ်တော့မှာပဲ"ချင်းယွီခေါင်းညိတ်ပြီးတော့ပြုံးပြလိုက်၏

ဂျန်ရှန်းဒီကိစ္စမှာဝင်ကူပေးတာအကောင်းဆုံးဖြစ်မယ်ဆိုတာသူသိနေသည် နောက်ပြီးအချိန်ကုန်လည်းသက်သာလိမ့်မည် သူ့လက်ထဲမှာစာချုပ်ရှိနေပေမယ့် တစ်ဖက်ကငွေမပေးချင်ဘူးဆိုတော့ တရားရုံးသွားဖို့ကလွဲပြီးမရှိတော့ချေ။

ဒါပေမယ့်ငါကဒီလိုကိစ္စတွေနဲ့မရင်းနှီးတာ အဲ့တော့အချိန်ဘယ်လောက်ကြာနိုင်မယ်ဆိုတာလည်း မသိဘူးလေ ပိုက်ဆံကတော့ကိစ္စမရှိပေမယ့် အချိန်ကတော့အရေးပါနေသေး၏

စနစ်ရဲ့ပုံစံအရဆိုရင်သုံးခါ စနစ်ထဲကို ဝင်တာနဲ့ ကံကောင်းလာနိုင်တာမျိုးရှိသည် အဲ့တာကြောင့် မြန်မြန်ပိုက်ဆံသုံးပြီးစနစ်ထဲသို့ဝင်ရမည်

ဂျန်ရှန်းမှကူညီပေးလိုက်တော့ ချင်းယွီသူ့အပေါ်အကြွေးတင်သွားပြီဖြစ်သည်

အဲ့ဒီကျေးဇူးကြွေးကို နောက်ခါပိုက်ဆံသုံးပြီဆပ်ရမယ်ဟုချင်းယွီတွေးလိုက်၏

ချင်းယွီဂျန်ရှန်းကိုဒီကိစ္စကို အစားဖြေရှင်းခိုင်းလိုက်တော့ စိတ်ထဲကနေတိတ်တိတ်လေးသက်ပြင်းချလိုက်မိသည်

ဂျန်ရှန်းနဲ့မစ္စတာချင်းတို့၂ယောက်လုံးက ဘယ်သူဘယ်ဝါလဲဆိုတာသေချာမသိရဘူး သူတို့ကိုစိတ်ပြောင်းအောင်လုပ်ဖို့ကလည်းမဖြစ်နိုင်ဘူး အဲ့တော့ ၂ယောက်လုံးကိုနိုင်ဖို့ ငွေအများကြီးသုံးမှပဲရမယ် သူမာဝမ်ရှီကိုပြောလိုက်သည်...

"ဝမ်ရှီနင်မစ္စတာချင်းတို့ကိုမျက်နှာသာပေးဖို့လိုနေပြီ နင်စာချုပ်အတိုင်းပဲပေးစရာရှိတာပေးလိုက်....."

"ကိုကြီး....."

မာရီကွမ်ဒီလိုလာပြောတာလည်းကြားရော သူမတစ်ကိုယ်လုံးတောင့်ခဲသွားလေသည် သူမနည်းနည်းလည်းအံ့အားသင့်သွားပြီးတော့ မေးလိုက်မိသည်

"တကယ်ကြီးပေးစေချင်တာလား"မာရီကွမ်ဘာမှမတတ်နိုင်ဘဲခေါင်းညိတ်လိုက်ရ၏

"အဲ့တာဆိုလည်း၂ရက်လောက်စောင့်အခုကတော့အများကြီးမတတ်နိုင်သေးဘူး" မာဝမ်ရှီအံကြိတ်လိုက်မိတယ် သူမျက်လုံးတွေလည်းရဲလာသည် သူ့အစ်ကိုအဲ့လိုပြောလိုက်တဲ့အချိန်မှာသူ့ဟာလုံးဝအကူအညီမဲ့နေပြီဆိုတာနားလည်မိသွားသည်...

ဂျန်ရှန်းဆိုတဲ့လူကတော်တော်အာဏာရှိတဲ့ပုံပဲ သွားစလို့မဖြစ်တဲ့လူမျိုး...သိန်း၁၁၀၀လောက်ချက်ချင်းထုတ်ဖို့ဆိုတာ သူ့အတွက်တော့မဖြစ်နိုင်ဘူး အိမ်ဖြစ်ဖြစ် ကားဖြစ်ဖြစ်ရောင်းလိုက်မှပဲရမှာ အခုကွာရှင်းထားတာဆိုတော့ဝင်ငွေကလည်းမရှိဘူး...

နေစရာစားစရာဘာမှပူစရာမလိုတဲ့ဘဝကနေ ဆင်းဆင်းရဲရဲဘဝမျိုးရောက်သွားတာပဲ...

ဆင်းရဲတယ်တဲ့လား ဘယ်လောက်ဝောာင်ကြောက်ဖို့ကောင်းလိုက်တဲ့စကားလုံးပါိလိမ့်....!

"အဲ့လိုအစကတည်းကပြောခဲ့ရင်တောင် ခင်ဗျားကိုမျက်နှာသာပေးရင်ပေးခဲ့အုံးမှာ ၂ရက်အတွင်းပိုက်ဆံရှာလို့ရပါစေလို့ ဆုတောင်းပေးတယ်နော် သိန်း၁၁၀ဝကိုခင်ဗျားကားပြင်စရိတ်ထဲကနေနှုတ်သွားလိမ့်မယ် အဆင်ပြေသလိုပေးလို့ရတယ်နော် ဒါပေမယ့်မှတ်တော့ထားအုံးနော် အချိန်၂ရက်ပဲရတာ" ဂျန်ရှန်းစပ်ဖြီးဖြီးလုပ်ပြီးတော့ ပြောလိုက်သည်

"မစ္စတာချင်း...ကားပြင်ပြီးပါပြီ" ရုတ်တရက်ရင်းနှီးနေတဲ့အသံတစ်သံထွက်လာတယ် ချင်းယွီလှည့်ကြည့်လိုက်တော့ထန်ရှင်းလမ်းလျှောက်လာတာကိုမြင်လိုက်ရ၏

"ဟုတ်ပြီ ခနစောင့်" ချင်းယွီထန်ရှင်းကိုခေါင်းညိတ်ပြလိုက်သည်

ထန်ရှင်းစကားပြောတော့မယ့်အချိန်မှာပဲ အထွေထွေမန်နေဂျာနဲ့ လော်ဘီမန်နေဂျာထိုင်နေတာတွေ့လိုက်ရသည် သူနည်းနည်းဝေခွဲမရဖြစ်သွားပေမယ့် မာရီကွမ်ကိုမြန်မြန်ပဲနှုတ်ဆက်လိုက်၏

"သူဌေးမာ ရှင်လည်းရောက်နေတာပဲ" မာရီကွမ်အသာလေးခေါင်းညိတ်ပြလိုက်သည်

"ထန်ရှင်း မင်း..."

မာဝမ်ရှီ ထန်ရှင်းကိုတွေ့လိုက်ရတော့အံ့ဩသွားတယ်

"မစ္စလီ မတွေ့တာကြာပြီနော်" ဒီအသံကိုကြားလိုက်မှပဲ ထန်ရှင်းဘေးမှာရှိနေတဲ့ မာဝမ်ရှီကိုမြင်တော့သည်

ပြီးတော့သူ့မျက်နှာအနေအထားလည်း ပြောင်းသွားတယ် ဒါပေမယ့်သူအတတ်နိုင်ဆုံးစိတ်ငြိမ်အောင်ထားပြီးတော့ မာဝမ်ရှီကိုနှုတ်ဆက်လိုက်၏

"တစ်ယောက်နဲ့တစ်ယောက်ရင်းနှီးကြတာလား" မာရီကွမ် ထူးဆန်းသလိုကြည့်ပြီးမေးလိုက်မိသည်

မာဝမ်ရှီတုံ့ဆိုင်းနေပေမယ့် ခေါင်းခါပြီးတော့ပဲပြောလိုက်တယ်

"အဲ့လောက်လည်းမဟုတ်ပါဘူး"

သူသေသေချာချာတစ်ခုခုပြောချင်ပေမယ့် စိတ်ထဲသိန်း၁၁၀၀ကိစ္စပဲရောက်နေတော့ ဘာကိုမှသေချာမပြောနိုင်တော့ဘူး

မာရီကွမ်ဘာမှဆက်မမေးတော့ဘဲ မတ်တပ်ရပ်ပြီးေတာ့သာ ဂျန်ရှန်းကိုတောင်းပန်လိုက်တယ် ပြီးတော့မာဝမ်ရှီကိုဆွဲခေါ်လာလိုက်၏

"ကိစ္စတွေလည်း အကုန်ပြီးပြီဆိုတော့ သွားကြရအောင် ဒီမှာဆက်နေနေရင်ပြသာနာကိုလက်ယှက်ခေါ်နေသလိုပဲဖြစ်မှာ" ၂ယောက်သားပြောပြီးထွက်သွားကြေတာ့ ဟိုတယ်လုံခြုံရေးမန်နေဂျာဇန်ဇောင်လည်း ထွက်သွားလိုက်သည်

လော်ဘီမန်နေဂျာလီဟန်ကတော့ ဂျန်ရှန်းကိုယဉ်ယဉ်ကျေးကျေးနှုတ်ဆက်လိုက်ပြီး ချင်းယွီနဲ့စကားအနည်းငယ်ပြောကာ သူ့ရဲ့လုပ်ငန်းကဒ်ကိုပေးပြီးထွက်လာလိုက်၏

သူ့အတွက်ကတော့ မစ္စတာမာနဲ့ချင်းယွီကြားကဆက်ဆံရေးကဘာမှမဟုတ်ပေမယ့် သူ့အတွက်အရေးကြီးတာက လူချမ်းသာမိသားစုတွေနဲ့ဆက်ဆံရေးကောင်းဖို့ပဲလေ

ချင်းယွီနဲ့ဂျန်ရှန်းပဲနားနေခန်းမှာကျန်ခဲ့လေသည် ပြီးတော့ဂျန်ရှန်းနောက်လာတဲ့ဆံပင်အပြာနဲ့ကောင်မလေးနဲ့ ထန်ရှင်းအပါဆိုရင်တော့၄ယောက်ပေါ့

"အစ်ကိုချင်း ဝေဝေနံပါတ်ကဘာလဲမသိဘူး အကောင့်အပ်လိုက်မယ်လေ ပြီးကြကားပြင်ဖို့လျော်ကြေးရရင်ဆက်သွယ်လိုက်ပါမယ်"ဂျန်ရှန်းပြုံးပြီးတော့ ချင်းယွီကိုပြောလိုက်သည်

"ကောင်းတာပေါ့" ချင်းယွီလည်းဖုန်းထုတ်ပြီးတော့ဝေဝေအကောင့်လည်းအပ်ပြီး ဖုန်းနံပါတ်ပါအပြန်အလှန်လဲလိုက်ကြသည်

"ညီလေးဂျန် ဒီနေ့ကူညီပေးလို့ကျေးဇူးပါ မင်းနာမည်ကိုတောင်သေချာမမေးရသေးဘူး ငါ့နာမည်ကချင်းယွီပါ" ချင်းယွီဖုန်းနံပါတ်မှတ်ရင်းပြောလိုက်လေသည်

"ကျွန်တော်နာမည်ကဂျန်ရှန်းပါ အသက်ကတော့၂၄နှစ်ပါ အစ်ကိုချင်းကရောအသက်ဘယ်လောက်ရှီပြီလဲ"

"ငါမင်းထက်တစ်နှစ်ကြီးတယ်၂၅နှစ်"

"အို...တစ်နှစ်ကြီးတာပဲ အဲ့တာဆိုခုကစပြီး အစ်ကိုချင်းလို့ပဲဆက်ခေါ်မယ်နော် ကျွန်တော့်ကိုလည်းညီလေးလို့ခေါ်တာဖြစ်ဖြစ် နာမည်တပ်ခေါ်တာဖြစ်ဖြစ်အဆင်ပြေသလိုခေါ်လို့ရပါတယ် ပိုသက်သောင့်သက်သာဖြစ်တာနဲ့ခေါ်ပါ"

"အဲ့တာဆိုညီလေးဂျန်လို့ပဲခေါ်တော့မယ်"ချင်းယွီရယ်လိုက်သည်

"ဟားဟား အစ်ကိုချင်း ဒီလိုတည့်တိုးဆန်တာကိုပဲသဘောကျနေရတာပဲ ကျွန်တော်တို့ကသူငယ်ချင်းဟောင်းတွေလိုပဲနော် နန်ဂျန်းမြို့မှာကျွန်တော့်ကိုသုံးလို့ရမယ့်နေရာရှိရင်ခေါ်လိုက်ပါ "

"ဟုတ်ပြီညီလေးဂျန် ငါကအဲ့လောက်အသုံးဝင်တဲ့လူလည်းမဟုတ်ပါဘူးဟာ

မင်းနောက်ကြငွေရေးကြေးရေးအကူအညီလိုတာပဲဖြစ်ဖြစ် ရင်းနှီးမြှပ်နှံချင်တာဘာညာရှိရင်ခေါ်လိုက်လေ"

"ဟုတ်ကဲ့ပါ အဲ့တာဆိုမှတ်ထားလိုက်ပါ့မယ် အစ်ကိုချင်း"

"ဟိုင်း ချင်းကောကော ညီမနာမည်က ဇူယင်ပါ"ဂျန်ရှန်းဘေးကဆံပင်အပြာနဲ့ကောင်မလေးကနောက်ဆုံးတော့ဝင်နှုတ်ဆက်လာ၏...

ထန်ရှင်းက ဟိုတယ်ယူနီဖောင်းဝတ်ထားတယ်ဆိုပေမယ့် ရုပ်ရည်ကသူများထက်ပိုထင်းထွက်နေလေသည် ဒီလိုရုပ်ရည်မျိုးမှာသာမန်နှင့်မတူသည်မို့ ဂျန်ရှန်းသူ့ကိုအာရုံရောက်မိလေ၏

"မဂ်လာပါ မစ္စတာဂျန် ကျွန်မနာမည်ကထန်ရှင်းပါ မစ္စတာချင်းရဲ့ အထူးဝန်ဆောင်မှုပေးတဲ့လူပါ" ထန်ရှင်းသူ့ကိုယ်သူမိတ်ဆက်လိုက်တယ်

"အော် အဲ့တာဆို အစ်ကိုချင်းက အခုဟိုတယ်မှာနေနေတာပေါ့"

ချင်းယွီခေါင်းညိတ်ပြလိုက်ပြီး မေးလိုက်တယ်

"ငါ့ကားကိုဝပ်ရှော့က ယူသွားပြီဆိုတော့ ဘယ်လောက်ကြာဦးမှာလဲ မသိဘူး အဲ့တာကြောင့်မို့ ခနနေရရင်ကားသစ်ဝယ်မလို့ အဲ့တော့ညီလေးဂျန်ကိုပဲ အကူအညီတောင်းရတော့မှာပဲ ဒီလို သီးသန့်ထုတ်ပေးထားတဲ့ကားမျိုးဘယ်မှာဝယ်လို့ရမလဲ မသိဘူး...."

All Chapters