← Chapters

အခန်း (၂၆)

Vol. 2 Ch. 26

အခန်း (၂၆)

Vol. 2 Ch. 26

"ကြည့်ရတာ အစ်ကိုချင်းလည်း စပေါ့ကားတွေကြိုက်တဲ့ပုံပဲ မဟုတ်လည်း အစ်ကိုချင်းမှာ သိန်းချီတန်တဲ့ကားအကောင်းစားကြီးရှိနေတာပဲ ရိုးရိုးစပေါ့ကားလေးပဲဝယ်လိုက်တာမကောင်းဘူးလား အထူးသီးသန့်ထုတ်ထားတဲ့ကားတွေက ဈေးလည်းကြီးတယ် ပြီးတော့သုံးပြီးသားကားတွေပဲပြန်ဝယ်လို့ရတာ"

ချင်းယွီပြုံးကြည့်ပြီးတော့ ပြန်ပြောလိုက်သည်

"ငါ့ပုံစံက အဲ့လိုပဲလေ တစ်ခုခုဝယ်ပြီဆိုရင်အကောင်းဆုံးဆိုတာကိုပဲဝယ်တယ် ကားဆိုလည်းအဲ့လိုပဲ အထူးသီးသန့်ထုတ်ပေးထားတဲ့စပေါ့ကားတွေရှားတယ်လို့ကြားဖူးတယ် အဲ့တာကြောင့်မို့လို့ ညီလေးဂျန် ဆီမှာဝယ်ပေးလို့ရမယ့်နည်းရှိမရှိသိချင်လို့"

"သိပ်ဟုတ်တာပေါ့ မဟုတ်ရင်လည်းဘာလုပ်ဖို့ အိန်ဂျယ်ချီယင်ဆိုတဲ့ကားကို ဝယ်နေမှာပဲ အစ်ကိုချင်းတကယ့်လူမှန် ကိုလာမေးလိုက်တာပဲ သုံးပြီးသားကားတွေကို ပြန်ဝယ်ရောင်းလုပ်တဲ့ အသိအဒေါ်တစ်ယောက်တော့ရှိတယ် သူရောင်းတဲ့ကားတော်တော်များများက သိန်းရာချီလောက်ပဲရှိပေမယ့် အရည်အသွေးကတော့ကောင်းတယ် အထူးသီးသန့်ထုတ်ထားတဲ့ ကားတွေကိုလည်း သူ့ဆီမှာဝယ်လို့ရတယ် တကယ်ဝယ်ချင်တယ်ဆိုရင်သူ့ဆီခေါ်သွားပေးမယ်လေ ဒါပေမယ့်သွားရမှာနည်းနည်းတော့ဝေးတယ် နန်ဂျန်းရဲ့ ဒုန်ရှီခရိုင်မှာရှိတာ ဒီကနေဆိုရင် နာရီဝက် မိနစ်လေးဆယ်လောက်မောင်းရမှာ"

ချင်းယွီမေးလိုက်၏

"မင်းရဲ့အချိန်ကို ဖြုန်းမိသလိုများဖြစ်သွားမလား...?"

"ဟားဟား ရပါတယ် ဒီနေ့ဒီကိုလာတာလည်း ဒီတိုင်းအချိန်ဖြုန်းဖို့ပဲမို့အဆင်ပြေပါတယ်"

"အဲ့တာဆိုလည်း သွားကြတာပေါ့"

ချင်းယွီ ထန်ရှင်းကိုထပ်ပြီးေတာ့ခေါ်လိုက်ပြီး လူလေးယောက်လုံး ဟိုတယ်ရဲ့

၅၁ထပ်မြောက်က မိုးမျှော်စားသောက်ဆိုင်ကိုရောက်လာလေသည်

ခဏနေ ကားမောင်းရမှာဆိုတော့ အရက်မသောက်ဖို့လုပ်ထားပေမယ့် အရက်ပုလင်းနည်းနည်းတော့မှာလိုက်၏

ထို့နောက်ဂျန်ရှင်းသူ့လန်ဘိုဂနီကို မောင်းသွားခဲ့သည်

သူနဲ့လိုက်လာတဲ့ ဇူယင်ကတော့ဟိုတယ်ဂျင်ထဲကို ဝင်သွားပြီး သူတို့နဲ့ဆက်မလိုက်လာတော့ဘူး ချင်းယွီထန်ရှင်းမောင်းတဲ့ကားကို စီးပြီးလိုက်လာလိုက်သည် ကား၂စီးလုံးက ဒုန်ရှီခရိုင်က ကားအရောင်းဆိုင်ကို မောင်းလာခဲ့ကြ၏ ဟိုတယ်ဝင်ပေါက်မှာတော့ အက်စီးဒန့်ဖြစ်တဲ့ကား၂စီးလုံးကို သယ်သွားကြပြီ ဘေးကနေဝိုင်းအုံကြည့်နေတဲ့လူတွေဆိုသည်မှာလည်း မရှိတော့ပေ။ လမ်းမှာထန်ရှင်းကားမောင်းနေရင်း ဟိုတယ်မန်နေဂျာ မစ္စလီကိုသိလားလို့ မေးလိုက်မိသည်

"မင်းပြောတဲ့မစ္စလီဆိုတာ အထွေအထွေ မန်နေဂျာရဲ့ယောင်းမကိုပြောတာမဟုတ်လား သူ့ကိုလား... သေချာပေါက်မသိဘူးပေါ့" ချင်းယွီအံ့ဩပြီးတော့ပြောလိုက်သည်

ထန်ရှင်းကားမောင်းနေရင်း ကားစတီယာတိုင်ကိုတင်းတင်းဆုပ်ကိုင်မိသွားလေသည် သူမျက်လုံးထဲမှာလည်း စိတ်ပူနေတဲ့အရိပ်အယောင်တွေဖျတ်ကနဲပေါ်လာလေ၏

"သိပ်တော့မသိပါဘူး ဟိုတယ်မှာအလုပ်လုပ်ကတည်းကသူ့ကိုမတွေ့တာကြာပြီ"

"မစ္စလီလို့ခေါ်လိုက်တယ်ဆိုတော့အရင်ကတည်းက ရင်းနှီးတယ်နဲ့တူတယ်"

ချင်းယွီအဲ့လိုပြောလာတော့ ထန်ရှင်းခေါင်းငုံ့မိလိုက်လေ၏

"အရင်က ဟိုတယ်မှာအလုပ်မလုပ်ခင်က မိတ်ကပ်ပစွည်းအရောင်းဆိုင်မှာလုပ်ဖူးတယ်လို့ပြောဖူးတယ်လေ အဲ့ဒီတုန်းက မစ္စလီက ကုမ္ပဏီအထွေထွေမန်နေဂျာရဲ့မိန်းမလေ"

"အော် အဲ့တာကြောင့်မစ္စလီလို့ခေါ်တာကို..."

"မစ္စတာချင်းကရော ဘာလို့သူတို့နဲ့ထိုင်နေတာလဲ"

"တကယ်တမ်းဒီကိစ္စကနည်းနည်းတော့ပြောရရှည်တယ် " ချင်းယွီကားအက်စီးဒန့်ကိစ္စကနေစပြီး လျော်ကြေးကိစ္စအထိပြောပြလိုက်တော့ ထန်ရှင်းအကျယ်ကြီး အော်ရယ်မိသွားလေသည်

"တန်ပါတယ် မစ္စလီလိုလူမျိုးကသင်ခန်းစာပေးခံရသင့်တယ်လေ ဒါပေမယ့်နည်းနည်းတော့မကျေနပ်စရာပဲ တစ်ဖက်လူကဒီကိစ္စမှာမှားတာလေ အဲ့တာကိုCCTVကပျက်နေတယ် ကြည့်ရတာမစ္စတာမာလက်ချက်ပဲထင်တယ် ဟိုတယ်ရဲ့စီစီတီဗီက ပျက်တယ်ဆိုရင်တောင်မှ ဒီလောက်ကြီးတော့မတိုက်ဆိုင်နိုင်ဘူးလေ"

"ဟုတ်မှာပေါ့" ချင်းယွီထန်ရှင်းပြောတာကို ထောက်ခံလိုက်တယ် ဒါပေမယ့်တအားကြီးတော့ဂရုစိုက်မနေပါဘူး ပြီးတော့သူဆက်ပြီးတော့မေးလိုက်သည်

"မစ္စလီဆိုတဲ့လူအပေါ်တော်တော်အမြင်မကြည်တဲ့ပုံပဲ အရင် အလုပ်လုပ်တဲ့နေရာမှာ မင်းအပေါ်တစ်ခုခုအနိုင်ကျင့်လို့လား"

"အင်း အဲ့ကိစ္စက....ထားလိုက်ပါတော့" ထန်ရှင်းဆက်မပြောချင်တော့လို့စကားလမ်းကြောင်းလွှဲလိုက်တယ်

"ရှင့်ကားကသိန်းထောင်ချီတန်တယ်ဆို"

"ဒီကားဈေးကအဲ့လောက်တန်တယ်ပြောတာကိုဘာလို့မယုံကြတာလဲ"ချင်းယွီရယ်လိုက်မိတယ်

"ဒီတိုင်းမေးကြည့်ရုံပါ ယုံပါတယ် ဒီလောက်ထိဈေးကြီးမယ်လို့ထင်မထားရုံပါ စောစောသိရင် ဆင်းလာပြီး ကားမောင်းတာကိုကြည့်လိုက်မိမှာ" ထန်ရှင်းသက်ပြင်းချလိုက်မိ၏

တစ်နာရီလောက်ကြာတော့ ဒုန်ရှီခရိုင်က ချန်ယွမ်လမ်းကိုရောက်လာတယ် ပြီးတော့ကား၂စီးလုံးကားအရောင်းပြခန်းရဲ့မြေအောက်ထပ်မှာပါကင်ထိုးလိုက်ကြသည်

ငါ့ရှေ့မှာအခု ပေ[---]လောက်ကျယ်တဲ့ ၆ထပ်တိုက်ကြီးရှိတယ် အဆောက်အဦးတစ်ခုလုံးက မှန်တွေနဲ့ကာထားတာမို့ ကြည့်ရတာအထက်တန်းဆန်လွန်းနေတယ်

"တောင်ဘက်တိမ်တိုက်လမ်း"

ဒီစာကိုစာလုံးကြီးနဲ့နံရံပေါ်မှာထွင်းထားလေသည်

ကြည့်ရတာ ကားအရောင်းပြခန်းရဲ့ ဆိုင်နာမည်နဲ့တူတယ် ဆိုင်ရှေ့က နေရာကျယ်ကြီးမှာပါကင်ထိုးလိုက်ပြီးတော့ သုံးယောက်လုံး ကားထဲကနေထွက်လာကြပြီး ဆိုင်ထဲကိုဝင်လာခဲ့လိုက်လေသည် ဆိုင်တံခါးရှေ့မှာ အမျိုးသမီးဝန်ထမ်းတစ်ယောက်ရှိတယ် ဂျန်ရှန်းနဲ့ချင်းယွီကိုမြင်တော့ လာပြီးတော့ နှုတ်ဆက်လာသည်

"ဂျန်ရှင်းနဲ့ဒီဘက်က လူကြီးမင်းနဲ့ သခင်မလေးကိုနှုတ်ဆက်ပါတယ်"

"ရှီဝေ အဒေါ်ဘယ်မှာလဲ ဆိုင်ထဲမှာလား"

"သူဌေးယွမ်ကတတိယထပ်မှာ ဧည့်သည်နဲ့စကားပြောနေပါတယ် သွားပြောပေးရမလားရှင့်"

"ရတယ်နေနေ သူငယ်ချင်းတစ်ယောက်ကိုကားလာပြပေးတာ နောက်ကလိုက်ခဲ့နော် ကြိုက်တဲ့ကားတွေ့ရင်ယူလို့ရတယ်"

အဒေါ်မရှိဘူးလည်း ကြားလိုက်ရော ဂျန်ရှန်းတိတ်တိတ်လေးသက်ပြင်းချလိုက်သည်

"ကောင်းပါပြီ သခင်လေးဂျန်"

"အစ်ကိုချင်း အထဲဝင်ပြီးတော့ ကြိုက်တဲ့ကားရှိမရှိကြည့်လိုက်ကြတာပေါ့"

"အားနာပါတယ် ချင်းယွီပြောပြီးတော့ ဂျန်ရှန်းနောက်ကနေ လိုက်ခဲ့လိုက်သည်

ရှီဝေကတော့ တိတ်တိတ်လေး အံ့ဩနေမိသည် သူဂျန်ရှန်းဘယ်သူလဲသိပေမယ့် ဒီလိုသာမန်အဝတ်အစားမျိုးဝတ်ထားတဲ့လူတစ်ယောက်ကို သခင်လေးဂျန်က အစ်ကိုချင်းလို့ခေါ်နေတာကြီးက....

ဒီလူကသာမန်မဟုတ်လို့နေမှာပဲလို့တွေးလိုက်ပြီး ဒီလိုဧည့်သည်မျိုးကိုလည်း စိတ်ကျေနပ်အောင်လုပ်ပေးမှဖြစ်မယ်လို့ကိုယ့်ကိုကိုသတိပေးလိုက်တယ်

ပထမထပ်ကလော်ဘီထဲကိုဝင်ပြီး ဂျန်ရှန်းမိတ်ဆက်ပေးလိုက်သည်

"ဒါကပထမထပ် ဟောခန်းပါ ဒီမှာကားပေါင်းသုံးရာကျော်လောက်ရှိတယ် တစ်ချို့ကားတွေကတော့ ဘရမ်းအသစ်တွေ သိန်းငါးရာအောက်မှာရှိတယ် အဆင့်မြင့်ကားတွေနဲ့ စပေါ့ကားတွေသက်သက်ထားထားတဲ့နေရာလည်းရှိသေးတယ် ဒုတိယထပ်ကတော့ရုံးခန်းလေ အလုပ်အတွက်

စာရွက်စာတမ်းတွေနဲ့ ဆားဗစ်ပေးတဲ့နေရာ ပြီးတော့အသစ်ရောက်လာတဲ့ second ကားတွေကိုထားထားတယ် အထူးသီးသန့်ထုတ်ထားတဲ့ကားတွေ ဒါမှမဟုတ်လည်း အဆင့်မြင့်ကားတွေဆိုရင် သိန်း၅၀၀ကျော်ကျတယ် အဲ့လိုကားမျိုးတွေဆိုရင်တော့ တတိယထပ်နဲ့စတုတ္ထထပ်မှာထားထားတယ်"

ချင်းယွီ ရယ်ပြီးတော့ပဲ ပြောလိုက်မိသည် " ညီလေးဂျန်က ကားဆိုင်ကဝန်ထမ်းတွေထပ်ကို ပိုပြီးသိနေတာပဲ"

"ဒါပေါ့ ဒါကျွန်တော့်အဒေါ်ရဲ့ကုမ္ပဏီလေ ပုံမှန်လည်းဒီကိုလာပြီးတော့သူ့ကိုကူနေကြလေ သူငယ်ချင်းတွေကိုခေါ်လာပြီးကားတောင်ရောင်းဖြစ်သေးတယ် အသားကျနေတာလို့ပြောရမှာပေါ့ ဘယ်ကားကြိုက်လဲရွေးလိုက်လေ အစ်ကိုချင်းကိုဆိုရင်တော့ တိုက်ရိုက်လျော့ဈေးပေးလိုက်လို့ရပါတယ်"

"ဟုတ်ပြီလေ အဲ့တာဆိုအားမနာတော့ဘူးနော်" ချင်းယွီပေါ့ပေါ့ပါးပါးပဲပြန်ပြောလိုက်သည်။

တကယ်တမ်းသူ့အတွက်ကဒီလောက်ပိုက်ဆံလေးပဲဟာကို ဂရိုစိုက်နေစရာမလိုပါဘူး ဒါပေမယ့်လည်းတစ်ဖက်လူကအဲ့လိုပြောနေမှတော့သူအသာတကြည်လေးလက်ခံပေးရမှာပေါ့

အဲ့အချိန်မှာနောက်က ဂေါင်လန်ယုဂျယ်ရဲ့အသံကိုကြားလိုက်ရလေသည်

" ဆိုင်ကိုတောင်လာကြည့်ပေးတာပဲ ဂျန်ရှန်းအရမ်းတော်တာပဲ သားမလာကတည်းက အရောင်းပါးနေတာ"

ဂျန်ရှန်းအစကတော့ဂုဏ်ယူမိသွားပေမယ့် ခဏနေတော့ ခေါင်းခါပြီးမျက်နှာထားပြောင်းပြီးပြောလိုက်သည်

"ဒေါ်လေး ဧည့်သည်နဲ့ဈေးစကားပြောနေတာမလားဘယ်လိုလို့ရောက်လာတာလဲ"

"အင်း အဲ့ကိစ္စကပြီးသွားပြီ"

အဒေါ်ဖြစ်သူကပြုံးပြီးတော့ပြောလာသည်

"မင်း ဒေါ်လေးနဲ့တွေ့ရမှာကြောက်နေတယ်မလား ဒါပေမယ့လည်း ဒီအဒေါ်ကအချိန်မှီရောက်လာတာပဲနော့် မင်းနဲ့စာရင်းရှင်းစရာလေးတွေရှိသေးတယ်နော်"

" ဒေါ်လေးဒီနေ့ဖောက်သည်ကြီးနဲ့တွေ့ပေးဖို့လာခဲ့တာ"

"ဘာဖောက်သည်ကြီးလဲ မင်းဘေးကဟာလေးလား..?"

ဒေါ်လေးဖြစ်သူရဲ့ဘေးမှာရပ်နေတဲ့အပြာရောင်ရှပ်ကိုဝတ်ထားတဲ့လူကပြောလာခဲ့သည်။

အဲ့လူက တစ်ကိုယ်လုံးဘရမ်းတွေဝတ်ထားပြီး ဒီလူကဂျန်ရှန်းထပ်ငယ်တဲ့ပုံပေါ်ပြီး နည်းနည်းလည်းပိန်တယ်။

သူဂျန်ရှန်းကိုအထင်သေးတဲ့အကြည့်နဲ့ကြည့်နေခဲ့တယ်…

All Chapters