← Chapters

အခန်း (၂၇)

Vol. 2 Ch. 27

အခန်း (၂၇)

Vol. 2 Ch. 27

"ဇောင်ဇုန်ဘယ်လိုလို့ဒီရောက်နေတာလဲ" တစ်ဖက်လူကအေးတိအေးစက်ဖြစ်နေတာတွေ့လိုက်တော့ ဂျန်ရှန်းအသံဩဩနဲ့မေးချလိုက်သည်

"ဘာလို့လာလို့မရရမှာလဲ ဒါကားရောင်းတဲ့နေရာလေ ကားဝယ်ဖို့လာတာပေါ့"

"ကားဝယ်ဖို့..." ဂျန်ရှန်းလှမ်းကြည့်လိုက်ပြီး ဘယ်လိုကားမျိုးလဲ"

ဂျန်ရှန်းအဒေါ်ဖြစ်သူကိုလှမ်းကြည့်လိုက်ပြီး ပြန်ဖြေတာကိုစောင့်နေမိ၏

"သခင်လေးဇောင်ကကားဝယ်ဖို့လာတာပါ ဒါပေမယ့်ဈေးတအားများနေလို့မဝယ်နိုင်ဘူးလေ"

"အော်" ဂျန်ရှန်းပြုံးလိုက်ပြီးတော့ ပြောလိုက်လေသည်

"ကြည့်ပါအုံး ကားလေးတစ်စီးတောင်မဝယ်နိုင်ဘူး မစ္စတာဇောင်ဆိုတဲ့နာမည်နဲ့ မလိုက်ဘူးနော်"

သိန်းရာချီတန်နဲ့ကားကိုမဝယ်နိုင်တာ ပုံမှန်ပါပဲ သုံးပြီးသားကားကိုပြန်ရောင်းတဲ့နေရာက ဒီလောက်ဈေးကြီးရမယ်လို့ ဘယ်သူသင်ပေးထားတာလဲ ထုတ်ပြောဖို့တောင်ရှက်ဖို့ကောင်းတယ်"

"မင်း..."

ဂျန်ရှန်းရွဲ့ပြီးတော့ပြန်ပြောလိုက်တယ်

"အဲ့တော့ဘာဖြစ်လဲ ငါ့အဒေါ်ကားကငါ့ကားပဲ ပိုက်ဆံလည်းဖြေးဖြေးချင်းချေလဲရတယ် ငါတို့မိသားစုအကြောင်းတွေပြောစေချင်ရင်လည်းရတယ်"

"မင်းကိုကမတတ်နိုင်လို့ အမျိုးဆီကနေဝယ်ရတာမလား မစ္စယွမ်ကလည်းမင်းကိုအဲ့လောက်ဂရုစိုက်တာမှမဟုတ်တာ"

"မင်းတို့နှစ်ယောက်အဲ့လောက်ရန်ဖြစ်ချင်နေကြတာလား"

ဂျန်ရှန်းမျက်နှာလုံးဝတည်မထားနိုင်ဘူးအထူးသဖြင့်သူခနလေးတင်တွေ့ခဲ့တဲ့အစ်ကိုချင်းရှေ့မှာမို့ပိုပြီး အဆင်မပြေဘူး တကယ်တစ်ယောက်ယောက်ကိုရိုက်သတ်ချင်နေပြီ

သူနဲ့ဇောင်ဇုန်ကနန်ဂျန်းမြို့ရဲ့မိသားစုကြီးတွေဆီကနေမွေးလာခဲ့တာ ၂ယောက်လုံးရဲ့လုပ်ငန်းနယ်ပယ်ကလည်းတူတယ် အဲ့တာကြောင့်မို့အမြဲပြိုင်ဆိုင်နေကြတာ တွေ့လိုက်တိုင်းအာဏာပါဝါအပြည့်နဲ့ပြိုင်နေကြမို့ ၂ယောက်သားရဲ့ဆက်ဆံရေးကလည်းမကောင်းဘူး အထူးသဖြင့်လွန်ခဲ့တဲ့၂လတုန်းက နှစ်ယောက်သားလောင်းကစားကြီးတစ်ခုလုပ်ဖြစ်ခဲ့ပြီး ဂျန်ရှန်းကသူ့ဆီသိန်း၅ထောင်နီးပါးရှုံးတော့မလိုဖြစ်သွားတာ...

အဲ့ကိစ္စကြောင့်မလို့ သူ့မုန့်ဖိုးလည်းနည်းသွားပြီး စုတ်စုတ်ပြတ်ပြတ်နေနေရတာ

"ဂျန်ရှန်းမင်းဒီမှာရောထပ်လောင်းဦးမလို့လား" ဂျန်ရှန်းအဒေါ်သူ့ကြည့်ပြီး မေးလာခဲ့သည်

"ဟာတောင်းပန်ပါတယ် ဒေါ်လေးရယ် ကျွန်တော်ဘာမှမလုပ်ရဲတော့ပါဘူး"

ဇောင်ဇုန်ကတော့နောက်ဆုတ်နေလိုက်၏ သူဂျန်ရှန်းနဲ့ရန်ဖြစ်ဖူးတယ် ကံမကောင်းတာက တစ်ဖက်လူက ခပ်ေပျာ့ေပျာ့ လူစားမဟုတ်ဘူး သူတို့ရန်ဖြစ်တုန်းကဆို သူ့နှာခေါင်းကြီးကယောင်ပါသွားခဲ့တာ အဲ့ကတည်းကစိတ်ထဲမှာမကျေမနပ်ဖြစ်နေခဲ့တာ

"ဂျန်ရှန်း လာရှုပ်မနေနဲ့ ဒါမစ္စယွမ်ရဲ့ဆိုင်နော် ရန်ဖြစ်ရမယ်ဆိုရင်တောင်ငါမကြောက်ဘူး"

"အော် တကယ်လား မင်းကလာကစားချင်နေတာလား မင်းနဲ့အဆင့်မရှိရန်ဖက်ဖြစ်ဖို့မတန်ဘူး ဒါပေမယ့်ဘယ်သူပိုတော်လဲသိရအောင်တော့ထပ်ပြီးပြိုင်ချင်သေးတယ် အရင်တစ်ခေါက်ကကိစ္စအတွက်နဲ့ကြောက်ပြီထင်မနေနဲ့ နောက်တစ်ခါထပ်ပြီး စပေါ့ကားတစ်စီးဝယ်ပြီးတော့မှ ထပ်လာပြိုင်မယ်" ဂျန်ရှန်းရဲ့မျက်နှာက ပြိုင်ဆိုင်လိုစိတ်အပြည့်ဖြစ်နေခဲ့သည်

"ဟုတ်လား စောင့်နေပါ့မယ်" ပြောလဲပြီးရော ဇောင်ဇုန်ဆက်နေချင်စိတ်မရှိတော့တာမို့ ဂျန်ရှန်းရဲ့အဒေါ်ကိုပဲ နှုတ်ဆက်ပြီးပြန်ဖို့ပြင်ခဲ့သည်

"မစ္စယွမ် ဒါဆိုကျွန်တော်သွားလိုက်ပါဦးမယ် ကားပိုင်ရှင်ကိုသိန်း၇ထောင်ဆိုတာ များလွန်းတယ်လို့ ပြောပေးပါဦး သိန်း၃ထောင်လောက်နဲ့ရရင်တော့ ကျွန်တော့်ကိုပြန်ဆက်သွယ်ပေးပါ"

"ဟုတ်ပါပြီ "ဂျန်ရှန်းအဒေါ်ခေါင်းညိတ်ပြတော့ ဇောင်ဇုန်ဆက်မနေတော့ဘဲ ထွက်လာလိုက်တော့သည်

"ဘယ်လိုကားမျိုးက သိန်း၇ထောင်လောက်တန်တာလဲ ပြောဖို့တောင်မတတ်နိုင်တဲ့ပမာဏကြီး"

ဂျန်ရှန်းအေးအေးဆေးဆေးပဲပြောလာခဲ့သည်

"မိတ်ဆက်ပေးရဦးမယ် ဒါကျွန်တော့်အစ်ကိုကြီး ချင်းယွီပါ ကားဝယ်ဖို့လာခဲ့တာ"

"ဒါကျွန်တော့်ဒေါ်လေး ယွမ်ချောင်တင်ပါ ဒီဆိုင်ပိုင်ရှင်ပေါ့ လှတယ်မလား မြို့ရဲ့အလှဆုံးမိန်းကလေးလို့တောင်သတ်မှတ်ခံထားရတာလေ"

ချင်းယွီမျက်နှာပူလာပြီး ဟိုပွတ်ဒီပွတ်လုပ်လာခဲ့သည် နည်းနည်းလည်းရှက်သွားမိသေးပြီးမှနှုတ်ဆက်လာခဲ့၏

"မဂ်လာပါ မစ္စယွမ်"

"မဂ်လာပါ မစ္စတာချင်း" ယွမ်ချောင်တင်ပြုံးပြလိုက်ပြီး ချင်းယွီနဲ့လက်ဆွဲနှုတ်ဆက်လာခဲ့သည်

ချင်းယွီရှက်သွားမိတဲ့အကြောင်းအရင်းက သူယွမ်ချောင်တင်ကိုတွေ့တွေ့ချင်းရင်ခုန်သွားခဲ့မိလို့ တစ်ဖက်လူကအရမ်းလှတယ် သူ့အရပ်က ၁.၈မီတာလောက်ရှိမယ် မျက်နှာကလည်းတအားအထက်တန်းဆန်ပြီးတော့တခြားအမျိုးသမီးဆယ်လီတွေနဲ့တောင်မတူဘူး အဆင့်တန်းမြင့်တဲ့အလှမျိုးရှိနေတော့ ဒီလိုလူမျိုးရဲ့အလှကိုမြင်တဲ့လူတိုင်းရင်ခုန်မိမှာပဲ အထူးသဖြင့်ဂျန်ရှန်းရဲ့အဒေါ်ကအသက်၄၀တဲ့မတူဘဲအရမ်းလှနေတုန်းပဲမို့.....

"မစ္စတာချင်း သဘောကျတဲ့ကားမျိုးမရှိသေးဘူးဆိုရင် ကျွန်မအကြံပေးပါရစေ"ယွမ်ချောင်တင်ချိုချိုသာသာပြုံးပြလိုက်ပြီးပြောလိုက်တယ်

ယွမ်ချောင်တင်လည်းနည်းနည်းအံ့ဩသွားမိ၏

" ဆိုင်ဖို့ရောင်းဖို့လုပ်ထားတဲ့ကားအသစ်၂စီးရှိပေမယ့် အထူးသီးသန့်ထုတ်ထားတဲ့ကားတွေမို့ ကားအသစ်တွေထက်ကိုပိုပြီးဈေးကြီးသေးတယ်"

"ဈေးကကိစ္စမရှိတာမို့ လိုက်ပြပေးပါ" ချင်းယွီဒဲ့ပဲပြောလိုက်သည်

ယွမ်ချောင်တင်အံ့ဩပြီးတော့မျက်ခုံးတွေပါလှုပ်သွားခဲ့သည် မျက်နှာပေါ်မှာလည်းသိချင်စိတ်တွေအတိုင်းသားပေါ်လာခဲ့သည်

"အဲ့တာဆို စမိတ်ဆက်ပေးပါရစေ ပထမတစ်စီးကတော့လွန်ခဲ့တဲ့၆နှစ်ကထုတ်ထားတဲ့faraday rafa ကားအနီလေးပါ ပြီးတော့တစ်ကမ္ဘာလုံးမှာမှအစီး၅၀ပဲရှိတယ် မြင်းကောင်ရေအားက၉၆၃ ဈေးကတော့သိန်း၃၆၀၀ပါ

နောက်တစ်စီးကတော့Aston Martin Magicဆိုတဲ့ကားအဖြူလေးပါ လွန်ခဲ့တဲ့၃နှစ်ကထုတ်ထားပြီး တစ်ကမ္ဘာလုံးမှာမှ၇၇စီးပဲရှိပါတယ် မြင်းကောင်ရေအား၇၆၀နဲ့ ဈေးကတော့သိန်း၇၃၀၀ပါ"

ယွမ်ချောင်တင် ကားတစ်စီးကိုမိတ်ဆက်ပေးတိုင်းဂျန်ရှန်းစိတ်လှုပ်ရှားမိတာကိုမထိန်းနိုင်ဘူး သူကစပေါ့ကားရဲ့ဖန်အကြီးစားကြီးးး ကားပြိုင်ဖို့တောင်သူငယ်ချင်းတွေနဲ့တောင်စီစဉ်ဖူးတယ် ဒီလိုဈေးကြီးကြီးစပေါ့ကားတွေကိုလိုချင်တာပုံမှန်ပဲ ဒီလိုကားမျိုးကိုခနခနမြင်ဖူးပေမယ့် မိသားစုကတင်းကြပ်တော့ သူ့အသုံးစရိတ်ကသတ်မှတ်ခံထားရတာ အရင်တုန်းကဆိုတစ်လကိုယွမ်သိန်း၂ထောင်မုန့်ဖိုးရသည် ဒါပေမယ့်ဇောင်ဇုန်ကိုရှုံးကတည်းကသူစီးတဲ့စပေါ့ကားကလည်းပျက်စီးသွားတယ် လစဉ်မုန့်ဖိုးတွေလည်းလျော့သွားပြီး အကြွေးတွေပါတင်သွားခဲ့သည် အခုမောင်းနေတဲ့လန်ဘိုဂနီကလည်း ဒီကနေပဲဝယ်ထားခဲ့တာ ဈေးရဲ့သုံးပုံနှစ်ပုံပဲပေးထားရတယ် သူ့ဘဝကြီးကအရမ်းကိုခက်ခဲနေတာမို့ ဒီလိုစပေါ့ကားမျိုးကိုဝယ်ဖို့မဖြစ်နိုင်ဘူး...

"ဒေါ်လေးကျွန်တော့်ကိုစမ်းမောင်းခိုင်းပါ့လား"ဂျန်ရှန်းမနေနိုင်ဘဲမေးလိုက်မိသည်

"မဝယ်ရင်မထိတာပဲကောင်းပါတယ်"

ယွမ်ချောင်တင်ဂျန်ရှန်းကိုကြည့်လိုက်ပြီး ချင်းယွီဘက်လှည့်ပြီးမေးလိုက်တယ်

"မစ္စတာချင်း ကြိုက်တဲ့ကားမျိုးများရှိလားမသိဘူး"

ချင်းယွီခနလောက်ငြိမ်ပြီးမေးလာခဲ့သည်

"ခုနကဇောင်ဇုန်ဆိုတဲ့တစ်ယောက်ပြောတဲ့သိန်း၇ထောင်တန်ကားရှိသေးလား"

တကယ်တမ်းချင်းယွီကစပေါ့ကားတွေအကြောင်းသိပ်မသိပါဘူး သူဂရုစိုက်တာကားဈေးပဲ သူခနကကားလောက်ဝယ်ရင် စနစ်ထဲဝင်ဖို့ပိုက်ဆံမလောက်ဘူး အဲ့တာကြောင့်ဒီလောက်သိန်း[-------]ကိုသုံးမှစနစ်ထဲဝင်ဖို့လောက်မှာ ပြီးတော့စမ်းကြည့်ချင်စိတ်လေးလည်းရှိနေလေတော့...စနစ်ရဲ့လက်ဆောင်ပက်ကေ့ခ်ျကအမိုက်စားကြီး...သိန်း[------]လောက်ရှိတဲ့ပုံပဲ ကြည့်ရတာပိုက်ဆံပိုပြီးတော့များရလာမလားမသိဘူး ပြီးတော့သူလည်းဈေးဆအားကြီးတဲ့ကားမျိူးကိုမြင်ဖူးချင်နေ၏

"ဟုတ်ကဲ့ အဲ့ကားရှိပါတယ် ဒါပေမယ့်လေဈေးကြီးတဲ့ကားမျိုးကိုကြိုက်တာလား" ယွမ်ချောင်တင် ရှေ့နည်းနည်းတိုးလိုက်ပြီးသိချင်စိတ်နဲ့မေးလိုက်သည

ချင်းယွီဒီလောက်ဈေးကြီးတဲ့ကားမျိူးဝယ်နိုင်လို့မယ်လို့မထင်လို့လေ စောနကတင် စပေါ့ကား၂စီးရှင်းပြလိမ့်ပေမယ့် ဝယ်မယ်လို့တော့မတွေးထားမိဘူး

ဒီတိုင်းဝယ်မှာလည်းမဟုတ်ဘဲသူ့ကိုသက်သက်လာရှင်းပြခိုင်းနေတာပဲလား...?

All Chapters