← Chapters

အခန်း (၂၈)

Vol. 2 Ch. 28

အခန်း (၂၈)

Vol. 2 Ch. 28

"ဘယ်လိုကားမျိုးမို့အဲ့လောက်ဈေးကြီးနေရတာလဲ အစ်ကိုချင်းမပြောနဲ့ ကျွန်တော်တောင်အဲ့သိန်း၇ထောင်ကျော်တဲ့ကားကိုသိချင်မိတယ်" ဂျန်ရှန်းအလျင်စလိုပြောလိုက်မိသည်

ဂျန်ရှန်းတင်မဟုတ်ဘဲ သူ့နောက်ထန်ရှင်းလည်းသိချင်နေမိသည်

အဲ့လောင်တောင်ဈေးကြီးနေတဲ့ကားမျိုးကို ယောကျားလေးတွေမပြောနဲ့ မိန်းကလေးတွေပါ သိချင်မိ၏ အဲ့လောက်ဈေးကြီးတဲ့ကားမျိုး ဈေးကွက်ထဲမှာရှိမနေဘူးလေ

" လွန်ခဲ့တဲ့သုံးနှစ်တုန်းက နိုင်ငံခြားသားတစ်ယောက်ကဈေးကြီးပေးပြီးဝယ်ထားခဲ့တာ အခုသူ့ကုမ္ပဏီကငွေရေးကြေးရေးပြသာနာလေးတွေရှိလာလို့ ဘဏ်ကနေပိုက်ဆံချေးမရတာနဲ့ ထုတ်ရောင်းဖို့ဖြစ်လာတာ လွန်ခဲ့တဲ့သုံးနှစ်တုန်းကကားဖြစ်ပြီးသုံးစီးပဲရှိတာ နာမည်တွေလည်းမတူကြဘူး"ယွမ်ချောင်တင်ဖြေးဖြေးချင်းရှင်းပြပေးသည်

"တစ်ခုကBugatti ညနက်စီးရီးထဲက

အမှောင်ညရဲ့လေပြေ...ကားနာမည်လေ"

"အော်အမှောင်ညရဲ့လေပြေတဲ့လား အဲ့ကားဖြစ်နေတာပဲ Bugattiစီးရီးထဲကကားတွေကိုကြားဖူးတယ်လေ အမှောင်ညရဲ့လေပြေ အမှောင်ညရဲ့အသံနဲ့ အမှောင်ညရဲ့အရိပ်ဆိုတာတွေမလား" ဂျန်ရှန်းကြည့်ရတာ စပေါ့ကားတွေအကြောင်းကိုလေ့လာထားတဲ့ပုံပဲ

သူလည်းဝင်မပြောဘဲမနေနိုင်ဘူး

"ဒီကားကအင်ဂျင်က W16 မြင်းကောင်ရေအား၁၅၀၀ကျော်ရှိတယ် တစ်စက္ကန့်ကို၂.၃အမြန်နှုန်းနဲ့သွားနိုင်တယ်လေ ပြီးတော့ကားရဲ့ပုံစံကလည်းသူမတူအောင်ထူးခြားတယ် ဒီလိုကားမျိုးရှာဖို့မလွယ်ဘူး"

ယွမ်ချောင်တင်ဆက်ပြီးတော့ရှင်းပြသည်

"ဒီဘက်ကကားကိုကြတော့လွန်ခဲ့တဲ့၂ရက်ကမှပိုင်ရှင်လွှဲယူထားတာ အဲ့တော့တရားဝင်တော့မကြေညာရသေးဘူး လူချမ်းသာနည်းနည်းလောက်ကိုပဲလိုက်ပြောထားတာ ကားရဲ့ရောင်းစားအသစ်ကသိန်း၈ထောင် ပိုင်ရှင်ရဲ့ရောင်းဈေးကတော့သိန်း၇ထောင်ပဲ"

"ပိုင်ရှင်ကသိန်း၇ထောင်ပဲတောင်းတာကိုရောင်းဈေးကမများလွန်းဘူးလား"ဂျန်ရှန်းဈေးကိုကြည့်ပြီးမေးခဲ့သည်

"နင်ဝယ်မှာမဟုတ်ဘူးလေ"

"ဈေးကများလွန်းတယ် ကားသစ်ရဲ့နှစ်ဆလောက်ကိုရှိတယ် နည်းနည်းလောက်လျော့လို့မရဘူးလား" ဂျန်ရှန်းချင်းယွီကိုသက်သာစေချင်လို့ဈေးဆစ်ပေးလိုက်၏

ဒီလိုအိမ်မက်ထဲက ကားမျိူးကိုလူတိုင်းပိုင်ဆိုင်ချင်ကြသည် ဘယ်သူကမှအရူးတော့မဟုတ်ပါဘူး သိန်း၇ထောင်ကျော်ဆိုတဲ့ပမာဏက လူချမ်းသာမိသားစုက သူဌေးသားတွေမပြောနဲ့ တကယ့်ဘော့စ်အကြီးစားတွေတောင်အဲ့လောက်ကြီးမတတ်နိုင်ဘူး

"အရင်နှစ်ကသူဌေးတစ်ယောက် အမှောင်ညရဲ့ အသံကားကိုရောင်းတာတောင်မှ ယွမ်သိန်း၁ထောင်ပဲပေးရတာကို အမှောင်ညရဲ့လေပြေအတွက်က သိန်း၇ထောင်ဆိုတာကြီးက မများလွန်းဘူးလား"

ယွမ်ချောင်တင်လည်းဝန်ခံလိုက်သည်

"ဒါပေမယ့်ကားပိုင်ရှင်က ကုမ္ပဏီကငွေတအားလိုနေလို့ ဒီလောက်ဈေးအများကြီးတောင်းတာလေ သူလည်းဒီအချိန်မှာမှရောင်းမရရင်မရောင်းတော့ဘူးလို့ပြောထားတာ ဒီကားကိုမြင်တဲ့လူတိုင်းဝယ်ဖို့စိတ်ဝင်စားကြပေမယ့် အဲ့လောက်ဈေးအများကြီးကိုတော့မတတ်နိုင်ကြဘူး ပြီးတော့ခုဏလေးတင်ထွက်သွားတဲ့ဇောင်ဇုန်ဆိုရင် သိန်း၃ထောင်ဆိုဝယ်မယ်လို့ပြောသွားတယ်"

ယွမ်ချောင်တင်လည်းလေးလေးနက်နက်ပဲပြောပြလိုက်၏

သဘောကတော့ ဈေးကညှိပေးလို့မရဘူးဆိုတဲ့သဘောပေါ့။

"ဈေးသာညှိရရင်အစောကတည်းကရောင်းထွက်သွားမှာပေါ့"

"ဘာလို့အဲ့ကောင်တအားချမ်းသာနေရတာလဲ သိန်း၃ထောင်တောင်ပေးနိုင်တယ်"ဂျန်ရှန်းစိတ်တိုတိုနဲ့ပြောလိုက်တယ်

"နင်သူ့ကိုရှုံးသွားတဲ့သိန်း၅ထောင်နဲ့သူ့လက်ထဲမှာရှိတဲ့သိန်း၃ထောင်နဲ့ဆိုသူ့အတွက်အဲ့လောက်ခက်ခဲတဲ့ပမာဏမဟုတ်ဘူးလေ" ယွမ်ချောင်တင် ဂျန်ရှန်းကိုကြည့်ပြီးတော့အေးအေးဆေးဆေးပဲပြောလိုက်သည်

"နောက်တစ်ခါသူ့ဆီကသိန်း၅ထောင်ပြန်နိုင်စေရမယ်" ဂျန်ရှန်းအံကြိတ်ပြီးပြောတဲ့ချိန်...

"ကားကိုသွားကြည့်ကြည့်လိုက်ပါ မင်းကြိုက်ရင်ဝယ်မယ်"ဆိုတဲ့ချင်းယွီရဲ့အသံထွက်လာခဲ့သည်

ချင်းယွီအစကတည်းကဒီကားကိုဝယ်ဖို့စီစဉ်ပြီးသား တစ်ကမ္ဘာလုံးမှာမှ သုံးစီးပဲရှိတဲ့ကားလေ ပြီးတော့ကားတစ်စီးဆီတိုင်းရဲ့နာမည်ကလည်း မိုက်တယ် ဈေးကြောင့်တခြားသူတွေကလက်လျော့သွားရပေမယ့် သူ့အတွက်ကတော့မဟုတ်ဘူး

"အစ်ကိုချင်းတကယ်ကြီး အဲ့ကားကိုဝယ်မှာတော့ မဟုတ်ဘူးမလား "ဂျန်ရှန်းစိတ်လှုပ်ရှားသွားပြီးတော့မေးလိုက်မိသည်

ချင်းယွီမှာဒေါ်လာသိန်းချီရှိပြီးတော့ ဒီလောက်ဈေးကြီးတဲ့ကားကိုဝယ်လိုက်လည်း ဘာဖိအားမှမရှိဘူးဆိုတာ သူသိသည်

ချင်းယွီခေါင်းညိတ်ပြီးတော့ပြောလိုက်တယ် "ဒါပေါ့ မဝယ်ခင်တော့စိတ်ကျေနပ်အောင်ကြည့်ရမှာပေါ့"

"အစ်ကိုချင်းသာတကယ်ကြီးဒီကားကိုဝယ်လိုက်ရင်မိုက်ပြီပဲ ကျွန်တော်မဝယ်နိုင်ပေမယ့် ဟိုကလေးဇောင်ဇုန်ကိုနိုင်ပြီလေ အစ်ကိုကြီးဝယ်လိုက်တာသာသူသိရင်တအားစိတ်ညစ်သွားမှာ" ဂျန်ရှန်းမြှောက်ပြောပြီးတော့ပြုံးလိုက်သည်

"ဘာပဲဖြစ်ဖြစ်ပါ ဝယ်ပြီးရင်တော့ကျွန်တော့်ကိုပေးမောင်းဦးနော်"

"ဒါပေါ့ ဘာမှမဖြစ်ပါဘူး ဒါပေမယ့် မဝယ်ရသေးဘူးလေ စာချုပ်လည်းမချုပ်ရသေးဘူးလေ ကားပဲအရင်သွားကြည့်ကြရအောင်"

"အစ်ကိုချင်းသာဝယ်မယ်ဆိုအကုန်အဆင်ပြေအောင်လုပ်ပေးမှာပေါ့" ဂျန်ရှန်းအရမ်းကိုပျော်နေမိသည် ကြည့်ရတာချင်းယွီလည်းတကယ်ကားကိုဝယ်မယ့်ပုံပဲ။

ယွမ်ချောင်တင် ချင်းယွီနဲ့ဂျန်ရှန်းကိုမသင်္ကာသလိုကြည့်လိုက်သည်

"မစွတာချင်းတကယ်ကြီး ညနက်ရဲ့လေပြေကားကိုဝယ်ချင်တာမဟုတ်ဘူးမလား"

"ဒေါ်လေး အစ်ကိုချင်းရဲ့အရည်အချင်းကိုမေးခွန်းထုတ်နေစရာမလိုဘူး သူမောင်းတဲ့ကားဆိုဒေါ်လာသန်းချီတန်တဲ့အိန်ဂျယ်စီးရီးထဲကကားတွေ"

ယွမ်ချောင်တင်မယုံသင်္ကာဖြစ်နေတာတွေ့တော့ ဂျန်ရှန်းထပ်ပြီးတော့ရှင်းပြလိုက်၏

"အိန်ဂျယ်ချီယင်ကားဆိုသိန်းသန်းချီတန်မှာမဟုတ်ဘူးလား ငါ့လာလိမ်နေတာမလား"

"ဟာ သားကဘာလို့လိမ်ရမှာလဲ အစ်ကိုချင်းနာမည်ကြီးပြခန်းကနေသူကိုယ်တိုင်ဝယ်လာတာ"

အဲ့ကြမှယွမ်ချောင်တင် ချင်းယွီကိုခေါင်းညိတ်ပြီးတော့ ပြုံးပြလိုက်သည်

"အာ...တစ်ဆိတ်လောက်ပါမစ္စတာချင်း လေးထပ်ကိုကားကြည့်ဖို့ခေါ်သွားပေးပါ့မယ်"

"မစ္စယွမ်ကိုဒုက္ခပေးဖို့အချိန်ရောက်ပြီနဲ့တူတယ်"ချင်းယွီပြောလိုက်သည်

ပြီးတော့ဂျန်ရှန်းရှေ့ကနေမြန်မြန်သွားပြီးတော့ ဓာတ်လှေကားခလုတ်ကိုနှိပ်လိုက်သည် ပြီးတော့သူတို့တူတူလေးထပ်ကိုတက်သွားကြတယ်

ညနက်ရဲ့လေပြေကားက လေးထပ်ကအခန်းသေးသေးလေးတစ်ခုမှာပါကင်ထိုးထားတယ် မီးတွေဖွင့်ချလိုက်တော့ အနက်ရောင်ကာဗွန်ကားဘော်ဒီကို သန်းခေါင်ယံအချိန်မှာ မီးထိုးပြလိုက်သလိုဖြစ်သွားတယ် တကယ့်စူပါကားပါပဲ။

ဂျန်ရှန်းကားကိုကြည့်လိုက်ပြီးတော့ အံ့ဩသွားမိသည် ထူးခြားတဲ့ဒီဇိုင်း စူးရှနေလောက်တဲ့အရှိန်အဝါရှိပေမယ့် အထက်တန်းဆန်တယ် ဂျန်ရှန်းတွေ့ဖူးသမျှကားတွေထဲမှာအလှဆုံးပဲ။

ချင်းယွီစပေါ့ကားတွေအကြောင်းသိပ်မသိပေမယ့် ဒီကားကိုတော့မြင်မြင်ချင်း ချစ်မိသွားသည် ခဏလောက်ငေးကြည့်ပြီးတော့

"သူဌေးယွမ် ကျွန်တော်ကားကိုအစမ်းမောင်းကြည့်လို့ရမလား"

"ရတာပေါ့ "ယွမ်ချောင်တင် ရှီဝေ့ကို ကားသော့သွားယူခိုင်းလိုက်သည် ခဏကြာတော့ကားသော့ရောက်လာခဲ့သည် ဖုန်းဆိုဒ်ရဲ့တစ်ဝက်လောက်ရှိတဲ့ အနက်ရောင်ကားသော့လေး။ကားအဖွင့်အပိတ်ကိုLCDEနဲ့ပဲထိန်းချုပ်ထားသည်။

ကားစက်နှိုးလိုက်သည်နဲ့ အလွန်မိုက်သောကားမီးစပွင့်လာခဲ့၏ နားထောင်လို့ကောင်းတဲ့ကားဘီးသံက အခန်းတစ်ခုလုံးကိုပြည့်သွားသည်

ကားဘီးသံလည်းတဖြေးဖြေးလည်းမကြားရတော့တဲ့ထိတိုးသွားသည် နည်းနည်းလောက်ဆူသွားတယ်ဆိုရုံပါပဲ...

ချင်းယွီကားတစ်ကားကိုဖွင့်ပြီးတော့အထဲကိုသေချာဝင်ထိုင်လိုက်၏ ကားအရောင်နှင့်ပုံစံကိုကြည့်ရရင် လုံးဝမိုက်လွန်း၏ ဘာမှချို့ယွင်းချက်မရှိဘူး

ချင်းယွီစိတ်ကျေနပ်သွားပြီး ကားထဲကထွက်ကာ ကားတံခါးကိုပိတ်လိုက်သည်

အဲ့အချိန်ကြမှပဲ လူတိုင်းသူ့ကိုကြည့်နေတာသတိထားမိသွားတော့သည်

"ဘာလို့လာကြည့်နေကြတာလဲ ကျွန်ေတာ့်မျက်နှာပေါ်မှာပန်းများကပ်နေလို့လား"ချင်းယွီရှက်ရှက်နဲ့မေးလိုက်သည်

ဒီညနက်လေပြေကားက ဘေးပတ်ပတ်လည်မှာရှိနေတဲ့လူတွေကိုအကုန်အံ့ဩသွားစေသည် သူ့ရဲ့ပုံစံကြောင့်တင်မဟုတ်ဘူး သိန်း၇ထောင်ဆိုတဲ့ဈေးကြောင့်ရောပဲ တစ်ကမ္ဘာလုံးမှာဈေးအကြီးဆုံးကားလို့တောင်ပြောလို့ရသည် သာမန်မိသားစုကနေပေါက်ဖွားလာတဲ့ ထန်ရှင်းနဲ့ရှီဝေအတွက်ဒီနံပါတ်ကတအားများလွန်းနေ၏

သူတို့ဘယ်တော့မှ ယှဉ်လို့မရနိုင်တဲ့ ချမ်းသာမှုမျိုးပဲ...။

"အစ်ကိုချင်း ဘယ်လိုသဘောရလဲ ကားကိုသဘောကျရဲ့လား" ထန်ရှင်းစိတ်လှုပ်ရှားစွာနဲ့မေးလိုက်သည် သူကားကိုမြင်တော့အံ့ဩလွန်ပြီး မျက်လုံးပါပြူးသွားသေးသည် သူဒီကားကိုတကယ်မောင်းကြည့်ချင်၏ ဇောင်ဇုန်ဒီကားကို သိန်း၃ထောင်နဲ့ဝယ်ချင်တာမဆန်းပါဘူး...

ချင်းယွီပြုံးပြီးတော့ပြောလိုက်တော့သည်။

"ဒီကားပဲ ယူမယ်..."

All Chapters