← Chapters

အခန်း (၂၉)

Vol. 2 Ch. 29

အခန်း (၂၉)

Vol. 2 Ch. 29

"ဟားဟား အစ်ကိုချင်းကို ဒီနေ့ခေါ်လာလိုက်တာ မှန်သွားပြီပဲ"ဂျန်ရှန်းအရမ်းပျော်သွားပြီးတော့ပြောလိုက်သည်

ထန်ရှင်းလည်း ချင်းယွီကိုကြည့်ပြီးတော့စိတ်လှုပ်ရှားမိသည် သူချင်းယွီနဲ့သိပ်အဆက်အဆံမရှိပေမယ့် ချင်းယွီမှာပိုက်ဆံအများကြီးရှိနေလိမ့်မယ်လို့ တွေးလိုက်မိသည် ဘယ်လောက်ပဲသူနဲ့ပတ်သက်ပြီးတော့အထင်ကြီးခဲ့ပေမယ့်လည်း အခုသူအထင်ကြီးတာတွေကနည်းနေတယ်ဆိုတာ နားလည်လိုက်ရတာပဲ

ရှီဝေကပိုတောင်အံ့ဩသွားရသေးတယ် သူအစောကတည်းကချင်းယွီကိုအထင်မသေးဖူးဘူး ဒါပေမယ့်သူထင်ထားတာပိုပြီးတော့ကိုလွန်နေတယ်

ယွမ်ချောင်တင်ကတော့တည်တည်ငြိမ်ငြိမ်ပါပဲ ချင်းယွီညနက်ရဲ့လေပြေကားကိုဝယ်မယ်ဆိုတာက သူထင်ထားတာထက် အံ့ဩသွားမိတာတော့မရှိဘူး

"မစ္စတာချင်း ဒီကားရဲ့ဈေးက သိန်း၇ထောင်ပါ ဈေးကိုလက်ခံနိုင်လားမသိဘူး"

ချင်းယွီပြန်ဖြေလိုက်သည်

"ရတာပေါ့ ယူမယ်လို့ဆုံးဖြတ်လိုက်ကတည်းက ဈေးနဲ့ပတ်သက်ပြီး ဘာစိတ်မှမရှိဘူး ကားပိုင်ရှင်ကလည်းဈေးမှ မလျော့နိုင်တာ ဘာလို့စိတ်ရှုပ်ခံနေရမှာလဲ"

ယွမ်ချောင်တင်ပြုံးပြုံးလေးနဲ့ပဲ ဆက်ပြောလိုက်သည်

"မစ္စတာချင်းကတကယ့်ကို သတ္တိရှ်ိတာပဲ ဒါပေမယ့်တစ်ခုပြောဖို့မေ့သွားတယ်"

သူမ ခဏလောက်ရပ်လိုက်ပြီးဆက်ပြောလိုက်သည်

"ကားတန်ဖိုးကတော့ သိန်း၇ထောင်ဆိုပေမယ့် ၅% လွှဲပြောင်းခပေးရပါဦးမယ် ငါးရာခိုင်နှုန်းအဖြစ် သိန်း၈၅၀ကျသင့်ပါတယ် အဲ့လွှဲပြောင်းခထဲမှာ စာရင်းသွင်းတာတွေ မှတ်ပုံတင်တာတွေ အကုန်ပါပေမယ့် ကားအာမခံခတော့မပါပါဘူး"

"အော်....." ချင်းယွီတိတ်တိတ်လေးတစ်ခုတွေးမိသွားတယ်

ဒီဆိုင်ကတော်တော်လေး ရိပ်တယ်ဆိုတာပဲ။

သိန်း၈၅၀ဆိုတာ အမြတ်ငွေပမာဏလောက်ပဲ တွေးရင်တော့မှသူအရင်တုန်းကလုပ်တာတောင် တစ်နှစ်လုံးမှသိန်း[---]လောက်ရတာပဲ။

"အဲ့တာဆို အကုန်အပြီးစီးဘယ်လောက်ကျမလဲတွက်ပေးပါ"

ယွမ်ချောင်တင် စိတ်ထဲကနေပဲ တွက်ပြီးပြောလိုက်သည်

"ကားအာမခံကသိန်း၁၈၀ပါ အဲ့တာကြောင့်စုစုပေါင်းဆိုသိန်း၉ထောင်...အစွန်းအထွက်နဲ့ဆို၉၀၃၀ကျသင့်မှာပါ

ချင်းယွီစကားပြောတာရပ်ပြီးတော့ကျသင့်ငွေကိုပေးလိုက်သည်။

သိန်း၉ထောင်ကျော်ပေးလိုက်တယ် ပိုရင်လည်းပိုနေမှာပေါ့ ဘာဖြစ်လဲ ငွေသုံးလေလေပိုရလေလေဖြစ်တာပဲကို

ယွမ်ချောင်တင်ချင်းယွီငွေချေတော့မယ်လည်းဆိုရော လောဘကြီးတဲ့ပုံမပေါက်ချင်လို့ ပြုံးပြီးပဲပြောလာသည်

"မစ္စတာချင်းက အရမ်းလောတာပဲ ဒါပေမယ့်ကားပိုင်ရှင်ကိုအရင်ဆုံးဆက်သွယ်ဖို့လိုသေးတာမို့ ခဏလောက်စောင့်ပေးပါ ခဏလောက်ပါပဲ "

"ဟုတ်ကဲ့ ရပါတယ်"

အဲ့လိုပြောပြီးတော့ယွမ်ချောင်တင်နောက်ဆုတ်လိုက်ပြီး သူဖုန်းကိုယူပြီးဖုန်းခေါ်လိုက်သည်

"မစ္စတာချင်း တကယ်ကြီးဒီကားကိုဝယ်လိုက်ပြီပဲ"ထန်ရှင်းရောက်လာပြီးတော့ မေးလိုက်သည်

ဒီကားကသူမြင်ဖူးသမျှကားတွေထဲမှာဈေးအကြီးဆုံးပဲ ပြီးတော့သူသာဆိုရင် တစ်နှစ်စာကားအာမခံသာတတ်နိုင်မှာမဟုတ်ဘူး

"ကားကိုကြိုက်လို့လေ"

"ဒါပေမယ့်သိန်း၉ထောင်နီးပါးကို ဈေးညှိရင်ရမှာကို မစ္စယွမ်ပြောတာဆို အရင်ရက်ကညှိထားတဲ့ဈေးက သိန်း၃ထောင်ကျော်တဲ့လေ ဈေးညှိပြီးသိန်း၃ထောင်လောက်နဲ့ရရင် ပိုက်ဆံအများကြီးမကုန်တော့ဘူးပေါ့" ထန်ရှင်းနောင်တရနေတဲ့လေသံနဲ့ပြောလိုက်သည်

"မင်းပြောတာလည်းမှန်ပါတယ်"ချင်းယွီသူပြောတာကိုငြင်းလို့မရဘူး။

"ဒါပေမယ့်အဓိကအချက်က ဒီကားကတော်တော်ရှားတာလေ ဒီဈေးနဲ့ရတာကိုလွတ်သွားပြီးအခြားတစ်ယောက်ကဝယ်သွားရင်နှမြောလို့ကောင်းတာပေါ့"

ထန်ရှင်းဘာပြန်ပြောရမလဲမသိလိုက်အောင်ကိုဖြစ်သွားတယ် ကြည့်ရတာသူအပိုတွေပြောလိုက်မိပြီနဲ့တူတယ် သူများကဖြင့်ဒီလောက်ပိုက်ဆံလေးကိုတဲ့...

"အစ်ကိုချင်း ဝယ်ပြီးရင် ညီလေးကို ခဏလောက်ပေးမောင်းဖို့မမေ့နဲ့နော်"ဂျန်ရှန်းပြောလိုက်သည်

"ရတာပေါ့ ကြိုက်သလောက်မောင်းလို့ရတယ်" ချင်းယွီရိုးရိုးရှင်းရှင်းလေးပဲကတိပေးလိုက်သည် ပြီးတော့ဂျန်ရှန်းကသူ့ကိုဒီနေ့အများကြီးကူညီပေးထားတာလေ အိန်ဂျယ်ချီယင်ပြင်ပြီးသွားရင်လည်း အဲ့ကားကိုမောင်းဦးမှာလေ

ထိပ်တန်းအဆင့်ကားမျိုးကခဏခဏမောင်းလည်း ဘာမှမဖြစ်ပါဘူး ဒါပေမယ့်အဲ့လိုကားကို ခဏခဏမောင်းရတာကသူ့ပုံစံမကိုက်ဘူး

"ဟီး အစ်ကိုချင်းဆီက ဒီလိုပြောခံရတာဝမ်းသာလိုက်တာ"ဂျန်ရှန်းပျော်ပျော်ရွှင်ရွှင်ရယ်ရယ်မောမောပြောလိုက်သည်

သူဒီကားကိုမောင်းနေတဲ့သူ့ပုံစံကိုတောင်စိတ်ကူးယဉ်မိနေသည် သူဒီကားသာမောင်းထွက်လာလို့ကတော့ အကုန်အံ့ဩသွားကြမှာ အထူးသဖြင့်ဇောင်ဇုန်ဆိုတဲ့ သောက်ကလေးပေါ့ သူသာအဲ့သောက်ကလေးရှေ့ဒီကားသာမောင်းပြလိုက်ရင် ဘယ်လိုတောင်ဖြစ်သွားမလဲမသိ....

"မစ္စတာချင်း ကျွန်မကားပိုင်ရှင်နဲ့ ဖုန်းပြောပြီးသွားပါပြီ။ အဲ့တာကြောင့်အခုစာချုပ်ချုပ်လို့ရပါပြီ ဒါပေမယ့် ဟိုဘက်ကတောင်းဆိုတာလေးတွေရှိနေပါတယ် သူ့ဘက်ကမစ္စတာချင်းရဲ့ စာချုပ်အချက်အလက်လေးတွေကိုတောင်းနေပါတယ် မစ္စတာချင်းသဘောတူရင် ကျွန်မလွှဲပေးလိုက်ပါမယ်"

"ရပါတယ် ဘာမှမဖြစ်ပါဘူး ခဏနေရင်ဖုန်းနံပါတ်ပေးလိုက်မယ်လေ" ချင်းယွီဒီကိစ္စတွေကိုဂရုစိုက်မနေပါဘူး

"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်"ယွမ်ချောင်တင်ကျေးဇူးတင်စကားပြောလိုက်ပြီး

"ဒီဘက်ကိုလာခဲ့ပေးပါနော် ရုံးခန်းထဲအရင်သွားရအောင် ကုမ္ပဏီကစာရွက်စာတမ်း စီစဉ်တဲ့လူနဲ့တွေ့ပြီးရင်ငွေလွှဲပြောင်းပေးလို့ရပါပြီ"

"ဟုတ်ပြီ" ချင်းယွီပြောလိုက်တယ်

စကားပြောပြီးတော့အကုန်လုံး ကားအရောင်းပြခန်း ဘက်ကနေထွက်ပြီးတော့ ဘေးမှာရှိတဲ့ရုံးခန်းထဲကိုဝင်သွားလိုက်ကြသည် ခဏအကြာမှာတော့ ဆိုင်ရဲ့ငွေကြေးဆိုင်ရာဝန်ထမ်းရောက်လာခဲ့သည် စာချုပ်လဲချုပ်ပြီးသွားပြီး ငွေချေတာလည်းအောင်အောင်မြင်မြင်ပြီးဆုံးသွားသည်

ငွေချေပြီးတော့ ချင်းယွီလည်း ချမ်းသာပြီးတော့ အံ့ဩစရာကောင်းတဲ့ရုပ်ရှိရေလျှံကောင်လေးတစ်ယောက်ဖြစ်လာသည်

အဲ့ကစပြီး ညနက်လေပြေဆိုတဲ့ကားက ချင်းယွီအပိုင်ဖြစ်လာပြီ သူဒါပြီးတော့ချက်ချင်းတန်းမောင်းသွားလို့ရပြီ

သိန်းထောင်နဲ့ချီတဲ့ပမာဏကို ဘဏ်နဲ့လည်းမဟုတ် ငွေသားနဲ့လည်းမဟုတ်ပဲနဲ့ ခရက်ဒစ်ရှ် ကဒ်နဲ့ချေသွားတာ တည်တည်ငြိမ်ငြိမ်ပဲ

ထန်ရှင်း ရှီဝေ နဲ့ ယွမ်ချောင်တင်တောင်မှ ချင်းယွီကိုအပိုင်လိုချင်တဲ့အကြည့်တွေနဲ့ကြည့်နေကြသေးသည်

ရုပ်ချောတဲ့ကောင်လေးတစ်ယောက်...

ပိုက်ဆံလည်းအပုံလိုက်ရှိတယ်

ချင်းယွီ ဘလက်ခ်ကဒ်နဲ့ငွေချေဖို့လုပ်တုန်းကဆို ယွမ်ချောတင်ရင်တွေပါခုန်မိသွားသည်

တစ်ခုခုကိုပြောချင်ပေမယ့်သည်းခံလိုက်ပြီး နှလုံးခုန်ငြိမ်အောင်လုပ်လိုက်သည်...

ကားအာမခံကိစ္စဘာညာတွေလည်းဆိုင်ကအကုန်လုပ်ပေးတာဆိုတော့ချင်းယွီ ကိုယ်ရေးအချက်အလက်အနည်းအကျဉ်းဖြည့်လိုက်ရုံပဲ

အကုန်လုံးပြီးသွားတော့ ယွမ်ချောင်တင်ကသူ့ရဲ့လုပ်ငန်းကဒ်ကိုထုတ်ပေးပြီးတော့ ကလပ်ရဲ့(အဖွဲ့ကိုဆိုလိုတာပါ not night club🥲)ရဲ့အဖွဲ့ဝင်ကဒ်ပါထုတ်ပေးလိုက်သည်

ဂျန်ရှန်းအဖွဲ့ဝင်ကဒ်ကိုလည်းမြင်ရောအားကျပြီးပြောလာသည်

"ထိပ်တန်းကဒ်မလားဒါကြီးက တိုက်ရိုက်နန်ဂျန်းမြို့ရဲ့ ထိပ်တန်းကလပ်မလား နန်ဂျန်းကလပ်ရဲ့ဇီချင်ကဒ်လေ တကယ့်စီးပွားရေးလုပ်ငန်းရှင်တွေတောင်မှဒီကဒ်ရှိတာမဟုတ်ဘူး ဒေါ်လေးက ဒီကဒ်ထဲကထိပ်တန်းအဖွဲ့ဝင်တစ်ယောက်လေ သူ့ကိုဒီကဒ်ပေးပါလို့တောင်းတာကြာလှပြီ အဲ့တာကိုမပေးဘဲ အစ်ကိုချင်းကြခုမှေတွ့တာကို တန်းထုတ်ပေးတယ်"

မြို့တောင်ပိုင်းကလပ်....?

သူဒီကဒ်ကိုမြင်ဖူးတာပထမဆုံးပဲအဲ့တော့ ဘာမှနားမလည်ဘူး။

All Chapters