← Chapters

အခန်း (၃၀)

Vol. 2 Ch. 30

အခန်း (၃၀)

Vol. 2 Ch. 30

"ဒီကလပ်မှာ နန်ဂျန်းမြို့က စီးပွားရေးလုပ်ငန်းရှင်တွေ ၈၀%လောက်ပါတယ် နန်ဂျန်းရဲ့တခြားနယ်ပယ်အသီးသီးကလူတွေလည်းပါတယ် ဒီဇီချင်ကဒ်ကိုရှိတဲ့လူပမာဏက၃၀တောင်မပြည့်ဘူး"

ဂျန်ရှန်းရှင်းပြလိုက်တော့ချင်းယွီကဒ်ရဲ့တန်ဖိုးကိုလည်းနည်းနည်းနားလည်သွား၏

ဒါနဲ့ဆိုရင်နန်ဂျန်းရဲ့အချမ်းသာဆုံး အသိုင်းအဝန်းထဲမှာဝင်ဆံ့နိုင်သည် ဒီလိုသာဆို ယွမ်ချောင်တင်ဆိုတဲ့ အမျိုးသမီးက သုံးပြီးသားကားပြန်ရောင်းတဲ့သူသာသာပဲ မဟုတ်ဘူးေပါ့

"မစ္စယွမ်ခင်ဗျ ဒီလိုကဒ်မျိုးပေးလို့ကျေးဇူးတင်ပါတယ်" ကဒ်အကြောင်းသိသွားတော့ချင်းယွီ ကျေးဇူးတင်စကားပြောလိုက်သည်

"ရပါတယ် မစ္စတာချင်း ကျေးဇူးတင်ချင်ရင်ခနခနဆိုင်ကိုလာလည်ပေးပါ"ယွမ်ချောင်တင်ပြုံးလိုက်ပြီး

"မဟုတ်ရင်လည်း ကျွန်မကိုအမလို့ပဲခေါ်လေ ကျွန်မလည်းမစ္စတာချင်းကိုမောင်လေးလို့ပဲခေါ်ပါ့မယ်"လို့ ပြောလာ၏။

အင်း...သူ့ကိုပြုံးပြီးပြောလာတဲ့ ယွမ်ချောင်တင်ရဲ့အပြုံးထဲမှာအကြံအစည်တစ်ခုခုရှိနေတယ်လို့ချင်းယွီခံစားမိလိုက်ရသည်။

"အာ....မစ္စတာချင်းမခေါ်ချင်လည်းရပါတယ် ကျွန်မကမစ္စတာချင်းရဲ့အမဖြစ်ဖို့မထိုက်တန်ဘူးပေါ့" ယွမ်ချောင်တင်ဒေါသသံလေးစွက်ပြီးပြောလိုက်၏။

"ဟုတ်ပါပြီ အဲ့တာဆိုလည်း အမယွမ်လို့ပဲခေါ်ပါ့မယ်"ချင်းယွီဘာမှမတတ်နိုင်ပဲခေါ်လိုက်ရတော့သည်။

လှလှပပအမတစ်ယောက်ရှိတာလည်းမဆိုးပါဘူးလို့ချင်းယွီတွေးလိုက်၏။

"ဟုတ်ပါပြီ အမဖြစ်သွားပြီဆိုတော့နောက်ကြခဏခဏဆက်သွယ်ရမယ်နော် ကိစ္စရှိရင်ဆက်သွယ်လိုက်ပါ"

"ဟုတ်ကဲ့ပါအမယွမ်"

"အစ်ကိုချင်းက ဒေါ်လေးကိုအမတော်လိုက်တော့ ကျွန်တော်ကအစ်ကိုချင်းကိုဘယ်လိုခေါ်ရတော့မှာလဲ"ဂျန်ရှန်းစိတ်ဓာတ်ကျသွားသည်။

"အစ်ကိုချင်းလို့ပဲခေါ်ရင်ရပါပြီ" ချင်းယွီမြန်မြန်ပဲပြန်ပြောလိုက်၏။

ယွမ်ချောင်တင်နဲ့သူ့ရဲ့ ဆက်ဆံရေးကြောင့်သူကြားကနေပြသာနာမတက်ချင်ပါဘူး...

နည်းနည်းလောက်ဆက်ပြောပြီးတော့ချင်းယွီဆိုင်ကေန ထန်ရှင်းနဲ့အတူထွက်လာလိုက်သည်

ခုချက်ချင်းညနက်လေပြေကားကိုဝယ်ခဲ့ပေမယ့် မှတ်ပုံတင်တာတွေ လိုင်စင်ကဒ်ေတွ အလွှဲအပြောင်းတွေလုပ်ဖို့က ရက်ပိုင်းလောက်ကြာဦးမှာ ဒါတွေအကုန်ပြီးတော့မှ အတူကားလာယူဖို့သူဆုံးဖြတ်လိုက်တယ်။

"မေးလို့ပြောတာနော်"ဂျန်ရှန်း သူနန်းဂျန်းဟိုတယ်ကိုရောက်တော့ ဘာတွေဖြစ်ခဲ့လဲဆိုတာပြန်ပြောပြနေသည်။

ချင်းယွီကအထူးသီးသန့်ထုတ်ထားတဲ့ကားမျိုးကိုတောင်စီးနိုင်တဲ့အကြောင်း လိုချင်လို့ဝယ်တာဖြစ်တဲ့အကြောင်းတွေပါပြောပြလိုက်တယ်။

ဒါတွေကြားတော့ ယွမ်ချောင်တင်ခေါင်းညိတ်ပြီး

"အင်း အမြဲတမ်းပေါက်ကရတွေပဲလုပ်နေတဲ့လူက ဒီနေ့တော့တည်တည်တံ့တံ့တစ်ခုလုပ်လိုက်နိုင်တာပဲ ဘာပဲဖြစ်ဖြစ် အစ်ကိုချင်းကိုတန်ဖိုးထားရမယ်နော်"

"ဘာလို့လူကိုဆိုအမြဲအလေလိုက်နေတယ်ပဲပြောနေကြတာလဲ တစ်ခါတစ်လေကြ ဒီလာကူတာပဲကို"

"တော်စမ်းပါဟယ် ငါ့အမကြောင့်သာမဟုတ်ရင် နင်လာပြီးပြသာနာမရှာပါစေနဲ့ပဲဆုတောင်းနေရတာ ပြီးတော့ဒီကိုလာတယ်ဆိုတာလည်း နင့်အဖေနင့်ကိုကုမ္ပဏီမှာဝင်ပြီးအလုပ်မခိုင်းအောင်ပဲလေ ဒီမှာနင်စိတ်ရင်းနဲ့လုပ်တာဆိုလို့ ဘာမှမရှိဘူး " ယွမ်ချောင်တင် ဂျန်ရှန်းကိုပြောလိုက်၏။

"ဘာပဲဖြစ်ဖြစ် ဒီနေ့ချင်းယွီကိုခေါ်လာပေးတာတော့တကယ်တော််တယ်"

"တကယ်ပါပဲ ဒေါ်လေးရယ်အဲ့တာကိုပြောမပြီးတော့ဘူး ဟီးဒါနဲ့အစ်ကိုချင်းကို ဒီနေ့ကားလာဝယ်အောင်လို့ ပြောခဲ့ရတာနော် အဲ့တာကျွန်တော်ရော ကော်မရှင်ခရမှာလား"ဂျန်ရှန်းပြုံးပြီးမေးလိုက်သည်။

"အဟင်း ပြောတာပဲ သိန်း၁၅၀တော့ပေးမယ် ရတယ်မလား"

"တကယ်!!!" ဂျန်ရှန်းလဲကျမလိုတောင်ဖြစ်သွားတယ်။

"ဟီးလောက်တာပေါ့ ကျွန်တော့်ကိုကောင်းကောင်းဆက်ဆံနော်"

ယွမ်ချောင်တင်ပြုံးပြီးတော့ ပြောလာသည်

"နင်လန်ဘိုဂနီ နောက်ဆုံးအရစ်ချေရမှာနဲ့ဆိုအကျေပဲလေ"

ဂျန်ရှန်းပြုံးနေတာတွေတန့်သွားတော့၏။

"အော်....!"

"ဘာလို့လဲအရင်ပေးလေ ပြီးမှကားဖိုးကပေးမယ်လေ အခုပိုက်ဆံမရှိပဲနေရတာတကယ်နေရခက်ပါတယ်ဆိုမှပဲ"

"ရွေးစရာ၂ခုရှိမယ် ကားဖိုးကိုဖြေးဖြေးချင်းသွင်းရမယ် ကော်မရှင်ခမရဘူး

ကားဖိုးလဲကျေပြီး ကော်မရှင်ကိုခုရမယ်" ယွမ်ချောင်တင်အားပါပါပြောလိုက်သည်။

"အဲတာဆိုလည်းဒုတိယတစ်ခုပဲပေါ့" ဂျန်ရှန်းဘာမှရွေးမရတော့ဘဲပြောလိုက်ရတော့တယ်။

"နင်ပြောတာနော် အေး"

"ဒါနဲ့ ဒေါ်လေးကျွန်တော်မေးချင်တာတစ်ခုရှိတယ် အစ်ကိုချင်းနဲ့ခုမှတွေ့တာကိုဘာလို့ ဇီချင်ကဒ်အထိပါထုတ်ပေးလိုက်တာလဲ ဒေါ်လေးလက်ထဲမှာအဲ့ကဒ်ကအများကြီးမရှိဘူးမလား ပြီးတော့အဲ့ကဒ်ကိုလိုချင်တဲ့လူတွေလည်းအများကြီးကို....နေဦး မဟုတ်မှလွဲရော အစ်ကိုချင်းကိုမြင်မြင်ချင်းချစ်ပြီး ပေးလိုက်တာလား...? အင်းလေ အစ်ကိုချင်းက ချောလည်းချောတာကို..." ဂျန်ရှန်းရွဲ့ပြီးပြောလို့မပြီးခင်မှာပဲ နားရွက်ကို ယွမ်ချောင်တင်ဆီကနေအဆွဲခံလိုက်ရလို့ လွှတ်ပေးဖို့ပြန်တောင်းပန်နေရ၏။

"စကားပြောတာ ဈေးပေါလိုက်တာဟယ် အဒေါ်ကိုတောင်လာပြီးတော့"ယွမ်ချောင်တင်လွှတ်ပေးလိုက်ပြီးတော့ပြောလိုက်တယ်။

ဂျန်ရှန်းသူ့နားသူပြန်ပွတ်ပြီးတော့ မထိတထိပြောလိုက်သည်

"တော်သေးတယ် ဒီနားဘယ်သူမှမရှိလို့ အပြင်လူသာဝင်လာရင်ကျွန်တော့်သိက္ခာတော့ကုန်ပါပြီ"

"နင်ကအဲ့တာနဲ့ပဲတန်တာလေ

ငါသူ့ကိုဇီချင်ကဒ်ပေးလိုက်ပြီးတော့ ငါ့မောင်အနေနဲ့သဘောထားလိုက်တာက သူသုံးသွားတဲ့ကဒ်က ကမ္ဘာ့အကြီးဆုံးဘဏ်က ထုတ်ထားတဲ့ရွှေရောင်ဘလက်ခ်ကဒ်ကြောင့်မို့ပဲ"

"ရွှေရောင်ဘလက်ခ်ကဒ် အာဏာအကြီးဆုံးဆိုတဲ့လူတွေမှကိုင်နိုင်တဲ့ကဒ်မလား" ဂျန်ရှန်ူနည်းနည်းစိတ်ရှုပ်သွား၏ အဲ့ကဒ်ရဲ့နာမည်ကိုသိသလိုမသိသလိုဖြစ်နေပေမယ့် နာမည်ကြားရတာတော့တကယ်မိုက်၏။

"နင်စာများများဖတ်လေ့လာဖို့လိုနေတာပဲ" ယွမ်ချောင်တင်ရှင်းပြဖို့ကလွဲပြီးမတတ်နိုင်တော့ချေ။

"ကမ္ဘာ့အကြီးဆုံးဘဏ်၅ခုထဲမှာ

လုံရှင်ဘဏ်ဆိုတာပါတယ် ကမ္ဘာပေါ်ကအချမ်းသာဆုံးဆိုတဲ့လူတွေကိုပဲထုတ်ပေးထားတဲ့အထူးကဒ်ရှိတယ်"

"အဲ့တာသိတယ်လေ ဒေါ်လေးပြောဖူးတဲ့ သတ္တု၅မျိုးပေါင်းစပ်ထားတဲ့ကဒ်မလား အဆင့်သုံးဆင့်လေ တော်ဝင်ပလက်တီနမ်ကဒ်တို့ဘာတို့မလား ဒိုင်းမွန်းကဒ်ကအမြင့်ဆုံးလေ ပြီးတော့ အင်ပါယာအဆင့်ဇီချင်ကဒ်တွေမလား ဒီကဒ်တွေနဲ့ဆိုငွေပမာဏစိတ်ကြိုက်လွှဲပြောင်းလို့ရတယ် ခရက်ဒစ်ရှ်အနေနဲ့လည်းသုံးရတယ်မလား အဆင့်မြင့်ဆုံးဟိုတယ်အခန်းတွေလည်းသုံးရတယ်မလား သာမန်ဘဏ်ကဒ်တွေထက်ပိုပြီးအဆင့်မြင့်သေးတယ်မလား ဒါပေမယ့်ခုဏကပြောတဲ့ရွှေရောင်ကဒ်ကကြတော့ရော..." ဂျန်ရှန်းစိတ်ရှုပ်ပြီးမေးလာသည်။

ယွမ်ချောင်တင်ပြုံးပြုံးလေးပြောလာသည်။

"ရွှေရောင်ဘလက်ခ်ကလည်းအဲ့သတ္တုငါးမျိုးစပ်ကဒ်လိုပဲ အဲ့ကဒ်က၅ကဒ်ပဲရှိတယ် ပိုင်ရှင်တွေက နိုင်ငံပေါင်းချုပ်ယာယီပူးေပါင်းထားတဲ့အဖွဲ့အစည်းရဲ့ရဲ့ ဥက္ကဌ ဒိတ်ဒိတ်ကြဲသူေဌးအုပ်စု တော်ဝင်မိသားစုရဲ့ဆက်ခံသူ အဲ့လိုတွေချည်းပဲ ပြီးကြအဲ့ကဒ်ကိုကိုင်ဖို့ဆိုယွမ်-------လောက်ထိရှိမှရတာ ပြီးတော့ကမ္ဘာပေါ်မှာလွှမ်းမိုးတဲ့အနေအထားတစ်ခုရှိရသေးတယ် ဒီကဒ်ကိုကိုင်ဖို့ဆိုတာအာဏာအများကြီးလိုတယ် အဲ့တော့နေရာတစ်ခုမရှိတဲ့သူဆို ဒီကဒ်ကိုကိုင်ဖို့ဘယ်လိုမှမဖြစ်နိုင်ဘူး ယွမ်သန်းချီထည့်ထားမှရမှာ"

ဂျန်ရှန်းသက်ပြင်းအရှည်ကြီးချပြီး အာချောင်တွေပါခြောက်လာလို့မေးလာတယ်

"အဲ့တာနဲ့ပဲ အစ်ကိုချင်းသုံးတဲ့ကဒ်ကအဲ့ကဒ်ဆိုတာဘယ်လိုသိလဲ"

"မောင်လေးချင်းမှာယွမ်ထောင်နဲ့ချီရှိတယ်လို့နင်ပဲပြောတာလေ ဒါပေမယ့်သူ့မှယွမ်သန်းနဲ့ချီရှိတယ်ပြောတောင်ငါယုံမိမှာ" ယွမ်ချောင်တင်သူ့တူလေးကိုဆက်ရှင်းပြလိုက်သည်

"ငါအဲ့တုန်းကသူ့နားမှာနီးနီးလေးနေနေတာ သူ့ကဒ်ကငါ့ကဒ်နဲ့တစ်ပုံစံတည်းပဲ ဒါပေမယ့်ဘာပဲဖြစ်ဖြစ်ဒါတွေကမှန်းပြောတာပါ သူ့မိဘကဒ်ဘာညာဖြစ်ရင်လည်းဖြစ်နေမှာပေါ့...

All Chapters