အခန်း (၃၁)
Vol. 3 Ch. 31
ဂျန်ရှန်းခေါင်းညိတ်ပြောလိုက်သည်။
"အင်း အဲ့လိုဆိုရင်တောင် အဓိပ္ပာယ်ရှိသေးတယ် ဟူး အခုမှပဲစိတ်အေးသွားတော့တယ်"
"ချင်းယွီရဲ့နောက်ခံကနင်နဲ့ငါမထင်ထားလောက်တဲ့ထိရှိနေတယ်ဆိုတာ ကားဈေးကိုမျက်တောင် တစ်ချက်မခတ်ပဲဝယ်သွားတာကိုကြည့်ရုံနဲ့တင်သိသာနေပြီ ဒီတိုင်းလျှို့ဝှက်ထားတဲ့သူဌေးမိသားစုရဲ့ ဆက်ခံသူဘာညာဖြစ်ရင်လည်းဖြစ်နေနိုင်တာပဲ ဒီလိုလူမျိူးကသွားစလို့မဖြစ်ဘူး တတ်နိုင်သလောက်ရင်းနှီးအောင်နေမှဖြစ်မှာ သူ့နောက်ခံကိုလည်းသွားမစုံစမ်းနဲ့ ကြားလား"
ဂျန်ရှန်းခေါင်းညိတ်ပြလိုက်ပြီး
"မပူပါနဲ့ ဘာလုပ်ရမယ်ဆိုတာသိပါတယ်"
ချင်းယွီဆိုင်ထဲကနေထွက်ပြီးတော့ကားထဲဝင်လိုက်၏ ထန်ရှင်ကတော့ဒရိုက်ဘာအနေနဲ့ပေါ့။
"မစ္စတာချင်းဘယ်သွားမှာပါလဲ ဂျန်ယွမ်ဟိုတယ်ကိုပဲ ပြန်မှာပါလား" ထန်ရှင်နေရာကနေမေးလိုက်သည်။
ချင်းယွီနာရီကြည့်လိုက်တော့ နေ့လည်သုံးနာရီတောင်ထိုးတော့မယ်
"အာ ဂျီယွမ်ခရိုင် လင်ထန်ရွာသစ်ကိုသွားရအောင်"
သိန်း၈၀၀၀ကျော်သုံးပြီးပြီးဆိုတော့ စနစ်ထဲကိုဝင်ရမယ့်တာဝန်လည်းပြီးပြီ အဲ့တော့မနက်ဖြန်ကြမှပဲ အသစ်ထပ်ဝင်တော့ပါမယ်လေ ခုတော့အရင်ငှားထားတဲ့နေရာကိုခဏပြန်သွားပြီး လုခယ်ရှင်နဲ့တွေ့ကြတာပေါ့ တစ်ရက်လောက်ပြန်မလာမိတော့အရင်နေတဲ့အိမ်လေးကိုတောင်လွမ်းလာသလိုပဲ ခံစားချက်တွေလည်းကျန်နေသေးသလိုပဲ။
"ဟုတ်ကဲ့" ထန်ရှင်မြေပုံဖွင့်လိုက်ပြီးတော့ မြေပုံထဲကအတိုင်းမောင်းလိုက်သည် တစ်နာရီလောက်မောင်းပြီးတော့ လင်ထန်ရွာသစ်က အိမ်ရှေ့ကိုရောက်လာသည် ထန်ရှင်ကားရပ်လိုက်တော့ချင်းယွီကားထဲကနေထွက်ပြီး အဆောက်အဦးထဲဝင်သွားလိုက်၏
တတိယထပ်ကအခန်းနံပါတ်၃၀၁ဆီကိုသွားလိုက်သည် သော့နဲ့တံခါးဖွင့်တော့မယ့်အချိန်မှာတံခါးကသူ့အလိုလိုပွင့်လာပြီး အခန်းထဲကနေတစ်ယောက်ယောက်ထွက်လာတာတွေ့လိုက်ရသည်
တခြားသူတော့မဟုတ်ဘူးသူ့ရည်းစားဟောင်း စီလု...
စီလုပြုံးပြပြီးတော့ငြင်ငြင်သာသာလေးပြောလိုက်သည်
"ခိုခို့(ကိုကို) နောက်ဆုံးတော့ရောက်လာပြီ စောင့်နေလိုက်ရတာ လာလာ အထဲမြန်မြန်ဝင်"
သူလုပ်နေတဲ့ပုံစံက ပြည့်တန်ဆာတစ်ယောက် ဖောက်သည်ကိုလာကြိုနေသလိုပဲ တကယ့်ကိုတစ်ပုံစံတည်းးးး
"ဘယ်လိုလို့ရောက်နေတာလဲ" ချင်းယွီခဏလောက်တော့အံ့ဩမိသွားသည်။
"ကို့ကို ရှာဖို့ဟိုတယ်ကိုရောက်ခဲ့တယ်လေ ဒါပေမယ့်မရှိဘူးဆိုလို့ ကုမ္ပဏီကလုပ်ဖော်ကိုင်ဖက်တွေကိုလည်းမေးတော့ အလုပ်ထွက်သွားပြီဆိုလို့ သူတို့ကဒီတော့လာလောက်တယ်ဆိုလို့ " စီလုပြုံးပြီးတော့ရှင်းပြလိုက်သည်။
"ဘာကိစ္စ ငါ့လာရှာနေတာလဲ ငါတို့လမ်းခွဲပြီးပြီလေ"
ချင်းယွီပြောပြီးတော့စီလုမှာသူ့အခန်းသော့ရှိနေတာသတိရသွားသည် အခန်းသော့ရှိနေတာတောင်အရင်ကဖြင့် လာခဲတာကို
ဒီကိုတူတူပြောင်းလာဖို့ပြောတိုင်းအမြဲငြင်းနေပြီး ခုလမ်းခွဲပြီးမှ ဖိတ်မထားပဲရောက်လာသည်
စီလုဘာဖြစ်ချင်နေတယ်ဆိုတာသူမသိစရာလား ပြန်တွဲချင်နေတာလေ လဲသေလိုက်ပါ့လား!
"အခုမှ ချစ်ကိုကောင်းကောင်းဆက်ဆံပေးတဲ့လူက ကိုပဲရှိတာသိသွားလို့ပါ ချစ်သေးတယ်မလားဟင် ပြန်တွဲရအောင်ပါနော် ကိုသာဘေးမှာရှိနေရင်ဘာမှမတောင်းဆိုပါဘူး"
စီလုရဲ့ပုံစံကအရမ်းသနားစရာကောင်းနေသည်
ဒါတောင်မှသူဆက်ပြီးပြောနေသေး၏
"အရင်ကဒီမှာလာနေစေချင်တာမလား အကုန်ကတိပေးပါတယ် ကို့သဘောနော်..."
ချင်းယွီပြောစရာတွေမဲ့သွားပြီး ဒီအရှက်မရှိတဲ့မိန်းမကိုစိုက်ကြည့်နေမိသည်
သူပြောနေတာတွေက သူ့ကိုချစ်စိတ်ဖြစ်ဖို့နေနေသာသာ ရွံလွန်းလို့အန်ချင်စိတ်တွေပါဖြစ်နေမိသည်
ငါအရင်ကတော်တော်ကန်းခဲ့တာပဲ
ဘယ်လိုဖြစ်လို့များဒီလိုမိန်းမကိုချစ်မိသွပါလိမ့်။
ဘာမှပြန်မပြောဘဲ အထဲပဲဝင်လာလိုက်၏ အပြင်မှာကြာကြာရပ်နေတာလူမြင်မကောင်းဘူးလေ သူများတွေဟာသလို့မြင်ကုန်လိမ့်မယ်မလား။
ဒါပေမယ့်သူအထဲကိုဝင်လိုက်တော့ တအားဒေါသထွက်မိသွားသည်။
အသက်၂၀လောက်ရှိတဲ့လူတစ်ယောက် အရပ်က၁.၆မီတာလောက်ရှိမယ် အဲ့လူကစားပွဲပေါ်ကိုခြေထောက်တင် ဆိုဖာပေါ်မှာလှဲပြီးတော့ဂိမ်းဆော့နေသေးတယ် သူကစီလုရဲ့မောင်စီကွန်....
သူချင်းယွီဝင်လာတာတွေ့တော့ဖုန်းချပြီး မတ်တပ်ရပ်လိုက်သည်။
"ယောက်ဖပြန်လာပြီလား စောင့်လိုက်ရတာဗျာ"။
ဘာ..!ယောက်ဖ???
ချင်းယွီမှတ်မိသလောက်ဆို သူယောက်ဖလို့ခေါ်ခံရတာ ဒါပထမဆုံးပဲ
အရင်ကဆို ဒီယောက်ဖလောင်းလေးစိတ်ချမ်းသာဖို့သူ့မှာ မရှိတဲ့ကြားက ပိုက်ဆံတော်တော်သုံးပေးခဲ့တာ ဂိမ်းထဲစိန်ဖြည့်ပေးရ မုန့်ဝယ်ကျွေးရနဲ့ ဒါတောင်ဒီကောင်က သူ့အမကို လူချမ်းသာတစ်ယောက်နဲ့ရှာမတွဲလို့ အမြဲအပြစ်တင်နေတာ သူ့ကိုင်ဖို့ယွမ်ေထာင်ချီတန်နဲ့ ဖုန်းသစ်တောင်လဲပေးခဲ့သေးတာ အဲ့နှစ်တွေတုန်းကဆိုချင်းယွီမှာ ဖုန်းစုတ်လေးပဲကိုင်ခဲ့ရတာ သူ့ကြည့်တော့ သူ့အမနောက်လိုက်လာပြီး အလုပ်မရှိအကိုင်မရှိနဲ့အေးအေးဆေးဆေးနေနေရတာကို...။
"လူမှားနေပြီနဲ့တူတယ်နော် ငါမင်းယောက်ဖမဟုတ်ဘူး မင်းအမနဲ့ငါနဲ့လမ်းခွဲပြီးပြီ" ချင်းယွီအေးဆေးပဲပြောလိုက်သည်။
"ဟုတ်ပါတယ် ဒါပေမယ့် ကျွန်တော့်အမကခင်ဗျားကိုပြန်တွဲဖို့ပြောတယ်မလားအဲ့တော့ယောက်ဖပဲပေါ့.....
ပြီးကြခင်ဗျားအခုချမ်းသာနေတာလူတိုင်းသိနေပြီ ဟိုတယ်မှာနေဖို့သိန်းသုံးရာကျော်သုံးတဲ့အပြင် ကားဈေးကလည်းယွမ်[-----]တန်တယ်မလား အင်း....ခဏနေကြ ကားသစ်လေးနဲ့သူငယ်ချင်းတွေဆီသွားချင်လိုက်တာ ဒါနဲ့သုံးစရာမကျန်တော့လို့ ၃ ၄သိန်းလောက်ပေးလိုက်ဦး ပေးပြီးတာနဲ့ ခင်ဗျားဆီအမရောက်လာစေရမယ် ဘယ်လိုလဲ"။
T/N-သောက်ကျိုးနည်းမောင်နှမဟ
"မောင်လေးအဲ့လိုမပြောရဘူးလေ"စီလုချင်းယွီသူ့မောင်ပြောတာကိုမကြိုက်တဲ့ပုံမြင်တော့ လှမ်းဟန့်လိုက်သည်
တစ်ခုခုမှားနေတယ်ဆိုတာလည်းသဘောပေါက်လိုက်သည်။
"စီလုငါဘာမှမပြောဖူးနော် ယောက်ဖကသူဌေးပဲဟာ ဒီပိုက်ဆံလောက်ကသူ့အတွက်ဘာမှမဟုတ်ပါဘူး မိသားစုချည်းပဲဟာ သူ့ပိုက်ဆံကငါ့ပိုက်ဆံပဲပေါ့ မဟုတ်ဘူးလား"။
ချင်းယွီအေးစက်စက်နဲ့ပဲ
"စီလုငါဘာမှမပြောချင်တော့ဘူး မင်းတို့၂ယောက်လုံးငါ့အိမ်ထဲကနေထွက်သွားလိုက်တော့" ဘာခံစားချက်မှမပါဘဲပြောလိုက်သည်
စီကွန်ဒေါသထွက်ထွက်နဲ့ပြောလိုက်သည်။
ဒီလူကအရင်ကသူ့ကိုဒီလိုဆက်ဆံဖူးတာမှမဟုတ်တာ
"ဘာလဲ ခင်ဗျားအတွက်ကျုပ်အမက စွနိ့ပစ်ဖို့လွယ်နေတာလား ခင်ဗျားသာဆင်းရဲချင်ယောင်မဆောင်ရင် ကျုပ်အမကလည်းခင်ဗျားနဲ့လမ်းခွဲမှာမဟုတ်ဘူးလေ ဘာပဲဖြစ်ဖြစ် ခင်ဗျားကျုပ်အမကိုယူရင်ယူ မယူရင် လမ်းခွဲခသိန်းတစ်ထောင်ပေးရမယ်"။
"အဲ့လိုပေးကြေးဆိုမင်းအမကအရင်လမ်းခွဲတာလေ ပေးချင်းပေး မင်းအမကပေးရမှာပေါ့"။
"ခင်ဗျားသာမွဲချင်ယောင်မဆောင်ရင် ကျုပ်အမကရောလမ်းခွဲစရာလား ကျုပ်အမကိုချစ်တယ်သာပြောပြီး ဘာမှဟုတ်တိပတ်တိဝယ်ပေးတာမရှိဘဲနဲ့များ
ဂိမ်းဆော့ပေါ့ယွမ်နည်းနည်းလေးသုံးပေးတာအပြင်ဘာရှိသေးလို့လဲ"။
"ငါနဲ့တွဲတုန်းကလည်းငါရှာသမျှပိုက်ဆံကိုမင်းအတွက်ပဲသုံးပေးခဲ့တာပါ ရှိရှိမရှိရှိမင်းစိတ်ကြိုက်ဖြစ်အောင်ငါအမြဲကြိုးစားပေးခဲ့တာ"ချင်းယွီစီလုဘက်လှည့်ပြီးပြောလိုက်သည်။
ချင်းယွီပလာစတာလိုပဲခွာရခက်ေနတဲ့
ဒီအရှက်မရှိတဲ့မောင်နှမ၂ယောက်ကိုဘယ်လိုမောင်းထုတ်ရမလဲတွေးလိုက်သည်
ရုတ်တရက်သူ့ခေါင်းထဲအကြံတစ်ခုဝင်လာပြီးပြောလိုက်သည်
"နေပါဦး ငါမွဲချင်ယောင်ဆောင်တယ်လို့ ဘယ်သူပြောလဲ စီလုနင်တကယ်ကြီးငါပိုက်ဆံရှိတယ်ထင်နေတာလား"
"ဘာပြောလိုက်တယ်..."စီလုနောက်ဆုတ်လိုက်ပြီးမေးလိုက်သည်။
"ဟုတ်တယ်လေ ငါ့ကိုဘာကြည့်ပြီးချမ်းသာတယ်ထင်နေတာလဲ ငါကတမင်နင်ငါ့ဆီပြန်လာအောင် ချမ်းသာချင်ယောင်ဆောင်နေတာ"
ချင်းယွီအဲ့လိုပြောတာကြားတော့ စီလုရုတ်တရက်အံ့ဩသွားပေမယ့် ပုံမှန်မျက်နှာအမူအယာနဲ့ပဲ။
"နင်တမင်ပြောနေတာမလား ငါပြောပြီးပြီပဲ ငါနင့်ပိုက်ဆံတွေမက်လို့မဟုတ်ပါဘူးဆို ငါချစ်တာနင်ပဲနင်သာငါ့အနားရှိပေးရင်ရပြီ ပြီးတော့နင်ဟိုတယ်ထဲဝင်သွားတာငါမြင်နေတာပဲ ပြီးကြဘိုင်ရှောင်ရွေဆီကနေလည်း နင်ယွမ်သိန်းချီတန်တဲ့ကားဝယ်သွားတယ်ဆိုငါသိပြီးပြီ"
"အင်းလေ အဲ့တာငါကြကုမ္ပဏီကနေထွက်ပြီးအဲ့ဟိုတယ်မှာ အလုပ်ဝင်နေတာလေ ကားကလည်းဟိုတယ်ကဝယ်ခိုင်းလို့ဝယ်ပြီး မောင်းဝင်လာတာ
နင်ကောင်လေးအသစ်နဲ့ နင်တောင်မျက်မြင်တွေ့သေးတာပဲကို...."