← Chapters

အခန်း (၃၂)

Vol. 3 Ch. 32

အခန်း (၃၂)

Vol. 3 Ch. 32

'' ရှင်းရှင်းလင်းလင်း ဖြစ်သွားအောင်လုပ်တာပေါ့ နင်ဟိုတယ်အဆင့်မြင့်အခန်းမှာနေတာငါကိုယ်တိုင်တွေ့ခဲ့တာ ဟိုတယ်ကောင်တာထိပါသွားကြည့်ခဲ့တာ လိမ်နေတာမဖြစ်နိုင်ဘူး ဟိုတယ်ဝန်ထမ်းကအဆင်မြင့်အခန်းမှာနေနိုင်တယ်လို့လာမပြောနဲ့ ဖရီးနေခိုင်းတာလား ကောင်းသားပဲ '' စီလု ရွဲ့လိုက်၏

ချင်းယွီလည်းပြန်ရွဲ့လိုက်သည်

'' ဟားဟားအဲ့ကိစ္စကရှင်းပါတယ် ငါကြယ်၇ပွင့်ဟိုတယ်မှာအလုပ်လုပ်နေတာလို့ပြောပြီးသားပဲအဲ့ကလူတွေငါ့ကိုမှတ်မိတယ် မနေ့ညကဟိုတယ်ထဲသွားပြီးငါ့ကိုကူပေးဖို့ပြောလိုက်တာ တစ်ယောက်ယောက်လာမေးရင် တစ်လ ဟိုတယ်အဆင့်မြင့်အခန်းမှာဘိုကင်ယူထားတာလို့ပြောခိုင်းလိုက်ရုံပဲ''

'' ပြီးတော့ကောင်တာကဝန်ထမ်းနင်လာမေးတယ်လို့ပြောတယ်လေတကယ်ကြီးယုံသွားမယ်လို့ထင်မထားဘူး တကယ်တွေးတောင်တွေးမကြည့်ဘူးပဲ နင်ငါ့ထက်ငါ့အကြောင်းပိုသိနေမှာတောင်ကြောက်မိသေးတယ် ပိုက်ဆံသာရှိရင်ဒီနေရာကိုလာနေဦးမှာတောင်မဟုတ်ဘူး ''

ချင်းယွီပြောလိုက်ပြီးစိတ်ထဲမှာသူ့သရုပ်ဆောင်စကေးကိုတိတ်တိတ်လေး ချီးကျူးလိုက်၏

တီဗီစီးရီးထက်တောင်ပိိုစိတ်လှုပ်ရှားဖို့ကောင်းသေးတယ်

စီလု ချင်းယွီကိုအောင်နိုင်သူမျက်နှာထားနဲ့ပြောလိုက်သည်

ခဏလောက်တော့ပြောစရာပျောက်သွားပေမဲ့ ခဏနေတော့ တခြားတစ်ခုတွေးမိသွားပြီးတော့

ပြုံးပြုံးလေးပဲပြောလိုက်သည်

'' ချင်းယွီဒါဆိုလည်း ဟိုတယ်မန်နေဂျာဘာလို့ ဝင်ပေါက်မှာလာနှုတ်ဆက်လဲရှင်းပါဦး ''

ချင်းယွီဟန်ဆောင်နေနိုင်ခဲ့ပေမဲ့ ဒါကိုကြားလိုက်ရတော့ ခဏလောက်ငြိမ်သွားသည်

သွေးအန်ထွက်တော့မဲ့အတိုင်းပဲ

ဒီလောက်ကြီးကြ ရှင်းရခက်‌...

ပြုံးပြုံးလေး ပဲဆက်နေလိုက်တယ်

စီလုသူ့ကိုစိုက်ကြည့်နေတော့ ခေါင်းလှည့်လိုက်ပြီး ရူးကြောင်ကြောင်အနိုင်ဆုံးအကြောင်းအရင်းတစ်ခုတွေးလိုက်မိတ၏

''စီလုမင်းမသိတာရှိသေးတယ် တကယ်တော့မန်နေဂျာဟန်ကငါ့ဝမ်းကွဲလေ သူပဲဟိုတယ်မှာအလုပ်ရအောင်လုပ်ပေးတာ ဘာမှဆက်မပြောချင်တော့ဘူး မင်းမယုံရင်သူ့ကိုသာ သွား‌‌မေး"

စီလုအံ့သြသွားတယ်

''သူကနင့်ဝမ်းကွဲလား ဘာလို့အရင်က ဟိုတယ်မန်နေဂျာဝမ်းကွဲရှိတယ်ဆိုတာမပြောတာလဲ ငါမြင်ခဲ့တာတော့သူနင့်အပေါ်ရိုရိုသေသေ လေးလေးစားစား ပဲဟိုတယ်ဧည့်သည်တစ်ယောက်ကိုဆက်ဆံတဲ့အတိုင်းပဲ ''

ချင်းယွီဘာမှမတတ်နိုင်တော့ပဲ ဆက်ပြောလိုက်ရသည် ''လေးလေးစားစား တဲ့လား သူငါ့အပေါ်လေးစားတယ်လို့ထင်တယ်ပေါ့ နောက်ကလိုက်လာတဲ့မိန်းကလေးဝန်ထမ်းနှစ်ယောက်ကိုမမြင်ဘူးလား ဟိုတယ်ဧည့်သည်လို့ထင်သွားတာနေမှာပေါ့သာမန်ပါပဲ

စီလုသေချာတွေးကြည့်စမ်းပါကွာ''

ချင်းယွီအတည်ပေါက်ကြီးပြောနေတာတွေ့ရတော့ လိမ်နေတာလားအတည်ကြီးလားသူမသိတော့ဘူး

ချင်းယွီနဲ့သူတွဲနေတုန်းမှာ သာမန်ပစ္စည်းလေးတွေပဲလက်ဆောင်ပေးရင်တောင်ဘယ်တုန်းကမှမလိမ်ဖူးဘူး

ပြီးတော့မနေညကတွေ့ခဲ့တဲ့ကိစ္စအရဆိုသေချာတယ် ချင်းယွီအမှန်အတိုင်းပြောနေတာ

အဲ့တုန်းကသူအများကြီးတွေးခဲ့တာ

ချင်းယွီသာမန်မိသားစုကနေမွေးလာတာဆိုတာသူသိတယ်ပြီးတော့သူတို့ကတစ်မြို့ထဲကပဲလေ

အထက်တန်းတုန်းကလည်းအတန်းတူတူပဲ

အဲ့တော့ဘဝရဲ့အလှည့်အပြောင်းတိုင်းကိုသိ၏ ချင်းယွီရဲ့အသေးစိတ်ကိစ္စတွေဆိုထည့်ပြောနေစရာတောင်မလိုဘူး

သူသာချမ်းသာတာကိုဖုံးကွယ်ထားတယ်ဆိုရင်ထီပေါက်တာကလွဲပြီးမဖြစ်နိုင်ဘူး

ဒါပေမဲ့လက်တလောတစ်ယောက်ယောက်ထီပေါက်ထားတာမျိုးလည်းမကြားမိပါဘူး

ထီပေါက်ရင်တော့သိန်းရာချီတန်တဲ့ကားမျိုးအေးဆေးဝယ်လို့ရတာတော့ဟုတ်တယ်

အဲ့တုန်းကတော့ သူ၈၀ ရာခိုင်နှုန်း လောက်ယုံလိုက်သေးတယ်

ဒါပေမဲ့အခုတွေးကြည့်မှ

သူသာလိမ်နေတယ်ဆိုရင် သူသိန်းရာချီတန်တဲ့ကားမောင်းလာမှာပေါ့

အဲ့လိုဈေးကြီးတဲ့ကားမျိုးကိုဝန်ထမ်းကအိမ်ထိမောင်းလာလို့မရဘူးလေ

'' မောင်လေးအောက်ဆင်းပြီး အနက်ရောင် SUV ကားရှိမရှိကြည့်ပေး '' စီလုဘာကိုမှဖုံးကွယ်မထားတော့ဘူး စီကွန့်ကိုအောက်ဆင်းပြီးကြည့်ခိုင်းလိုက်တယ်

'' ဟုတ်ပြီခဏစောင့် ''

စီကွန်နည်းနည်းလောက်ကြောင်သွားပေမဲ့ မြန်မြန်ဆင်းသွားလိုက်တယ်

'' အဲ့ကားမောင်းလာလားလို့သွားကြည့်ခိုင်းတာလား ''

ချင်းယွီရယ်ပြီးပြောလိုက်သည်

'' အကြာကြီးမြေအောက်ရထားစီးပြီးလာတာ ''

သူတိတ်တိတ်လေးပြုံးလိုက်၏ စီလုတကယ်ကြီးယုံသွားတဲ့ပုံပဲ

မလွယ်ပါဘူး တကယ်ကသူပြောလိုက်တဲ့ထဲမှာအမှားတွေအများကြီးပါတယ်

သူဝယ်ထားတဲ့ကားတွေအကုန်သူ့နာမည်နဲ့လေ ဘိုင်ရှောင်ရွေလည်းမြင်မှာပဲ သေချာကြည့်ရင်အကုန်သိမှာပဲကို မန်နေဂျာဟန့်ကိုသူ့ဝမ်းကွဲလို့ပြောတာလည်း တော်တော်မိုက်တဲ့အကြောင်းပြချက်ပဲကို

သူစီလု အိုင်ကျူကိုလောင်းရင်းလောင်းရင်းနဲ့နိုင်သွားတဲ့ပုံပါပဲ

စီလုနေရာကနေဘာသံမှမထွက်ဘဲထလိုက်တယ်

ချင်းယွီအရင်အဝတ်အစားပဲဝတ်ထားတာတွေ့လိုက်တော့ နည်းနည်းယုံမိသွားသည်

သူသာအဲ့ကားမောင်းမလာဘူးဆိုရင်သူခုနကပြောခဲ့တာတွေအမှန်တွေဆိုတာသေချာ၏

အရမ်းစိတ်မရှည်ဖြစ်မိတာလည်းကိုယ့်ကိုယ်ကိုယ်အပြစ်တင်မိ၏

ထင်မထားခဲ့ဘူး

သူသာတကယ်ချမ်းသာတယ်ဆိုရင်ဘယ်လောက်ဖုံးကွယ်ဖုံးကွယ်

ဒီလောက်အကြာကြီးအတူရှိခဲ့ပြီးမသိရမှာလဲ...

'' အစ်မ ငါအောက်ဆင်းကြည့်ပြီးပြီ ဘာကားမှမရှိဘူး ''

စီကွန်မြန်မြန်တက်လာပြီးပြောတယ် မောနေတဲ့ပုံပါပဲ

တကယ်ပါပဲ!

'' ချင်းယွီနင်ဒီလိုလုပ်ရင်ငါနင့်ကိုတလေးတစားရှိမယ်ထင်နေလား ငါစိတ်ကူးယဥ်မိသွားတာ ငါနင့်ကိုသဘောကျတယ်ဆိုတာမဖြစ်နိုင်ဘူး ''

စီလုမျက်နှာက အစိမ်းရောင်ပြောင်းပြီးဖြူဖတ််ဖြူရော်ဖြစ်သွားတယ်

'' ချမ်းသာတာကိုဖုံးကွယ်ထားတယ်ထင်ခဲ့တာငါနင်နဲ့လမ်းခွဲခဲ့တာကံကောင်းတယ်! ''

'' ချီးပဲ နောက်ဆုံးကျတော့လည်းသောက်ငမွဲ ဖြစ်နေတာပါပဲ ငါ့ရှေ့မှာဘာလို့လာဟန်ဆောင်နေတာလဲ ငါ့အစ်မမင်းကိုတကယ်သဘောကျမယ်ထင်နေလား အိမ်မက်မက်နေလိုက် '' စီကွန်လည်းအော်လိုက်တယ်

'' နှစ်ယောက်လုံးပြောလို့ပြီးပြီလား ပြောလို့ပြီးရင်လည်းထွက်သွားကြ မင်းတို့ကိုမကြိုဆိုဘူး ''

ချင်းယွီနှစ်ယောက်လုံးကိုလျစ်လျူရှုလိုက်ပြီး ဒဲ့ပဲပြောလိုက်သည်

'' ချင်းယွီမင်းငါ့အစ်ကိုဖောက်ပြန်တဲ့ကိစ္စမရှင်းရသေးဘူး ငါ့ကိုအဲ့လိုပြောရဲပြောကြည့် အသေရိုက်သတ်ပစ်မယ် '' စီကွန့်စကားတွေက လူရမ်းကားလိုပဲကြမ်းတမ်းလွန်းတယ်

'' ဪဒါဆိုလည်းဘယ်သူ့လက်သီးပိုမာလဲကြည့်ကြတာပေါ့ ''

ချင်းယွီတစ်ချက်လေးမှကြောက်နေတဲ့ပုံစံမပြဘဲနဲ့ မျက်လုံးမှေးလိုက်တယ်

'' မင်းကိုအစကတည်းကသဘောမကျပါဘူး လာစမ်းပါ ''

စီကွန်ရန်ဖြစ်တော့မဲ့ကိုယ်ဟန်အနေအထားအသင့်ပြင်လိုက်၏

'' အိုကေစမ်းကြည့်ကြတာပေါ့ ''

ချင်းယွီ စီကွန့်ကိုစိုက်ကြည့်လိုက်တယ်

ရန်ဖြစ်မယ်ဆိုမှအရင်တုန်းကဆိုရင်တော့ကြောက်လောက်ပေမဲ့ ဒါပေမဲ့အခုသူ့မှာသိန်းထောင်ချီရှိနေပြီ နိုင်ပြီးပြဿနာတက်ရင် ငွေနဲ့ကိုင်ပေါက်ပစ်မှာ

တကယ်တော့သူစီကွန်လောက်အရှုံးသမားဆန်တဲ့သူမျိုးမကြုံဖူးဘူး

အဲ့လောက်ဘယ်လိုလုပ်ရှုံးမှာလဲ

အရင်ကကြောက်ခဲ့တာကလည်း ယောက်ခဆိုတဲ့ဂုဏ်ပုဒ်ကြောင့်ပဲ

ဂျန်းမိသားစုရဲ့သခင်လေးနဲ့သိလာရတော့ဒီလိုလူမျိုးနဲ့ရင်ဆိုင်ရတာလွယ်သွားပြီ

ချင်းယွီအရင်လိုလည်းမဟုတ်တော့

ဘာကိုမှလည်းမကြောက်တော့ဘူး

စီကွန်အရင်ထိုးပြီးနောက်နည်းနည်းပြန်ဆုတ်လိုက်သည်။

အနိုင်ကျင့်တတ်တဲ့မျက်နှာထားချက်ချင်းပေါ်လာတော့သည်။

'' မောင်လေးသွားမယ် ''

စီလုမျက်နှာထားမပြောင်းဘဲပြောလိုက်တယ် ရှက်စရာကောင်းလွန်းတဲ့အခြေအနေကြီးကိုအချိန်မီတားလိုက်နိုင်တယ်

သူ့အစ်မလည်းပြောရောချက်ချင်းလှည်ပြန်သွားသည်

''စောင့်နေစမ်းပါ နောက်တစ်ခါသေချာပေါက်စာရင်းရှင်းမယ် ''

စီကွန်ပြောပြီးလှည့်ပြန်သွား၏

'' နေဦး ''

ချင်းယွီတစ်ခုတွေးမိသွားပြီး သွားတော့မဲ့စီလုကိုတားလိုက်သည်။

'' ဘာလိုသေးလို့လဲ ''

'' ငါ့အခန်းသော့ပြန်မပေးရသေးတာမေ့နေတယ်ထင်တယ် ''

'' ဘယ်သူမှဂရုမစိုက်မနေဘူး ''

စီလုသော့ကိုပစ်ပေးပြီးထွက်လာလိုက်၏။

All Chapters